Jobs In Myanmar
Load...

Spider-Man: No Way Home ရုပ်ရှင်ဖွင့်ပွဲညတွင် Box office record အများစုကို စံချိန်တင်ချိုးဖျက်နိုင်ခဲ့

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-SpiderMan-NoWayHome-BoxOffice-JobsInYangon



Spider-Man: No Way Home ရုပ်ရှင်ဖွင့်ပွဲညတွင် Box office record အများစုကို စံချိန်တင်ချိုးဖျက်နိုင်ခဲ့

 

Spider-Man: No Way Home ဟာ အမေရိကတိုက်ရှိ အချို့သော အကြီးဆုံး ရုပ်ရှင်ရုံများတွင် ယခင် box office record များကို ၎င်းရဲ့ပထမဆုံးဖွင့်ပွဲညတွင်ပင် စံချိန်တင်ကျော်ဖြတ်သွားခဲ့ပါတယ်။ ဒါဟာ COVID-19 ကပ်ရောဂါအတွင်းမှာ ဆက်လက်ရပ်တည်နိုင်ဖို့ခက်ခဲနေတဲ့ ရုပ်ရှင်ရုံလုပ်ငန်းများအဖို့တော့ ကြီးမားတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်။

AMC မှ ပြီးခဲ့တဲ့သောကြာနေ့ (ဒီဇင်ဘာလ၊ ၁၇ ရက်နေ့) တွင် Spider-Man: No Way Home ရုပ်ရှင်ဖွင့်ပွဲသို့ ရုပ်ရှင်လာရောက်ကြည့်ရှုသူပေါင်း ၁.၁ သန်းခန့်တက်ရောက်ခဲ့တယ်လို့ ကြေငြာမှုပြုလုပ်ခဲ့ပြီး AMC ရဲ့ သမိုင်းတစ်လျှောက် ဒီဇင်ဘာလတွင်စတင်ပြသခဲ့တဲ့ရုပ်ရှင်ကားများအနက် အမြင့်ဆုံးစံချိန်တင်သွားနိုင်ခဲ့ပါတယ်။ Cinemark ကတော့ အဆိုပါရုပ်ရှင်ရဲ့ဖွင့်ပွဲကို “၎င်းတို့ရဲ့သက်တမ်းတစ်လျှောက် အကောင်းဆုံးဖွင့်ပွဲညတစ်ခုဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး Regal ရဲ့ အဆိုအရ ထို Spider-Man ရုပ်ရှင်ဟာ ၎င်းတို့ရဲ့သမိုင်းတစ်လျှောက် ဒုတိယအမြင့်မားဆုံး Thursday box office title တစ်ခုဖြစ်လာခဲ့ပြီး IMAX, 4DX, ScreenX နှင့် RPX format များတွင်လည်း စံချိန်များကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Regal ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ Cineworld ရဲ့ CEO ဖြစ်သူ Mooky Greidinger ကတော့ “Spider-Man: No Way Home ရဲ့အောင်မြင်မှုများဟာ ကျွန်ုပ်တို့ထင်ထားတာထက်တောင်မှ ပိုနေခဲ့ပါသေးတယ်” ဟူ၍ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 

www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Sea Rain Co.,Ltd

Sea Rain Co.,Ltd

Definity Group of Co.,Ltd

Definity Group of Co.,Ltd


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS