ချိတ်ဆွဲရန်စာတန်း: News-Square-Changes-Name-JobsInYangon
Square မှ ၎င်းတို့ရဲ့ ကုမ္ပဏီအမည်ကို Block ဟူသည့်အမည်သို့ ပြောင်းလဲအသုံးပြုသွားတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်
Twitter CEO ဟောင်း Jack Dorsey မှ အခြားသူတစ်ဦးနှင့်လက်တွဲ၍ စတင်တည်ထောင်ခဲ့သော Square ဟု အမည်ရတဲ့ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီဟာ ၎င်းတို့ရဲ့ အမည်ကို Block ဟု ပြောင်းလဲတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ရက်နေ့က ကြေငြာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
“Block ဟူတဲ့ အမည်ကို ပြောင်းလဲလိုက်ရခြင်းဟာ ကုမ္ပဏီရဲ့ တိုးတက်မှုများနဲ့ ကိုက်ညီမှုရှိစေရန်အတွက်ဖြစ်ပါတယ်” ဟူ၍ Square က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။ “Block ဆိုတာကတော့ စီးပွားရေးများတိုးတက်စေလိုတဲ့ ဆန္ဒကြောင့် ပေါင်းစည်းပါဝင်လာကြမယ့် များစွာသော လုပ်ငန်းများနဲ့ ဆက်စပ်နေသော ecosystem တစ်ခုဖြစ်ပြီး များစွာသော လူများ၊ အနုပညာရှင်များ၊ fan များ၊ developer များနဲ့ ဈေးရောင်းချသူများကို ဝန်ဆောင်မှုများပေးသွားနိုင်မှာဖြစ်ပါတယ်” ဟူ၍လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်.
Block ရဲ့ ပြောကြားချက်အရ ဒီလို အမည်ပြောင်းလဲလိုက်ခြင်းရဲ့နောက်ကွယ်မှာ မည်သို့သော အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြောင်းလဲမှုမျိုးမှရှိလာမှာမဟုတ်သော်လည်း ကုမ္ပဏီရဲ့ Square Crypto လုပ်ငန်းအသစ်ကိုတော့ Spiral ဟု အမည်ပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရှိရပြီး အဆိုပါ Block ဟူ၍ အမည်သစ်ပြောင်းလဲလိုက်ခြင်းဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်၍ တရားဝင်ဖြစ်လာတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။