Jobs In Myanmar
Load...

Vodafone မှ SD-WAN ကွန်ယက်ကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-IT-Vodafone-SDWAN-JobsinYangon



Czech Republic ဟာ Vodafone မှာ အဆိုပါ network solution ကို စတင်ရောင်းချမည့် ပထမဆုံး ဥရောပ နိုင်ငံဖြစ်ပါတယ်။
SD-WAN ဆိုသည်မှာ Network လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းကာ စီမံပေးနိုင်ပြီး ရှုပ်ထွေး သော network များကို စီမံခန့်ခွဲမှုပြုနိုင်ရန် လွယ်ကူမှုရှိစေသည့် intelligent network တစ်ခုဖြစ်ပါ သည်။ အဆိုပါ SD-WAN အတွက် ပင်မ portal တစ်ခုရှိရုံနဲ့ လုံလောက်မှုရှိပါတယ်။ ဒီ Vodafone ရဲ့ software-defined network ဟာ Vmware ရဲ့ VeloCloud ပေါ်တွင် အလုပ်လုပ်မှာဖြစ်ပါတယ်။ Vodafone ရဲ့ Software-Defined Wide Area Network ကြောင့် ကုမ္ပဏီများဟာ လုပ်ငန်းများကို ပိုမို၍ ထိထိရောက်ရောက်လုပ်နိုင်လာမှာဖြစ်ကာ တစ်ချိန်တည်းမှာပင် ငွေကြေးကုန်ကျမှုကို သိသိ သာသာ သက်သာစေမှာပဲဖြစ်ပါတယ်။ လုပ်ငန်းများဟာ data traffic များကို software-defined network ပေါ်တွင် ငွေကုန်ကြေးကျပိုမိုသက်သာစေမည့်နည်းလမ်းဖြင့်ပေးပို့နိုင်မှာဖြစ်တဲ့အပြင် လုံ ခြုံစိတ်ချရပြီး ပြတ်တောက်မှုမရှိတဲ့ ကွန်ယက်ချိတ်ဆက်မှုကို ရရှိစေမှာဖြစ်ပါတယ်။
 
“Vodafone“ ရဲ့ SD-WAN ဟာ network data များကို အသိဉာဏ်ရှိရှိနဲ့ ပို့လွှတ်ပေးမှာဖြစ်ပြီး ငွေပေးခြေမှုစနစ်များ၊ Office 365 (သို့) အသံနှင့် ရုပ်သံအစည်းအဝေးများကဲ့သို့သော အရေးကြီး တဲ့ application များနဲ့ လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အသုံးပြု သူများဟာ သူတို့လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အင်တာနက်ချိတ်ဆက်မှုများကိုရရှိသွားမှာ ဖြစ်ပါတယ်။ Vodafone နှင့် Vmware ရဲ့နည်းပညာများကိုပေါင်းစည်းလိုက်ခြင်းက သုံးစွဲသူများကို လတ်တစ်လောဖြစ်ပေါ်နေသည့်လိုအပ်ချက်များအလိုက် ထိပ်တန်းဝန်ဆောင်မှုပေးအပ်နိုင်စေရန် လုပ်ဆောင်ပေးနိုင်သည့်အတွက် ငွေကြေးကုန်ကျမှုသက်သာစေသည့် ထိရောက်သော ဖြေရှင်း နည်းတစ်ခုဖြစ်ပါသည်ဟု Czech Republic နိုင်ငံရှိ Vodafone ရဲ့ လုပ်ငန်းကြီးများမှ သုံးစွဲသူများကဏ္ဍ၏ ဒုတိယအကြီးအကဲဖြစ်သူ Jonathan Rutherford မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
SD-WAN ကြောင့် Vodafone ကိုအသုံးပြုသူများဟာ coronavirus ကပ်ရောဂါကြောင့်ဖြစ်ပေါ် လာမည့် အကျိုးဆက်များကို လွယ်ကူစွာကျော်လွှားနိုင်တော့မှာဖြစ်ပါတယ်။ ၎င်းဟာ အိမ်မှအလုပ် လုပ်နေရပြီး သူတို့ရဲ့လုပ်ငန်းစဉ်များကို ဒီဂျစ်တယ်အချက်အလက်များအဖြစ်ပြောင်းလဲဖို့လိုအပ်နေ တဲ့ကုမ္ပဏီများအတွက်လဲ အလွန်သင့်တော်လှပါတယ်။
“ ဒီ network ရဲ့အစိတ်အပိုင်းတိုင်းဟာလုံခြုံစိတ်ချမှုရှိပြီး ဒေတာများကို encrypt (ပုံဖျက်မှု၊ ဝှက်စာ များအဖြစ်) ပြုလုပ်ထားကာ သုံးစွဲသူများမှ သတ်မှတ်ထားသည့် ဥပဒေများနှင့် အုပ်ချုပ်ထားရှိပါ တယ်။ တစ်ချိန်တည်းမှာပင် ဒီ network ဟာ လိုက်လျောညီထွေစွာလုပ်ဆောင်နိုင်ပြီး ယနေ့ခေတ် ရဲ့ ပြောင်းလဲနေတဲ့ကမ္ဘာရှိ သုံးစွဲသူတို့၏ လိုအပ်ချက်များအလိုက် တုန့်ပြန်မှုပြုလုပ်ပေးနိုင်ပါတယ်။ လို့လဲ Rutherford မှ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။“
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
 
 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS