Jobs In Myanmar
Load...

Onboarding ရဲ့ အဓိပ္ပါယ်နှင့် Onboarding ပြုလုပ်ရခြင်း၏ အရေးပါပုံများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Meaning-of-Onboarding-JobsInYangon



Onboarding ရဲ့ အဓိပ္ပါယ်နှင့် Onboarding ပြုလုပ်ရခြင်း၏ အရေးပါပုံများ

 

ကုမ္ပဏီများစွာဟာ ဝန်ထမ်းအသစ်များကိုခေါ်ယူမှုပြုလုပ်ရာတွင် Onboarding ရဲ့ အရေးပါသောအခန်းကဏ္ဍကို အထင်သေးနေလျှက်ရှိကြပါတယ်။ တစ်ကယ်တန်းတွင် ကုမ္ပဏီများရဲ့  ၂၂% ဟာ Onboarding program များကို သေချာစွာ တရားဝင်ပြုလုပ်ထားခြင်းလုံးဝမရှိကြသေးပဲ ၄၉% သော ကုမ္ပဏီများကသာ ဒီအရာကို တစိတ်တပိုင်းမျှ အောင်မြင်စွာဆောင်ရွက်နိုင်နေဆဲပဲဖြစ်ပါတယ်။ အောင်မြင်မှုမရှိသော Onboarding ပြုလုပ်ခြင်းလုပ်ငန်းစဉ်တစ်ခုရဲ့အကျိုးဆက်အနေနဲ့ ဝန်ထမ်းအသစ်များဟာ စွမ်းဆောင်ရည်လျော့ကျခြင်း၊ စိတ်ဖိစီးခြင်း၊ Team အတွင်းရှိအခြားသူများနဲ့ ကွဲထွက်နေခြင်း၊ လိုက်လျောညီထွေမဖြစ်ခြင်းတို့ကို တွေ့မြင်လာရမှာဖြစ်ပြီး အခြားနေရာတွင် အလုပ်လုပ်ဖို့ကို ရှာဖွေလာကြမှာဖြစ်ပါတယ်။

ကောင်းမွန်သော Onboarding ပြုလုပ်ခြင်းလုပ်ငန်းစဉ်များ ရှိမနေပါက ကုမ္ပဏီများအနေနဲ့ ဝန်ထမ်းများအလုပ်မှ မကြာခဏနှုတ်ထွက်ခြင်းဖြစ်ပွားနေခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်များလျော့ကျခြင်းတို့ကြောင့် များစွာသောငွေကြေးပမာဏကို ဆုံးရှုံးရနိုင်ပါတယ်။ Onboarding ပြုလုပ်ခြင်းဟာ ဝန်ထမ်းများရဲ့ အလုပ်အပေါ်စိတ်ပါဝင်စားမှုရှိခြင်းကိုဖြစ်ပေါ်စေပြီး အတွေ့အကြုံရှိပြီးသားသူများကဲ့သို့ပင် မြန်ဆန်စွာအလုပ်တာဝန်များကို သိရှိလာနိုင်စေသင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဝန်ထမ်းအသစ်များ၊ အတွေ့အကြုံရှိပြီးသားဝန်ထမ်းများနဲ့ ကုမ္ပဏီခေါင်းဆောင်ပိုင်းမှသူများ အားလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ 

 

Onboarding ဆိုသည်မှာ အဘယ်နည်း?

Onboarding ဆိုသည်မှာ ဝန်ထမ်းအသစ်များကို လုပ်ငန်းအဖွဲ့အစည်းအတွင်းသို့ နေသားတကျဖြစ်စေရန် ပြုလုပ်ပေးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ Onboarding ပြုလုပ်ခြင်းနဲ့ Orientation ပြုလုပ်ခြင်းတို့ကြားမှာ ခြားနားချက်များရှိနေပါတယ်။ Orientation ဆိုသည်မှာ event တစ်ခုဖြစ်ပြီး တစ်ရက်သာကြာမြင့်မှာဖြစ်ပါတယ်။ ယျေဘူယျအားဖြင့် ဒီအရာကို Onboarding လုပ်ငန်းစဉ်ရဲ့ အစပိုင်းမှာ တွေ့မြင်ရမှာဖြစ်သော်လည်း Onboarding လုပ်ဆောင်ချက်ကတော့ ဝန်ထမ်းတစ်ဦးကို ခေါ်ယူဌားရမ်းပြီးနောက် လများစွာ (သို့) နှစ်များအထိ ကြာမြင့်မှုရှိနိုင်ပါတယ်။

အကောင်းဆုံးသော ကုမ္ပဏီများတွင် Onboarding လုပ်ငန်းစဉ်ကို အလုပ်စတင်ဆင်းရမည့်ရက် မတိုင်မှီကပင် စတင်ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်တစ်ဦးအနေနဲ့ ကုမ္ပဏီရှိအရာများနဲ့ အလုပ်စတင်မလုပ်မှီ ရင်းနှီးမှုရစေနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းစီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်များကို ဘေးချိတ်ထားပြီး ဝန်ထမ်းများအနေနဲ့ ရုံးခန်းအတွင်း သက်တောင့်သက်သာရှိစေရန် စတင်စီစဉ်ပေးသင့်ပါတယ်။ ပြီးနောက်မှာတော့ Onboarding လုပ်ငန်းစဉ်ဟာ ဝန်ထမ်းအသစ်များကို ကုန်ထုတ်လုပ်မှုစွမ်းရည်မြင့်မားသော၊ အတွေ့အကြုံရှိသောဝန်ထမ်းများအဖြစ်သို့ ပြောင်းလဲပေးနိုင်ဖို့အတွက် ဆက်လက်၍လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဝန်ထမ်းများရဲ့အလုပ်မှထွက်ခွာမှု (Employee Turnover) ဆိုသည်မှာ Organization မှ ထွက်ခွာသွားပြီး အစားထိုးရန်လိုအပ်သော ဝန်ထမ်းအရေအတွက်ကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဝန်ထမ်းအသစ်များရဲ့ ၃၃% ခန့်ဟာ အလုပ်ခွင်အသစ်တစ်ခုသို့ရောက်ရှိပြီး ၆ လအတွင်း အလုပ်အသစ်တစ်ခုကို ရှာဖွေတတ်ကြပါတယ်။ ၂၂% ကတော့ ပထမဆုံးအလုပ်ဆင်းသည့်ရက်မှ ၄၅ ရက်အတွင်း ထိုသို့ပြုလုပ်တတ်ကြပါတယ်။ ဒီလိုတွေဖြစ်နေခြင်းဟာ ကုမ္ပဏီများဘက်မှရိပ်မိသိရှိထားတာထက် လွန်စွာပိုမို၍အကုန်အကျများနေပါတယ်။ သာမန်လုပ်သား (ဝန်ထမ်း) တစ်ဦးကို ပြန်လည်အစားထိုးရခြင်းကြောင့် ကုန်ကျနိုင်တဲ့ငွေပမာဏဟာ သူတို့ကို နှစ်စဉ်ပေးရတဲ့လစာငွေစုစုပေါင်းရဲ့ ၁၆% မှ ၂၀% အထိ ရှိနိုင်ပါတယ်။

Bureau of Labor Statistics ရဲ့ ထုတ်ပြန်ချက်တစ်ရပ်အရ ယနေ့အချိန်များတွင် သာမန်လူတစ်ဦးဟာ အသက် ၄၅ နှစ်မတိုင်မှီတွင် အလုပ်ပေါင်း ၁၁ ခုခန့်ကို ပြောင်းရွှေ့ခဲ့ရတာကိုတွေ့ရှိရပါတယ်။ ဒီကိန်းဂဏ္ဍန်းများဟာ workforce အတွင်းသို့ဝင်ရောက်လာတဲ့ သူများက သူတို့အလုပ်လုပ်ရမယ့်နေရာများအပေါ် ပိုမို၍ရွေးချယ်မှု ပြုလုပ်လာကြတာနဲ့အမျှ ဆက်လက်၍တိုးတက်နေဦးမှာပဲဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ လုပ်ငန်းရှင်များဟာ သူတို့ရဲ့ဝန်ထမ်းများကိုထိန်းသိမ်းထားနိုင်စေဖို့အတွက် နည်းလမ်းများကို ကြံဆလာကြပါတော့တယ်။

တစ်ကယ်တန်းတွင် Turnover ဖြစ်ခြင်းကို ရှောင်လွှဲရခြင်းမှာ လွန်စွာလွယ်ကူလှပါတယ်။ ဝန်ထမ်းများရဲ့ ၈၇% ခန့်ဟာ Engaged (အလုပ်တွင်စိတ်ပါဝင်စားမှု) ဖြစ်နေပါက ကုမ္ပဏီမှာထွက်ခွာသွားလိုစိတ်မရှိကြပါဘူး။ သင့်အနေနဲ့ Employee Engagement ကို တိုးပွားလာစေဖို့ကို Onboarding ပြုလုပ်ပေးခြင်းအားဖြင့် လက်ဦးမှုရယူနိုင်ပါတယ်။ ဒီအရာက ဝန်ထမ်းအသစ်များကို ကုမ္ပဏီနှင့်မိတ်ဆက်ပေးနိုင်ဖို့ရာတွင် ကူညီပေးနိုင်ပြီး ကုမ္ပဏီရဲ့တန်ဖိုးထားတဲ့အရာများ (value) များကို သိရှိစေကာ Engage ဖြစ်လာစေနိုင်ပါတယ်။ ဒီအခါမှာ ဝန်ထမ်းများက သင့်ကုမ္ပဏီကိုကျောခိုင်းထွက်ခွာသွားပြီး သူတို့နဲ့ပိုမိုကိုက်ညီမှုရှိတဲ့ အလုပ်ခွင်အစဉ်အလာများရှိနေတဲ့ အခြား Organization တစ်ခုကိုရှာဖွေလာနိုင်ချေဟာလည်း နည်းပါးလာမှာဖြစ်ပါတယ်။

 

Onboarding ပြုလုပ်ခြင်းဟာ ဝန်ထမ်းအသစ်များကို မြန်ဆန်စွာလုပ်ငန်းစွမ်းဆောင်ရည်များတိုးတက်လာစေနိုင်ပါတယ်။

ဝန်ထမ်းအသစ်များအနေနဲ့ Onboarding လုပ်ငန်းစဉ်ကိုဖြတ်သန်းလာရတာနဲ့အမျှ ကုမ္ပဏီအတွင်းကြာရှည်စွာရှိနေတဲ့ဝန်ထမ်းများနဲ့တန်းတူ လျှင်မြန်စွာလုပ်ဆောင်နိုင်စွမ်းများရှိလာမှာဖြစ်ပါတယ်။ ဒီသို့ပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ဝန်ထမ်းအသစ်များအနေနဲ့ သူတို့ဘာသာ အရာအားလုံးကို ရှာဖွေဖြေရှင်းရခြင်းထက် ပိုမိုမြင့်မားသောလုပ်ငန်းစွမ်းဆောင်ရည်အဆင့်များသို့ ပိုမို၍လျှင်မြန်စွာရောက်ရှိလာစေနိုင်ပါတယ်။

Onboarding ပြုလုပ်ပေးခြင်းမရှိပါက ဝန်ထမ်းအသစ်များအနေနဲ့ လုပ်ငန်းစွမ်းဆောင်ရည် အပြည့်အဝထွက်နိုင်ရန် ၈ လမှ ၁၂ လခန့်အထိ အချိန်ယူရနိုင်ပါတယ်။ ဒီအချက်ကြောင့် လုပ်ငန်းအတွက် စုစုပေါင်းအမြတ်ငွေပမာဏ ၁% မှ ၂.၅% အထိဆုံးရှုံးမှုများရှိလာနိုင်ပါတယ်။ တစ်ကယ်တန်းတွင် အမေရိကန်နှင့် UK နှစ်နိုင်ငံ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇ ဘီလျံခန့်ကို လုပ်ငန်းစွမ်းဆောင်ရည်မကောင်းတဲ့ဝန်ထမ်းများအပေါ်တွင် အသုံးပြုနေကြရပါတယ်။ ကုမ္ပဏီများစွာတွင် ထိရောက်မှုရှိသော Onboarding လုပ်ငန်းစဉ်တစ်ခုရှိမနေတဲ့အတွက်ကြောင့် ဒါဟာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။

Onboarding ပြုလုပ်ပေးခြင်းနှင့်သာဆိုပါက ကုမ္ပဏီများအနေနဲ့ အသစ်ခေါ်ယူလိုက်သောဝန်ထမ်းများထံမှ ၅၄% ပိုမိုမြင့်မားသော လုပ်ငန်းစွမ်းဆောင်ရည်ကိုရရှိနိုင်စေမှာပဲဖြစ်ပါတယ်။ အရှည်ကြာဆုံးသော Onboarding အစီအစဉ်များဟာ အအောင်မြင်ဆုံးဖြစ်ပါသော်လည်း ကုမ္ပဏီအများစုတွင် Onboarding လုပ်ဆောင်ချက်ကို ၂ လ (သို့မဟုတ်) ထို့ထက်နည်းသောအချိန်အတွင်းသာ အသုံးပြုကြပြီး ထိုအထဲမှ အချို့သောအစိတ်အပိုင်းများတွင် ဝန်ထမ်းအသစ်များကို မည်သည့်လေ့ကျင့်သင်ကြားပေးခြင်းမျိုးကိုမှ ပြုလုပ်ပေးခြင်းများ ပါဝင်လျှက်ရှိမနေပါဘူး။

အကောင်းဆုံးသော Onboarding လုပ်ဆောင်ချက်များဟာ ၆ လမှ တစ်နှစ်တိတိ အချိန်ယူရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းများရဲ့ ၉၀% ဟာ ကုမ္ပဏီအတွင်း သူတို့ပထမဦးဆုံးအလုပ်လုပ်တဲ့ ၆ လအတွင်းတွင် အဆိုပါကုမ္ပဏီတွင် ဆက်လက်၍နေသင့်သလားဆိုတာကို ဆုံးဖြတ်တတ်ကြတဲ့အတွက်ပဲဖြစ်ပါတယ်။ ထိုအချိန်အတွင်းတွင် စဉ်ဆက်မပြတ် လေ့ကျင့်မှုများပေးခြင်းနှင့် Engagement ကိုတည်ဆောက်ပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းများအနေနဲ့ ကုမ္ပဏီအတွင်း အလုပ်လုပ်ကိုင်ရသည်ကို သက်တောင့်သက်သာရှိလာစေမှာပဲဖြစ်ပါတယ်။ အထက်ဖော်ပြပါ အရေးကြီးတဲ့ ၆ လတာကာလအပြီးမှာတော့ ဝန်ထမ်းအသစ်များအနေနဲ့ သူတို့ဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာလားဆိုတာကို တွေ့မြင်သိရှိနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအချိန်ဟာ Onboarding ပြုလုပ်ခြင်းလုပ်ငန်းစဉ်တွင် Training approach မှနေ၍ ဆက်လက်၍တိုးတက်မှုများဖြစ်ပေါ်နေစေဖို့အားပေးသောပုံစံသို့ပြောင်းလဲရမယ့်အချိန်လည်းဖြစ်နေပြန်ပါတယ်။

 

Onboarding ပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်များကို ကုမ္ပဏီအတွင်းတွင် သူတို့လုပ်ဆောင်ရမည့်အခန်းကဏ္ဍကို သင်ကြားပေးနိုင်ပါတယ်။

သင့်တော်လျှော်ညီသော Onboarding လုပ်ဆောင်ချက်များတွင် ဝန်ထမ်းများကို Training ပေးခြင်းလည်း ပါဝင်နေပါတယ်။ Training ပေးခြင်းဟာ ဝန်ထမ်းများကို သူတို့အနေနဲ့လုပ်ကိုင်ရမယ့်အခန်းကဏ္ဍများတွင် ကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖို့လိုအပ်တဲ့ အသိပညာများကိုပေးအပ်နိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းအသစ်များကို ကုမ္ပဏီရဲ့ ရည်မှန်းချက်များနဲ့ အစဉ်အလာများကိုလည်း Onboarding ပြုလုပ်စဉ်အတွင်း သင်ကြားပေးရမှာ ဖြစ်ပြီး ဒါမှသာ သူတို့အနေနဲ့ ကုမ္ပဏီမှချမှတ်ထားတဲ့ value များနဲ့ ကိုက်ညီမှုရှိစေရန်ချိန်ညှိနိုင်စေဖို့အတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

ဝန်ထမ်းများအနေနဲ့ ကုမ္ပဏီရဲ့မျှော်မှန်းချက်များကိုပြည့်မှီစေရန်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာအား Onboarding လုပ်ဆောင်ချက်မှတဆင့်သင်ကြားနိုင်မှာဖြစ်ပါတယ်။ သင့်ကိုအလုပ်တစ်ခုပေးလာပြီး သင့်ထံက ဘာကိုမျှော်လင့်ထားမှန်းမသိရတဲ့အခါမှာ သင်လုပ်ရမယ့်အခန်းကဏ္ဍကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းရှိမှာ မဟုတ်ပါဘူး။ ဝန်ထမ်းများအနေနဲ့ သူတို့လုပ်ကိုင်ရမယ့်အလုပ်ရဲ့အခန်းကဏ္ဍဟာ ကုမ္ပဏီနှင့်မည်သို့ကိုက်ညီမှု ရှိနိုင်စေမလဲဆိုတာကို သိရှိနိုင်ရန်လိုအပ်ပြီး ကုမ္ပဏီတစ်ခုလုံးအပေါ် သူတို့ရဲ့ကိုယ်ပိုင်ရာထူးနေရာတစ်ခုဟာ ဘယ်လိုတန်ဖိုးများရှိသလဲဆိုတာကိုလည်း သိရှိနိုင်ရန်လိုအပ်မှာဖြစ်ပါတယ်။

ဝန်ထမ်းအသစ်များကို သူတို့ရဲ့အခန်းကဏ္ဍများနဲ့ ချိန်ညှိမှုများပြုလုပ်ပေးခြင်းအားဖြင့် သူတို့ဟာ Organization အတွင်း လိုအပ်ပြီးအရေးပါသောသူများဖြစ်တယ်ဆိုတာကို ခံစားလာရမှာဖြစ်ပြီး ဒီအရာက လုပ်ငန်းခွင်အစဉ်အလာများနဲ့ ကိုက်ညီမှုရှိလာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ရလာဒ်အနေနဲ့ ကုမ္ပဏီအတွင်း Engagement များကို ပိုမိုဖြစ်ပေါ်လာစေမှာဖြစ်ပြီး ဝန်ထမ်းများဟာ အလုပ်ကိုထိရောက်စွာလုပ်ကိုင်လိုစိတ်ရှိလာကြမှာဖြစ်သလို သင့်ကိုကျော်ခိုင်းထွက်ခွာသွားနိုင်ခြေဟာလည်း နည်းပါးလာပါတော့တယ်. 

 

Onboarding ပြုလုပ်ပေးခြင်းဟာ ဝန်ထမ်းအသစ်များရဲ့ စိတ်လှုပ်ရှားမှု၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းများကို လျှော့ချပေးနိုင်ပါတယ်

ဒါကို ကျွန်ုပ်တို့အားလုံးလည်း ကြုံဖူးကြပါလိမ့်မယ်။ ဝန်ထမ်းအသစ်တစ်ဦးဖြစ်ရခြင်းဟာ စိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လုပ်ငန်းရှင်များဖက်မှ ဒီစိတ်ဖိစီးမှုများကို ဝန်ထမ်းအသစ်များအနေနဲ့ သူတို့ရဲ့တာဝန်ကိုထမ်းဆောင်နိုင်ရန် လိုအပ်သောအချက်အလက်များကို ပေးအပ်ပေးခြင်းအားဖြင့် လျှော့ချပေးနိုင်ပါတယ်။

ကောင်းမွန်ကြံ့ခိုင်တဲ့ Onboarding လုပ်ဆောင်ချက်တစ်ခုဟာ ပိုမိုပျော်ရွှင်မှုရှိသောဝန်ထမ်းများကို ဖြစ်ပေါ်လာစေပြီး ဒီအရာက ဝန်ထမ်းများကို တစ်ဦးနဲ့တစ်ဦးသိကျွမ်းဝင်မှုရှိလာစေခြင်း၊ ထိရောက်စွာပြောဆိုဆက်ဆံမှုများပြုလုပ်နိုင်ဖို့ သင်ယူလိုခြင်းတို့ကို ဖြစ်ပေါ်လာစေမှာပဲဖြစ်ပါတယ်။ Onboarding လုပ်ဆောင်ချက်က ဝန်ထမ်းများကို သူတို့လုပ်ဆောင်ရသော တာဝန်များ၊ အလုပ်များက အခြားသောကုမ္ပဏီရဲ့ဝန်ထမ်းများအကြားတွင် မည်သို့ကိုက်ညီမှုရှိစေနိုင်သလဲဆိုတာကိုလည်း သိရှိလာစေနိုင်ပါတယ်။ ဒါကြောင့် Onboarding ပြုလုပ်ခြင်းဟာ ဆက်ဆံရေးများကိုတည်ဆောက်ပေးပြီး ပျော်ရွှင်စွာအလုပ်လုပ်ရသောအခြေအနေကိုဖြစ်ပေါ်လာစေရန်အတွက် လွန်စွာအရေးပါသော ခင်မင်ရင်းနှီးမှုများကို ပေါ်ထွန်းလာစေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် - လူအများစုဟာ သူတို့လုပ်ဖော်ကိုင်ဖက်များနဲ့ အစဉ်ပြေမှုမရှိပါက လစာငွေမြင့်သောအလုပ်တစ်ခုကို ငြင်းဆိုကြမှာဖြစ်ပါတယ်။

ဝန်ထမ်းအသစ်များရဲ့ စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်းကို Onboarding လုပ်ဆောင်ချက်ရဲ့ အစပိုင်းမှာ ပြုလုပ်ပေးရမှာဖြစ်ပါတယ် (Orientation အပိုင်းတွင်)။ Orientation ပြုလုပ်နေတဲ့နေ့များတွင် ဝန်ထမ်းအသစ်များကို ကုမ္ပဏီအကြောင်း first impression တစ်ခုကိုရရှိစေနိုင်ပြီး ဒီနေရာမှာအလုပ်လုပ်ခြင်းအားဖြင့် ဘာတွေကိုမျှော်လင့်၍ရနိုင်သလဲဆိုတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။ ထိုနေ့များတွင် နွေးထွေးစွာကြိုဆိုဖို့၊ Celebrate ပြုလုပ်ဖို့နဲ့ အချက်အလက်များကို ပြည့်စုံစွာပေးနိုင်ဖို့တို့ကို လိုအပ်မှာဖြစ်ပြီး ဝန်ထမ်းအသစ်များကို သင့်ရဲ့ကုမ္ပဏီဟာ Teamwork များနဲ့ Positivity တို့ကို အားပေးတယ် ဆိုတာကို ပြသလိုက်ပါ။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)
M9 Public Co., Ltd.

M9 Public Co., Ltd.

M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (11)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS