Jobs In Myanmar
Load...

မန်နေဂျာတစ်ဦးအနေနဲ့ (သို့) လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဝန်ထမ်းများခြေကုန်လက်ပန်းကျခြင်းကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့်နည်းလမ်းများ (အပိုင်း-၂)

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Recruitment-Management-Burnout-HR-JobsinYangon



 မန်နေဂျာတစ်ဦးအနေနဲ့ (သို့) လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဝန်ထမ်းများခြေကုန်လက်ပန်းကျခြင်းကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့်နည်းလမ်းများ (အပိုင်း-၂) 

 

သင့်ရဲ့ဝန်ထမ်းများကို စိတ်အားတက်ကြွမှုရှိလာစေရန်ပြုလုပ်ပေးခြင်း 

 

၅။ သင့်ရဲ့ဝန်ထမ်းများကို ဘယ်အရာတွေက စိတ်အားတက်ကြွမှုရှိလာစေသလဲဆိုတာကိုရှာဖွေလိုက်ပါ။ 

သင့်ရဲ့ဝန်ထမ်းများကို အခြားသောရုံးအဖွဲ့ဝင်များရဲ့ရှေ့တွင် ချီးမွမ်းပြောဆိုခြင်းဟာ သူ/ သူမရဲ့ အမူအကျင့်များ နဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကိုတိုးတက်စေသလား? သင့်ဝန်ထမ်းရဲ့ အားနည်းချက်များ တစ်ဦးချင်းတွေ့ဆုံမှုပြုတဲ့ အခါမှာထောက်ပြခြင်းဟာပိုမို၍ကြိုးပမ်းအားထုတ်မှုရှိလာစေရန်အတွက်စိတ်အားတက်ကြွမှုကိုဖြစ်စေသလား? ”သောကြာနေ့တွင် လွတ်လပ်စွာဝတ်စားဆင်ယင်စေခြင်း” ဟာ သင့်ရဲ့အဖွဲ့သားများကို ကောင်းမွန်တဲ့ခံစားချက် ကိုဖြစ်ပေါ်စေသလား? စိတ်အားတက်ကြွစေမယ့်အရာများကိုရှာဖွေဖော်ထုတ်မှုပြုပါ၊ နောက်ပြီး ဝန်ထမ်းတိုင်း ဟာ တူညီမှုမရှိပါဘူး၊ ဒီအတွက်ကြောင့် သင့်အလိုအတိုင်းမဟုတ်ပဲ ဝန်ထမ်းတစ်ဦးချင်းစီကို သူတို့ရဲ့လိုအပ်ချက် များအလိုက် စိတ်အားတက်ကြွမှုရှိလာစေရန်အတွက်ပြုလုပ်ပေးလိုက်ပါ။ 

 

၆။ စိတ်ဖိစီးမှုကိုလျော့နည်းစေမယ့်နည်းလမ်းများကို အားပေးပါ။

သင့်ရဲ့ဝန်ထမ်းများကို တိုက်ရိုက် စိတ်အားတက်ကြွစေရန်ဆောင်ရွက်ပေးခြင်းအပြင် သူတို့ကိုလည်း မိမိကိုယ်ကို စိတ်အားတက်ကြွအောင်ပြုလုပ်ပေးနိုင်မယ့် စိတ်ဖိစီးမှုကိုလျော့နည်းစေတဲ့နည်းလမ်းများကိုလုပ်ဆောင်ပေးဖို့ အားပေးပါ။ သူတို့အလုပ်လုပ်စဉ်အတွင်း သီချင်းနားထောင်ခိုင်းတာသော်၎င်း၊ သူတို့ရဲ့အလုပ်ချိန်များကို ပြင်ဆင် သတ်မှတ်ပေးတာသော်၎င်း၊ လွတ်လပ်စွာဝတ်စားဆင်ယင်ခြင်းကိုခွင့်ပြုပေးတာသော်၎င်း၊ ဒါမှမဟုတ် အဝေးမှ ဆက်သွယ်ပြီးအလုပ်လုပ်ခြင်း (Work from Home) လုပ်ခွင့်ပေးလိုက်တာတို့ကို သတ်မှတ်ပြုလုပ်ပေးနိုင်ပါ တယ်။ ဒီအရာများဟာ သင့်ရဲ့ဝန်ထမ်းများကို သူတို့ရဲ့အလုပ်ချိန်များတွင် စိတ်ကျေနပ်မှုရရှိစေမှာဖြစ်ပြီး သင်ဟာ သူတို့ရဲ့ကောင်းကျိုးကိုလိုလားမှုရှိတယ်ဆိုတာကိုလည်းပြသလျှက်ရှိပါတယ်။ 

 

၇။ သင့်ရဲ့တန်ဖိုးထားလေးစားမှုကိုပြသပါ။ 

ကျွန်တော်တို့အနေနဲ့ အလုပ်သို့ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့သူဌေးက အားလုံးအတွက် ကော်ဖီနဲ့ ပေါင်မုန့် တွေဝယ်လာတာကိုတွေ့ရတဲ့အခါမှာ ကျွန်တော်တို့အပေါ်တန်ဖိုးထားမှုရှိတယ်လို အမြဲတမ်းခံစားရစေပြီး ဒီအရာ က ထိုနေ့အတွက် အနည်းငယ်ပိုပြီး စိတ်အားတက်ကြွမှုကိုဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ သင့်ရဲ့တန်ဖိုးထား လေးစားမှုကိုပြသတဲ့အနေနဲ့ မနက်စာကျွေးခြင်း၊ နေ့လည်စာမုန့်ပဲသရေစာဝယ်ကျွေးခြင်း၊ အလုပ်စောဆင်းစေ ခြင်း (သို့) နှိပ်နယ်ပေးသည့် ((ရိုးရိုး) message) သို့ ပို့ပေးခြင်းများနဲ့ ပြသပေးနိုင်ပါတယ်။ ဒီအရာများဟာ ဝန်ထမ်းတွေရဲ့ အလုပ်ဝင်နေစဉ်အချိန်အတွင်းမှာ ငြီးငွေ့နေစေမယ့်အစား စိတ်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။ 

 

၈။ လေကောင်းလေသန့်ထွက်ရှုခြင်း (လမ်းလျှောက်ထွက်ခြင်း/အပြင်ခဏထွက်ခြင်း) ပြုလုပ်ဖို့ကိုအားပေးပါ။ 

လူတိုင်းဟာ ရံဖန်ရံခါတွင် အပြင်ခဏလောက်ထွက်ကာ လေကောင်းလေသန့်ရှုဖို့လိုအပ်ကြပါတယ်။ နောက်ပြီး ဒီအရာဟာ ရုံးအတွင်း နာရီနဲ့ချီပြီးထိုင်နေရတဲ့အခါမျိုးတွင် ပိုလို့တောင်မှ စိတ်ကိုပေါ့ပါးသွားစေနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့အလုပ်အမျိုးအစားနဲ့ လုပ်ငန်းခွင်ဟာ ထိုသို့လုပ်ဖို့ခွင့်ပြုနိုင်တဲ့အလုပ်မျိုးဆိုပါက ဝန်ထမ်းများ ကို ရံဖန်ရံခါတွင် အပြင်ခဏထွက်စေဖို့ခွင့်ပြုပေးသင့်ပါတယ်။ သင့်အနေနဲ့ laptop များကိုပါ ယူခဲ့ကောင်းယူခဲ့ နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ သူတို့ရဲ့အနားယူချိန်အတွင်း လမ်းလျှောက်ထွက်ဖို့ကိုလည်း တိုက်တွန်းပေးခြင်း (သို့) ဝန်ထမ်းအစည်းအဝေးပွဲများကို အပြင်တွင်ကျင်းပခြင်းတို့ကိုပြုလုပ်ပေးနိုင်ပါတယ်။ သင့်အနေနဲ့ ၄လလျှင် တစ်ကြိမ်ခန့် ဝန်ထမ်းများနဲ့ ပျော်ပွဲစားထွက်ခြင်း (သို့) အခြားသော အထူးတလည်အပြင်ထွက်ခြင်းများကိုလည်း စီစဉ်ပေးလိုပါက စီစဉ်ထားနိုင်ပါတယ်။ 

 

၉။ ဝန်ထမ်းများအနေနဲ့ နားရက်ရှည်ယူစေရန်အားပေးခြင်း

ဝန်ထမ်းများကို နားရက်ရှည်ယူစေခြင်းဟာ သူတို့အနေနဲ့ ခြေကုန်လက်ပန်းကျနေခြင်းကိုကုစားပေးနိုင်မှာမဟုတ် သော်လည်း ရောဂါလက္ခဏာရပ်တွေကိုတော့ သက်သာသွားစေနိုင်ပါတယ်။ လက်တွေ့တွင် ဒီကဲ့သို့ နားရက်ရှည် များကိုပုံမှန်ယူစေခြင်းဟာ သင့်ရဲ့ဝန်ထမ်းအချို့ကိုတောင်မှ စိတ်အားတက်ကြွမှုဖြစ်လာစေနိုင်ပါတယ။ အကယ် ၍သင့်ထံတွင် ခြေကုန်လက်ပန်းကျတဲ့ပုံစံမျိုးဖြစ်နေတဲ့ ဝန်ထမ်းတစ်ဦးဦးရှိနေပါက သူ/ သူမအား တစ်လလျှင် တစ်ကြိမ် အနည်းဆုံး စိတ်ပြေလက်ပျောက်ခွင့်ယူဖို့အတွက် စီစဉ်ပေးသင့်ပါတယ်။ 

 

၁၀။ အကျိုးခံစားခွင့်များကိုတိုးမြှင့်ပေးခြင်း 

အကျိုးခံစားခွင့်များကိုတိုးမြှင့်ပေးခြင်းဟာလည်း ခြေကုန်လက်ပန်းကျခြင်းကိုကုစားနိုင်မယ့်အရာတော့မဟုတ် သော်လည်း အစဉ်အမြဲလုပ်ဆောင်နေရသောကြောင့်ငြီးငွေ့စရာကောင်းတဲ့အလုပ်တာဝန်များကိုထမ်းဆောင်နေ ရတဲ့ဝန်ထမ်းတစ်ဦးဦးကို ၎င်းအလုပ်အားဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် စိတ်အားတက်ကြွမှုကိုဖြစ်စေ ပြီး ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်အတွက် တွန်းအားဖြစ်စေပါတယ်။ ဥပမာ - ဝန်ထမ်းတစ်ဦးဟာ လစာ ငွေတိုးမြှင့်ပေးခံရဖို့မျှော်လင့်ချက်ရှိနေပါက သူ/ သူမကို အလုပ်ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အတွက် စိတ်အားတက်ကြွမှုရှိစေပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အကျိုးခံစားမှုများကိုတိုးမြှင့်ပေးနိုင်တဲ့ အင်အားမရှိဘူးဆိုပါက၊ ကောင်းမွန်စွာလုပ်ဆောင်နိုင်တဲ့အခါများတွင် ဆုကြေးငွေပေးခြင်းမျိုးကိုဆောင်ရွက်ပေး ရန်အတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

 

သင့်ရဲ့ဝန်ထမ်းများကိုဦးဆောင်ခြင်း 

 

၁၁။ သင့်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်များကို ပိုမိုတိုးတက်အောင်ကြိုးစားပါ 

သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်များကို အစဉ်အမြဲတိုးတက်မှုရှိစေရန်လုပ်ဆောင်နေဖို့က အရေးကြီးပါတယ်။ ဒီအရာက သင့်ရဲ့အဖွဲ့ကို ပိုပြီးသင့်မြတ်မှုရှိလာစေသည်သာမကပဲ အားလုံးကို အဖွဲ့လိုက်ဆောင်ရွက်တတ်စေပြီး အလုပ်လုပ်ရာတွင် ပိုမိုထိရောက်မှုရှိလာစေပါတယ်။ ခေါင်းဆောင်ခြင်းစွမ်းရည်အကြောင်းရေးသားထားတဲ့ စာအုပ်အချို့ကိုဖတ်ရှုခြင်း၊ အလွန်တော်တဲ့ခေါင်းဆောင်များအကြောင်းကိုလေ့လာခြင်းနဲ့ခေါင်းဆောင်မှုစွမ်းရည် ဆိုင်ရာ workshop များ (သို့) conference များသို့ တက်ရောက်ခြင်းများကိုပြုလုပ်ပေးသင့်ပါတယ်။ ဒီကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သင့်အနေနဲ့ ဝန်ထမ်းများခြေကုန်လက်ပန်းကျမှုတွေဖြစ်လာတဲ့အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး ပိုမိုများပြားတဲ့ အကြံဉာဏ်များကိုရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ 

 

၁၂။ သင့်ရဲ့ဝန်ထမ်းများကိုလေ့ကျင့်ရေးသင်တန်းများတက်ရောက်စေပါ။ 

ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်ရဲ့ဝန်ထမ်းများဟာ သူတို့ရဲ့အလားအလာရှိမှုများအတိုင်း အပြည့်အဝဆောင်ရွက် နိုင်စေဖို့အတွက် ဘယ်လိုကျွမ်းကျင်မှုများကိုလိုအပ်နေသလဲဆိုတာကိုပိုင်းခြားဝေဖန်ဆုံးဖြတ်တတ်ဖို့မှာ အရေး ကြီးပါတယ်။ လေ့ကျင့်သင်တန်းပေးခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်ကိုတိုးတက်မှုရှိစေသည်သာမက၊ သင့်ရဲ့ အဖွဲ့ကိုစိတ်ဓါတ်တက်ကြွမှုရှိလာစေမှာဖြစ်ပါတယ်။ အချိန်စီမံခန့်ခွဲမှု၊ သုံးစွဲသူဝန်ဆောင်မှုပေးခြင်းဆိုင်ရာများ၊ စိတ်ဖိစီးမှုများကိုကိုင်တွယ်စီမံခြင်း (သို့) ကွန်ပြူတာပရိုဂရမ်အချို့အကြောင်း လေ့ကျင့်သင်တန်းပေးနိုင်ဖို့ကို ထည့်သွင်းစဉ်းစားပေးပါ။ 

 

၁၃။ လုပ်ငန်းတာဝန်များကိုလျှော်ညီစွာချမှတ်၊ သတ်မှတ်ထားပါ။ 

ကောင်းမွန်တဲ့မန်နေဂျာတစ်ဦးဖြစ်လာစေရန်အတွက် သင့်အနေနဲ့ အလုပ်တာဝန်များဟာ မတူခြားနားတဲ့စွမ်း ဆောင်ရည်များကိုပိုင်ဆိုင်ထားတဲ့ဝန်ထမ်းတစ်ဦးချင်းစီကို လျှော်ညီမှန်ကန်စွာချမှတ်ပေးထားနိုင်ရဲ့လားဆိုတာ ကို အကဲဖြတ်တတ်ဖို့လိုအပ်ပါတယ်။ စိတ်အားတက်ကြွမှုမရှိဖြစ်နေသူများအတွက် သူတို့ရဲ့လက်ရှိ ရှိနေတဲ့ ကျွမ်းကျင်မှုများကို ပိုမိုတောက်ပြောင်လာစေနိုင်မယ့် စိတ်ဝင်စား တက်ကြွဖွယ်ကောင်းသောတာဝန်အသစ်များ ကိုပေးအပ်ဖို့အတွက်ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လူတိုင်းဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်အချို့ကို ကိုယ်စီ လုပ်ကိုင်နေရပါက ထိုအရာများကို အလှည့်ကျလုပ်ဆောင်စေခြင်းအားဖြင့် လူတိုင်းဟာ တာဝန်အသစ်တွေကို လုပ်ဆောင်ကြည့်နိုင်စေဖို့စီစဉ်ပေးလိုက်ပါ။ အလုပ်တာဝန်များဟာ မျှတစွာခွဲဝေထားဖို့နဲ့ ဘယ်သူကမှ အရမ်း ခက်ခဲတဲ့အလုပ်တွေကို တစ်ယောက်တည်းတာဝန်ယူမထားရစေဖို့အတွက်ကိုတော့ သေချာအောင်ပြုလုပ်ထား ရပါမယ်။ 

 

၁၄။ အချိန်ပိုအလုပ်လုပ်ရမယ့်အချိန်များကိုသတ်မှတ်ထားပါ။ 

ဝန်ထမ်းများဟာအပိုဆုကြေးငွေများကိုအချိန်ပိုအလုပ်လုပ်သည့်အတွက်စိတ်အားတက်ကြွစေမည့်အရာတစ်ရပ် အနေနဲ့ရရှိမနေဘူးဆိုပါက အချိန်ပိုဆင်းရခြင်းကိုလုပ်ချင်ကြမှာမဟုတ်ပါဘူး။ သင့်ရဲ့ဝန်ထမ်းများကို သူတို့ကိုခန့် အပ်ခြင်းပြုလုပ်စဉ်ကသဘောတူညီထားတဲ့အချိန်ပမာဏအတိုင်းသာ ရုံးအတွင်းသို့ဝင်ထွက်ခြင်းပြုခိုင်းပါ။ ဒါက သူတို့ရဲ့အလုပ်တာဝန်များကိုလျှော့ချပေးရခြင်း၊ ယာယီလုပ်သားခေါ်ယူရခြင်း (သို့) အခြားဝန်ထမ်းတစ်ဦးကိုဌား ရမ်းခေါ်ယူရခြင်းတို့ကိုဖြစ်လာစေနိုင်သော်လည်း ရံဖန်ရံခါအချိန်ပိုဆင်းရခြင်းဟာပြဿနာမရှိပေမယ့် အမြဲတမ်း အချိန်ပိုဆင်းနေရရင်တော့ ဒါဟာလုပ်ငန်းခွင်အတွင်းခြေကုန်လက်ပန်းကျမှုများကိုသာဖြစ်စေနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ 

 

၁၅။ ဝန်ထမ်းများကိုထောက်ပံ့ကူညီမှုပေးသည့်အစီအစဉ် (Employee Assistance Program-EAP) များ တွင် ပါဝင်ဆောင်ရွက်ဖို့ကိုအားပေးပါ။ 

Employee assistance program ဆိုတာဟာ လုပ်ငန်းရှင်များမှ သူတို့ရဲ့ဝန်ထမ်းများကိုပေးအပ်ထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဒီအရာကို အာမခံကုမ္ပဏီများမှတဆင့် (သို့) ကုမ္ပဏီအတွင်းမှ တိုက်ရိုက်ပြုလုပ်ပေး ထားနိုင်ပါတယ်။ အကယ်၍သင့်ရဲ့ကုမ္ပဏီတွင် EAP ရှိနေတယ်ဆိုပါက သင်တို့ရဲ့ဝန်ထမ်းများကို အသိပေးထား ပြီး ဒီဝန်ဆောင်မှုကိုအသုံးပြုဖို့အတွက်တိုက်တွန်းပါ။ EAP များဟာ မကြာမကြာဆိုသလို workplace burnout ခံစားနေရတဲ့သူများကိုကိုင်တွယ်ဖြေရှင်းရတတ်ပြီး ဝန်ထမ်းများအနေနဲ့ အကူအညီရနိုင်ဖို့သင့်တော်တဲ့နေရာတစ် ခုဖြစ်စေပါတယ်။ 

 

နိဂုံးချုပ် 

လူတိုင်းဟာ လုပ်ငန်းခွင်တွင်ခြေကုန်လက်ပန်းကျမှုဖြစ်နိုင်ကြပါတယ်။ သင်ဟာသင့်ရဲ့သက်မွေးမှုလုပ်ငန်းတွင် စိတ်ကျေနပ်မှုရရှိနေတဲ့အတွက် သင့်ရဲ့ဝန်ထမ်းများဟာ burnout မဖြစ်နိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ သင့်ဝန်ထမ်း များရဲ့ခြေကုန်လက်ပန်းကျမှုဖြစ်နေတဲ့အခြေအနေကိုအချိန်ယူပြီးစဉ်းစားသုံးသပ်ပြီး ဒီအရာကိုတားဆီးကာကွယ် နိုင်ရန်နဲ့ ကုစားနိုင်ရန်အတွက်လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ထားလိုက်ပါ။ လူတိုင်းဟာ မတူတဲ့ အလုပ်များအပေါ် မတူညီတဲ့တုန့်ပြန်မှုများရှိနေပြီး ဝန်ထမ်းများနဲ့ သူတို့လုပ်ဆောင်နေရတဲ့တာဝန်များဟာ ကိုက် ညီမှုရှိနေစေရန်အတွက် ပြုလုပ်ပေးရမည်မှာ သင့်ရဲ့တာဝန်ပဲဖြစ်ပါတော့တယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS