Jobs In Myanmar
Load...

မန်နေဂျာတိုင်းတွင် ရှိထားသင့်သော ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည် (၆) ခု

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Top-Leadership-Skills-JobsInYangon



မန်နေဂျာတိုင်းတွင် ရှိထားသင့်သော ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည် (၆) ခု 

 

ကောင်းမွန်တဲ့ Positive soft skill တိုင်းကို ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်များအဖြစ် ယျေဘူယျအားဖြင့်ယူဆနိုင်ပါတယ်။ ဥပမာအားဖြင့် - Active listening စွမ်းရည်ဟာ Leader များအနေနဲ့ အဖွဲ့ဝင်များရဲ့ စိတ်သောကရောက်မှုများနှင့် အကြံအစည်များကို နားထောင်ပေးခြင်းအားဖြင့် လုပ်ငန်းပရောဂျက်များကို အပြီးသတ်အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အထောက်အကူပေးနိုင်ပါတယ်။ နောက်ထပ်ဥပမာတစ်ခုအနေနဲ့ - ကိုယ်ချင်းစာတရားထားရှိခြင်းဟာ Leader များအနေနဲ့ မိမိတို့ရဲ့ အဖွဲ့ဝင်များအနေနဲ့ သူတို့ရဲ့ workload, ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်အတွင်းရှိ ဆက်ဆံရေးများနဲ့ပတ်သက်၍ မည်ကဲ့သို့ခံစားနေရသလဲဆိုတာကို သိရှိနားလည်မှုရှိလာစေရန်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ယခုတစ်ပတ်မှာတော့ www.jobsinyangon.com ကနေ မန်နေဂျာများအနေနဲ့ ရှိကိုရှိထားသင့်တဲ့ ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်များကို ဖော်ပြပေးလိုက်ပါတယ် - 


၁။ လျှင်မြန်ထိရောက်စွာ ဆုံးဖြတ်ချက်များချနိုင်ခြင်း (Decisiveness) 

ထိရောက်မှုရှိတဲ့ ခေါင်းဆောင်သူ (leader) များဟာ မိမိတို့ရရှိထားတဲ့ အချက်အလက်များအပေါ်မူတည်၍ ဆုံးဖြတ်ချက်များကို လျှင်မြန်စွာနှင့် မှန်ကန်စွာ ချမှတ်နိုင်သူများဖြစ်ကြပါတယ်။ ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်ချမှတ်မှုစွမ်းရည်ကို ခေါင်းဆောင်မှုနေရာတွင် အနေကြာ၍ အတွေ့အကြုံရလာသည်နှင့်အမျှ အလိုအလျှောက်ရရှိလာနိုင်ပါတယ်။ လုပ်ငန်းနယ်ပယ်တစ်ခုအတွင်း ကျင်လည်မှုပြုလုပ်သည့် အချိန်ကြာလာသည်နှင့်အမျှ အဆိုပါ လုပ်ငန်းနယ်ပယ်နှင့် ပိုမို၍အကျွမ်းတဝင်ရှိလာမှာဖြစ်ပြီး လိုအပ်တဲ့အချက်အလက်များအားလုံးရှိမနေရင်တောင်မှ သင့်အနေနဲ့ ဆုံးဖြတ်ချက်များကို မြန်ဆန်စွာပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ လျှင်မြန်ထိရောက်စွာ ဆုံးဖြတ်ချက်ချနိုင်ခြင်းကို ဘာကြောင့် တန်ဖိုးရှိတဲ့ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တစ်ခုအဖြစ် ထင်မြင်ကြသလဲဆိုရင်တော့ ဒီကဲ့သို့စွမ်းဆောင်နိုင်ခြင်းဟာ လုပ်ငန်းပရောဂျက်များကို ပိုမိုမြန်ဆန်စွာပြီးစီးမှုရှိစေရန်အတွက် အထောက်အကူဖြစ်စေနိုင်ပြီး လုပ်ငန်းထိရောက်မှုကိုမြှင့်တင်ပေးနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ 

လျှင်မြန်ထိရောက်စွာ ဆုံးဖြတ်ချက်များကိုချမှတ်နိုင်ရန်အတွက် research, evaluation, problem-solving နှင့် goal-setting အစရှိတဲ့စွမ်းရည်များလည်းရှိနေဖို့လိုအပ်ပြီး ဆုံးဖြတ်ချက်ချမှတ်သူအနေနဲ့ တူညီတဲ့အလုပ်ကိစ္စများကို ဆောင်ရွက်ခဲ့ဖူးတဲ့ မိမိတို့ရဲ့အတွေ့အကြုံအပေါ်မှီညမ်းပြီး ဘယ်အရာတွေကတော့ အကောင်းဆုံးအလုပ်ဖြစ်မလဲဆိုတာကိုအကဲဖြတ်၍ ဆုံးဖြတ်ချက်များချမှတ်ကာ အဆိုပါဆုံးဖြတ်ချက်များအပေါ် တာဝန်ယူမှုလည်းရှိနေဖို့လိုအပ်ပါတယ်။ 


၂။ သမာသမတ်ကျခြင်း (Integrity) 

Integrity ကို များသောအားဖြင့် ရိုးသားမှုရှိခြင်း (သို့) မှန်ကန်စွာပြောဆိုခြင်းဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော်လည်း အခြားသောအဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုအနေနဲ့ ခိုင်မာတဲ့ သမာဓိရှိခြင်း (သို့) သမာသမတ်ကျခြင်းဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသေးတယ်။ လုပ်ငန်းခွင်အတွင်း သမာသမတ်ရှိခြင်းဆိုသည်မှာ ကျင့်ဝတ်နှင့်လျှော်ညီတဲ့ရွေးချယ်မှုများကို ပြုလုပ်နိုင်ခြင်းနှင့် ကုမ္ပဏီရဲ့ image ကို တက်စေရန် ကူညီထိန်းသိမ်းပေးခြင်း အစရှိတဲ့လုပ်ရပ်များကို ဆိုလိုတာဖြစ်ပါတယ်။ 

ခေါင်းဆောင်သူတစ်ဦးဟာ သမာသမတ်ကျကျ (မှန်ကန်စွာ) နေထိုင်ပြုမူနိုင်ပါက ၎င်းတို့ရဲ့လုပ်ငန်းများအတွင်းတွင် မှန်ကန်မျှတတဲ့ လုပ်ရပ်များနှင့် ရလာဒ်များကို အားပေးရာရောက်သလို မိမိရဲ့ team အတွက်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ စံနမူနာယူထိုက်တဲ့ စံပြ role model တစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုမျိုး သမာသမတ်ကျတဲ့ ခေါင်းဆောင်သူတစ်ဦးဖြစ်လာနိုင်ဖို့အတွက် diplomatic (ဖြန်ဖြေရေးတွင် ကျွမ်းကျင်မှုရှိခြင်း), ethical (ကျင့်ဝတ်ဆိုင်ရာ ကောင်းမွန်မှုရှိခြင်း), reliability (အားကိုးအားထားရခြင်း), professionalism (ပရော်ဖက်ရှင်နယ်ဆန်ခြင်း), confidentiality (လျှို့ဝှက်အပ်သောအရာများကို လျှို့ဝှက်ထားနိုင်ခြင်း), honest (ရိုးသားမှုရှိခြင်း) အစရှိတဲ့စွမ်းရည်များရှိနေဖို့လည်း လိုအပ်ပါသေးတယ်။ 


၃။ ဆက်ဆံရေးများကိုတည်ဆောက်နိုင်စွမ်း/ Team ကို တည်ဆောက်နိုင်စွမ်း (Relationship/ Team Building) 

ခေါင်းဆောင်မှုပြုလုပ်သည်ဟုဆိုရာတွင် တူညီတဲ့ရည်မှန်းချက်တစ်ခုထံသို့ အတူတကွပူးပေါင်းဆောင်ရွက်မှုပြုလုပ်၍ ရောက်ရှိအောင်သွားနိုင်စွမ်းရှိတဲ့သူများကို team တစ်ခုအဖြစ် စုဝေးတည်ဆောက်၍ ၎င်းတို့ကိုထိန်းသိမ်းထားနိုင်ဖို့လည်းလိုအပ်ပါတယ်။ Team building ပြုလုပ်ရာတွင် အခြားသောခေါင်းဆောင်မှုဆိုင်ရာ စွမ်းရည်များဖြစ်တဲ့ effective communication skill (ထိရောက်စွာပြောဆိုဆက်ဆံတတ်မှု) နှင့် conflict resolution (ဖြန်ဖြေတတ်မှု) စွမ်းရည်များကိုလည်း လိုအပ်ပါလိမ့်မယ်။ Relationship building ဟာ ခေါင်းဆောင်မှုဆိုင်ရာ ရာထူးနေရာများအတွက် အရေးအကြီးဆုံးကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်အကြားတွင် အပြန်အလှန်နားလည်မှုရှိထားပါက အားသာချက်များကို ထုတ်ယူသုံးစွဲ၍ လုပ်ငန်းတာဝန်များကိုခွဲဝေရာတွင်နှင့် မိမိတို့ချမှတ်ထားတဲ့ ရည်မှန်းချက်များကို ရရှိအောင်မြင်ရန်အတွက် ဆောင်ရွက်ကြရာတွင် အထစ်အငေါ့မရှိပဲ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်ကြမှာဖြစ်ပါတယ်။ Relationship building စွမ်းဆောင်ရည်အတွက် Colloboration (ပူးပေါင်းဆောင်ရွက်တတ်မှု), Management (စီမံခန့်ခွဲမှု), Interpersonal (လူအများနှင့်ဆက်ဆံတတ်မှု), Social (ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု), Communication (ပြောဆိုဆက်ဆံရေး), Active listening (တက်ကြွစွာနားထောင်တတ်မှု), Teamwork (အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်မှု) အစရှိတဲ့စွမ်းရည်များကိုလည်း လိုအပ်မှာဖြစ်ပါတယ်။ 


၎။ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည် (Problem-Solving)

ကောင်းမွန်တဲ့/ တော်တဲ့ခေါင်းဆောင်များဟာ လုပ်ငန်းများအတွင်း ပေါ်ပေါက်လာတတ်တဲ့ပြဿနာများကို ကောင်းမွန်စွာဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။ ထိရောက်စွာပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် အမြဲလိုလို စိတ်တည်ငြိမ်စွာဖြင့် တဆင့်ပြီးတဆင့် အဖြေများထုတ်သွားနိုင်ဖို့လိုအပ်ပါတယ်။ ပြဿနာဖြေရှင်းမှုစွမ်းရည်ဟာ ခေါင်းဆောင်များအနေနဲ့ မိမိတို့ရဲ့ team နှင့် အခြားသော team များတွင် တွေ့ကြုံနေရတဲ့ အခက်အခဲများကို လျှင်မြန်စွာဖြေရှင်းနိုင်ဖို့အတွက် ဆုံးဖြတ်ချက်များကို လျှင်မြန်စွာချမှတ်ပေးဖို့ အကူအညီဖြစ်စေနိုင်ပြီး လုပ်ငန်းပရောဂျက်များကို အချိန်မှီပြီးစီးအောင် ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။ ထိရောက်တဲ့ ပြဿနာဖြေရှင်းမှုစွမ်းရည်ရှိလာစေရန်အတွက် Critical thinking (စဉ်းစားတွေးခေါ်တတ်မှု), Analytical Skills (ခွဲခြမ်းစိတ်ဖြာ၍ လေ့လာနိုင်မှု), Research (လေ့လာစူးစမ်းနိုင်မှု), Decisiveness (ထိရောက်စွာဆုံးဖြတ်ချက်ချနိုင်မှု) တို့ကို လိုအပ်မှာဖြစ်ပါတယ်။ 


၅။ အားကိုးအားထားပြုနိုင်ခြင်း (Dependability) 

အားကိုးရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ လူအများကသင့်အပေါ်ယုံကြည်မှုရှိပြီး သင့်ကိုအားကိုးမှုရှိနေခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ Dependable ဖြစ်တဲ့သူတစ်ဦးဟာ အစီအစဉ်များအတိုင်း အောင်မြင်အောင်ဆောင်ရွက်နိုင်ပြီး ကတိတည်တတ်သူတစ်ဦးဖြစ်ပါတယ်။ Dependable ဖြစ်တဲ့ ခေါင်းဆောင်တစ်ဦးမှ ဖန်တီးတည်ဆောက်ထားတဲ့ ရင်းနှီးပတ်သက်မှုများဟာ ခိုင်မာမှုရှိပြီး မည်သို့သောအခက်အခဲမျိုးနှင့် တွေ့ကြုံရပါစေ ကောင်းမွန်စွာစွမ်းဆောင်ပေးနိုင်စွမ်းရှိတဲ့ team တစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ Dependable ဖြစ်တဲ့ professional တစ်ဦးဖြစ်လာဖို့အတွက် အရင်ဦးစွာ deadline များအမှီ အလုပ်ပြီးမြောက်နိုင်စွမ်းရှိဖို့၊ ရိုးသားပွင့်လင်းမှုရှိဖို့၊ ကတိပေးထားတဲ့အတိုင်း ဖြစ်မြောက်အောင်လုပ်တတ်ဖို့နှင့် သင်ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်မပေးနိုင်တော့တဲ့အခါတွင်လည်း တစ်ဖက်သားကို စောစီးစွာ အသိပေး၍ အဖြေရှာခြင်း (သို့) backup plan တစ်ခုအမြဲတမ်းရှိနေဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ Dependable ဖြစ်တဲ့ ခေါင်းဆောင်များတွင် Realistic goal-setting (ယုတ္တိရှိတဲ့ ရည်မှန်းချက်များကို ချမှတ်ပေးတတ်ခြင်း), Integrity (သမာသမတ်ကျခြင်း), Timeliness (အချိန်တိကျခြင်း), Initiative (ကြိုတင်ဆောင်ရွက်တတ်ခြင်း), Detail oriented (အသေးစိတ်ဂရုစိုက်တတ်ခြင်း), Loyal (သစ္စာရှိခြင်း), Truthfulness (ရိုးသားမှန်ကန်ခြင်း) အစရှိတဲ့အရည်အချင်းများကို တွေ့မြင်ရလေ့ရှိပါတယ်။ 


၆။ သင်ကြားမှုပြုလုပ်ပေးနိုင်စွမ်း (Teaching & Mentoring) 

ခေါင်းဆောင်မှုဆိုင်ရာ ရာထူးနေရာများကို အခြားသောကျွမ်းကျင်မှုများမှ ကွဲထွက်လာစေတဲ့ နောက်ထပ်ကျွမ်းကျင်မှုတစ်ခုကတော့ သင်ကြားမှုပြုလုပ်ပေးနိုင်စွမ်းပဲဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များကို ထိရောက်စွာသင်ကြားပေးနိုင်ခြင်း (သို့) ၎င်းတို့ရဲ့ career လမ်းကြောင်းများတွင် တိုးတက်မှုရှိလာစေရန် အကြံဉာဏ်များပေးနိုင်ခြင်းဟာ organization တစ်ခုတွင် တိုးတက်မှုများရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီစွမ်းဆောင်ရည်ကို ရရှိနိုင်ဖို့အတွက် ခေါင်းဆောင်သူများအနေနဲ့ မိမိတို့အတွက်သာတွေးနေမည့်အစား မိမိတို့ရဲ့ team တစ်ခုလုံးအနေနဲ့ အောင်မြင်မှုများကို ဆောင်ကြဉ်းနိုင်စေရန် မည်ကဲ့သို့ ဆောင်ရွက်ပြုလုပ်၍ရနိုင်မလဲဆိုတာကို ပိုမို၍ တွေးတောပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ဦးဆိုသည်မှာ - မိမိတို့ရဲ့ team member များကို ကောင်းမွန်စွာသင်ကြား၍ လမ်းညွှန်မှုများပြုလုပ်ပေးနိုင်ဖို့ကိုလည်း လိုအပ်ပါတယ်။ ဒီလိုအရည်အချင်းရှိတဲ့ ခေါင်းဆောင်သူများတွင် Motivation (စိတ်ဓါတ်ခွန်အားပေးနိုင်စွမ်း), Clarity (ပွင့်လင်းမြင်သာမှုရှိခြင်း), Able to recognize and reward (အသိအမှတ်ပြု၍ ထိုက်သင့်တဲ့ ဆုလာဒ်များ ချီးမြှင့်နိုင်စွမ်း), Understanding employee differences (ဝန်ထမ်းများရဲ့ မတူကွဲပြားမှုများကို နားလည်ပေးနိုင်စွမ်း), Assessing (အကဲဖြတ်မှုကျွမ်းကျင်ခြင်း), Helpfulness (အကူအညီပေးတတ်ခြင်း), Positive reinforcement (အပြုသဘောဆောင်တဲ့ သင်ကြားပြသမှုများကို ပြုလုပ်ပေးနိုင်စွမ်း) အစရှိတဲ့စွမ်းရည်များကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Tharaphu Soe Myint Company Limited

Tharaphu Soe Myint Company Limited

Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS