Jobs In Myanmar
Load...

ဆက်ဆံရေးများကို မပျက်စီးစေပဲ Resign ပြုလုပ်နိုင်ရန် အကြံပြုချက် (၅) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Resigning-Burning-Bridges-JobsInYangon



ဆက်ဆံရေးများကို မပျက်စီးစေပဲ Resign ပြုလုပ်နိုင်ရန် အကြံပြုချက် (၅) ချက်

 

ကျွန်ုပ်တို့အနေနဲ့ အလုပ်တစ်ခုကိုနှစ်သက်မှုမရှိတော့တဲ့အတွက် အလုပ်ထွက်လိုလာတဲ့အခါ အထက်လူကြီးရဲ့ရုံးခန်းထဲသို့ဝင်ရောက်ပြီး “ကျွန်တော်တော့အလုပ်ထွက်တော့မယ်” ဟူ၍ တဲ့တိုးပြောချလိုက်ပြီး အလုပ်မှချက်ခြင်းထွက်ခွာလိုတဲ့ဆန္ဒများ ပေါ်ပေါက်လာလေ့ရှိလာနိုင်ပါတယ်။  ဒီအခါမှာ ခဏလောက်ရပ်နားပြီး စဉ်းစားကြည့်လိုက်ပါ . . . တစ်ချိန်ချိန်မှာ ဒီလိုပြုလုပ်ခဲ့ခြင်းကြောင့် သင့်ဘဝတက်လမ်းအတွက် အကျိုးဆက်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ လုပ်ငန်းခွင်လောကဟာ ကျဉ်းမြောင်းလှတဲ့အတွက် . . . သင့်အနေနဲ့ အခြားအလုပ်နေရာတစ်ခုတွင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ ပုံစံတစ်မျိုးမျိုးဖြင့် ပြန်လည်၍တွေ့ဆုံလာရနိုင်ပြီး သူတို့ရဲ့အကူအညီကိုလည်း လိုအပ်ကောင်းလိုအပ်လာနိုင်ပါတယ်။ 

ဒါကြောင့် သင့်ရဲ့အထက်လူကြီးကိုသည်းညည်းမခံနိုင်တော့တဲ့အတွက် အလုပ်မှထွက်ခွာလိုသည်ဖြစ်စေ၊ ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တဲ့အတွက် အလုပ်မှထွက်ခွာလိုသည်ဖြစ်စေ ဒီအခြေအနေကို တတ်နိုင်သရွေ့ professional ဆန်ဆန်ကိုင်တွယ်ဖြေရှင်းဖို့က အရေးကြီးလှပါတယ်။ ဒါကြောင့် ဆက်ဆံရေးများကိုမပျက်စီးစေပဲ အလုပ်မှအလွယ်တကူထွက်ခွာနိုင်စေဖို့အတွက် ပြုလုပ်လိုက်နာသင့်တဲ့ အကြံပြုချက်အချို့ကို www.jobsinyangon.com ကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ် - 

 

၁။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များကို မပြောမှီ အထက်လူကြီးအား အရင်ဦးစွာအကြောင်းကြားပါ။ 

ကုမ္ပဏီတစ်ခုမှထွက်ခွာဖို့ပြင်ဆင်ရာတွင် ဒီအကြောင်းကိုသင်နဲ့ပတ်သက်တဲ့သူအားလုံးကို ဘာကြောင့်အလုပ်ထွက်မယ်၊ ဘယ်တော့အလုပ်ထွက်မယ်နဲ့ ဘယ်ကိုပြောင်းမယ်ဆိုတာတွေကို အထူးသဖြင့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောကြားနေဖို့မလိုအပ်ပါဘူး။ သင့်ရဲ့မန်နေဂျာနဲ့ နှစ်ဦးတည်းတွေ့ဆုံ၍ အလုပ်မှထွက်ခွာတော့မည့်အကြောင်း အရင်ဦးစွာအကြောင်းကြားအသိပေးခြင်းဟာ အလုပ်မှထွက်ခွာဖို့အတွက်ပြင်ဆင်ရာတွင် တစ်ဖက်သားကိုလေးစားမှုအရှိဆုံးဖြစ်စေရန်နှင့် အလုပ်သင့်ဆုံးအချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို သင့်မန်နေဂျာရဲ့ရုံးခန်းအတွင်းသို့ ရုတ်ချည်းဝင်ရောက်၍ ပြောဆိုလိုက်ခြင်းထက် အရင်ဦးစွာ အကြောင်းအရင်းအပြည့်အစုံကို e-mail တစ်စောင်ရေးသားပေးပို့ပြီးမှ ဝင်ရောက်တွေ့ဆုံ၍ အကြောင်းကြားမှုပြုလုပ်သင့်ပါတယ်။ 

 

၂။ သင့်တော်တဲ့ အသိပေးအကြောင်းကြားစာ (Resign Letter) ကို ကြိုတင်ရေးသား၍ တင်ထားပါ။ 

ဒါဟာအလုပ်တစ်ခုမှထွက်ခွာဖို့ပြင်ဆင်ရာတွင် ပုံမှန်ပြုလုပ်သင့်တဲ့ကျင့်ဝတ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့်ဝန်ထမ်းအများစုက ကြိုတင်အသိပေးမှုပြုလုပ်ရာတွင် အချိန်ကပ်မှပြုလုပ်တတ်တဲ့အတွက် လုပ်ငန်းရှင်ဖက်မှ အဆိုပါအလုပ်နေရာအတွက် အစားထိုးနိုင်ရန် အလောတကြီးရှာဖွေမှုပြုလုပ်ကြရလေ့ရှိပါတယ်။ ဒီသို့သောလုပ်ရပ်မျိုးဟာ ရင်းနှီးပတ်သက်မှုများ (သို့) ဆက်ဆံရေးများကို သေချာပေါက်ပျက်စီးစေနိုင်တဲ့ လုပ်ရပ်များထဲတွင်ပါဝင်နေပြီး သင့်အနေနဲ့လိုအပ်လာနိုင်တဲ့ recommendation များကိုတောင်းခံဖို့ ခက်ခဲသွားနိုင်ပါတယ်။ အလုပ်ခေါ်ယူခန့်အပ်မှုပြုလုပ်တိုင်းတွင် အလုပ်မှထွက်ခွာပါက ကြိုတင်အကြောင်းကြားမှုပြုလုပ်သင့်တဲ့ ကာလအပိုင်းအခြားကို များသောအားဖြင့်ကြိုတင်သတ်မှတ်ထားလေ့ရှိတတ်ကြပြီး သင့်အနေနဲ့အလုပ်မှထွက်ခွာလိုပါက (အရေးတကြီးလိုအပ်၍ အလုပ်မှထွက်ခွာခြင်းများဖြစ်တဲ့ - ကျန်းမာရေးပြဿနာနှင့် မိသားစုဝင်တစ်ဦးဦးသေဆုံးခြင်း၊ အစရှိတဲ့အကြောင်းအရာများမှလွဲ၍) သတ်မှတ်ထားတဲ့ကာလအပိုင်းအခြားအတွင်း ကြိုတင်၍ထွက်စာတင်မှုကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 

 

၃။ Professional ဆန်နေပါစေ။ 

အကယ်၍သင့်အနေနဲ့ လက်ရှိလုပ်နေတဲ့အလုပ်တွင်အဆင်မပြေမှုများရှိတဲ့အတွက် ထွက်ခွာခဲ့ရတယ်ဆိုရင်တောင်မှ ဘယ်သူကြောင့်၊ ဘာကြောင့်ဆိုတဲ့ အပြစ်တင်ရှုံ့ချမှုများကို သင့်အနေနဲ့ ကုမ္ပဏီအပေါ်(သို့မဟုတ်) သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ အထက်လူကြီးအပေါ် ဘယ်လောက်ပဲမကျေမချမ်းဖြစ်နေပါစေ အပြင်တွင်ထုတ်ဖော်ပြောကြားခြင်းမပြုလုပ်သင့်ပါဘူး။ သင် Resign ပြုလုပ်စဉ်တွင်လည်း တစ်ဦးနဲ့တစ်ဦးလေးလေးစားစားဆက်ဆံသင့်ပြီး resignation letter အတွင်းတွင် ရိုင်းပြသောအသုံးအနှုန်းများသုံးနှုန်းခြင်း (သို့မဟုတ်) resign တင်ပြီးနောက် အလုပ်ကိုပျင်းရိစွာလုပ်ကိုင်ခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ 

သင့်အထက်လူကြီးမှချမှတ်ထားတဲ့ ညွှန်ကြားချက်တိုင်းကိုလိုက်နာ၍ သင့်ရဲ့ notice period အတွင်းတွင် လုပ်စရာရှိတဲ့ကိစ္စများကို ပုံမှန်အတိုင်းကြိုးစား၍လုပ်ကိုင်ပေးသွားရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့သူများနှင့် အသိအကျွမ်းဖြစ်နေခြင်းအားဖြင့် ဒီဆက်သွယ်ပတ်သက်မှုများအပေါ်အမှီသဟဲပြု၍ သင်လိုချင်တဲ့နေရာတစ်ခုသို့ရောက်ရှိအောင် သွားရောက်နိုင်မှာဖြစ်တဲ့အတွက် ဒီဆက်နွယ်ပတ်သက်မှုများဟာ လွန်စွာတန်ဖိုးရှိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ထွက်စာတင်ပြီးနောက်ပိုင်းတွင်လည်း မိမိရဲ့လုပ်စရာရှိတဲ့အလုပ်များနဲ့ လက်စသတ်လုပ်ကိုင်စရာရှိတဲ့ လုပ်ငန်းပရောဂျက်များကို အရည်အသွေးအကောင်းမွန်ဆုံးနှင့် ပြီးမြောက်အောင်လုပ်ကိုင်၍ အပ်နှံပေးသင့်ပါတယ် (သို့မဟုတ်) လက်ရှိလုပ်ကိုင်နေတဲ့အလုပ်များကို ဝန်ထမ်းအသစ်ထံသို့ သေသေချာချာလွှဲပြောင်းပေးအပ်မှုပြုလုပ်ပေးသင့်ပါတယ်။ 

 

၎။ မိမိနဲ့မဆိုင်တဲ့ပစ္စည်းများကို ယူဆောင်မသွားပါနဲ့။ 

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ ကုမ္ပဏီမှပိုင်ဆိုင်ထားတဲ့အရာမှန်သမျှကို ကုမ္ပဏီသို့ ပြန်လည်အပ်နှံမှုပြုလုပ်ခဲ့ဖို့ပဲဖြစ်ပါတယ်။ မတော်တဆ ယူဆောင်သွားခဲ့မိရင်လည်း ပြန်လည်အပ်နှံပေးဖို့လိုအပ်ပါတယ်။ ဒါဟာ သင့်ရဲ့အကျင့်စာရိတ္တပိုင်းဆိုင်ရာကို မေးခွန်းထုတ်စရာဖြစ်လာစေနိုင်တဲ့အတွက် ဒီအချက်ကိုအမြဲတမ်းမမေ့လျော့ပဲပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ 

 

၅။ အလုပ်မှထွက်ခွာမှုပြုလုပ်ပြီးနောက်တွင်တောင်မှ လိုအပ်တဲ့အကူအညီများကို ပေးအပ်ပါ။ 

သင့်အနေနဲ့ ယခင်အလုပ်တွင် ကောင်းမွန်ခိုင်မာတဲ့ ရင်းနှီးမှုများကိုတည်ဆောက်နိုင်ခဲ့ပြီး အလုပ်မှထွက်ခွာပြီးနောက်တွင်တောင်မှ ဆက်လက်၍အဆက်အသွယ်ပြုလုပ်၍ လိုအပ်သောအကူအညီများကို ပေးအပ်နိုင်စွမ်းရှိနေဖို့ကလည်း အရေးကြီးလှပါတယ်။ ယခင်အလုပ်မှ အထက်လူကြီးများနဲ့ ကောင်းမွန်တဲ့ရင်းနှီးပတ်သက်မှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် လူသစ်များကိုလေ့ကျင့်သင်ကြားပေးဖို့ ကတိပြုခြင်း၊ လိုအပ်ပါက မိမိကိုဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ကို ပေးအပ်ထားခဲ့ခြင်း၊ ဒါမှမဟုတ် မိမိလုပ်ကိုင်ခဲ့တဲ့ အလုပ်နေရာနှင့်ပတ်သက်၍ သက်ဆိုင်တဲ့မေးခွန်းများကို ဖြေကြားပေးခြင်းတို့ကို ဆက်လက်၍ပြုလုပ်ပေးသွားလိုက်ပါ။ 

သင့်ရဲ့အလုပ်မှထွက်ခွာဖို့ပြင်ဆင်ရာတွင် အခြားသောလုပ်ဖော်ကိုင်ဖက်များ၊ အထက်လူကြီးများနဲ့ ကတောက်ကဆဖြစ်၍ထွက်ခွာစရာမလိုအပ်ပါဘူး။ သင့်ရဲ့ career တက်လမ်းအတွက် တစ်ချိန်ချိန်မှာတော့ အလုပ်မှထွက်ခွာကြရမှာဖြစ်တဲ့အတွက် ဒါဟာပုံမှန်ပင်ဖြစ်ပြီး ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဟာ အရေးကြီးလှပါတယ်လို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ပါရစေ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (15)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
IMYANMARHOUSE CO.,LTD.

IMYANMARHOUSE CO.,LTD.

.We publish monthly property magazines since May 2015 and 13 property related books so far.iMyanmarHouse.com is the market leader of Myanmar Real Estate online platform that connects buyers, real esta...
Show the postings (11)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS