ချိတ်ဆွဲရန်စာတန်း: News-Spotify-Copyright-Issues-JobsInYangon
Spotify မှ ဟာသအနုပညာရှင်အချို့ရဲ့ album များနဲ့ content များကို ၎င်းတို့ရဲ့ streaming platform ပေါ်မှ ဖယ်ရှားခဲ့
Spotify မှ ဟာသအနုပညာရှင်များစွာရဲ့ ရာနှင့်ချီသော album များနှင့် အသံဖိုင်များကို royalty fee များနဲ့ copyright ပိုင်းဆိုင်ရာ အငြင်းပွားမှုပြဿနာများကြောင့် ၎င်းတို့ရဲ့ streaming platform ပေါ်မှဖယ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Wall Street Journal မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
Global rights administration company တစ်ခုဖြစ်တဲ့ Spoken Giants ဟာ နာမည်ကြီး ဟာသအနုပညာရှင်အချို့နဲ့ အတူတကွပူးပေါင်း၍ Spotify, SiriusXM, Pandora နှင့် YouTube ကဲ့သို့သော platform များပေါ်ရှိ ၎င်းတို့ရဲ့ content များမှတဆင့် အခကြေးငွေရရှိသည့်အခါ မူရင်းအနုပညာရှင်ကို ငွေပေးချေမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ညှိနှိုင်းမှုပြုလုပ်နိုင်ရန် လုပ်ဆောင်လျှက်ရှိနေတယ်လို့ Wall Street မှ ပြီးခဲ့တဲ့စနေနေ့ (ဒီဇင်ဘာလ ၄ ရက်) တွင် ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ လက်ရှိအချိန်မှာတော့ Spotify ဟာ Tiffany Haddish, Jim Gaffigan, Kevin Hart နှင့် John Mulaney တို့ရဲ့ content များကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
“Spotify ဟာ ဒီ content များကို ငွေအမြောက်အများအသုံးပြု၍ ဝယ်ယူထားတာဖြစ်ပြီး ဒီကဲ့သို့ဝယ်ယူမှုများကိုလည်း ဆက်လက်၍ပြုလုပ်သွားလိုပါတယ်။” “သို့သော်လည်း ယခုအခါ Spoken Giants မှ မူပိုင်ခွင့်ပိုင်ဆိုင်ထားသူများအနေနဲ့ မည်သည့်အခွင့်အရေးများရရှိသလဲဆိုသည့်အပေါ် မေးခွန်းထုတ်လာတဲ့အတွက် ဒီ content များကို ဖြန့်ဝေလျှက်ရှိနေတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ Spotify နဲ့ Spoken Giants တို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များအတွက် ဒီ content များကို ဆက်လက်၍ကြည့်ရှုနိုင်ခွင့်ရစေရန်အတွက် ဒီပြဿနာကိုအတူတကွအဖြေရှာကြဖို့ လိုအပ်နေပါတယ်” ဟူ၍ Spotify မှ CNBC သတင်းဌာနသို့ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။