Jobs In Myanmar
Load...

အောင်မြင်စွာ ကိုယ်စားလှယ်ခန့်အပ်ခြင်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Delegation-Management-HR-JobsinYangon



အောင်မြင်စွာ ကိုယ်စားလှယ်ခန့်အပ်ခြင်း

 

သင့်အနေနဲ့ ကိုယ်စားလှယ်ခန့်အပ်ရန် ဘယ်လိုမျိုးလုပ်ဆောင်သင့်ပါသလဲ 

အောက်ပါစည်းမျဉ်းစည်းကမ်းများကိုအသုံးပြုကာ ကိုယ်စားလှယ်ခန့်အပ်ခြင်းအား အောင်မြင်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ 

၁။ မိမိလိုချင်သောရလာဒ်အားရှင်းလင်းစွာဖော်ပြပါ။ အဆုံးသတ်ကို အစကတည်းက ကြိုတင်တွေးတောပြီး မိမိတို့လိုချင်သောရလာဒ်ကိုရှင်းလင်းပြောဆိုပါ။

၂။ ကန့်သတ်ချက်များနှင့် စောင့်ထိန်းရမည့်စည်းများကို ရှင်းလင်းတိကျစွာဖော်ပြပါ။ လုပ်ပိုင်ခွင့်၊ တာဝန်များနှင့် တာဝန်ခံမှုတို့ မည်သည့်နေရာတွင်ရှိသင့်ပါသလဲ? ထိုလူတစ်ဦးဟာ - 

- ဘာလုပ်ရမည်ကိုပြောကြားလာသည်အားစောင့်ဆိုင်းနေရမည်လား?
- ဘာကိုပြုလုပ်ရမည်ဟု မေးမြန်းရမည်လား?
- ဘာလုပ်သင့်သည်ဆိုတာကို အကြံပြုချက်ပေးပြီးနောက် အကောင်အထည်ဖော်လုပ်ဆောင်ရမည်လား?
- စတင်အကောင်အထည်ဖော်ပြီးနောက်တွင်မှ အချိန်အပိုင်းအခြားအလိုက်တင်ပြရမည်လား? 
   ဆိုသည့်အရာများကို ရှင်းလင်းတိကျစွာဖော်ပြရမည်ဖြစ်ပါသည်။ 

၃။ ဖြစ်နိုင်လျှင် လူများကို အဆိုပါကိုယ်စားလှယ်ခန့်အပ်သည့်လုပ်ငန်းစဉ်တွင် ထည့်သွင်းပါဝင်စေသင့်ပြီး သူတို့ အား ဘယ်လိုလုပ်ငန်းတာဝန်တွေကို ဘယ်လိုအချိန်တွေမှာပေးအပ်သင့်သည်ဆိုတဲ့အရာများကို စဉ်းစားပါဝင် ဆုံးဖြတ်ရန်အတွက်တိုက်တွန်းပါ။ 

၎။ တာဝန်ယူမှုရှိသည့်အလျှောက် လုပ်ပိုင်ခွင့်ကိုလည်း ထပ်တူညီစွာပေးထားပါ။ သင့်အနေနဲ့ တာဝန်ယူမှု အချို့ကို ပေးအပ်နိုင်သော်လည်း အဆုံးတွင်တာဝန်ခံမှုဟာတော့ သင့်ထံတွင်သာရှိနေသည်ကို သဘောပေါက် နားလည်ထားပါ။ 

၅။ ဖြစ်နိုင်သမျှ အဖွဲ့အစည်းဆိုင်ရာအလွှာမှ အနိမ့်ဆုံးသူများကို ကိုယ်စားလှယ်များအဖြစ်ခန့်အပ်ပါ။ အလုပ်နှင့် အနီးစပ်ဆုံးသောသူများမှာ ထိုကိစ္စရပ်များနှင့်အသင့်တော်ဆုံးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဟာ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အစဉ်အမြဲရင်းနှီးမှုရှိနေတဲ့အတွက်ကြောင့်ဖြစ်ပြီး ထိုအရာဟာ လုပ်ငန်းများ၏ အလုပ်ပြီးမြောက်မှုကိုမြှင့်တင်ပေးနိုင်ပြီး အလုပ်ခွင်အတွင်းရှိလူများကိုပိုမိုတိုးတက်လာစေရန်အတွက်ကူညီပေး နိုင်ပါသည်။ 

၆။ သင့်လျှော်သော ကူညီထောက်ပံ့မှုများပေးပါ၊ နောက်ပြီး မေးခွန်းများအားဖြေကြားနိုင်ရန်အတွက် အမြဲတမ်း အသင့်ရှိနေပါ။ စီမံကိန်းများသေချာစွာအောင်မြင်မှုရှိစေရေးအတွက် ဆက်သွယ်ပြောဆိုမှုများနှင့် စောင့်ကြပ် ကြည့်ရှုမှုများပြုလုပ်သကဲ့သို့ပင် အရင်းအမြစ်များအထောက်အပံ့ပေးခြင်းနှင့် ချီးမွန်းပြောဆိုမှုများကိုလည်း ပြုလုပ်ပေးပါ။ 

၇။ ရလဒ်များတွင်အာရုံစူးစိုက်မှုထားပါ။ အလုပ်ကိုဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အသေးစိတ်ကိစ္စများထက် သင့် ကိုယ်သင် ဘယ်အရာတွေကိုအောင်မြင်အောင်ပြုလုပ်နိုင်မလဲဆိုတာကိုသာစိတ်ပူပါ။ သင့်ရဲ့နည်းလမ်းများဟာ အမြဲတမ်း လုပ်ဆောင်နိုင်တဲ့တစ်ခုတည်းသောအရာ (သို့) အကောင်းဆုံးနည်းလမ်းဖြစ်နေမည်မဟုတ်တဲ့အတွက် လူတစ်ယောက်ကို သူကိုယ်တိုင်ရဲ့နည်းလမ်းများနဲ့ လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ဆုံးဖြတ်ခွင့်ပေးပါ။ ထိုအ ရာက အောင်မြင်မှု နဲ့ ယုံကြည်မှုရှိခြင်းကိုဖြစ်ပေါ်လာစေနိုင်ပါသည်။ 

၈။ အထက်သို့ပြန်လည်၍ ကိုယ်စားလှယ်ခန့်အပ်ခြင်းအားရှောင်ရှားပါ။ “အကယ်၍ ပြဿနာတစ်ခုဖြစ်ပေါ်ပါက ထိုကိစ္စအတွက်တာဝန်ယူမှုကို သင့်ထံသို့လွှဲပြောင်းပေးကာ သင်ကြိုက်တဲ့ဖြေရှင်းချက်များကိုမေးလာခြင်းမျိုးကို မပြုလုပ်ပါစေနဲ့ နောက်ပြီး အဖြေကိုလည်းလွယ်လွယ်ကူကူမပေးလိုက်ပါနဲ့။ 

၉။ စိတ်အားထက်သန်မှုနှင့် အလုပ်အပေါ်တွင်မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံမှုရှိလာစေရန်တည်ဆောက်ပါ။ အောင်မြင် မှုဟာ ဆုကြေးငွေတွေ၊ အနာဂါတ်အခွင့်အလမ်းတွေ၊ အသိအမှတ်ပြုခံရခြင်းတွေနဲ့ အခြားသော လိုချင်ဖွယ်ရာ အကျိုးရလဒ်များအပေါ်သက်ရောက်မှုရှိနိုင်ကြောင်းကိုဆွေးနွေးပြောဆိုပါ။ ထိုက်တန်သည့်နေရာများတွင် အသိ အမှတ်ပြုပေးပါ။ 

၁၀။ စီမံထိန်းချုပ်မှုအား တည်ဆောက်ပြီး တည်တံ့စေရန်ထိန်းသိမ်းပါ။ 

- အချိန်စာရင်းများနှင့် နောက်ဆုံးထားလုပ်ဆောင်သင့်သည့်အချိန်များကိုဆွေးနွေးသတ်မှတ်ပါ။ 
  သင့်အနေဖြင့် ထိုစီမံကိန်းတစ်ခု၏ တိုးတက်မှုအားစစ်ဆေးမည့် ကြိုတင်စီမံထားသောအဆင့်များကို သဘောတူညီမှု 
 ရယူပါ။ 

- ပြုပြင်ပြောင်းလဲမှုများလိုအပ်သလိုပြုလုပ်ပါ။ 

- တင်ပြလာသည့်အလုပ်များကို အချိန်ယူပြီးစစ်ဆေးကြည့်ရှုပါ။ 

- ကိုယ်စားလှယ်မခန့်အပ်မှီနှင့် ခန့်အပ်သည့်လုပ်ငန်းစဉ်မတိုင်မှီတွင် အဆိုပါအဓိကအချက်အလက်များကို သေချာ စွာစဉ်းစားပြီးမှခန့်အပ်ခြင်းဖြင့်သင့်ရဲ့ကိုယ်စားလှယ်ဟာပိုမို၍အောင်မြင်မှုရရှိသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ 

ထိန်းချုပ်မှုရှိစေခြင်း

သင့်အနေနှင့်ယခုအခါ အထက်ပါအဆင့်များအားလုပ်ဆောင်ပြီးပြီဆိုပါက သင့်ရဲ့အဖွဲ့ဝင်များကို သင့်လျှော်စွာ မိန့်ခွန်းပြောဆိုရမှာဖြစ်ပါတယ်။ သူတို့ဟာဘာကြောင့် ဒီအလုပ်တာဝန်အတွက်ရွေးချယ်ခံရတယ်၊ ဒီစီမံကိန်းကာ လတွင် သူတို့ထံမှ ဘယ်လိုအရာမျိုးကိုမျှော်လင့်တယ်၊ သင့်ထံတွင်ရှိသော ဒီစီမံကိန်းအတွက်ရည်မှန်းချက်၊ အချိန် ဇယားများ၊ နောက်ဆုံးထားလုပ်ဆောင်သင့်သည့်ရက်များနှင့် သူတို့အနေဖြင့် ထုတ်ယူသုံးစွဲနိုင်သော အရင်းအမြစ်များ စသည်တို့ကို အချိန်ယူကာ ရှင်းလင်းပြောကြားရမည်ဖြစ်ပါသည်။ 

ထို့အပြင်တိုးတက်မှုအသိပေးတင်ပြချက်များကိုစစ်ဆေးမည့် အချိန်ကာလများကိုလည်း ကြိုတင်ကာ သဘော တူညီမှုရယူရမည်ဖြစ်ပါသည်။ နောက်ဆုံးအနေဖြင့် ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက သင်သိလိုကြောင်းနှင့် သင်ဟာလုပ်ငန်းအကောင်အထည်ပေါ်လာသည်နှင့်အမျှ လိုအပ်လာနိုင်မည့် မေးခွန်းများနှင့် လမ်းညွှန်မှုများ အတွက် အစဉ်အမြဲအသင့်ရှိနေကြောင်းကိုလည်း သင့်ရဲ့အဖွဲ့ဝင်များသိစေရန်အတွက် ပြောကြားပေးရမှာ ဖြစ်ပါတယ်။ 

စီမံခန့်ခွဲသူများအနေဖြင့် အသေးစိတ်လိုက်လံထိန်းချုပ်ရန်မလိုအပ်သည်ကို ကျွန်ုပ်တို့အားလုံးသိရှိပြီးဖြစ်ပါ သည်။ သို့သော် ထိုအရာကထိန်းချုပ်မှုအားလုံးကိုစွန့်လွှတ်သင့်သည်ဟုဆိုလိုခြင်းတော့မဟုတ်ပါဘူး။ ကိုယ်စား လှယ်များ ထိရောက်မှုရှိစွာခန့်အပ်နိုင်ရန်အတွက် တစ်ခါတစ်ရံတွင်ရရှိနိုင်ရန်ခက်ခဲသည့် လူတို့အား သူတို့၏ စွမ်းဆောင်ရည်များကိုအကောင်းဆုံးအသုံးချနိုင်ရန်အတွက် လုံလောက်သောလွတ်လပ်မှုပမာဏနှင့် လုပ်ငန်း တစ်ခုထိထိ ရောက်ရောက်နှင့် မှန်မှန်ကန်ကန်ပြီးမြောက်မှုရှိစေရန်အတွက် စောင့်ကြပ်ကြည့်ရှုခြင်း၊ အကူအညီ အထောက်အပံ့ ပေးနိုင်ခြင်းတို့ကို လုံလောက်စွာ နီးနီးကပ်ကပ်ပြုလုပ်နိုင်မည့် မျှခြေကိုရှာဖွေရမည်ဖြစ်ပါသည်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)
Tokyo Metropolitan Institute of Technology

Tokyo Metropolitan Institute of Technology

To recruit and develop of our country’s most promising students and most outstanding staff and be a truly global institute. To Focus on highest international standards and teaching methods. Prod...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS