Jobs In Myanmar
Load...

ဝန်ထမ်းတွေအလုပ်မှာ မပျော်ရွှင်ရခြင်း အကြောင်းရင်း (၁၀) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Workplace-Happiness-Employee-Facts-JobsInYangon



ဝန်ထမ်းတွေအလုပ်မှာ မပျော်ရွှင်ရခြင်း အကြောင်းရင်း ၁၀ ချက်

သင်ဟာ လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်၊ သို့မဟုတ်၊ HR မှာလုပ်ကိုင်နေသူ၊ နောက်ဆုံး manager တစ်ယောက်ပဲဖြစ်နေဦးတော့ သင့်ရဲ့လက်အောက်မှာ လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေကို အမြဲတက်ကြွပျှော်ရွှင်နေအောင်ထားဖို့ဆိုတာ အရေးကြီးပါတယ်။ အလုပ်မှာ မပျှော်ရွှင်ဖြစ်နေတဲ့ ၀န်ထမ်းတစ်ယောက်ဆီကနေ သင့်အနေနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာတွေ၊ productivity တွေကို များစွာမျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မပျှော်ရွှင်ဖြစ်နေတဲ့ ၀န်ထမ်းတစ်ယောက်ဆိုတာ သင့်လုပ်ငန်းအတွက် အရမ်းကို အန္တရာယ်များပါတယ်။ ၀န်ထမ်းအချင်းချင်း စကားပြောဝိုင်းဟာ အလုပ်ရဲ့အတင်းပြောနဲ့ စကားဝိုင်း အဖြစ်အချိန်မရွေးဖြစ်သွားနိုင်ပါတယ်။ အလုပ်အကြောင်းအတင်းပြောတဲ့၊ အလုပ်မှာ မပျော်တော့တဲ့ ၀န်ထမ်းတွေများလာတာဟာ သင့်လုပ်ငန်းအတွက်တော့ စိုးရိမ်စရာပါပဲ။ သူတို့တွေရဲ့ လုပ်ငန်းမှာ မပျော်ရွှင်မှုတွေဟာ လုပ်ငန်းတိုးတက်ဖို့အတွက်တော့ ကြီးမားတဲ့ အတားအဆီးတွေပါပဲ။ ဒါ့ကြောင့် ၀န်ထမ်းတွေကို productivity ဖြစ်အောင်ဆိုရင် အလုပ်မှာ ပျော်ရွှင်တဲ့ဝန်ထမ်းတွေများအောင် စီမံနိုင်ဖို့လိုအပ်လှပါတယ်။ ဒါဆို ၀န်ထမ်းတွေရဲ့  အလုပ်အပေါ် မကျေနပ်ဖြစ်စေတဲ့ အချက် (၁၀)ချက်ကို ဖတ်ကြည့်လိုက်ရအောင်… ၊


(၁) တက်လမ်းမရှိဘူးလို့ခံစားရခြင်း
ဝန်ထမ်းတိုင်း ၀န်ထမ်းတိုင်းမှာတော့ သူတို့မျှော်မှန်းထားတဲ့ ရာထူး၊ တက်လမ်းဆိုတာရှိမှာပါပဲ။ အလုပ်တစ်ခုစလုပ်ပြီဆိုရင် တချို့က ရာထူးတိုးချင်တယ်၊ ပညာတွေပိုရချင်တယ်၊ လစာတိုးချင်တယ်၊ အစရှိသဖြင့် မျှော်လင့်ချက်တွေရှိကြပါတယ်။ သူတို့မျှော်မှန်းထားသလို ပညာရရှိခြင်းမရှိဘူးဆိုရင် သူတို့ တက်လမ်းကိုဦးစားပေးတဲ့ ၀န်ထမ်းတွေဟာ ပျော်ရွှင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းအတွေ့အကြုံနဲ့အတူ ဆက်လက်ပါလာမယ့် ရာထူး၊ လစာဆိုတာတွေကိုလည်း ၀န်ထမ်းတွေဟာ မျှော်လင့်မှာအမှန်ပါပဲ။ ဒါပေမယ့် အလုပ်မှာ သူတို့ထင်သလို တိုးတက်မှုမရှိဘူး၊ သူတို့အတွက် တက်လမ်းမရှိဘူးလို့ ယူဆရင်တော့ ၀န်ထမ်းတွေဟာ မပျော်ရွှင်ဖြစ်လာမှာ အမှန်ပါပဲ။
 

(၂) လုံလောက်တဲ့ လစာမရခြင်း
လောကမှာ ဘယ်သူကမှတော့ ဘယ်အရာကိုမှ အလကားလုပ်ပေးမှာမဟုတ်ပါဘူး။ အဲ့လိုပဲ ၀န်ထမ်းလုပ်တယ်ဆိုတာလည်း သူတို့အတွက် ထိုက်တန်တဲ့ လုပ်ခလစာကို လိုချင်မျှော်မှန်းကြတာကြီးပါပဲ။ ဒါ့အပြင် အပြင်ဈေးကွက်မှာလည်း သူတို့နဲ့ ရာထူးတူတူတွေက လစာဘယ်လောက်တွေရနေကြလဲဆိုတာ ၀န်ထမ်းတိုင်းက သိနေကြမှာပါ။ ဒါကြောင့် သူတို့အနေနဲ့ သူတို့အလုပ်မှာ ထိုက်တန်တဲ့လစာခံစားခွင့် မရရှိဘူးဆိုရင်တော့ အဲ့ဝန်ထမ်းအနေနဲ့လည်း အလုပ်အပေါ်မှာ လုံလောက်တဲ့ motivation ရှိမှာ မဟုတ်တော့ပါဘူး။ လုံလောက်တဲ့ စိတ်အားထက်သန်မှုမျိုးမရှိတော့တဲ့ ၀န်ထမ်းတစ်ယောက်ဆီကလည်း ကောင်းမွန်တဲ့ အလုပ်တွေကို မျှော်လင့်လို့ရမှာ မဟုတ်တော့ပါဘူး။
 

(၃) အလုပ်အာမခံချက်မရှိခြင်း
ဝန်ထမ်းတိုင်းကတော့ သူတို့အလုပ်ဖြုတ်ခံရတာကို လိုချင်ကြမှာ မဟုတ်ပါဘူး။ အားလုံးကတော့ သူတို့အလုပ်အတွက် လုံလောက်တဲ့ အာမခံချက်ကို လိုချင်ကြမှာပါ။ ကုမ္ပဏီအနေနဲ့ အခြားဝန်ထမ်းတွေကို အလုပ်ဖြုတ်တာတွေ ရံဖန်ရံခါပြုလုပ်နေမယ်ဆိုရင်တော့ လက်ရှိအလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေအနေနဲ့လည်း သူတို့ကိုယ်တိုင်လည်း နောက်ထပ်အလုပ်ဖြုတ်ခံရမယ့်သူဖြစ်လာနိုင်တယ်ဆိုတဲ့စိတ်က အနည်းနဲ့အများ ၀င်လာမှာပါ။ အဲ့လိုစိတ်ရှိသွားပြီဆိုရင်တော့ အဲ့ဒီဝန်ထမ်းဟာလည်း သူ့အတွက် second plan ဆိုတာရှိလာမှာပါပဲ။ သူအလုပ်ပြုတ်ခဲ့ရင် သွားဖို့ အလုပ်သစ်တွေကို ရှာဖွေတာတွေပြုလုပ်လာမှာပါ။ အဲ့လိုတွေလုပ်လာတဲ့ ၀န်ထမ်းတစ်ယောက်ဆီက သစ္စာရှိမှုတွေ၊ လုံလောက်တဲ့ စိတ်အားထက်သန်မှုတွေကို ရရှိနိုင်မှာ မဟုတ်တော့ပါဘူး။
 

(၄) ခြံဆိုတာ ခုန်ဖို့ပါ
မြန်မာစကားပုံရှိပါတယ်။ ခြံခုန်တတ်တဲ့ သတ္တ၀ါဟာ အမြဲခြံခုန်ချင်နေမှာပဲတဲ့။ ပြောင်းလဲမှုမြန်ဆန်တဲ့ ၀န်ထမ်းလောကမှာ ၀န်ထမ်းအများစုဟာ အရင်က တခြားကုမ္ပဏီတွေမှာ အလုပ်လုပ်ပြီး ကိုယ့်ရဲ့အလုပ်ကို ရောက်လာကြတာတွေများပါတယ်။ သူတို့တွေအနေနဲ့လည်း ဒီကုမ္ပဏီက သူတို့အတွက် လုံလောက်တဲ့ ကောင်းမွန်မှုမရှိဘူးခံစားမိရင်တော့ သူတို့လည်း ခြံခုန်ဖို့ ကြိုးစားကြမှာပါပဲ။ အဲ့လိုစိတ်မျိုးမဖြစ်အောင် ၀န်ထမ်းတွေကို လုံလောက်တဲ့ လှုံ့ဆော်မှု၊ လုံလောက်တဲ့ inspiration ပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ ၀န်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ ပျော်ရွှင်ပြီးတော့ အခြားအလုပ်ကို ပြောင်းဖို့စိတ်ကူးမရှိမှာပါ။
 

(၅) အထက်လူကြီးဒဏ်မခံနိုင်ခြင်း
ဝန်ထမ်းတိုင်း ၀န်ထမ်းတိုင်းမှာ သူတို့နဲ့ဆက်ဆံရတဲ့ အထက်လူကြီးဆိုတာရှိပါတယ်။ အထက်လူကြီးက ကောင်းရင်ကောင်းသလို ၀န်ထမ်းတွေရဲ့ အလုပ်မှာ ပျော်ရွှင်မှုဟာလည်း ရှိမှာပါ။ အထက်လူကြီးက ဦးဆောင်လမ်းပြတာထက် ၀န်ထမ်းတွေကို ဖိအားပဲ တစ်ချိန်လုံးပေးနေရင်တော့ ၀န်ထမ်းတွေအနေနဲ့လည်း အလုပ်ခွင်မှာ လုံလောက်တဲ့ စိတ်အားထက်သန်မှုရှိလာမှာ မဟုတ်တော့ပါဘူး။ 
 

(၆) အဖွဲ့အစည်းအပေါ် တန်ဖိုးထားမှုမရှိခြင်း
ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ရာထူး၊ လစာတွေအပြင် နောက်ထပ်တန်ဖိုးထားတဲ့ အရာကတော့ အဖွဲ့အစည်းရဲ့ တန်ဖိုးပါပဲ။ အဖွဲ့အစည်းအနေနဲ့ ကောင်းမွန်တဲ့ဦးတည်ချက်ရှိမယ်ဆိုရင် ၀န်ထမ်းတွေအနေနဲ့ လုံလောက်တဲ့ စိတ်အားလှုံဆော်မှုရှိနေမှာဖြစ်ပါတယ်။ ကိုယ့်အလုပ်မှာ ကိုယ်ဘာလုပ်နေမှန်းမသိတာမျိုး၊ ကုမ္ပဏီရဲ့ long term plan က ဘာလဲဆိုတာကို မသိတာမျိုး၊ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံကို ပွင့်ပွင့်လင်းလင်းမသိတာမျိုး အစရှိတာတွေဟာ ၀န်ထမ်းတွေရဲ့ ကုမ္ပဏီအပေါ် တန်ဖိုးထားမှုကို လျော့ပါးစေပါတယ်။ ကုမ္ပဏီအပေါ်တန်ဖိုးမထားတော့တဲ့ ၀န်ထမ်းဟာလည်း အလုပ်မှာ ပျော်ရွှင်မှုရှိနိုင်မှာ မဟုတ်တော့ပါဘူး။
 

(၇) work/life ဟန်ချက်ညီမျှမှုမရှိခြင်း
ဝန်ထမ်းတစ်ယောက်ရဲ့ ဘ၀ဟာ ကုမ္ပဏီအလုပ်တစ်ခုပဲရှိတာမဟုတ်ပါဘူး။ သူတို့အနေနဲ့လည်း သူတို့မိသားစုအတွက် ရံဖန်ရံခါ အချိန်ပေးချင်မှာပါ။ ကုမ္ပဏီအနေနဲ့ ၀န်ထမ်းတွေအပေါ် လိုက်လျောညီထွေမှုရှိတဲ့ အလုပ်ချိန်မျိုး ဖန်တီးပေးနိုင်ဖို့ကလည်း အရေးကြီးလှပါတယ်။ သက်နြ် ၅ ရက်ပဲ ပိတ်ရက်မျိုးရှိတဲ့အချိန်မှာ နယ်ဝေးက၀န်ထမ်းတွေအနေနဲ့ သူတို့ရဲ့အိမ်ကို ၁ ပါတ်၊ လောက်တော့ အနည်းဆုံး ပြန်ပြီး မိသားစုကို အချိန်ပေးချင်တဲ့ ၀န်ထမ်းတွေလည်းရှိမှာပါ။ ဒါ့အပြင် သူတို့ရဲ့ သား၊ သမီးတွေအတွက် ရံဖန်ရံခါ အချိန်ပေးဖို့အတွက် အလုပ်က ခွင့်ယူတာမျိုး၊ work from home လုပ်တာမျိုးကိုလည်း ခွင့်ပြုပေးဖို့ တောင်းတကြမှာပါ။ ကုမ္ပဏီအနေနဲ့ အဲ့လိုကိစ္စတွေမှာ အလွန်အမင်းတင်းကျပ်တာမျိုး ပြုလုပ်မယ်ဆိုရင် ၀န်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်မှုရှိနိုင်မှာမဟုတ်ပါဘူး။ 
 

(၈) အသိအမှတ်ပြုတာမခံရခြင်း
လုပ်ငန်းခွင်မှာ တချို့ဝန်ထမ်းတွေဟာ အလုပ်ချိန်ကြာမြင့်စွာ လုပ်တယ်၊ လုပ်ငန်းတွေကိုလည်း ပြီးစီအောင် ပြုလုပ်ပေးတယ်။ အဲ့ဒါတွေအတွက်လည်း သူတို့ဟာ လုံလောက်တဲ့ အသိအမှတ်ပြုခြင်းမျိုးကို အနည်းနဲ့ အများ လိုချင်မှာပါ။ အထက်လူကြီးတစ်ယောက်အနေနဲ့ မိမိဝန်ထမ်းတွေကို လုံလောက်တဲ့ အသိအမှတ်ပြုခြင်းမျိုး မရှိခဲ့ဘူးဆိုရင်တော့ ၀န်ထမ်းတွေဟာလည်း သူတို့ကိုသူတို့ ပျော်ရွှင်မှုကို ရှာနိုင်မှာမဟုတ်ပါဘူး။ 
 

(၉) အလွန်အကျွန်အုပ်ချုပ်ခြင်း
အချို့အထက်လူကြီးတွေဟာ သူ့အောက်က ၀န်ထမ်းတွေကို အလွန်အကျွန်အုပ်ချုပ်တာမျိုး ပြုလုပ်လေ့ရှိပါတယ်။ တစ်ချိန်လုံး ၀န်ထမ်းတွေကို ဘာလုပ်နေလည်း၊ ဘာတွေလုပ်နေခဲ့လည်းဆိုတာကို မေးနေမယ့်အစား သတ်မှတ်ချိန်အတွင်းမှာ လုပ်ငန်းတွေပြီးမြောက်မှုရှိ၊ မရှိကိုသာ စစ်ဆေးခြင်းမျိုးပြုလုပ်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ အချိန်တိုင်း မနက်တစ်ခါ၊ နေ့လည်တစ်ခါ အမြဲစစ်ဆေးတာမျိုးလုပ်နေရင်တော့ ၀န်ထမ်းတွေအနေနဲ့ သူတို့ကို မယုံကြည်လို့ အမြဲလိုက်မေးနေတယ်ဆိုတဲ့ ခံစားမှုမျိုးကို ရရှိသွားစေမှာဖြစ်ပါတယ်။
 

(၁၀) သူတို့နဲ့ မကိုက်ညီတဲ့အလုပ်ကို လုပ်နေရခြင်း
တချို့ဝန်ထမ်းတွေဟာ အလုပ်မှာ ကြိုးစားလုပ်ကြသူတွေဖြစ်ပေမယ့် လုံလောက်တဲ့ အလုပ်ပြီးစီးတာမျိုး မရှိတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲ့လိုကိစ္စတွေဖြစ်လာတိုင်း ၀န်ထမ်းကို ဖိအားပေးတာမျိုး မလုပ်ပဲ အဲ့ဒီဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ဝင်စားတဲ့ တာဝန်ကို သိရှိအောင် လုပ်တာမျိုး လုပ်သင့်ပါတယ်။ ဥပမာ- ဒီဇိုင်းဆွဲတာမှာ တော်တဲ့ဝန်ထမ်းတစ်ယောက်ကို excel report တွေအမြဲလုပ်ခိုင်းနေရင် သူ့အနေနဲ့ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုရှိနိုင်မှာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် အထက်လူကြီးတစ်ယောက်ဟာ မိမိအောက်က ၀န်ထမ်းတစ်ယောက် ဘယ်နေရာမှာ အားသာချက်ရှိတယ်၊ ဘယ်နေရာနဲ့တော့ ပိုမိုကိုက်ညီမှုရှိတယ်ဆိုတာမျိုးကို အမြဲတစေ အကဲခတ်နေသင့်ပါတယ်။ 

ဒါဆိုရင်တော့ ၀န်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ ပျော်ရွှင်မှုရှိလာမှာဖြစ်ပြီးတော့ ၀န်ထမ်းတွေ ခဏခဏ အလုပ်ထွက်တာမျိုးမဖြစ်တော့ပဲ လုပ်ငန်းဟာလည်း ပိုမိုတိုးတက်လာမှာပဲ ဖြစ်ပါတယ်။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (8)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS