ချိတ်ဆွဲရန်စာတန်း: Knowledge-Ethics-Workplace-HR-JobsinYangon
{လူမှုကျင့်ဝတ်များက အလုပ်ခွင်တစ်ခုအတွင်းအရေးပါပုံ (အပိုင်း- ၂)}
မင်္ဂလာပါ။ ကျွန်တော်တို့ jobsinyangon.com အဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျွန်တော်တို့တွေရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ကောင်းမွန်တဲ့အမူအကျင့်များ (လူမှုကျင့်ဝတ်များ) ရှိနေဖို့ အတွက် လိုအပ်ပါတယ်။ ဒီအပတ်မှာတော့ လုပ်ငန်းခွင်တစ်ခုအတွင်းမှာ လူမှုကျင့်ဝတ်ဆိုင်ရာများက ဘယ်လို အရေးပါမှု ရှိနေတယ်ဆိုတာကို အပိုင်း (၃) ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အပိုင်း (၁) ကိုတော့ မနေ့က ဖော်ပြခဲ့ ပြီးပြီဖြစ်ပါတယ်။ အပိုင်း (၃) ကိုလည်း စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ကျွန်တော်တို့က အသိပေးအပ်ပါတယ် ခင်ဗျာ။
ကိုယ်ကျင့်တရား (Morals)
ကိုယ်ကျင့်တရားများဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများ (သို့) လူမှုအဖွဲ့အစည်းတစ်ခုအပေါ်တွင် အခြေခံထားတဲ့ ပြုမူနေထိုင်မှုပုံစံများဖြစ်ပါသည်။ အချို့သော ကိုယ်ကျင့်တရားဆိုင်ရာအချက်များဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကိုတားမြစ်သည့် ဥပဒေများ၊ ကောင်းသောကိစ္စများကိုသာလုပ်ဆောင်ခြင်းကဲ့သို့ အခြေခံတာဝန် များနှင့် အများ၏ကောင်းကျိုးရရှိအောင်၊ တည်တံ့အောင် ဆောင်ရွက်ပေးခြင်းကဲ့သို့ အားလုံးနှင့်သက်ဆိုင်နေ သည့်အချက်များဖြစ်ကြပါသည်။ ကိုယ်ကျင့်တရားများဟာ အဖွဲ့အစည်းတစ်ခုကို အထောက်အပံ့ပြုနေသော ထောက်တိုင်တစ်ခုဖြစ်ပြီး ထိုအရာတွင် ကျွန်ုပ်တို့မှတ်သားထားသင့်သော အဓိကအချက် (၄) ချက် ရှိနေပါ တယ်ဟု အတွေးအခေါ်ပညာရှင် Robert C. Solomon မှ ပြောကြားခဲ့ပါတယ်။
ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဟာ အရေးကြီးပါတယ် - အကြမ်းဖြင်းအားဖြင့် ကိုယ်ကျင့်တ ရားဆိုင်ရာစည်းမျဉ်းစည်းကမ်းများဆိုသည်မှာ လူမှုအဖွဲ့အစည်းတစ်ခုကို ယဉ်ကျေးသောနည်းလမ်းများဖြင့် ပြောဆို ဆက်ဆံကြရန်အတွက်ကူညီပေးနိုင်သော စည်းကမ်းချက်များ၊ ဥပဒေများဖြစ်ကြပါသည်။
ကိုယ်ကျင့်တရားများတွင် အားလုံးနှင့်သက်ဆိုင်နေသောအရာများပါဝင်နေပါသည်။ အခြေခံအားဖြင့် ထိုအရာများ ဟာ လူသားတိုင်း၊ နေရာတိုင်းတွင် သက်ရောက်မှုရှိစေပြီး လူသားအားလုံးမှလည်း ထိုအရာများဟာ မရှိမဖြစ် လိုအပ်သောအရာများဖြစ်တယ်လို့ လက်ခံထားတဲ့အရာများဖြစ်ကြပါတယ်။
ကိုယ်ကျင့်တရားများဟာ ဘက်လိုက်မှုမရှိပါဘူး။ ထိုအရာများဟာ တစ်ကိုယ်ရေနှစ်သက်တဲ့အရာများကို ထည့် သွင်းစဉ်းစားခြင်းမရှိရပါဘူး။ မှန်သည့်အရာကို မှန်သည်၊ မှားသည့်အရာကို မှားသည်ဟုသာ ဖြောင့်ဖြောင့်မတ် မတ်ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
ကိုယ်ကျင့်တရားများဟာ အခြားသောသူများအပေါ် အကျိုးသက်ရောက်မှုများလည်းရှိစေပါသည်။ ကိုယ်ကျင့် တရားများတွင် အခြားသူများရဲ့ကောင်းကျိုးကို ထည့်သွင်းစဉ်းစားခြင်းဟာ လုံးဝလိုက်နာရမည့် စည်းကမ်းတစ် ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ထိုအရာဟာ အခြားသူများက သင့်အပေါ်ဆက်ဆံစေလိုသကဲ့သို့ပဲ အခြားသူ များအပေါ်လဲ ပြုမူဆက်ဆံပါဆိုတဲ့စာဆိုအတိုင်းပဲဖြစ်ပါတယ်။
ရိုးသားမှု၊ သမာဓိရှိခြင်း (Integrity)
သမာဓိရှိခြင်းဆိုသည်မှာ ရိုးသားပြီး ဟန်မဆောင်တတ်ခြင်းဖြစ်ပါတယ်။ သမာဓိရှိခြင်းဆိုသည်ကို နေ့စဉ်ဆုံးဖြတ် ချက်များပြုလုပ်ရရာတွင် လိုက်နာရမည့်ကျင့်ဝတ်များကို စွဲမြဲစွာလိုက်နာခြင်းဟုလည်း သတ်မှတ်နိုင်ပါသည်။ လူ တွေနှင့် လုပ်ငန်းများဟာ ရိုးသားမှု၊ သမာဓိရှိကြတဲ့အခါမှာ သူတို့ကိုယုံကြည်၍ရနိုင်မှာဖြစ်ပါတယ်။ အခြားတစ် ဖက်တွင်မူ ဝယ်ယူသုံးစွဲသူဖောက်သယ်များကို ညံ့ဖျင်းတဲ့ထုတ်ကုန်များလိမ်လည်ရောင်းချခြင်း (သို့) မှားယွင်းစွာ ကြော်ငြာမှုများ ပြုလုပ်ခြင်းတို့ကိုပြုလုပ်တဲ့ ဒီလိုသမာဓိမရှိတဲ့ကုမ္ပဏီများဟာ အကျိုးဆက်တွေကို ခံစားကြရမှာ ဖြစ်ပါတယ်။
တစ်ကိုယ်ရေစရိုက်၊ အမူအကျင့်များ (Character)
လူမှုကျင့်ဝတ်များဆိုသည်မှာ ကျွန်ုပ်တို့စဉ်းစားခြင်း၊ လုပ်ဆောင်ခြင်းပြုတဲ့အရာများတင်မကပဲ ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ရေစရိုက်၊ အမူအကျင့်များလည်းဖြစ်ကြပါတယ်။ အခြားသူများမှ ကြည့်ရှုနေခြင်းမရှိတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်များကို အဆုံးအဖြတ်ပေးသည်မှာ တစ်ကိုယ်ရေစရိုက်နှင့် အမူအကျင့်များဖြစ်ကြ ပါတယ်။ လူတိုင်းတွင် သူတို့ရဲ့ကိုယ်ပိုင် တစ်ကိုယ်ရေစရိုက်နဲ့ အမူအကျင့်များကို တည်ဆောက်ရန်၊ ပြောင်းလဲရန် (သို့) ဖျက်စီးပြစ်နိုင်တဲ့စွမ်းရည်ရှိကြပါတယ်။ ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ရေစရိုက်များနဲ့ အမူအကျင့်များကို ကျွန်ုပ်တို့ ရဲ့ နေထိုင်တဲ့ပုံစံတွင် ကောင်းမွန်တဲ့အတွေးများနဲ့ လုပ်ဆောင်ချက်များကိုသာပြုလုပ်ခြင်းအားဖြင့် တည်ဆောက် နိုင်သလို ဆိုးရွားတဲ့အတွေးများနဲ့ အကျင့်စရိုက်များဟာ ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ရေစရိုက်များနဲ့ အမူအကျင့်များကို ဖျက်စီးပစ်နိုင်ပါတယ်။
အမူအကျင့်ကောင်းများရှိနေတဲ့သူတစ်ဦးထံတွင် မြင့်မြတ်တဲ့ကိုယ်ကျင့်တရားရှိနေပြီး အခြေအနေအရပ်ရပ်တွင် အကျင့်စာရိတ္တကောင်းမွန်စွာပဲ ပြုမူလုပ်ဆောင်ဖို့ကို ဟန်ဆောင်စရာမလိုပဲ မိမိကိုယ်တိုင်ကိုက လိုလိုလားလားနဲ့ ရွေးချယ်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့အမူအကျင့်ကောင်းများရှိသူတစ်ဦးဟာ သူ/သူမ ကတိပေး ထားတဲ့အရာများကို အလေးအနက်ထားမှာဖြစ်ပါတယ်။ အမူအကျင့်ကောင်းများဟာ အဖွဲ့အစည်းများနှင့်လည်း ပက်သက်မှုရှိနေပြန်ပါတယ်။ ကောင်းမွန်မြင့်မြတ်တဲ့အမူအကျင့်ရှိတဲ့ကုမ္ပဏီတစ်ခုဟာ လေးစားမှုနဲ့ ယုံကြည်မှု တို့ကိုရရှိရန်ထိုက်တန်မှုရှိပါတယ်။ သူတို့ဟာ ရိုးရိုးသားသားလုပ်ဆောင်ကြပြီး သူတို့ရဲ့ ကတိများတည်နိုင်စေရန် ကြိုးစားတတ်ကြလို့ပဲဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ (Laws)
ဥပဒေများဆိုသည်မှာ လူတို့ရဲ့လိုအပ်ချက်များကို ဖော်ပြနိုင်ဖို့ရာအတွက် ရေးဆွဲပုံဖော်ထား သည့် စည်းမျဉ်းစည်း ကမ်းများဖြစ်ကြပါတယ်။ ဥပဒေများဟာလူသားများကို ရဲတင်းစွာနှင့်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအမူအကျင့် များဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုများကို ကျူးလွန်ခြင်းမှကာကွယ်ပေးပါသည်။
ဥပဒေများဟာ မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့ရဲ့အပြုအမူများကို မှန်သည်၊ မှားသည်ခွဲခြားနိုင်ရန်အတွက် အကူအညီပေးပါတယ်၊ ဒါပေမယ့် အကြိမ်တိုင်းတော့မဟုတ်ပါဘူး။ လူသတ်ခြင်းဟာ ဥပေဒေနဲ့ညိစွန်းသော် လည်း တစ်စုံတစ်ယောက်ကို ဒေါသအလျှောက်၊ မုန်းတီးမှု (သို့) မိမိကိုယ်ကိုကာကွယ်ရန်အတွက် သတ်ဖြတ် ခြင်းကိုမူ တားမြစ်ထားခြင်းမရှိပါဘူး။
ဥပဒေများကို တရားမျှတမှုဆိုင်ရာ အယူအဆများအဖြစ်သတ်မှတ်ထားပြီး တိကျမှုရှိသော်လည်း မတူကွဲပြား သော လူမှုအဖွဲ့အစည်းများအကြားတွင်တော့ ကွဲပြားမှုရှိနေပါသည်။ ဥပဒေများဟာ အမြဲတစေ ကိုယ်ကျင့်တရား များ၊ လူမှုကျင့်ဝတ်များနှင့် လူမှုကျင့်ဝတ်ဆိုင်ရာတန်ဖိုးများတို့နှင့် ခိုင်မာသောဆက်သွယ်ပက်သတ်မှုရှိနေပါ သည်။ သို့သော်လည်း ဥပဒေတိုင်းဟာ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုရှိစေတာတော့မဟုတ်ပါဘူး။
ဥပဒေများဟာ ကျွန်ပြုမှုများ၊ အသားအရောင်ခွဲခြားခြင်း၊ လိင်ခွဲခြားမှုများ၊ လူမျိုးရေးခွဲခြားမှုများကိုလည်း တရား ဝင်ဖြစ်စေခဲ့ပါတယ်။ ထိုဥပဒေများကိုစတင်ထုတ်ပြန်စဉ်အချိန်ကတော့ ၎င်းဥပဒေများဟာ လူမှုအဖွဲ့အစည်းတစ် ခုရဲ့ ထိုအချိန်ကတန်ဖိုးထားမှုများကိုထင်ဟပ်ပြသနိုင်မည်ဖြစ်သော်လည်း ၎င်းတို့ဟာ ဒီအကျင့်ယိုယွင်းတဲ့အပြု အမူများကို မျှတမှုရှိအောင်လုပ်နိုင်စွမ်းမရှိပါဘူး။ ထို့နည်းတူစွာပင် လုပ်ငန်းခွင်တစ်ခုတွင်လည်း လုပ်ဖော်ကိုင် ဖက်များကိုလိမ်လည်ခြင်း (သို့) လိမ်လည်၍ အလုပ်လျှောက်ထားခြင်းဟာ ဥပဒေအရအရေးယူ၍မရနိုင်သော် လည်း ဒီအရာက အကျင့်စာရိတ္တပိုင်းအရမှားယွင်းနေပါတယ်။
အထက်ပါ အတွေးအမြင် (၆) မျိုးဖြစ်သည့် - အကျင့်စာရိတ္တများ၊ တန်ဖိုးများ၊ ကိုယ်ကျင့်တရားများ၊ သမာဓိ၊ တစ်ကိုယ်ရေအမူအကျင့်များနှင့် ဥပဒေများဟာ အကျင့်စာရိတ္တကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုကိုတည်ဆောက်ရာ တွင် ယုံကြည်မှုရရှိစေရန်အတွက် အခြေခံအုတ်မြစ်များဖြစ်ကြပါသည်။
နောက်ရက်များတွင်လည်း လူမှုကျင့်ဝတ်များက လုပ်ငန်းခွင်တစ်ခုအတွင်း အရေးပါပုံရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း (၃) ကို ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ပြောကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။