Jobs In Myanmar
Load...

Strategic HR ဆိုသည်မှာ . . .

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Stratetic-HR-Organization-JobsinYangon



Strategic HR ဆိုသည်မှာ . . .

“Strategic” ဖြစ်ခြင်းဆိုသည်မှာ အရေးကြီးတဲ့ လုပ်ငန်းရည်မှန်းချက်များအပေါ် အကျိုးသက်ရောက်မှုရှိစေတဲ့ ရလာဒ်များကို ရယူဆောင်ကြဉ်းနိုင်ခြင်းဖြစ်ပြီး ဒီအရာက ဘာကိုဆိုလိုသလဲဆိုပါလျှင် အကယ်၍ သင့်အနေနဲ့ နည်းဗျူဟာ (strategic) ကျတဲ့ ရလာဒ်တစ်ခုခုအပေါ် အကျိုးခံစားခွင့်ရရှိလိုပါက ဦးဆုံးအနေနဲ့ အဆိုပါ နည်းဗျူဟာရဲ့ နယ်ပယ်တွင် အသိပညာအချို့ကိုပိုင်ဆိုင်ထားခြင်း (သို့) အဆိုပါနည်းဗျူဟာရဲ့ နယ်ပယ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုအချို့ ရှိထားဖို့လိုအပ်ပါတယ်။ HR များအနေနဲ့ ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည် အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ အသိပညာများကိုပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းစွမ်းဆောင် ရည်များ တိုးတက်လာတဲ့အခါတွင် HR များအနေနဲ့ အဆိုပါအောင်မြင်မှုများဖြစ်ပေါ်လာစေရန်အတွက် သူတို့ ဘက်က ပေးဆပ်ဆောင်ရွက်ခဲ့တဲ့အရာများနဲ့ သူတို့ပြောင်းလဲပေးခဲ့တဲ့လုပ်ဆောင်ချက် (activity) အစရှိသည့် အရာများက ပြောင်းလဲမှုကိုဖြစ်ပေါ်စေ (သို့) ပြောင်းလဲမှုဖြစ်လာအောင် အထောက်အပံ့ပေးနိုင်စေခဲ့တဲ့အရာများ ကို အချက်အလက် (data) များနဲ့တကွ တင်ပြနိုင်မှာဖြစ်ပြီး အဆိုပါအောင်မြင်မှုရဲ့ အသီးအပွင့်များကို ခံစားနိုင် မှာပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာအချက်ကတော့ HR professional အတော်များများက လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်နေတဲ့အခါ (ရလာဒ်များက အကောင်းဘက်ကိုဦးတည်နေတဲ့အခါ) မှာတော့ အကျိုးရလာဒ်များကိုခံစားလိုကြပေမဲ့ အချက်အလက်များက ဘာမှပြောင်းလဲလာမှုမရှိဘူးဆိုတာကိုပြသနေတဲ့ အခါမှာတော့ ဒီအရာကိုတာဝန်ခံဖို့အတွက် နောက်တွန့်နေတတ်ကြတာပါပဲ။ ဒီအရာက ဒေတာအချက်အလက်များနဲ့ နှိုင်းယှဉ်လေ့လာမှုများကိုပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့တန်ဖိုးကို ပြသနိုင်ရန်ကြိုးစားသည့်အခါတွင် သင်ရင်ဆိုင်ရမယ့် လုပ်ငန်းဆိုင်ရာအခက်အခဲ (စိန်ခေါ်မှု) တစ်ရပ်ပဲဖြစ်ပါတယ်။ ကိန်းဂဏ္ဏန်းများကတော့ အတက်နဲ့အကျ ရှိနေမှာဖြစ်ပြီး စာရေးသူအဖို့ကတော့ ဒေတာအချက်အလက်များကိုအသုံးချခြင်းဟာ တစ်စုံတစ်ရာသောအကြောင်းအရင်းများ ဖြစ်ပွားလာတဲ့အခါမှာ လတ်တလောတွင်ဖြစ်လာမယ့် HR function အပေါ်အကျိုးသက်ရောက်ပုံကို အာရုံစိုက်နေခြင်းထက် ဒီအရာက ဘာကြောင့်ဖြစ်ပွားရသလဲဆိုတာကို ပြသနိုင်စေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါက Business Manager တိုင်း ယနေ့ခေတ်တွင်ရင်ဆိုင်နေရတဲ့ စီးပွားရေးလောကရဲ့ သဘောသဘာဝတစ်ခုပဲဖြစ်ပါတယ်။ ဒီ approach ကို အကောင်းဆုံးအသုံးချနိုင်ဖို့ရာမှာ HR များအနေနဲ့ အခက်အခဲများကိုရင်ဆိုင်ရဲတဲ့ သတ္တိရှိရမှာဖြစ်သလို မိမိကိုယ်ကိုယုံကြည်မှုရှိနေဖို့လည်း လိုအပ်ပါသေးတယ်။ 

များစွာသောလူတို့က strategic ဖြစ်ခြင်းဆိုသည်အား လုပ်ပိုင်ခွင့်အချို့ကို တရားဝင်ရရှိဖို့ (သို့) ထိန်းချုပ်နိုင်စွမ်း အချို့ကိုရရှိဖို့ဆိုတာများနဲ့ တူညီတယ်လို့ ထင်မှတ်နေတတ်ကြပါတယ်။ ဒါပေမယ့် ဒီအရာများနဲ့ stragegic ဖြစ် ခြင်းဟာ ဆက်စပ်မှုရှိမနေပါဘူး။ Strategic ဖြစ်တဲ့သူတွေထံမှာ သူတို့နှစ်သက်သလိုလုပ်ပိုင်စွမ်း၊ လုပ်ပိုင်ခွင့် (power) ရှိမနေပါဘူး။ ဥပမာအားဖြင့် - Organization အများစုတွင် Chief Financial Officer (CFO) က ဘဏ္ဍာရေး ဆိုင်ရာလုပ်ဆောင်ချက်အများစုကိုတာဝန်ယူထားရပေမယ့်လည်း တစ်ကယ်တမ်းတွင် ဒီဘတ်ဂျက်များနဲ့ ဘဏ္ဍာငွေများကို ဘယ်လိုအသုံးပြုမလဲဆိုတာရဲ့အပေါ်မှာတော့ သူ့အနေနဲ့ တိုက်ရိုက်လုပ်ပိုင်ခွင့် အနည်းငယ်မျှသာရှိနေပါတယ်။ CFO က သူတို့အနေနဲ့ Organization တစ်ခုရဲ့အောင်မြင်မှုအတွက် အရေးပါတယ်လို့ဆုံးဖြတ်ထားတဲ့အရာများကို တာဝန်ယူထားရတာဖြစ်သော်လည်း ကိစ္စရပ်အများစုတွင် သူတို့ထံတွင်အခြေအနေတစ်ရပ်လုံးအပေါ် ထိန်းချုပ်နိုင်စွမ်း၊ ပြောင်းလဲနိုင်စွမ်းတွေ ရှိမနေပါဘူး။ 

အလားတူပဲ HR ဆိုသည်ကို တချို့က အထောက်အကူလုပ်ဆောင်ချက် (support function) တစ်ခုအနေနဲ့ အဓိပ္ပါယ်ဖွဲ့ဆိုကြသော်လည်း ဒီ “ထိန်းချုပ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်မရှိလို့” ဆိုတဲ့အကြောင်းပြချက်ကို HR က strategic/ commercial function တစ်ခုဖြစ်တယ်လို့ယူဆထားရင်တောင်မှ အသုံးပြု၍မရနိုင်ပါဘူး Strategic ကျတဲ့သူများဟာ အကြောင်းပြချက်တွေပေးနေမယ့်အစား အခြားသူများကိုလွှမ်းမိုးနိုင်စေဖို့အတွက် “နည်းလမ်းရှာ” တတ်ကြတဲ့သူများဖြစ်တဲ့အတွက် အဆုံးသတ်ရလာဒ်အနေနဲ့ ဝန်ထမ်းတွေအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး တူညီတဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ (သို့) လုပ်ငန်းအောင်မြင်မှုရလာဒ်တစ်ခုကို ရရှိအောင်လုပ်ဆောင်နိုင်စေမယ့် ရလာဒ်များကို ရရှိအောင် စွမ်းဆောင်နိုင်ကြမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ လုံးဝပိုင်ဆိုင်ထားခြင်း (သို့) ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အရာများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းကို ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည် (leadership) ဟူ၍လည်း ခေါ်ဆိုနိုင်ပါသေးတယ်။ 

HR ကဏ္ဍတွင် strategic မကျတဲ့သူများကတော့ ပိုမိုကျဉ်းမြောင်းတဲ့အမြင်များရှိနေပြီး ဝန်ထမ်းစီမံခန့်ခွဲရေး စနစ်များအတွင်းက လုပ်ဆောင်ချက် (operation) များကိုသာ တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့ကို လက်ခံတတ်ကြပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့အမြင်ကြောင့်ပဲ သင့်ကို strategic ကျတဲ့သူတစ်ဦးဖြစ်တယ်လို့ အခြားသူတွေက ဘယ်တော့မှလက်ခံလာကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ strategic ကျခြင်းဆိုတာရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုက “operation” အပေါ်တာဝန်ယူရခြင်းဆိုတာထက်ကိုပိုပြီး အခြားအရာများအပေါ်မှာပါ တာဝန်ယူမှု/ တာဝန်ခံမှုရှိကြရမှာဖြစ်ပြီး “ရလာဒ်များ” (သို့) “လုပ်ငန်းရလာဒ်များ” အပေါ်တွင် အာရုံစိုက်ကာ တာဝန်ယူမှုရှိနေရခြင်းဖြစ်နေလို့ပါပဲ။ HR ဆိုသည်မှာ “output” သို့မဟုတ် ဝန်ထမ်းစီမံခန့်ခွဲရေးလုပ်ငန်းစဉ်များကြောင့် ထွက်ပေါ်လာမယ့်ရလာဒ်များ (စနစ်များရဲ့ လုပ်ဆောင်လည်ပတ်ချက်များသာမက) ကို တာဝန်ခံရခြင်းဆိုတဲ့ ဒီအယူအဆကို သင်လက်ခံလိုက်ပြီဆိုပါက ပိုမိုကျယ်ပြန့်ပြီး ပိုမို strategic ကျတဲ့ HR view ဟာ သင့်ထံတွင်ရှိနေပြီပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဦးဆောင်ဦးရွက်ပြုရတဲ့အခန်းကဏ္ဍတစ်ရပ်နဲ့ ဒီတာဝန်နဲ့အတူပါလာမယ့် ရှုပ်ထွေးတဲ့ကိစ္စရပ်များကို တာဝန်ယူလာရတဲ့အခါတွင် သင့်အနေနဲ့ ဝန်ထမ်းများအားလုံးလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေနဲ့ စနစ်များလည်ပတ်မှုရှိနေခြင်းအပေါ် တာဝန်ယူရခြင်းထက် ပိုမိုကျယ်ပြန့်များပြားသော ဝန်ထမ်းခေါ်ယူရေး၊ လေ့ကျင့်ရေးနဲ့ ဆုကြေးငွေ/ အကျိုးခံစားခွင့်များရရှိမှုနဲ့ အကဲဖြတ်မှုတို့ကိုလည်း အထက်ဖော်ပြပါ စနစ်များကိုအသုံးချပြီးစစ်ဆေးကာ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိနေရမှာဖြစ်ပါတယ်။ ဒီနေရာတွင် HR ရဲ့ လွှမ်းမိုးနိုင်မှု (အခြားသူများအပေါ် ဩဇာအာဏာရှိမှု) ရှိတဲ့အခန်းကဏ်ဟာ မန်နေဂျာများ၊ leader များနဲ့ အတူ အလုပ်လုပ်ကိုင်ရတဲ့အခါ အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်လာမှာဖြစ်ပြီး ထိုမှသာလျှင် သူတို့အားလုံး အနေနဲ့ အမြင့်မားဆုံးသောလုပ်ငန်းစွမ်းဆောင်ရည်ကို ထုတ်လုပ် “ဆောင်ရွက်” နိုင်စေမှာဖြစ်ပါတယ်။ 

ဓါတ်အားပေးစက်ရုံတစ်ခုအနေနဲ့ အမြင် (Power Station Approach) 

HR professional များအနေနဲ့ ဓါတ်အားပေးစက်ရုံတစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ဖို့ရာအတွက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဓါတ်အားပေးစက်ရုံတစ်ခုဟာ အမြဲတမ်းထင်ပေါ်ကျော်ကြားမှုရှိမနေသော်လည်း ဘဝအတွက် မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုဖြစ်ပြီး ဒီအချက်ကြောင့်ပဲ ဒီအရာကို လူတိုင်းက အသိအမှတ်ပြုတန်ဖိုးထားကြတာဖြစ်ပါတယ်။ ဓါတ်အားပြတ်တောက်မှုများဖြစ်ပေါ်လာတဲ့အခါ ထွက်ပေါ်လာနိုင်တဲ့ ပြဿနာတွေကိုပဲတွေးကြည့်လိုက်ပါ။ လက်ရှိအချိန်တွင် HR professional များဟာ လူတွေကလိုအပ်တဲ့အချိန်မှသာ ခေါ်ယူကြနိုင်တဲ့ ဝန်ဆောင်မှုဌာန တစ်ခုကဲ့သို့သောအခြေအနေနဲ့သာ ကျေနပ်နေတတ်ကြပါတယ်။ It’s OK! ဒါပေမယ့် ဒီထက်ပိုမိုပြီး strategic ဖြစ်နိုင်ကြတယ်ဆိုတာကို သိရှိလာခဲ့ကြပါက ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို ခန့်မှန်းကြည့်လိုက်ပါ။ တောင်းဆိုမှုတွေရှိလာတဲ့အခါကျမှ support ပြုလုပ်ပေးမယ်ဆိုတဲ့ approach ဟာ အမြဲတမ်း support ဆိုတဲ့ခေါင်းစဉ်တစ်ရပ်ရဲ့အောက်မှာပဲရှိနေစေမှာဖြစ်ပါတယ်။ 

Power station တစ်ခုကဲ့သို့အလုပ်လုပ်နေတဲ့ HR function များကတော့ တစ်ကယ်ကို လုပ်ငန်းများအတွက် အဓိကရည်ရွယ်ထားတဲ့ လုပ်ဆောင်ချက်များဖြစ်ကာ line management များ၊ leader များနဲ့အတူ လုပ်ငန်းစွမ်းဆောင်ရည်များအပေါ် တာဝန်မျှဝေခံခြင်း၊ တာဝန်မျှဝေယူရခြင်းတို့ ရှိနေမှာဖြစ်ပြီး ရေရှည်၊ ရေတိုနှစ်မျိုးစလုံးတွင် ထိရောက်မှုရှိဖို့နဲ့ လုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်မှုတို့အပေါ်တွင်ပါ တာဝန်ယူထားရမှာဖြစ်ပါတယ်။ ထိုသို့သောသူများဟာ ကြိုတင်စီမံထားတတ်ကြပြီး အစဉ်မပြတ် တိုးတက်မှုတွေရှိနေဖို့ကို အဓိကထားလုပ်ဆောင်ကာ တိုင်းတာ၍ရနိုင်တဲ့ အနည်းဆုံးတိုးတက်မှု (လုပ်ငန်းတိုးတက်မှု သို့မဟုတ် ကုန်ကျစားရိတ်များဖောင်းပွမှုကို သိသိသာသာလျှော့ချနိုင်မှု) အစရှိတဲ့ HR ဌာန အတွက်ရော လုပ်ငန်းအတွက်ပါ မျှော်မှန်းချက်တွေနဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ပိုမိုတိုးပွားလာစေမည့် များပြားကျယ်ပြန့်လှတဲ့ လုပ်ငန်းစီမံရေးလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်တစ်ခုလုံးကို တာဝန်ယူထားရသူများဖြစ်ကြပါတယ်။ အဆုံးသတ်တွင် အာရုံစူးစိုက်ကာလုပ်ဆောင်ရမည်မှာ internal and external customer နှစ်မျိုးစလုံးကို အကျိုးဖြစ်ထွန်းစေမယ့်အရာများရရှိနိုင်စေဖို့လုပ်ဆောင်ရခြင်းသာဖြစ်ပြီး ဒီအရာတွေအားလုံးဟာ သူတို့ရဲ့ဝန်ဆောင်မှုတွေနဲ့ကိုင်တွယ်ဖြေရှင်းနည်းများက အချိန်တိုင်းတွင် “ရည်မှန်းချက်နဲ့ ကိုက်ညီမှုရှိနေစေဖို့အတွက်” လုပ်ဆောင်ရတဲ့ “future proofing” approach တစ်ခုပဲဖြစ်ပါတယ်။ 

ဒီ strategic HR အပေါ်မှာထားရှိကြတဲ့ ဒွိဟဖြစ်စေတဲ့အမြင်များဟာ ရှင်းလင်းရလွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း စာရေးသူအဖို့တော့ ဒါဟာ- organization ကလိုလားတဲ့ commercial outcome များအပေါ် အာရုံစိုက်ခြင်း၊ HR function အများစုမှ လုပ်ဆောင်နေသကဲ့သို့ပင် data များနဲ့ analytic များကို အသုံးချပြီး ထောက်ပံ့ကူညီခြင်းနှင့် တိုးတက်အောင်ပြုလုပ်ပေးခြင်းအားဖြင့် မိမိတို့ရဲ့တန်ဖိုးကိုဖော်ပြခြင်းဟူ၍ ခံယူထားပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် strategic (သို့) commercial ဆိုတဲ့ တံဆိပ်တွေဟာ အရေးမပါတော့ပါဘူး။ ဘာလို့လဲဆိုတော့ HR က သူတို့ရဲ့ “တန်ဖိုး” ကို ဖော်ပြပြီးသားဖြစ်နေမှာဖြစ်လို့ပါပဲ။ ဒီအရာက ကျွန်ုပ်တို့အားလုံး ဆောင်ရွက်နိုင်စေဖို့အတွက် စံနမူနာထားရမယ့် အရာတစ်ခုဖြစ်ပြီး ဓါတ်အားပေးစက်ရုံတစ်ခုအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ့် အရာများလည်းဖြစ်ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PMJ Company Limited

PMJ Company Limited

Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS