Jobs In Myanmar
Load...

လုပ်ငန်းခွင်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးစေနိုင်မည့် နည်းလမ်းများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Workplace-Productivity-Tips-JobsInYangon



လုပ်ငန်းခွင်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးစေနိုင်မည့် နည်းလမ်းများ 

အရင်နှစ်က Performance review လုပ်စဉ်ထက် ပိုမို၍လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာစေနိုင်ဖို့ နည်းလမ်းများကို သင်ရှာဖွေနေတယ်ဆိုရင်တော့ ယခုဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ဖတ်ရှုကြည့်လိုက်ပါ။ ဒီ Workplace Productivity Hack များက သင့်ကိုအကောင်းဆုံးရလာဒ်များကို ဆောင်ကြဉ်းပေးလာနိုင်ပါလိမ့်မယ်။ 

လုပ်ငန်းခွင်တစ်ခုအတွင်း မိမိတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဟာ လုပ်ငန်းခွင်တစ်ခုအတွင်းရှိ အောင်မြင်စွာစွမ်းဆောင်နိုင်သူများနှင့် အောင်မြင်စွာမစွမ်းဆောင်နိုင်သူများအကြားက အဓိကခြားနားချက်တစ်ခုပဲဖြစ်ပါတယ်။ 


၁။ Stand-Up Meeting များ 

လုပ်ငန်းခွင်အတွင်းပြုလုပ်တဲ့အစည်းအဝေးပွဲများဟာ သင့်အလုပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အနုတ်သဘောဆောင်တဲ့သက်ရောက်မှုမျိုး မဖြစ်စေနိုင်အောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းများထဲကတစ်ခုကတော့ Stand-Up Meeting များပဲဖြစ်ပါတယ်။ ဒါဟာ ကြာမြင့်တဲ့အစည်းအဝေးပွဲများဖြစ်မလာစေရန် ကန့်သတ်ပေးနိုင်ပြီး အရေးတကြီးဆောင်ရွက်ရမည့်ကိစ္စများကို သတ်မှတ်ထားသည့်အချိန်အတွင်းပြီးစီးအောင်ဆွေးနွေးနိုင်စေရန်အတွက် ကူညီပေးနိုင်ပါတယ်။ ဒါမှသာ သင်နဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များအနေနဲ့ ဆွေးနွေးစရာရှိသည်များကို မြန်မြန်ဆွေးနွေးပြီးနောက် အရေးကြီးတဲ့အရာများကို စောနိုင်သမျှအစောဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ 


၂။ သင်နေ့စဉ်လုပ်ရမည့်အရာများကို အချိန်သတ်မှတ်ရေးဆွဲထားပါ။ 

နောက်ထပ်အရေးကြီးတဲ့ Workplace Productivity Hack တစ်ခုကတော့ သင့်အတွက်အစဉ်ပြေတဲ့ Routine တစ်ခုကို သတ်မှတ်ရေးဆွဲထားဖို့ပါပဲ။ ဒီအရာက သင်မနက်ခင်းတွင်လုပ်ဆောင်ရမည့် အရာများကို အရှိန်အဟုန်ဖြင့်လုပ်ဆောင်နိုင်စေရန် အကူအညီပေးနိုင်မှာဖြစ်ပြီး တစ်နေ့တာလုံးတွင် ပုံမှန်လုပ်သွားရမည့်ကိစ္စများကို အစကနေ အဆုံးထိ ချောမွေ့စွာဆောင်ရွက်နိုင်စေဖို့အတွက် အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီလို Routine တစ်ခုကို ရေးဆွဲသတ်မှတ်ရာတွင် သင့်အနေနဲ့ ဘယ်အလုပ်ကို ပထမဆုံးစတင်လုပ်ဆောင်သင့်သလဲ? လုပ်ဆောင်စရာတစ်ခုစီအတွက် သင်ဘယ်လောက် အချိန်ယူသင့်သလဲ? သင့်ထံသို့ရောက်ရှိနေနိုင်တဲ့ e-mail များကို ဘယ်အချိန်များတွင် စစ်ဆေးသင့်သလဲ? ဘယ်အချိန်တွင် e-mail များကို reply ပြန်သင့်သလဲ? Client များထံသို့ ဘယ်အချိန်တွင်ဆက်သွယ်သင့်သလဲ? အစရှိတဲ့အရာများကိုလည်း ထည့်သွင်းတည်ဆောက်ထားသင့်ပါတယ်။ နောက်ပြီးသင့်ရဲ့ Routine အတိုင်းအမြဲလိုလိုလုပ်ကိုင်နိုင်စေဖို့ကိုလည်း အာရုံစိုက်ပါ။ ထိုသို့ပြုလုပ်နိုင်စေဖို့အတွက် ကြားဖြတ်အရေးကြီးတဲ့ လုပ်စရာကိစ္စရပ်များပေါ်ပေါက်လာခဲ့ပါက မည်သို့သောအလုပ်များကို နောက်မှပြုလုပ်၍ရနိုင်မလဲဆိုသည်ကိုလည်း စဉ်းစားထားဖို့လိုအပ်ပါလိမ့်မယ်။ 

 

၃။ တစ်ဆင့်ချင်းစီ လုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်ခြင်း 

တစ်ဆင့်ချင်းစီ လုပ်ငန်းစွမ်းဆောင်ရည်ကိုမြှင့်တင်ခြင်းဆိုသည်မှာ သင့်အနေနဲ့လုပ်စရာကိစ္စရပ်များကို သေးငယ်တဲ့အလုပ်များအဖြစ် ပိုင်းခြားသတ်မှတ်၍ တစ်ခုချင်းစီ ပြီးစီးအောင်ဆောင်ရွက်ခြင်းအားဖြင့် မိမိတာဝန်ယူထားတဲ့ လုပ်ငန်းပရောဂျက် (သို့) လုပ်စရာကိစ္စတစ်ခုလုံးပြီးစီးနိုင်စေရန် ပြုလုပ်ခြင်းဖြစ်ပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပြတစ်ဦးနှင့် Motivational Speaker တစ်ဦးဖြစ်သူ Melissa Gratias ရဲ့အဆိုအရ “လုပ်စရာကိစ္စများကို တစ်ခုချင်းစီခွဲခြားသတ်မှတ်၍ပြုလုပ်ခြင်းအားဖြင့် ကြီးမားတဲ့အလုပ်များကို မိမိတို့လုပ်ကိုင်နိုင်တယ်လို့ မြင်လာမှာဖြစ်ပြီး ကျွန်ုပ်တို့အနေနဲ့ ကြီးမားတဲ့လုပ်ဆောင်စရာကိစ္စများကို လုပ်ဆောင်ရန် နောက်တွန့်ခြင်း/ တွန့်ဆုတ်နေခြင်း၊ ဘယ်ကစလုပ်ရမှန်းမသိဖြစ်နေခြင်းတို့ မဖြစ်စေရန်ကူညီပေးနိုင်ပါတယ်။” ဟူ၍ ဆိုထားခဲ့ပါတယ်။ 

 

၎။ နည်းပညာများကို အသုံးပြုပါ။ 

နည်းပညာများကို အသုံးချပါ၊ ဒါပေမယ့်နည်းပညာများရဲ့လွှမ်းမိုးခြင်းကို မခံရပါစေနဲ့။ Google tasks နဲ့ Trello ကဲ့သို့သော App များဟာ သင်လုပ်ဆောင်ရမည့်အလုပ်များကို အချိန်ဇယားတစ်ခုတည်ဆောက်ရေးဆွဲ၍ Workflow တစ်ခုစီတိုင်းအတွက် သင့်ရဲ့အလုပ်ပြီးမြောက်မှုအခြေအနေကို စစ်ဆေးကြည့်ရှု၍ ရစေနိုင်ပါတယ်။ အချိန်တစ်ခုအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် အလုပ်များအတွက် နေ့ရက်နှင့် အချိန်တို့ကို သတ်မှတ်ထားနိုင်ပြီး alert များပေးထားကာ အလုပ်တစ်ခုကို အစကနေအဆုံးအထိ စစ်ဆေးစောင့်ကြည့်၍ရစေနိုင်ပါတယ်။ 

 

၅။ မိမိနဲ့မဆိုင်တဲ့အလုပ်များကို ငြင်းပယ်ပါ။ 

လုပ်ဖော်ကိုင်ဖက်တစ်ဦးက သင့်ထံသို့လာရောက်၍ (သို့) e-mail တစ်ခုပေးပို့၍ သင်လက်ရှိလုပ်နေရတဲ့အလုပ် (သို့) workflow ကိုအနှောက်အယှက်ဖြစ်စေမည့် အလုပ်တစ်ခုကို လုပ်ပေးဖို့အတွက် အကူအညီတောင်းလာတာမျိုးကို ကြုံဖူးကြပါသလား? ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ အမြဲတမ်းလက်ခံ၍ပြုလုပ်ပေးနေဖို့ မလိုအပ်ပါဘူး။ ဒီလိုငြင်းပယ်ရာတွင် ရိုင်းပြသလိုဖြစ်သွားပြီး သင့်ကို အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တတ်သူတစ်ဦးမဟုတ်ဘူးလို့ ထင်မြင်သွားမှာကိုလည်း သင်လိုလားမှာမဟုတ်ပါဘူး။ သို့သော်လည်း သင့်ဘက်ကငြင်းဆိုရတဲ့အကြောင်းအရင်းကို ခိုင်ခိုင်လုံလုံရှင်းပြပြီး ငြင်းဆိုလိုက်နိုင်ပါတယ်။ တစ်ချို့သော အခြေအနေများတွင်တော့ အကူအညီတောင်းလာတဲ့သူက ကိုယ့်ထက် စီနီယာကျတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်နေခဲ့ပြီး လုပ်ပေးရမယ့်အလုပ်ဟာ အရေးတကြီးလုပ်ဖို့လိုအပ်နေတဲ့ အရာတစ်ခုဖြစ်နေပါက ဒီအရာကိုလုပ်ပေးရမယ့်အတွက် သင်လက်ရှိလုပ်စရာရှိနေတဲ့အရာများအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိလာနိုင်သလဲဆိုတာကို ရှင်းပြပြီးနောက် ထိုအရာကိုပြုလုပ်ပေးဖို့ လက်ခံလိုက်နိုင်ပါတယ်။ မိမိရဲ့ workflow ကို မိမိကိုယ်တိုင်ထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ ဒီအရာအပေါ် အခြားသူများကြောင့် အနှောင့်အယှက်မဖြစ်ပါစေနဲ့။ 

 

၆။ သင့်ရဲ့ Smartphone Notification များကို ရှောင်ရှားပါ။ 

သင့် Smartphone ပေါ်က Notification Light ဟာ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အရာများထဲကတစ်ခုအပါအဝင်ဖြစ်နေနိုင်ပါတယ်။ သင့်ရဲ့ဖုန်းကို တစ်နေရာတွင်ထားပြီး သင့်ဖုန်းမှ အသံတစ်ခုခုမြည်လာတိုင်း ဖုန်းကိုကြည့်ရှုတတ်တဲ့အကျင့်အား ဖျောက်ပစ်နိုင်ရန်ကြိုးစားပါ။ သူငယ်ချင်းများထံက ရီမောဖွယ်စာတိုများနဲ့ သူတို့နဲ့ အလာပ သလာပ ပြောဆိုခြင်းများက သင့်ကိုစောင့်နိုင်ပါတယ် သင်လုပ်ရမယ့်အလုပ်များကတော့ သင့်ကိုစောင့်နေပေးနိုင်မှာမဟုတ်တာကို သိထားပါ။ 


၇။ ကိစ္စရပ်များစွာကို တစ်ပြိုင်နက် မပြုလုပ်ပါနဲ့ 

များစွာသောလုပ်ငန်းခွင်ဝင်နေသူများအကြားတွင် Multitask ပြုလုပ်ခြင်းအပေါ် သဘောထားကွဲလွဲမှုများစွာရှိနေပါတယ်။ အချို့က Multitask ပြုလုပ်ခြင်းဟာ သူတို့အတွက်တော့ အဆင်ပြေတယ်လို့ ယုံကြည်ကြပြီး အချို့ကတော့ ကိစ္စရပ်များစွာကို တစ်ပြိုင်နက်စတင်ပြုလုပ်ပြီး ပြီးစီးနိုင်စေဖို့ဆောင်ရွက်ရခြင်းဟာ သူတို့အတွက်အလုပ်မဖြစ်နိုင်ဘူးဟူ၍ ယူဆကြပါတယ်။ Multitasking အပေါ် များစွာသောသုသေသနပြုလုပ်ချက်များနဲ့ စစ်တမ်းကောက်ယူမှုများအရတော့ Multitasking ပြုလုပ်ခြင်းဟာ သင့်ကို သင်ထင်ထားသလောက် အခြားသူများထက်ပို၍ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မလာစေနိုင်တာကို ပြသလျှက်ရှိနေပါတယ်။ ဒီအတွက် လုပ်စရာရှိတဲ့ကိစ္စတစ်ခုအပေါ် အာရုံစိုက်ပြီး ပြီးစီးအောင်ဆောင်ရွက်ပြီးမှ အခြားတစ်ခုသို့ ကူးပြောင်းသင့်ပါတယ်။ 


နိဂုံး 

အဆုံးသတ်အနေနဲ့ ပြောကြားလိုတာကတော့ မိမိတို့ရဲ့တစ်ကိုယ်ရည်တိုးတက်မှုအတွက်  စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်နေခြင်းဟာလည်း သင့်ရဲ့  Workplace Productivity ကို ပုံမှန်တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီအချက်ကို အထက်ဖော်ပြပါအကြံပြုချက်များနဲ့ တွဲဖက်၍ အသုံးချပေးနိုင်ပြီး အမူအကျင့်ကောင်းအသစ်များကို စတင်ဖော်ဆောင်ကျင့်သုံးပေးသွားပါက သင့်ရဲ့ Workplace Productivity ဟာ သိသိသာသာကိုတိုးတက်လာတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS