Jobs In Myanmar
Load...

တောင်ကိုရီးယားအခြေစိုက် SK Group မှ AirAsia ရဲ့ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီခွဲတွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဖြစ်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-SkGroup-Investment-AirAsia-JobsInYangon



တောင်ကိုရီးယားအခြေစိုက် SK Group မှ AirAsia ရဲ့ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီခွဲတွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဖြစ်

 

တောင်ကိုရီးယားနိုင်ငံအခြေစိုက် SK Group ကုမ္ပဏီဟာ မလေးရှားနိုင်ငံအခြေစိုက် Budget Ariline တစ်ခုဖြစ်တဲ့ AirAsia Group ရဲ့ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီခွဲတွင် ကန်ဒေါ်လာ သန်းပေါင်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က AirAsia မှ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

BigPay ဟုအမည်ရတဲ့ AirAsia ရဲ့ Digital နည်းပညာကုမ္ပဏီခွဲဟာ Prepaid အကြွေးဝယ်ကဒ်များ၊ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများ၊ အသေးစားအာမခံနှင့် ဘီလ်ပေးဆောင်ရေးလုပ်ငန်းများကို ပြုလုပ်လျှက်ရှိနေတဲ့ ငွေကြေးစီမံခန့်ခွဲရေး Tool တစ်ခုပဲဖြစ်ပါတယ်။

BigPay ရဲ့ CEO ဖြစ်သူ Salim Dhanani က “ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်ကတော့ BigPay ကို အရှေ့တောင်အာရှတွင် အကြီးဆုံးသော ဘဏ်တစ်ခုဖြစ်လာစေဖို့ပဲဖြစ်ပါတယ်” ဟူ၍ပြောကြားခဲ့သလို BigPay ဟာ ထိုင်းနိုင်ငံနှင့် အခြားသောအရှေ့တောင်အာရှနိုင်ငံများသို့လည်း တစ်ကိုယ်ရေချေးငွေများနှင့် ကာလတိုချေးငွေများချပေး၍ တိုးချဲ့မှုများပြုလုပ်သွားရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် BigPay ဟာ မလေးရှားနိုင်ငံတွင် စက်မှုလုပ်ငန်းတိုးချဲ့ရေး ဘဏ္ဍာငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Berhad နဲ့ Private Equity ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ikhlas Capital တို့နှင့်လည်း ပူးပေါင်း၍ Digital Banking လိုင်စင်ကိုလျှောက်ထားမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသေးတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


A4 International Mathematics School

A4 International Mathematics School

Saya A4 and teacher A4 taught mathematics for the children who learned Grade 5 to Grade 12 from International School since 2003. When Saya A4 depart from Myanmar, most of parents send their children t...
Show the postings (5)
Mo Asia Co.,Ltd

Mo Asia Co.,Ltd

..Mo Asia Co. Ltd is a distributor for Dumex Milk Powder in Myanmar. Dumex is an infants' and children's nutrition company. Its products span the infant, follow on and growing-up milk categories, and ...
Show the postings (1)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
Creative Fox Co.,Ltd

Creative Fox Co.,Ltd


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS