Jobs In Myanmar
Load...

သူတို့ရဲ့ကားများကို Bitcoin ဖြင့် ဝယ်ယူနိုင်ကြောင်း Tesla မှ ကြေငြာခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Tesla-ElonMusk-Bitcoin-JobsInYangon



သူတို့ရဲ့ကားများကို Bitcoin ဖြင့် ဝယ်ယူနိုင်ကြောင်း Tesla မှ ကြေငြာခဲ့ 


Tesla ရဲ့ CEO ဖြစ်သူ Elon Musk မှ “ယနေ့ကစပြီး Tesla ကားများကို Bitcoin နဲ့လည်း ဝယ်ယူနိုင်ပါပြီ” ဟု အဓိပ္ပါယ်ရသော Tweet တစ်ခုကိုရေးသားခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Bitcoin ကို အရူးအမူးနှစ်ခြိုက်သူတစ်ဦးဖြစ်တဲ့အတွက် Elon Musk ရဲ့ Tesla ကုမ္ပဏီဟာ Bitcoin တွင်များစွာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိ Bitcoin ပမာဏကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ 

နောက်ပြီး Bitcoin ဂေဟစနစ်ဖြစ်ထွန်းအောင်မြင်လာတာကိုတွေ့ချင်သူ Bitcoin ကိုနှစ်ခြိုက်သူများရဲ့ စိုးရိမ်မှုကို အာမချံက်ပေးနိုင်ရန်အတွက်လည်း Mr. Musk မှ - “Tesla အနေနဲ့ ရရှိလာတဲ့ Bitcoin များကို Bitcoin အနေနဲ့ သာ ထိန်းသိမ်းထားမှာဖြစ်ပြီး အစိုးရပိုင်ငွေကြေးအဖြစ်သို့ ပြောင်းလဲသွားမှာမဟုတ်ကြောင်း” အတည်ပြုပြောကြားခဲ့ပါသေးတယ်။ 

ယခုအခါ အမေရိကန်နိုင်ငံတွင် Tesla ကားများကို အမေရိကန်ဒေါ်လာ ၁၀၀ နှင့်ညီမျှသော Bitcoin ပမာဏကို ပေးကာ စရံချထားနိုင်ပြီဖြစ်ပြီး ထိုအရာကို လာမည့်လများအတွင်း အခြားသောနိုင်ငံများတွင်လည်း ရရှိလာနိုင်တော့မှာဖြစ်ပါတယ်။ Bitcoin ရဲ့ အတက်အကျမြန်တဲ့ နှုန်းထားများကြောင့် လက်တွေ့ဘဝအတွင်းရှိ အရာဝတ္ထုများကိုဝယ်ယူရာတွင် ရှုပ်ထွေးမှဒအနည်းငယ်ရှိလာနိုင်ပါတယ် ဟူ၍လည်း Mr. Musk မှ ပြောကြားခဲ့ပါသေးတယ်။ ဥပမာအားဖြင့် Tesla ရဲ့ စည်းကမ်းချက်များတွင် အကယ်၍ refund ပြုလုပ်ရန်လိုအပ်လာပါက ကုမ္ပဏီအနေဖြင့် ရရှိခဲ့တဲ့ Bitcoin ပမာဏအတိုင်းသော်၎င်း၊ ကားရဲ့အမေရိကန်ဒေါ်လာအတိုင်း တန်ကြေးဖြင့်သော်၎င်း နှစ်သက်သလိုပြန်လည်၍ refund ပြုလုပ်ပိုင်ခွင့်ရှိသည်ဟု ရေးသားထားကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS