Jobs In Myanmar
Load...

အလုပ်အင်တာဗျူးများအတွက် သိမှတ်ဖွယ်ရာများ (အပိုင်း - ၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Interview-Tips-General-JobsinYangon



အလုပ်အင်တာဗျူးများအတွက် သိမှတ်ဖွယ်ရာများ (အပိုင်း - ၂)

 

အလုပ်အင်တာဗျူးတစ်ခုဆိုသည်မှာ သင့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူတစ်ဦးထံသို့ သင့်ကိုယ်သင်ရောင်းချရန် အခွင့်အလမ်းတစ်ခုဟုယူဆနိုင်ပါတယ်။ ထိုအရာက အနည်းငယ်ပိုပြောထားတဲ့ ရှင်းလင်းဖော်ပြချက်တစ်ခု ဖြစ် ကောင်းဖြစ်နိုင်သော်လည်း တစ်ချို့သောနည်းလမ်းများအရမှန်ကန်မှုရှိနေပါတယ်။ အင်တာဗျူးသူများဟာ သင့် ကို ဝေဖန်ခြင်း၊ သင့်ရဲ့ကျွမ်းကျင်မှုများကိုအကဲဖြတ်ခြင်း၊ သင့်ရဲ့အရည်အသွေးပြည့်မှီမှုများကို စဉ်းစားဆုံးဖြတ် ခြင်းနှင့် သင်ဟာ သူတို့ရဲ့အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုနှင့် အကောင်းဆုံးကိုက်ညီမှုရှိသူတစ်ဦးလားဆိုတာကို ဆုံး ဖြတ်ကြည့်ရှုမှုပြုနေတာဖြစ်ပါတယ်။ 

အလုပ်ရှင်မှ သင့်အား ထိုအလုပ်အတွင် အလွန်သင့်တော်ကောင်းမွန်တဲ့ လုပ်သားလောင်းလျာတစ်ဦးအဖြစ် မြင်လာစေဖို့လုပ်နိုင်တဲ့ နည်းလမ်းအချို့ရှိနေပါတယ်၊ 

အောင်မြင်တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်စေဖို့ သိမှတ်ဖွယ်ရာများနဲ့ နည်းလမ်းများ

သင့်ရဲ့အလုပ်အင်တာဗျူးအောင်မြင်စေဖို့အတွက်သိမှတ်ဖွယ်ရာများနဲ့နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ အောင်မြင်တဲ့အလုပ်အင်တာဗျူးတစ်ခုဖြစ်စေဖို့ နည်းလမ်း (၁၂) ချက်ရှိနေပါတယ်။ ထိုနည်းလမ်းများကို အပိုင်း (၃) ပိုင်းခွဲပြီး စာဖတ်သူပရိတ်သတ်တို့အတွက် တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပြီး အပိုင်း (၁) ကိုတော့ ယခင်နေ့ က ဖော်ပြပေးခဲ့ပြီးပြီဖြစ်ပါတယ်။ အပိုင်း (၃) ကိုလည်း နောက်ရက်များတွင် စောင့်မျှော်ဖတ်ရှုပေးကြပါခင်ဗျာ။ 

ဒီတော့ အပိုင်း (၂) ကို ကျွန်တော်တို့အတူ လေ့လာကြည့်လိုက်ကြရအောင်။ 

 

၅။ ခဏလောက်အနားယူလိုက်ပါ။ 

အကယ်၍သင်ဟာ စိတ်ဖိစီးမှုများဖြစ်နေပြီး သင်အင်တာဗျူးမည့်နေရာသို့မသွားမှီ အသုံးပြုနိုင်သည့် သန့်စင်ခန်း တစ်ခုရှိနေပါက၊ ခဏလောက်သန့်စင်ခန်းဝင်ပြီး စိတ်တည်ငြိမ်မှုရရှိစေရန်ပြုလုပ်ပါ။ သင့်ရဲ့လက်များ ချွေးစေး ပြန်နေခြင်းကို နည်းနိုင်သမျှနည်းစေရန်အတွက် လက်ကိုဆေးကြောပြီး ခြောက်သွေ့အောင်သုတ်ပေးပါ။ 
အကယ်၍ သင်ဟာ ကော်ဖီသောက်သူ၊ ဆေးလိပ်သောက်သူ (သို့) အင်တာဗျူးမစတင်မှီတွင် သင်တစ်ခုခုစားခဲ့ သည်ဆိုပါက ပူရှိန်းပါသောအရာတစ်ခုခုကိုစားသုံးခြင်း၊ သွားတိုက်ခြင်းတို့ကို အင်တာဗျူးမစတင်မှီ ပြုလုပ်ထား သင့်ပါသည်။ 

 

၆။ စောစောရောက်ပါစေ၊ ဒါပေမယ့် အရမ်းမစောပါစေနဲ့ 

သင့်ရဲ့အင်တာဗျူးနေရာသို့ ၅မိနစ် - ၁၀မိနစ်ခန့်စောရောက်ပါစေ။ ကောင်းမွန်တဲ့အလုပ်ခေါ်ယူသူ (မန်နေဂျာ/ သူဌေး) များဟာ အချိန်တိကျမှုကို တန်ဖိုးထားတဲ့အတွက် အကယ်၍သင်ဟာ တစ်မိနစ်လေးမျှနောက်ကျခဲ့လျှင် တောင်မှ ဆိုးရွားတဲ့ ကနဦးအမြင်ကိုရရှိသွားမှာဖြစ်ပါတယ်။ ၁၀မိနစ်ထက်ပိုပြီးစောရောက်သွားခဲ့ပါက အထူးသ ဖြင့် သူတို့ဟာ တစ်နေ့လုံးတွင် အင်တာဗျူးများရှိနေသည့်အခါမျိုးတွင် အင်တာဗျူးမေးမြန်းသူအပေါ် မလိုအပ် တဲ့ဖိအားများကိုဖြစ်ပေါ်စေပါလိမ့်မယ်။ 

အလောတစ်ကြီးပြုမူခြင်းဟာ သင့်ရဲ့အင်တာဗျူးစွမ်းဆောင်ရည်အပေါ် ဆိုးကျိုးများသက်ရောက်မှုရှိလာနိုင်တာ ဖြစ်တဲ့အတွက် အကယ်၍သင်နောက်ကျနိုင်တယ်လို့ထင်ပါက သူတို့ကိုဖုန်းခေါ်ဆိုပြီး အခြေအနေကိုကြိုတင် ပြောကြားထားပါ။ သင့်ထံတွင်ခိုင်လုံတဲ့အကြောင်းပြချက်ရှိနေပါက အလုပ်ခေါ်ယူသူအများစုဟာ သင့်ကိုနား လည်ပေးခြင်းနှင့် အချိန်ပြန်ပြောင်းပေးဖို့အတွက်ကိုပါပြုလုပ်ပေးပါလိမ့်မယ်။ 

 

၇။ သင့်ရဲ့ကိုယ်အမူအယာများကို သတိထားပါ

မိမိကိုယ်ကိုယုံကြည်မှုရှိသည်ကိုပြသဖို့အတွက် သင့်ရဲ့ခေါင်းကိုမတ်မတ်ထားကာ၊ တည့်တည့်မတ်မတ်ရပ်ကာ အနည်းငယ်ပြုံးထားပြီး သက်တောင့်သက်သာရှိနေပါစေ။ သင့်ကိုယ်သင် အပြုံးနဲ့မိတ်ဆက်ကာ သင့်လျော်တဲ့ ခိုင်ခိုင်မာမာလက်ဆွဲနှုတ်ဆက်မှုနှင့်အတူ သက်တောင့်သက်သာရှိပြီး မိမိရဲ့ကျွမ်းကျင်မှုများအပေါ်ယုံကြည်မှုရှိတဲ့ ပုံစံဖြစ်နေစေရန် သတိပြုပါ။ 

အကယ်၍သင်ဟာ အခြားသောသူများနှင့်အတူအင်တာဗျူးခံရပါက အခြားသောသူများကိုလည်းနှုတ်ဆက်ပါ။ အင်တာဗျူးမေးမြန်းသူရဲ့ ဦးဆောင်မှုကိုလိုက်ပြီး ထိုင်ခြင်း (သို့) အခြားအခန်းတစ်ခုသို့ပြောင်းရွှေ့ခြင်းတို့ကို လုပ်ဆောင်ပါ။ ဆက်ဆံပြောဆိုမှုများကို အကောင်းဆုံးပြုမူပြောဆိုဆက်ဆံမှုပြုရင်း အစဉ်အမြဲ professional ဆန်ဆန်ဖြစ်နေစေရန် အကောင်းဆုံးလုပ်ဆောင်ပါ။ 

အသံထွက်စရာမလိုတဲ့ ပြုမူဆက်ဆံပုံတွေဟာ တစ်ခြားသူတွေရဲ့သင့်အပေါ်အမြင်အပေါ် အရေးပါမှုရှိစေတဲ့ သဲလွန်စများပဲဖြစ်ပါတယ်။ ဥပမာ - လျော့တိလျော့ရဲဆန်သော လက်ဆွဲနှုတ်ဆက်မှုဟာ အခွင့်အာဏာမဲ့မှုကို ဖော်ပြနေပါတယ်။ အကြည့်ခြင်းဆုံမှုကိုရှောင်လွှဲခြင်းဟာ အလုပ်အပေါ်တွင် မယုံကြည်မှု၊ စိတ်မဝင်စားမှုကိုကို ဖော်ပြနေပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းနဲ့ ယုံကြည်ရာကိုရဲရဲဝံ့ဝံ့ပြောဆိုတတ်မှုကို မတ်မတ်ထိုင်ကာ အရှေ့သို့အနည်းငယ်မျှကိုင်းထားသည့်ပုံစံဖြင့် ထိုင်ခုံပေါ်တွင်ထိုင်ခြင်းနှင့်ပြသနိုင်ပါတယ်။ သူ/ သူမကို စိုက် ကြည့်နေခြင်းမျိုးမဟုတ်ပဲ အင်တာဗျူးမေးမြန်းသူနှင့် မျက်လုံးခြင်းဆုံမှုရှိနေပါစေ။ 

 

၈။ မှတ်စုများကိုမှတ်သားထားပါ

မှတ်စုစာအုပ်တစ်ခုနဲ့ဘောပင်ကိုယူဆောင်လာကာ အင်တာဗျူးဖြေဆိုမှုတိုင်းတွင်မှတ်စုများကိုမှတ်သားမှုပြုလုပ် ပါ။ ဒီအရာက သင့်ရဲ့အလုပ်အပေါ်စိတ်ဝင်စားမှုနဲ့ အသေးစိတ်ကအစဂရုစိုက်မှုတို့ကိုပြသရန်အကောင်းဆုံးနည်း လမ်းပါပဲ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အကယ်၍သင့်အနေနဲ့ အခက်အခဲနဲ့ကြုံတဲ့အခါမှာ (သို့) မျက်လုံးအကြည့်ခြင်း ဆုံမှုကိုရှောင်လွှဲချင်တဲ့အချိန်မှာဖြစ်ဖြစ်ရှောင်လွှဲနိုင်ဖို့လဲ အခွင့်အရေးရစေနိုင်ပါတယ်။ 
အင်တာဗျူးမေးမြန်းသူမှ သင်မှတ်စုများမှတ်သားခြင်းကို မကြိုက်နိုင်တဲ့ဖြစ်နိုင်ခြေကိုလည်း နားလည်မှုရှိလွယ် ပါစေ။ ဒါကအမြဲတမ်းမဟုတ်သော်လည်းအလွန်ပြိုင်ဆိုင်မှုပြင်းထန်တဲ့လုပ်ငန်းများတွင် သူတို့ရဲ့ပြိုင်ဘက်များထံ သို့ သူလျှိုများကို အလုပ်အင်တာဗျူးပုံစံနဲ့စေလွှတ်လိုက်နိုင်ပါတယ်။ ထို့ကြောင့် သင့်ရဲ့မှတ်စုစာအုပ်ကိုထုတ်ယူ ကာ မှတ်စုများရေးမှတ်ခြင်းကိုမပြုလုပ်မှီ ခွင့်တောင်းခြင်းကိုပြုလုပ်သင့်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Eastern Group of Companies

Eastern Group of Companies

We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Myanmar Unilink Co., Ltd

Myanmar Unilink Co., Ltd

Our Company aspires to achieve the largest broadband access network and integrated content services provider. Promoting physical, mental, and spiritual satisfaction of all employees, while promoting a...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS