Jobs In Myanmar
Load...

လူသားအရင်းအမြစ်များကို နည်းဗျူဟာကျကျ စီမံခန့်ခွဲခြင်း၏ အခြေခံသိကောင်းစရာများ (အပိုင်း -၂ )

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Strategic-HRM-Basics-JobsInYangon



လူသားအရင်းအမြစ်များကို နည်းဗျူဟာကျကျ စီမံခန့်ခွဲခြင်း၏ အခြေခံသိကောင်းစရာများ (အပိုင်း -၂ )

 

စာဖတ်သူတို့အနေနဲ့ မေးကြည့်သင့်တဲ့ မေးခွန်းတစ်ခုကတော့ Strategic HR Management ကို အသုံးပြုပြီး ထိရောက်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများကို ဘယ်လိုဖန်တီးပေးနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ဒီအကြောင်းအရာအတွက် www.jobsinyangon.com ကနေ အမှန်တကယ်ကို ထိရောက်မှုရှိတဲ့ Strategic HRM tip (၅) ခုကို ဖော်ပြပေးသွားပါမယ်။ 


Strategic HR Management ကိုအသုံးပြု၍ ကောင်းမွန်သောအကျိုးသက်ရောက်မှုများကို ရရှိနိုင်ရန်အတွက် အကြံပြုချက် (၅) ချက်

 

၁။ လုပ်ငန်းစီးပွားရေးနှင့် ကိုက်ညီမှုရှိသော HR strategic plan တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း 

Strategic HRM ကို အသုံးပြု၍ နည်းဗျူဟာကျကျထိရောက်သော အကျိုးသက်ရောက်မှုများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် ပထမဦးဆုံးအဆင့်ကတော့ HR strategic plan တစ်ခုကို တည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ ဒီနေရာတွင် Strategic HRM သည် မိမိတို့ရဲ့ လုပ်ငန်းစီးပွားရေးနှင့် ကိုက်ညီမှုရှိနေဖို့ကို အထူးဂရုပြုရပါမယ်။ ဆိုလိုသည်မှာ HR strategy များဟာ ပိုမိုကျယ်ပြန့်သော business strategy နှင့် ကိုက်ညီမှုရှိနေရမှာပဲဖြစ်ပါတယ်။ 

ပထမဦးဆုံးအနေနဲ့ သင်ဟာ ပိုမိုကျယ်ပြန့်သော business strategy ကို နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ပြီးနောက်တွင် ကျွန်ုပ်တို့ HR တွင် လုပ်ဆောင်နေသောဆောင်ရွက်ချက်များအား အဆိုပါ business strategy နှင့် ပြန်လည်၍ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။ 

ဥပမာအားဖြင့် - ကုန်ကျစားရိတ်များကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်ထားသော business strategy အတွက် ရေးဆွဲရသော HR strategic plan တစ်ခုနှင့် ထုတ်ကုန်များဟာ တစ်မူထူးခြားပြီး ပိုမိုဈေးနှုန်းကြီးမြင့်သော လုပ်ငန်းများ၏ business strategy အတွက်ရေးဆွဲရသော HR strategic plan နှင့် ဆက်စပ်ပေါ်လစီစည်းမျဉ်းများဟာ များစွာကွာခြားမှုရှိလာနိုင်ပါတယ်။ 

၂။ HR ဆောင်ရွက်ချက်များကို ပြင်ဆင်ချိန်ညှိခြင်း 

HR strategy တစ်ခုကို သတ်မှတ်ချမှတ်ပြီးနောက် အမှန်တကယ်လုပ်ဆောင်ရမယ့်အရာများကို စတင်ရတော့မှာပဲဖြစ်ပါတယ်။ HR ဆောင်ရွက်ချက်တိုင်းဟာ HR strategy နှင့် ကိုက်ညီမှုရှိနေစေရန်အတွက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထိုအရာများတွင် - ဝန်ထမ်းခေါ်ယူခြင်း၊ ရွေးချယ်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များကို စီမံခန့်ခွဲခြင်း၊ လစာ/ ဆုကြေးငွေများနှင့် အကျိုးခံစားခွင့်များပေးအပ်ခြင်း၊ လုပ်ငန်းအဖွဲ့အစည်းနှင့် လုပ်ဆောင်ချက်တို့ကို ဒီဇိုင်းရေးဆွဲခြင်း တို့အပြင် အခြားသောအရာများလည်း ပါဝင်နေနိုင်ပြီး အဆိုပါဆောင်ရွက်ချက်တိုင်းဟာ တစ်ခုနှင့်တစ်ခု ကိုက်ညီမှုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ဥပမာအားဖြင့် တစ်စုံတစ်ဦးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို သင်အကဲဖြတ်ရာတွင် အသုံးပြုသည့် အရည်အချင်းများဟာ သင့်အနေနဲ့ ဝန်ထမ်းများကို ဌားရမ်းခေါ်ယူရာတွင် စစ်ဆေးအကဲဖြတ်ဖို့ အသုံးပြုသည့် စံနှုန်းတစ်ခုဖြစ်နေသင့်ပါတယ်။ ထို့အပြင် ထိုအရည်အချင်းများဟာ သင့်ရဲ့ workforce အတွင်း ရှိလာစေရန် ပျိုးထောင်ပေးနေသင့်သော အရာများလည်း ဖြစ်နေသင့်ပါတယ်။ 

ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းခေါ်ယူဌားရမ်းခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲခြင်း၊ လစာ/ ဆုကြေးငွေများပေးအပ်ခြင်းနှင့် သင်ယူလေ့လာခြင်း/ တိုးတက်မှုရှိစေရန်ပြုလုပ်ခြင်းဟူသည့် ဆောင်ရွက်ချက်အားလုံးဟာ business strategy မှာ ရရှိအောင်မြင်လိုသည့်အရာကို ရရှိနိုင်စေရန်အတွက် အထောက်အကူပြုပေးနိုင်မှာဖြစ်သလို ကိုက်ညီမှုလည်းရှိလာမှာဖြစ်ပါတယ်။ 

၃။ ဒေတာအချက်အလက်များအပေါ် ပိုမို၍ အလေးထားခြင်း  

HR ဖြင့် ကောင်းမွန်သောရလာဒ်များကို ဖန်တီးနိုင်ရန် အဓိကကျသော key requirement တစ်ခုကတော့ အဆိုပါရလာဒ်များကို ပြသနိုင်စွမ်းပင်ဖြစ်ပြီး ထို့ကြောင့် ဒေတာအချက်အလက်များဟာ အရေးပါလာရခြင်းပဲဖြစ်ပါတယ်။ 

ဒေတာအချက်အလက်များကို အရေးတယူပြု၍ စုစည်းကောက်ယူထားခြင်းဟာ HR ပေါ်လစီစည်းမျဉ်းများ၏ အကျိုးသက်ရောက်မှုကို တိုင်းတာရန်အတွက် အဓိကကျသောအချက်တစ်ခုပဲဖြစ်ပါတယ်။ လုပ်ငန်းစီးပွားရေးများအနေနဲ့ သူတို့ရဲ့အောင်မြင်မှုကို Key Performance Indicators (KPIs) ကိုအသုံးပြု၍တိုင်းတာခြင်းအား စံတစ်ခုအနေဖြင့် အသုံးပြုလာကြပြီဖြစ်ပြီး KPIs များသည် လုပ်ငန်းစီးပွားရေးအဖွဲ့အစည်းတစ်ခု၏ နည်းဗျူဟာနှင့် ကိုက်ညီမှုရှိသော စံနှုန်းများဖြစ်နေသင့်ပါတယ်။ 

Finance ပိုင်းအတွက် သက်ဆိုင်ရာ KPIs များ များစွာရှိနေသလို Marketing အတွက်လည်း အလားတူပင် ရှိနေပါတယ်။ ကုမ္ပဏီတစ်ခုဟာ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်နေပါက Board of director များအတွက် အရေးကြီးသော KIP မှာ စတော့ရှယ်ယာဈေးကွက်ပဲဖြစ်ပါတယ်။ အဆိုပါ strategic KPIs များအပေါ် အကျိုးသက်ရောက်မှုရှိပုံအပေါ်မူတည်၍ ကုမ္ပဏီများမှ ဆုံးဖြတ်ချက်များကို ချမှတ်ကြရမှာပဲဖြစ်ပါတယ်။ 

၎။ HR ၏ အခြားသောတာဝန်ဝတ္တရားများကိုလည်း လျစ်လျူရှုမထားလိုက်ပါနဲ့ 

Strategic HRM သို့ကူးပြောင်းနိုင်ရန်အတွက်မှာ HR ရဲ့ နည်းဗျူဟာကျကျ အထောက်အပံ့ပေးနိုင်ခြင်းများကို လိုအပ်သော်လည်း ထိုအရာက HR များအနေနဲ့ လုပ်ငန်းစီးပွားရေး stragegy များအပေါ်တွင်သာ အာရုံစိုက်ထားရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ HR အနေနဲ့ ဂရုပြုရမယ့်အခြားသော element များလည်း ရှိနေပါသေးတယ်။ 

HR များဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို (၄) မျိုးခွဲခြား၍ သတ်မှတ်ထားနိုင်ပါတယ်။ ထိုအရာများတွင် - HR strategy (နည်းဗျူဟာများ)၊ ပြောင်းလဲမှုများကို ဖော်ဆောင်ခြင်း၊ ထိရောက်မှုရှိသော administration တို့နှင့်အတူ ဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် အရည်အချင်းများ တိုးတက်လာစေရန် ပျိုးထောင်ပေးခြင်းတို့ဟာလည်း ပါဝင်နေပါတယ်။ 

HR များအနေဖြင့် strategy များအပေါ်တွင် များစွာအာရုံစိုက်ထားဖို့ မလိုအပ်ပဲ နည်းဗျူဟာများကို ချမှတ်ပြီးသည်နှင့် တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းကသာ အကျိုးရှိ၍ ထိရောက်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ 

၅။ Outside-in approach ကို မွေးမြူခြင်း 

Strategic ဖြစ်နေစေရန်အတွက် အရေးကြီးတဲ့ နောက်ဆုံးအချက်တစ်ခုကတော့ outside-in HR approach ကို မွေးမြူပေးဖို့ပဲဖြစ်ပါတယ်။ HR ရဲ့ customer များဟာ ဘယ်သူတွေဖြစ်နိုင်ပါသလဲ? အများအားဖြင့်တော့ HR ရဲ့ customer များဆိုသည်မှာ ဝန်ထမ်းများဖြစ်ကြသော်လည်း တစ်ခါတစ်ရံတွင် ရှယ်ယာရှင်များလည်းဖြစ်နေနိုင်သလို မိမိတို့လုပ်ငန်း၏ customer များလည်း ဖြစ်နေနိုင်ပါတယ်။ 

Ulrich ၏ အဆိုတစ်ခုအရ Strategy ကို HR အနေနဲ့ ဘာတွေကိုဆောင်ရွက်သင့်သလဲဆိုသည်အား ပြသပေးနိုင်သော မှန်တစ်ချပ်အနေဖြင့် ရှုမြင်ကြရမည်သာမက၊ ပြင်ပမှအဆုံးအဖြတ်ပေးနိုင်သူများအတွက် ကျွန်ုပ်တို့ အလုပ်လုပ်ရာတွင် ပိုမိုကောင်းမွန်အောင် မည်သို့လုပ်ဆောင်နိုင်မလဲဆိုသည်ကို ပြသပေးနိုင်သော ပြတင်းပေါက်တစ်ခုအနေနဲ့လည်း ရှုမြင်ထားသင့်ပါတယ်။ 

 ပြင်ပမှအဆုံးအဖြတ်ပေးနိုင်သူများဆိုရာတွင် - Customer များ၊ ရင်းနှီးမြှုပ်နှံသူများ၊ အဓိက supplier များ၊ အစိုးရအဖွဲ့အစည်းများနှင့် community များပါဝင်နေနိုင်ပါတယ်။ 

 

နိဂုံး 

Strategic HRM ဟာ ထင်ထားတာထက်ပိုပြီး နက်နဲလှပါတယ်။ HR များအနေနဲ့ သူတို့ရဲ့ ဆောင်ရွက်ချက်များကို business strategy နှင့် ကိုက်ညီမှုရှိစေရန် ပြုလုပ်ပေးရမည်သာမက အမှန်တကယ် strategic ဖြစ်လာဖို့အတွက်ဆိုလျှင် HR များအနေနဲ့ အဆိုပါ strategy ဘာကြောင့်ဖြစ်လာရသလဲဆိုတာကိုပါ နားလည်သဘောပေါက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ HR များအနေနဲ့ ထိုသို့ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီ ဆိုပါက လုပ်ငန်းစီးပွားရေးအဖွဲ့အစည်းများအား ကြီးစွာသောအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်လာမှာဖြစ်ပါတယ်လို့ပြောကြားရင်း ဒီ article လေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS