Jobs In Myanmar
Load...

သင့်အနေနဲ့ အလုပ်အသစ်တစ်ခုကို လိုအပ်နေပြီဖြစ်ကြောင်း ပြသနေတဲ့ အချက် (၄) ချက်

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Career-Signs-NewJob-JobsInYanogn



သင့်အနေနဲ့ အလုပ်အသစ်တစ်ခုကို လိုအပ်နေပြီဖြစ်ကြောင်း ပြသနေတဲ့ အချက် (၄) ချက်

 

နေ့တိုင်းအလုပ်သို့သွားနေရတာကို သင်မနှစ်သက်တော့ဘူးလို့ ခံစားနေရပါသလား? အမြဲတမ်း စိတ်ရှုပ်နေရပြီး တစ်ခါတစ်ရံတွင် စိတ်တိုဒေါသထွက်စရာ ကိစ္စများနဲ့လည်း တွေ့ကြုံနေရပါသလား? အလုပ်မှနှုတ်ထွက်ဖို့ စဉ်းစားလျှက်ရှိနေပေမယ့် သင့်အနေနဲ့ ထွက်သင့်လား/ ဆက်နေသင့်လားဆိုတာကို ဝေခွဲမရဖြစ်နေပါသလား? ဒါဆိုရင်တော့ သင့်အနေနဲ့ လက်ရှိအလုပ်ကနေထွက်ပြီး အလုပ်အသစ်တစ်ခုကိုရှာဖို့ အချိန်ရောက်လာပြီလို့ ယူဆနိုင်ပါတယ်။ 

ဘယ်အချိန်မှာအလုပ်တစ်ခုကနေ ထွက်ခွာသင့်သလဲဆိုတာကို သိရှိနိုင်ဖို့ အနည်းငယ်ခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်ကထွက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သင့်ထံတွင်စဉ်းစားစရာများ များစွာရှိလာမှာဖြစ်လို့ပါပဲ။ ဥပမာအားဖြင့် - အကယ်၍ သင်နောက်ထပ်အလုပ်တစ်ခုပြန်မရခဲ့ရင် ဘယ်လိုလုပ်မလဲ? အလုပ်တစ်ခုမှထွက်ပြီး နောက်အလုပ်တစ်ခုမရခင် ကြားကာလမှာ သင်ဘယ်လိုတောင့်ခံထားနိုင်မလဲ? အစရှိတဲ့ မေးခွန်းတွေပေါ့ . . .

အလုပ်လုပ်ကိုင်ရတာ ပျော်ရွှင်မှုမရှိတဲ့နေရာတစ်ခုတွင် အချိန်ကြာမြင့်စွာဆက်လက်လုပ်ကိုင်နေခြင်းဟာ သင့်အပေါ် ဆိုးကျိုးများကိုသက်ရောက်လာစေနိုင်ပြီး လေ့လာမှုများအရ သင်မနှစ်သက်တဲ့အလုပ်တစ်ခုတွင် ဆက်လက်လုပ်ကိုင်နေခြင်းဟာ သင့်ရဲ့အခြေအနေတွေကို ပိုမိုဆိုးရွားလာစေမှာဖြစ်ပါတယ်။ ဒါက . . . သင်ပြန်လည်ရရှိမယ့်အရာတွေနဲ့ တန်ပါရဲ့လား? 

ဒီအတွက် ယနေ့ဆောင်းပါးလေးမှာတော့ ကျွန်တော်တို့က အလုပ်အသစ်တစ်ခုကို ဘယ်အချိန်မှာစတင်ရှာဖွေသင့်နေပြီလဲဆိုတာကို ပြသနေတဲ့ အချက် (၄) ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 


အလုပ်ဟာ အခက်အခဲသိပ်မရှိပဲ ပျင်းရိဖွယ်ကောင်းနေခြင်း 
သင်လုပ်နေရတဲ့အလုပ်ဟာ လွယ်ကူလွန်းတယ်လို့ထင်နေပြီဆိုပါက သင့်အနေနဲ့ထိုအလုပ်မှထွက်ခွာဖို့အချိန်ရောက်လာပါပြီ။ အလုပ်အပေါ်စိတ်ကျေနပ်မှုရှိနေစေဖို့အတွက် မိမိထံတွင် တစ်ကိုယ်ရည်ရည်မှန်းချက်များဖြစ်စေ၊ အောင်မြင်မှုမှတ်တိုင်များဖြစ်စေ အစရှိတဲ့ မျှော်မှန်းနိုင်တဲ့ ရည်မှန်းချက်တစ်ခုခုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ပတ်လျှင် ၅ ကြိမ် စောစောထရပြီး အလုပ်သို့တရွတ်ဆွဲပြီးသွားနေရတယ်လို့ ခံစားနေရရင်တော့ သင့်အနေနဲ့ အခြားသောအခွင့်အလမ်းသစ်တွေကို ရှာဖွေသင့်နေပြီပဲဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း တိုးတက်မှုရှိမလာတဲ့ ပုံမှန်လုပ်ဆောင်မှုများကို စွန့်ခွာဖို့ လိုအပ်နေပါပြီ။ 


သင့်အတွက် တိုးတက်မှုများရှိမလာခြင်း 
အလုပ်တစ်ခုကို မိမိဖက်က ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မိမိကိုယ်ကို ဂုဏ်ယူခြင်းအပြင် ကျွန်ုပ်တို့အနေနဲ့ အခြားသူများမှ ကျွန်ုပ်တို့ရဲ့ အားထုတ်လုပ်ဆောင်ချက်များနဲ့ ကျွမ်းကျင်မှုများအတွက် ထိုက်သင့်တဲ့အသိအမှတ်ပြုမှုနဲ့ ဆုချခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုလားကြမှာဖြစ်ပါတယ်။ အကယ်၍ ကျွန်ုပ်တို့မှ လုပ်ဆောင်ပေးလိုက်ရတဲ့ အလုပ်တစ်ခုကနေ ပြန်လည်ရရှိလာတဲ့ အကျိုးအမြတ်များဟာ ကျွန်ုပ်တို့ အားစိုက်ထုတ်ရတာနဲ့ ညီမျှမှုမရှိဘူးဟု ယူဆမိပါက ကျွန်ုပ်တို့ကျွမ်းကျင်တဲ့အရည်အချင်းများနဲ့ ပိုမိုထိုက်တန်တဲ့ကုမ္ပဏီသို့ ရှာဖွေ၍ပြောင်းရွှေ့လိုကြမည်မှာ ပုံမှန်ပဲဖြစ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ဒီအပိုဒ်မှာပြောကြားခဲ့တဲ့အတိုင်းဖြစ်နေပြီး သင့်ရဲ့ကျွမ်းကျင်မှုများကို ကောင်းမွန်စွာအသုံးချ၍မရနိုင်တဲ့ ရာထူးတစ်ခုတွင် ရပ်တန့်နေခဲ့ပါက ဒီအချိန်ဟာ အခြားသောအခွင့်အလမ်းများကို စဉ်းစားဖို့သင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ 


သင့်ကုမ္ပဏီမှ သင့်အပေါ်တွင် invest မလုပ်ခြင်း
 ကောင်းမွန်မှုမရှိတဲ့ Workplace Culture တစ်ခုဟာ သင့်ကို စိတ်ပင်ပန်းလာစေနိုင်ပါတယ်။ သင့်မန်နေဂျာက သင့်အပေါ်ပညာပြနေခြင်း၊ သင့်ကုမ္ပဏီကလည်း သင်နဲ့ထိတွေ့မှုမရှိခြင်း၊ ဝန်ထမ်းများဟာလည်း တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မလုပ်ပဲ သီးခြားသာ အလုပ်လုပ်နေကြခြင်းတို့ဖြစ်နေပါက ထိုကဲ့သို့သောလုပ်ငန်းခွင်မျိုးတွင် သင်ဆက်လက်လုပ်ကိုင်နေ၍ရော ဘာများထူးလာမှာလဲ? 

အလုပ်ရှင်ကောင်းများဟာ ဝန်ထမ်းများအဖို့ professional ဆန်စွာတိုးတက်လာစေဖို့အတွက် ရှင်းလင်းတိကျတဲ့လမ်းညွှန်မှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုမဟုတ်ရင်တောင်မှ အနည်းဆုံးတော့ သင်ကိုယ်တိုင် မိမိရဲ့တိုးတက်မှုအတွက် ကြိုးစားနေခြင်းကို အားပေးအားမြှောက် ပြုပေးသင့်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ဒီအလုပ်မှာဆက်လက်လုပ်ကိုင်နေခြင်းက ရှေ့လျှောက်ပို၍ ထူးခြားကောင်းမွန်လာနိုင်ဖွယ်မရှိဘူးဟု သိရှိနေပါက ပိုမိုကောင်းမွန်တဲ့ Company Culture နဲ့ Professional Development ကိုအားပေးတဲ့ အလုပ်ရှင်မျိုးရှိနေတဲ့ကုမ္ပဏီကို ရှာဖွေ၍ ပြောင်းရွှေ့သင့်နေပြီပဲဖြစ်ပါတယ်။ 

 

အလုပ်လုပ်ရတာကို မပျော်ရွှင်တော့ခြင်း 
လုပ်ငန်းခွင်တစ်ခုအတွင်းတွင် အလုပ်လုပ်ရတာဟာ နေ့စဉ်နဲ့အမျှ မပျော်ရွှင်နိုင်ပဲဖြစ်နေရင်တောင်မှ တစ်ချို့သောသူများက ထိုအလုပ်တွင် အကြာကြီးဆက်လက်၍လုပ်ကိုင်နေနိုင်ကြတာဟာ အံ့ဩစရာကောင်းလှပါတယ်။ သင့်ထံတွင် ပေးဆောင်စရာ Bill များ၊ မိသားစုတာဝန်များ များစွာရှိနေတဲ့အခါမှာ ဒီလိုပဲဆိုတာကိုနားလည်ပေးနိုင်ပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ ဒီတိုးတက်မှုမရှိတဲ့ “တက်လမ်းပိတ်နေတဲ့” ရာထူးတစ်ခုကို လွှတ်ချလိုက်ပြီး ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုကိုရှာဖွေခြင်းက ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုတွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ “လူ့လောကသို့ သင်ရောက်လာခြင်းဟာ အဆိုးတွေနဲ့ချည်း တွေ့ကြုံနေရဖို့မဟုတ်ပါဘူး။” 


ဒီဆောင်းပါးလေးကိုဖတ်ရှုပြီးနောက် သင့်အနေနဲ့ ဒီလိုကပ်ရောဂါပြန့်ပွားနေဆဲကာလနဲ့ လက်ရှိအခြေအနေတွေကြားမှာ ငါဘယ်လိုအလုပ်လျှောက်ရပါ့မလဲလို့ တွေးနေရင်တော့ ဒီအတွက်မပူပါနဲ့။ www.jobsinyangon.com မှာ ကုမ္ပဏီများစွာမှ အလုပ်ကြော်ငြာပေါင်းများစွာကို တင်ထားတဲ့အတွက် သင်နဲ့ကိုက်ညီမှုရှိတဲ့အလုပ်ကို မိမိတို့ကိုယ်တိုင် အကောင့်ဖွင့်ပြီး ရှာဖွေလျှောက်ထား၍ ရနေပါပြီ။ 


ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)
Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
La Pyae Wun Co.,Ltd

La Pyae Wun Co.,Ltd

Our company vision is to develop our work efforts in real estate managements and construction. In which we solely believe that the key to success is having a goal and effectively working everyday to r...
Show the postings (11)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS