Jobs In Myanmar
Load...

အောင်မြင်စွာရောင်းချနိုင်ရန် အခွင့်အလမ်းများအကြောင်း သိမှတ်ဖွယ်ရာများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Sales-Opportunities-SalesClosing-JobsinYangon



 အောင်မြင်စွာရောင်းချနိုင်ရန် အခွင့်အလမ်းများအကြောင်း သိမှတ်ဖွယ်ရာများ

လုပ်ပိုင်ခွင့်ရရှိအောင်ဆောင်ရွက်ပါ

သင့်အနေနဲ့ ရောင်းချမှုတစ်ခုအား အောင်မြင်စွာအဆုံးသတ်နိုင်ဖို့ မမျှော်လင့်ခင် ပထမဦးဆုံးအနေနဲ့ ရောင်းချမှုများပြုလုပ်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်ရရှိအောင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ဒီလုပ်ပိုင်ခွင့် ကို သင့်ရဲ့ ကတိများအတိုင်းတည်အောင်လုပ်ဆောင်နိုင်ခြင်းနဲ့ စားသုံးသူ (customer) များရဲ့ မေးခွန်းများ ကို နောက်ဆက်တွဲလိုက်လံဖြေရှင်းမှုများပြုလုပ်ခြင်းနဲ့ ရယူနိုင်ပါတယ်။ ၎င်းကို ချိန်းဆိုမှုများအတိုင်း အမြဲတမ်းအချိန်မှီရောက်ရှိခြင်း၊ အမြဲအဆင်သင့်ရှိနေခြင်းနှင့် customer များကို ဝန်ဆောင်မှုပေးရန် လိုလားမှုတို့နှင့်လဲ ရယူနိုင်မှာဖြစ်ပါတယ်။ ခေါ်ဆိုမှုတိုင်းတွင် သင့်အနေနဲ့ သုံးစွဲသူထံမှ ဘာကိုရနိုင်သလဲ ဆိုတာထက်၊ ဘာတွေကိုကူညီပေးနိုင်သလဲဆိုတာကို အလေးဂရုပြုအာရုံစိုက်ခြင်းအားဖြင့် သင်ဟာ ထို ရောင်းချရန်လုပ်ပိုင်ခွင့်ကို အနှေးနှင့်အမြန် ရရှိလာမှာဖြစ်ပါတယ်။ 

နောက်ထပ်အဆင့်များကို မေးမြန်းမှုပြုလုပ်ပါ

သုံးစွဲသူများနှင့်ဖုန်းခေါ်ဆိုမှုတိုင်းပြီးဆုံးချိန် (သို့) ကုန်ပစ္စည်းတစ်ခုကို ပေးပို့ပြီးချိန်တိုင်းတွင် သုံးစွဲသူထံ မှ နောက်ထပ်အဆင့်များအတွက် သူ/ သူမတို့မှ ဖြစ်လာသင့်တယ်လို့ထင်တဲ့ အထင်အမြင်များကို မေး မြန်းပါ။ အကယ်၍သူတို့လဲ သေသေချာချာမသိပါက နောက်တစ်ဆင့်အနေနဲ့ သင့်အား အောင်မြင်စွာ ရောင်းချမှုကို အဆုံးသတ်နိုင်စေရန်အတွက် ပိုမိုနီးကပ်လာစေမည့်အဆင့်များကို အကြံပေးပြောဆို ကြည့်ပါ။ နောက်တစ်ဆင့်ဆိုတာဟာရောင်းချမှုတစ်ခုကိုအောင်မြင်စွာအဆုံးသတ်နိုင်မည့်အဆင့်ဖြစ်နေ ရမည်ကို သတိရပါ။ မကြာခဏဆိုသလိုပင် အတွေ့အကြုံမရှိတဲ့ အရောင်းသမားများဟာ ရောင်းချမှု တစ်ခုကို အောင်မြင်စွာအဆုံးမသတ်နိုင်မှီတွင် အလွန်များပြားသောအဆင့်များကို ထည့်သွင်းတတ်ကြ ပါတယ်။ 

အဆုံးသတ်ကိုထည့်သွင်းစဉ်းစားထားပြီး စတင်ပါ

အရောင်းသံသရာစက်ဝန်းအတွင်း သင်လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းဟာ သင်နဲ့ သင့်ရဲ့ customer တို့ အတူပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက်သာဖြစ်လာသင့်ပါတယ်။ customer များနှင့် ပြောဆိုဆက်ဆံမှု ပြုပြီးသည့်အခါတိုင်းတွင် သင့်အနေနဲ့ ဘယ်အရာတွေဖြစ်လာစေလိုသလဲဆိုတာကို မိမိကိုယ်ကို သတိ ပေးပြီး ထိုအရာများဖြစ်လာစေရန်အတွက်ကို ဦးတည်ပြီး ကြိုးစားအားထုတ်မှုပြုရမှာဖြစ်ပါတယ်။ သင် ဘယ်သို့ဦးတည်နေသလဲဆိုတာကို မသိရှိပါက သင့်အနေနဲ့ ရောင်းချမှုတစ်ရပ်ကို အောင်မြင်စွာအဆုံး သတ်နိုင်ရန်မှ ပိုမိုဝေးကွာသွားစေမယ့်အဆင့်များကို ပြုလုပ်မိနိုင်ပါတယ်။ ရောင်းချမှု၏ လုပ်ငန်းစဉ် အဆင့်တိုင်းတွင် သင့်ရဲ့ဦးတည်ချက်ကို အာရုံစိုက်ကာလုပ်ဆောင်သင့်ပါတယ်။ 

ပေးဆပ်ပြီးနောက်တွင်မှ လက်ခံရယူပါ

အရောင်းသံသရာစက်ဝန်းတိုင်းတွင် သင့်ရဲ့ customer များဟာ တစ်စုံတစ်ခုကို မေးမြန်းကြပါလိမ့်မယ်။ သူတို့အနေနဲ့ သတင်းအချက်အလက်များအကြောင်းမေးမြန်းသည်ဖြစ်စေ၊ ဈေးလျှော့ပေးဖို့တောင်းဆို သည်ဖြစ်စေ၊ ကုန်ပစ္စည်းတစ်ခုကိုသရုပ်ပြသပေးဖို့တောင်းဆိုသည်ဖြစ်စေ (သို့) အခြားသော customer များရဲ့ ထောက်ခံချက်များကိုမေးမြန်းသည်ဖြစ်စေ ရောင်းချမှုတစ်ခုပြုလုပ်စဉ်ကာလအတွင်းတွင် သင့် အနေနဲ့ ပေးဆပ်မှုများစွာပြုလုပ်ရမည်ကိုမျှော်လင့်ထားပါ။ 
မှတ်ထားရမယ့် စည်းမျဉ်းတစ်ခုက သင့်အနေနဲ့ တစ်ခုခုပေးဆပ်ပြီးသည့်အခါ တစ်ခုခုကိုလဲ ပြန်လည် တောင်းဆိုသင့်ပါတယ်။ ဥပမာ - အကယ်၍ customer တစ်ဦးက သရုပ်ပြသပေးဖို့ကို တောင်းဆိုခဲ့ပါက အကယ်၍ သင့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုဟာ သူတို့ရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်တယ်ဆိုတာ ကိုပြသနိုင်ခဲ့ပါက သူတို့အနေနဲ့ နောက်ထပ်အဆင့်များသို့ ရှေ့ဆက်လိုခြင်းရှိ၊ မရှိကို မေးမြန်းကြည့်ပါ။ 
ပေးဆပ်ခြင်းဟာ ရယူခြင်းထက်ပိုမို၍ကောင်းမွန်နိုင်သော်လည်း အရောင်းသမားလောကတွင် ပေးဆပ် ခြင်းနှင့် ရယူခြင်းတို့ဟာ တူညီစွာအရေးပါတဲ့ အချက်များပဲဖြစ်ပါတယ်။ 

ပေးရတာနဲ့ တန်တဲ့အရာများကိုသာရောင်းချပါ

ဈေးနှုန်းအရ ယှဉ်ပြိုင်မှုများတဲ့ ဈေးကွက်အတွင်းတွင် တောင်းဆိုထားတဲ့ ဈေးအရ အကောင်းဆုံးတန်ကြေးကို ပြသနိုင်တဲ့သူက အနိုင်ရရှိမှာပဲဖြစ်ပါတယ်။ တန်ကြေးများကို ဈေးကွက်ကဆုံးဖြတ်ပေးတာမဟုတ်ပဲ သင့်ရဲ့ customer များက သတ်မှတ်ပေးတာဖြစ်ပါတယ်။ သူတို့ကို သင့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုတစ်ခုဟာ သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ပိုမို၍ တန်ကြေးရှိတယ်ဆိုတာကို ပြသနိုင်ပါက သင့်ထံတွင်ပဲ ဝယ်ယူကြမှာဖြစ် ပါတယ်။ 

ကတိမတည်ခြင်း 

အရောင်းသမားအသစ်အတော်များများလုပ်မိတဲ့ အမှားတစ်ခုကတော့ သူတို့မပေးနိုင်တဲ့အရာများကို ကတိပေးခြင်းပဲဖြစ်ပါတယ်။ ဥပမာ - သင်ဟာပို့ဆောင်ပေးရန်လိုအပ်တဲ့ကုန်ပစ္စည်းတစ်ခုကိုရောင်းချ နေပါက ထိုပစ္စည်းကို ဘယ်အချိန်တွင်ရရှိနိုင်လိမ့်မည်ကို customer အားပြောပြပါ။ နောက်ပြီး ဘယ် တော့မှ အမှန်တကယ်ရောက်ရှိနိုင်တဲ့အချိန်ထက်စောပြီး သင်ဟာသူတို့ထံရောက်ရှိအောင်ဆောင်ရွက် နိုင်တယ်လို့ ဘယ်တော့မှ မပြောဆိုလိုက်ပါနဲ့။ သူတို့အား delivery ဟာ ကြာနိုင်တဲ့အချိန်ထက် နောက် ကျနိုင်တယ်လို့သာ ပြောကြားထားခြင်းက ပိုကောင်းပါလိမ့်မယ်။ 

လိုအပ်တာထက်ပိုစောစွာ ပေးပို့မှုပြုလုပ်ခြင်း 

သင့်အနေနဲ့အကြံပေးချက် နံပါတ် (၆) ကိုလိုက်နာခဲ့ပါက ပစ္စည်းပေးပို့ရန် လုံလောက်သောအခွင့်အလမ်း များရှိလာမှာဖြစ်ပါတယ်။ ပစ္စည်းတစ်ခုကို ခန့်မှန်းထားသည်ထက်ပိုမိုစောစီးစွာပေးပို့ခြင်းကို customer အများစုက သင်ဟာ သူတို့အတွက်အလွန်ကောင်းမွန်စွာပြုလုပ်ပေးနေတယ်လို့ထင်မြင်ရနိုင်ပါတယ်။ သို့သော်လည်း အကယ်၍ သင့်အနေနဲ့ လိုတာထက်ပိုပြီးကတိပေးခဲ့ပါက ပစ္စည်းပေးပို့ရာတွင် နောက်ကျ မှုများရှိတယ်လို့ ထင်မြင်လာနိုင်ရန် သင့်ကိုယ်သင် ချောက်ချလိုက်ခြင်းပါပဲ။ ဒီအရာက customer များ ရဲ့ စိတ်တွင်းတွင် တန်ကြေးလျော့နည်းစေပြီး သင့်အနေနဲ့ ရောင်းချမှုတစ်ခုကို အောင်မြင်စွာပိတ်သိမ်း နိုင်ရန်အတွက် ပိုမို၍အခက်အခဲများတွေ့ကြုံလာရမှာဖြစ်ပါတယ်။ 

သင့်ရဲ့ရန်ဖက်/ ပြိုင်ဖက်များအပေါ်တွင် ကောင်းမွန်စွာဆက်ဆံပါ 

ရောင်းချမှုတိုင်းတွင် ယှဉ်ပြိုင်မှုများကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ထိုပြိုင်ဆိုင်မှုများဟာ အခြားသော ကုမ္ပဏီတစ်ခုအနေနဲ့သော်၎င်း၊ သင့်ရဲ့ customer တစ်ဦးဟာ ဆုံးဖြတ်ချက်များလုံးဝမချမှတ်နိုင်တော့ တာကိုသော်၎င်း ဖြစ်လာစေနိုင်ပါတယ်။ သင့်ပြိုင်ဖက်ကို သင်က အပုတ်ချလိုက်ပါက သင့်ရဲ့ customer ဟာ သံသယများရှိလာနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင်ဟာ ရောင်းချမှုတစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရနိုင်ပါတယ်။ ထိုအစားသင့်ပြိုင်ဖက်ရဲ့အားသာချက်များကိုချီးကျူးပြီး သင့်ရဲ့ကုမ္ပဏီဟာ အခြားသောသူများထက်ပိုမို၍အားသာစေတဲ့အချက်များကို ထုတ်ဖော်ပြသလိုက်ပါ။ 

ကြိုတင်ပြင်ဆင်မှုများနှင့် အစီအစဉ်များကိုပြုလုပ်ပါ

အကယ်၍ သင်တောင်းဆိုတဲ့ငွေပမာဏထက်ပိုတဲ့ တန်ကြေးရှိတယ်လို့မြင်လာစေရန် တည်ဆောက်ပြီး ပါက သင့်အနေနဲ့အောင်မြင်စွာရောင်းချနိုင်ရန်အတွက် ပြင်ဆင်ဖို့နဲ့ စီစဉ်မှုများပြုလုပ်ဖို့အချိန်ပါပဲ။ ကြို တင်ပြင်ဆင်မှုများတွင် သတင်းအချက်အလက်စုဆောင်းခြင်း၊ စာရွက်စာတမ်းများ၊ ဖောင်များ အစရှိ သည့် customer များအနေနဲ့ ရှေ့ဆက်နိုင်ရန်အတွက် လိုအပ်မည့်အရာများပါဝင်ပါသည်။ ကြိုတင်ပြင် ဆင်ခြင်းဆိုသည်မှာ နောက်ဆုံးအချိန်တွင်မှ ငြင်းပယ်မှုပြုလုပ်လာနိုင်သည့်အရာတိုင်းကိုကြိုတင်ခန့်မှန်း ရန်နှင့် သင့်အနေနဲ့ ထိုအရာများကို မည်သို့တုန့်ပြန်မလဲဆိုတာကို ကြိုတင်တွက်ဆထားရန်ဖြစ်ပါသည်။ 

ဆိတ်ဆိတ်နေပါ 

လုံးဝလိုက်နာရမယ့်ရွှေရောင်စည်းမျဉ်းကတော့ “အောင်မြင်စွာရောင်းချနိုင်ဖို့အတွက်နောက်ဆုံးမေးခွန်း ကိုမေးပြီးပါက ပထမဦးဆုံးစတင်ပြောဆိုသူကရှုံးတာပါပဲ”။ အခြားတစ်နည်းအားဖြင့် သင့်အနေနဲ့ ရောင်းချပိုင်ခွင့်ရရှိခဲ့ပါက ရောင်းချခြင်းနဲ့သက်ဆိုင်တဲ့အရာကလွဲ၍ အခြား ဘာကိုမှမပြောမိပါစေနဲ့။ အရောင်းသမားအသစ်များဟာ မကြာခဏဆိုသလိုပင် ရောင်းချမှုတစ်ခုပျက်သွားအောင် ပြောဆိုတတ် ကြပါတယ်။ 

သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ စိတ်ဂဏှာမငြိမ်ဖြစ်မှုတွေက သူတို့ကို အဆက်မပြတ်ပြောဆိုနေစေပြီး ဒီ အရာကြောင့်ပဲ ဝယ်ယူမည့်အရိပ်အခြေကို လွတ်သွားခြင်း (သို့) အဆိုးဆုံးအနေနဲ့ တရစပ်ပြောဆို နေခြင်းကြောင့် customer အနေနဲ့ မတွေးမိနိုင်တဲ့အရာတစ်ခုခုကိုပြောမိသွားခြင်းတို့ကိုဖြစ်စေပါတယ်။ ရောင်းချမှုတစ်ခုရဲ့အပြီးသတ်အခြေအနေတွင် အတွေးသစ်များကနှောင့်နှေးခြင်းကိုဖြစ်ပေါ်စေပါတယ်။ 

စကားပြောဆိုရန်စိတ်ဆန္ဒဟာ အားကြီးပါတယ်။ သို့သော်လည်း သင့်အနေနဲ့ ဒီအရာကိုဘယ်လိုခံနိုင်ရည် ရှိအောင်လုပ်နိုင်မလဲဆိုတာကိုနဲ့ ဆိတ်ဆိတ်နေတတ်သွားပြီဆိုပါက သင်အောင်မြင်စွာရောင်းချမှုပြုလုပ် နိုင်မယ့်ရာခိုင်နှုန်းဟာ တိုးတက်လာမှာဖြစ်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Creative Fox Co.,Ltd

Creative Fox Co.,Ltd

United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS