Jobs In Myanmar
Load...

Tesla ရဲ့ အကြောင်းအရင်းမသိရပဲ ရုတ်တရက် ဘရိတ်အုပ်နေသည့် ပြဿနာကို အမေရိကအစိုးရမှ စတင်စုံစမ်းလျှက်ရှိ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-Tesla-Phantom-Braking-JobsInYangon



Tesla ရဲ့ အကြောင်းအရင်းမသိရပဲ ရုတ်တရက် ဘရိတ်အုပ်နေသည့် ပြဿနာကို အမေရိကအစိုးရမှ စတင်စုံစမ်းလျှက်ရှိ 

 

အမေရိကန်နိုင်ငံ National Highway Traffic Safety Administration ရဲ့ ပြောကြားချက်အရ Tesla ကားများရဲ့ ရုတ်တရက်ဘရိတ်အုပ်နေသည့်ဖြစ်စဉ်အပေါ် ရာပေါင်းများစွာသော complain တက်မှုများရှိလာသည့်အတွက် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် Tesla Model 3 နှင့် Model Y ယာဉ်ပေါင်း ၄၁၆,၀၀၀ ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေဦးရာသီခန့်တွင် Tesla ရဲ့ advance driver assist system တွင် အမှန်တကယ်မဟုတ်ပဲ အရှေ့ဘက်တွင် တိုက်မိနိုင်သည်ဟု သတိပေးမှုများနှင့် ရုတ်တရက် ဘရိတ်အုပ်ခြင်းတို့ဖြစ်ပေါ်ပြီးနောက် Tesla ဟာ ၎င်းတို့ရဲ့ Full Self-Driving beta software ရဲ့ version 10.3 သို့ နောက်ပြန်ဆုတ်ပေးခဲ့ရပါတယ်။  

သို့သော်လည်း ထိုသို့ပြုလုပ်ပြီးနောက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ complain ပြုလုပ်မှုများဟာ ပိုမိုမြင့်တက်လာခဲ့ပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း NHSTA သို့ complain ပြုလုပ်မှုစုစုပေါင်း ၁၀၇ ခုအထိ ရှိခဲ့ပြီး ယခင်က ၂၂ လကြာကာလအတွင်းတွင်မှ complain ပြုလုပ်မှုစုစုပေါင်း ၃၄ ခုသာရှိခဲ့တာဖြစ်တယ်လို့ The Washington Post ရဲ့ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။ ယခုအခါတွင် စုစုပေါင်းအနေနဲ့ ပြီးခဲ့တဲ့ ၉ လတာ ကာလအတွင်း complain ပြုလုပ်မှုပေါင်း ၃၅၄ ခုခန့်ရှိနေပြီဖြစ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 

www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS