Jobs In Myanmar
Load...

လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်စော်ကားမှုများနှင့် တွေ့ကြုံရသည့်အခါတွင် လုပ်ဆောင်သင့်သည့်အချက်များ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Workplace-Harassment-Ways-JobsInYangon



လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်စော်ကားမှုများနှင့် တွေ့ကြုံရသည့်အခါတွင် လုပ်ဆောင်သင့်သည့်အချက်များ 

 

လုပ်ငန်းခွင်အတွင်းမှာ အနိုင်ကျင့်စော်ကားမှုတွေရှိနေတတ်ပြီး ဒီလိုအကျင့်စရိုက်များရှိနေခြင်းက ဝန်ထမ်းတစ်ဦးဦးကို စိတ်ဒါဏ်ရာရရှိသွားစေနိုင်တဲ့အတွက် ထိုသို့ပြုမူခြင်း အနိုင်ကျင့်ခြင်းမျိုးကို Professional လုပ်ငန်းခွင်သို့ ဝင်ရောက်လာပြီး အရွယ်ရောက်နေသူများဖြစ်တဲ့ မိမိတို့ကိုယ်တိုင်က တစ်ဦးချင်းစီ ကိုယ်ပိုင်အသိဖြင့် စောင့်ထိန်းခြင်း၊ အနိုင်ကျင့်လာသူများထံမှ အကာအကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ 

လုပ်ငန်းခွင်အတွင်းရှိ အနိုင်ကျင့်စော်ကားမှုများတွင် အတွေ့များတဲ့ အဖြစ်အပျက်များကတော့ - ချိမ်းခြောက်၍ငွေညှစ်ခြင်း၊ ထိကပါးရိကပါးပြုမူပြောဆိုခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုပြုလုပ်ခြင်း အစရှိတဲ့အရာများ ပါဝင်နေနိုင်ပါတယ်။ 

တစ်ခါတစ်ရံတွင် ထိုသို့ အနိုင်ကျင့်ခြင်းခံနေရသူများဟာ သူတို့ကိုယ် သူတို့ပင် အနိုင်ကျင့်ခံနေရကြောင်းကို ရိပ်မိသိရှိခြင်းမရှိကြပါဘူး။ အချို့ကတော့ စိတ်တိုဒေါသထွက်လာပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့လည်းဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ ယူဆသွားတတ်တဲ့အတွက် အဆုံးသတ်တွင် အလုပ်ထွက်သွားတတ်ကြပါတယ်။ တရားနည်းလမ်းကျကျ ပြောရရင်တော့ ဒါဟာ အဖွဲ့တစ်ဖွဲ့ (သို့) တစ်စုံတစ်ယောက်မှ အခြားသူတစ်ဦး (သို့) အခြားအဖွဲ့တစ်ဖွဲ့အပေါ် မလိုလားအပ်တဲ့ နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုနှင့် တောင်းဆိုချက်များပြုလုပ်ခြင်းဖြစ်တဲ့အတွက် ဒါဟာ ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ 

ကျွမ်းကျင်သူများရဲ့အဆိုအရ ထိုသို့ အနိုင်ကျင့်စော်ကားမှုများပြုလုပ်လာကြတဲ့ အရင်းခံအကြောင်းအရင်းမှာ လူမျိုးရေးခွဲခြားမှုများ၊ ရန်ညှိုးများ၊ တစ်စုံတစ်ယောက်ကို အလုပ်မှထွက်ခွာသွားစေလိုတဲ့အတွက်၊ တစ်စုံတစ်ယောက်ထံမှ တစ်ခုခုကို လိုချင်နေတဲ့အတွက် အစရှိတဲ့ အကြောင်းအရင်းများကြောင့်လည်းဖြစ်နေနိုင်ပါတယ်။ 

ထိုသို့တွေ့ကြုံလာရတဲ့အခါ သင့်အနေနဲ့နှုတ်ဆိတ်နေပြီး ကံစီမံရာအတိုင်းပဲဟူ၍ လက်လျှော့လိုက်မယ်ဆိုပါက ရလာဒ်အနေနဲ့ အလုပ်အပေါ်ထားရှိတဲ့ သင့်ရဲ့ motivation များ လျော့နည်းလာပြီး သင့်ရဲ့ စွမ်း‌ဆောင်ရည်နဲ့ သက်မွေးမှုလမ်းကြောင်းအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုများ ရှိလာစေနိုင်ပါတယ်။ 


လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်စော်ကားခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများ  


၁။ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်စော်ကားမှုများနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းများကို ရှာဖွေပါ။ 

သင်ဟာ အလုပ်ခွင်အတွင်း အနိုင်ကျင့်ခံနေရသူတစ်ဦးဖြစ်နေပါက လုပ်ငန်းရှင်မှ ထိုကဲ့သို့သောလုပ်ရပ်များအတွက် မည်ကဲ့သို့သော စည်းမျဉ်းများကို ချမှတ်ထားသလဲဆိုတာကို ရှာဖွေဖော်ထုတ်ပါ။ ကုမ္ပဏီတွင်ရှိသော HR များထံက ကုမ္ပဏီစည်းမျဉ်းစည်းကမ်းများအကြောင်း ရေးသားထားတဲ့ စာအုပ်ကိုတောင်းယူ၍ ဖတ်ရှုကြည့်ပါ။ သင့်ရဲ့အလုပ်ခွင်တွင် ထားရှိသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို သိရှိထားဖို့ဟာ အရေးကြီးလှပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ ထိုကိစ္စကို HR မန်နေဂျာများအား အသိပေး၍ သင့်အနေနဲ့ ဘာတွေကိုလုပ်ဆောင်နိုင်သလဲဆိုတာနဲ့ သူတို့ဘက်မှ သင့်ကိုမည်ကဲ့သို့ အကာအကွယ်ပေးနိုင်မလဲ ဆိုသည်အား မေးမြန်းကြည့်ပါ။  


၂။ ရင်ဆိုင်ဖြေရှင်းပါ။ 

အထက်ပါနည်းလမ်းက အလုပ်မဖြစ်ခဲ့ရင်တော့ သင့်အားအနိုင်ကျင့်နေတဲ့ တစ်စုံတစ်ယောက် (သို့) အဖွဲ့တစ်ခုကို ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းအားဖြင့် သူတို့က သင့်ကို ဘာကြောင့်အနိုင်ကျင့်နေကြသလဲ ဆိုတာကို သိရှိနိုင်မှာဖြစ်သလို ဒါကို သိလျှက်နဲ့ တမင်သက်သက်ပြုလုပ်နေတာ ဟုတ်၊ မဟုတ်ကိုလည်း သိရှိရစေနိုင်မှာဖြစ်ပါတယ်။ ထိုသို့ထိပ်တိုက်ရင်ဆိုင်မှုပြုလုပ်စဉ်တွင် မှတ်တမ်းတင်ထားခြင်းအားဖြင့် ထိုအရာကို Management အပိုင်းသို့ သက်သေအဖြစ်ပြန်လည်တင်ပြ၍လည်းရနိုင်မှာဖြစ်ပါတယ်။ 


၃။ သက်သေများကို စုစည်းပါ။ 

သင့်ကိုအနိုင်ကျင့်မှုပြုလုပ်ခြင်းခံရတဲ့အခါတွင် မှတ်ထားပြီး ထိုအရာနဲ့ပတ်သက်၍ သက်သေပြနိုင်ဖို့ နည်းလမ်းများကိုရှာဖွေပါ။ ဒီနေရာမှာ နည်းပညာပစ္စည်းများက သင့်ကိုကူညီနိုင်မှာဖြစ်ပါတယ်။ ဒီအတွက် မိမိအနိုင်ကျင့်ခံရပုံကို အမိအရ video နှင့် ဓါတ်ပုံမှတ်တမ်းတင်ထားခြင်းတို့ကို ပြုလုပ်နိုင်ရန် အကောင်းဆုံးနည်းလမ်းများကို ကြိုတင်စဉ်းစားထားလိုက်ပါ။ 


၎။ တိုင်ကြားမှုပြုလုပ်ပါ။ 

နောက်တစ်ဆင့်ကတော့ သင်အနိုင်ကျင့်ခံနေရတဲ့အကြောင်းကို HR နဲ့ အခြား စီမံခန့်ခွဲမှုပြုလုပ်နေသူများထံသို့ သက်သေနဲ့တကွ တိုင်ကြားခြင်းပဲဖြစ်ပါတယ်။ ထိုကိစ္စနှင့်ပတ်သက်၍ မျက်မြင်သက်သေများလည်းရှိနေပါစေ။ သို့သော် တစ်ခါတစ်ရံတွင် ထိုအကြောင်းကို အရေးတကြီးလုပ်၍ တိုင်ကြားရခြင်းဟာ အနည်းငယ် ရှက်စရာကောင်းပြီး အခန့်မသင့်ပါက သင့်ရဲ့အလုပ်ကို ဆုံးရှုံးရနိုင်ပါတယ်။ 

ဒီလိုဖြစ်ခဲ့ပါက သင့်အနေနဲ့ စိတ်ညစ်ရမှာမှန်သော်လည်း အခြားတစ်ဖက်ကပြန်လည်ကြည့်ရှုပါက ဝန်ထမ်းများရဲ့တိုင်ကြားမှုများကို လျစ်လျူရှု၍ လုံလောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုကို ပြုလုပ်မပေးတဲ့ ကုမ္ပဏီဟာ ဝန်ထမ်းများအပေါ် လုံလောက်တဲ့ လေးစားမှုနဲ့ ဂရုစိုက်မှုမရှိတာကို ဖော်ပြနေပါတယ်။ ဒီအတွက် သင့်အနေနဲ့ ထိုကဲ့သို့သောကုမ္ပဏီမျိုးတွင် မိမိရဲ့အချိန်များကို ကုန်ဆုံးစေမည့်အစား ထို့ထက်ပိုမိုကောင်းမွန်တဲ့ အလုပ်နေရာတစ်ခုကို ရှာဖွေလိုက်ခြင်းကသာလျှင် ပို၍ကောင်းပါလိမ့်မယ်။ 


၅။ တရားစွဲဆိုရန်ဆုံးဖြတ်ခြင်း။ 

တင်ပြနိုင်တဲ့ သက်သေများအရ၊ မိမိရဲ့ ငွေကြေးအခြေအနေနဲ့ အခြားသော အခြေအနေများအပေါ်မူတည်၍ သင့်အပေါ် အနိုင်ကျင့်ခဲ့သူကို ကျေနပ်မှုမရှိပါက ထပ်မံ၍ တရားစွဲဆိုမှုပြုလုပ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ဖို့အတွက်ဆိုရင်တော့ သင့်အနေနဲ့ ကောင်းမွန်တဲ့ရှေ့နေတစ်ဦးကို ဌားရမ်း၍ တရားစွဲသင့်/ မသင့်ကို ဦးစွာတိုင်ပင်ကြည့်သင့်ပါတယ်။  


၆။ အလုပ်မှ ထွက်ခွာခြင်း။ 

သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ကိုစွန့်ခွာခြင်းဟာ သင့်အနေနဲ့ ရွေးချယ်စရာမရှိနိုင်တော့မှသာ  ပြုလုပ်သင့်တဲ့ နောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ထိုသို့ပြုလုပ်ရတော့မယ်ဆိုရင်လည်း အလုပ်ကထွက်ခွာရာတွင် Professional ဆန်စွာထွက်ခွာလိုက်ပါ။ 

နောက်တစ်ကြိမ်အလုပ်ရှာတဲ့အခါမှာတော့ သင့်အနေနဲ့ ထိုသို့သော အနိုင်ကျင့်စော်ကားမှုများကို လျစ်လျူရှုတတ်သော (သို့) ပြင်းထန်စွာအရေးယူမှုမရှိသော ကုမ္ပဏီမျိုးကို ကြိုတင်လေ့လာပြီး ဝေးဝေးကနေ ရှောင်ရှားလိုက်ပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


EPCM Myanmar Co., Ltd.

EPCM Myanmar Co., Ltd.

.We seek to be the leading customer oriented Construction , Mechanical and Electrical Equipment & services for our Professionalism, Quality, Cost Efficiency and Timely Delivery. .To provide the highe...
Show the postings (11)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
GMO-Z.comACE Co.,Ltd.

GMO-Z.comACE Co.,Ltd.

Our mission is to contribute to the society by enriching the Internet experiences, creating new Internet cultures and industries, and bringing smiles and inspiration to our customers..GMO-Z.comACE, jo...
Show the postings (9)
River King Ayeyar Construction Co., Ltd.

River King Ayeyar Construction Co., Ltd.

Our Vision To develop and maintain an everlasting strong relationship with our client based on trust and the quality of services provided by us. Our Mission To deliver excellence quality in time...
Show the postings (20)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS