Jobs In Myanmar
Load...

အမေရိကန်တရားရေးရာဌာနမှ Google အပေါ် တရားစွဲဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-US-Google-Lawsuit-JobsInYangon



အမေရိကန်တရားရေးရာဌာနမှ Google အပေါ် တရားစွဲဆိုမှုတစ်ရပ်ပြုလုပ်ခဲ့ 

 

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က U.S တရားရေးရာဌာနမှ Google ဟာ အပြိုင်အဆိုင်ကုမ္ပဏီများကိုပိတ်ဆို့ခြင်း လုပ်ဆောင်ချက်များကို search and advertising ဈေးကွက်အတွင်း ပြုလုပ်လျှက်ရှိကာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားလျှက်ရှိသည်ဟူသည့် စွဲဆိုချက်တစ်ရပ်ဖြင့် တရားစွဲဆိုခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ်တွင် Apple ဟာ Google ရဲ့ search engine ကို Apple device များအားလုံးတွင် ကြိုတင်သတ်မှတ်ပေးထားသော search engine တစ်ခုဖြစ်စေရန်အတွက် သဘောတူညီချက်တစ်ရပ်ကို ဖြည့်စွက်ခဲ့ ပါတယ်။ New York Times ရဲ့ သတင်းများအရ  Apple က သူတို့ရဲ့ device များအပေါ်တွင် ထိုသို့ပြုလုပ်ပေးနေသည့် အတွက် Google ထံမှ တစ်နှစ်လျှင် 8 – 12 Billion ဒေါ်လာရရှိလျှက်ရှိနေသည်ဟု ဆိုပါတယ်။ ဒါဟာ Google က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပေးချေခဲ့ဖူးခြင်းမရှိသော များပြားလှတဲ့ ငွေပမာဏတစ်ခုဖြစ်ကာ Apple ရဲ့ နှစ်စဉ် အမြတ်ငွေများရဲ့ 14 – 21% အထိ ဟာ ထိုသဘောတူညီချက်ကနေ ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

တရားသူကြီးများကတော့ ဒီ သဘောတူညီချက်ဟာ တရားမဝင်တဲ့ နည်းဗျူဟာများကိုအသုံးပြုပြီး Google က သူတို့ ရဲ့ဈေးကွက်လက်ဝါးကြီးအုပ်မှုကို ထိန်းသိမ်းထားနိုင်ရန်နှင့် အပြိုင်အဆိုင်ကုမ္ပဏီများကို ဖယ်ရှားရန်ပြုလုပ်ချက်တစ် ရပ်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ တရားရေးရာဌာနရဲ့အဆိုအရ Google ရဲ့ search traffic တစ်ဝက်နီးပါးခန့် ဟာ Apple device များထံမှ လာနေတာဖြစ်ပြီး Google ရဲ့ business model ဟာ ads (ကြော်ငြာ) များကို မှီခိုအားထားနေရတဲ့ စနစ်ဖြစ်နေတဲ့အတွက် ဒီသဘောတူညီချက်အားဆုံးရှုံးရခြင်းကို ကုမ္ပဏီအတွင်းတွင် အနီရောင်အဆင့် သတ်မှတ်ထားသည်ဟု ဆိုခဲ့ပါတယ်။ 

တရားရေးရာဌာနရဲ့ ဒီစွက်ဖက်မှုကြောင့် Apple ဟာ သူတို့ရဲ့ အမြတ်ငွေအတော်များများကို ဆုံးရှုံးရနိုင်ချေရှိနေပြီး Google အတွက်တော့ ပိုမို၍အန္တရာယ်ရှိနိုင်နေကာ သူတို့ရဲ့ traffic ကို ပြန်လည်အစားထိုးနိုင်မယ့် အခြားသောနည်းလမ်းရှိတော့မှာမဟုတ်ပါဘူး။ ထို့အပြင် ဒီကိစ္စရပ်ကြောင့် Apple က အခြားသော search engine တစ်ခုကို ဝယ်ယူခြင်း (သို့) ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လာနိုင်တဲ့အတွက် Google အနေနဲ့ Apple နဲ့ ပြန်လည်လက်တွဲနိုင်ဖို့ဟာ ဖြစ်နိုင်ချေနည်းပါးသွားပြီပဲဖြစ်ပါတယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS