Jobs In Myanmar
Load...

သင့်ရဲ့ Boss ကို ထိရောက်စွာကူညီစီမံပေးနိုင်မည့်နည်းလမ်းများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Effective-Management-Boss-JobsinYangon



သင့်ရဲ့ Boss ကို ထိရောက်စွာကူညီစီမံပေးနိုင်မည့်နည်းလမ်းများ 

 

ကျွန်ုပ်တို့နိုးထနေသည့်အချိန်တွေရဲ့အတော်များများကို အလုပ်ခွင်အတွင်းတွင်ကုန်ဆုံးရတာဖြစ်တဲ့အတွက် သင်နဲ့သင့်ရဲ့ boss တို့အကြားက ဆက်ဆံရေးဟာ အဆင်မပြေမှုတွေရှိနေတဲ့အခါ ဒီအချိန်များဟာ လွန်စွာ စိတ်ပျက်ဖွယ်ကောင်းနေမှာဖြစ်ပါတယ်။ 

အချို့သောသူများက ဒီအခြေအနေကို အံကြိတ်ပြီဖြတ်သန်းတတ်ကြပေမယ့် ဒီလိုအခြေအနေမျိုးအောက်မှာ အလုပ်ကိုကောင်းမွန်စွာလုပ်နိုင်မှာမဟုတ်ပါဘူး။ 

အခြားသူများကတော့ အခြားသူများကိုထိန်းချုပ်ခြင်းနဲ့ ကစားပွဲများကစားကြပြီး ဒီအရာများဟာ များသောအား ဖြင့် ဆိုးဆိုးရွားရွားအဆုံးသတ်သွားတတ်ကြပါတယ်။ နောက်ပြီး ဒီအရာက ကျင့်ဝတ်နဲ့လည်း မလျှော်ညီပါဘူး။ 
အလုပ်ခွင်အတွင် ကျွန်ုပ်တို့အနေနဲ့ ကြိုးစားလုပ်ဆောင်နိုင်ဖို့မှာ ကျွန်ုပ်တို့အကြားကပေါင်းသင်းဆက်ဆံမှုများ (အထူးသဖြင့် ကျွန်ုပ်တို့နဲ့ boss အကြား ပေါင်းသင်းဆက်ဆံမှုများ) အဆင်ပြေချောမွေ့နေစေဖို့လိုအပ်ပါတယ်။ 
ထိုသို့ဖြစ်နေဖို့အတွက် လိမ္မာပါးနပ်တဲ့အမူအကျင့်တွေနဲ့ ထိရောက်တဲ့ကျွမ်းကျင်မှုများသာလိုအပ်ပါတယ်။ အောက်ပါအချက်များကတော့ သင့်ရဲ့ boss ကိုသာမက သင်ဦးဆောင်နေရတဲ့သူများကိုပါ လိမ္မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေမယ့်နည်းလမ်းများပဲဖြစ်ပါတော့တယ်။ 

၁။ ပြဿနာရှာတတ်သူတစ်ဦးမဖြစ်ပါစေနဲ့၊ ဖြေရှင်းသူတစ်ဦးဖြစ်ပါစေ။ ပြဿနာရပ်များဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ရှိနေမှာပါ၊ သို့သော်လည်း တစ်ခါတစ်ရံတွင် ပြဿနာများကိုဖြေရှင်းရန်အကောင်းဆုံးနည်းလမ်းဟာ ထိုအရာများနဲ့ မပက်သတ်အောင်နေဖို့ပါပဲ။ ကောင်းမွန်တဲ့ ပြဿနာဖြေရှင်းသူတစ်ဦးဆိုတာဟာ ပြဿနာရပ်များ ကို ဒရာမာချိုးတတ်သူ (သို့) ပိုဆိုးအောင်ပြုလုပ်တတ်သူမဟုတ်တဲ့သူပဲဖြစ်ပါတယ်။ သင့်ရဲ့ boss အတွက် ပြဿနာများကို အနည်းဆုံးထိုပြဿနာရပ်များကိုဖြေရှင်းနိုင်မယ့် ကောင်းမွန်တဲ့နည်းလမ်းတစ်ခုခုရှိမနေပဲနဲ့ ဘယ်တော့မှ ယူဆောင်မသွားလိုက်ပါနဲ့။ ကောင်းမွန်တဲ့ခေါင်းဆောင်မှုရဲ့ အဓိကအရေးပါတဲ့အချက်နဲ့ အောင်မြင် တဲ့ စီမံခန့်ခွဲမှုတစ်ခုဖြစ်စေဖို့ဟာ သင်တတ်နိုင်သမျှ အကောင်းဆုံး ပြဿနာဖြေရှင်းတတ်သူတစ်ဦးဖြစ်နေဖို့ပါပဲ။ 

၂။ သင့်အနားရှိလူတိုင်းဟာ ပြဿနာတက်နေရင်တောင်မှ စိတ်ကိုငြိမ်ငြိမ်ထားပါ။ အရာရာတိုင်းဟာ အစီအစဉ် အတိုင်းဖြစ်မလာပဲ ပြိုလဲနေတဲ့အခါ သင့်အနေနဲ့ စိတ်တည်ငြိမ်မှုပျောက်မသွားစေရန် သတိထားပါ။ အရာရာ တိုင်းဟာ အေးအေးဆေးဆေးရှိနေတဲ့အခါမှာ ကောင်းမွန်အောင်လုပ်ဆောင်ဖို့ကလွယ်ကူပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လုံးဝထင်ထင်ရှားရှားရှိနေလိုရင်တော့ လိမ္မာပါးနပ်စွာလုပ်ဆောင်သင့်တဲ့အချက်ကတော့ ပြဿနာ ရပ်များကြားတွင်ပင် တည်တည်ငြိမ်ငြိမ်ရှိနေတတ်ဖို့ပါပဲ။ လူတိုင်းကဒေါသထွက်ပြီး သူတို့ရဲ့မကျေနပ်ချက်များ ကိုပြောဆိုနေရင်တောင်မှ သင့်ရဲ့အပြုအမူများဟာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး မျှတမှုရှိနေစေရန် ဂရုစိုက်ပါ။ 

၃။ အခြားသူများကို အပြစ်မတင်ပဲ သင့်ကိုယ်သင်တာဝန်ရှိတယ်ဟုအမြဲမှတ်ယူပါ။ သင့်ရဲ့ဘဝ၊ သင့်ရဲ့လုပ်ငန်း၊ သင့်ရဲ့ဂုဏ်သိက္ခာများဟာ သင်ပြုလုပ်လိုက်တဲ့အတိုင်းပဲ့တင်ထပ်လာမှာဖြစ်ပါတယ်။ သင်မှားယွင်းစွာဆောင် ရွက်မိတဲ့အခါမျိုးမှာ အခြားသူများကို အပြစ်မတင်ပါနဲ့။ ထိုအစား သင့်ရဲ့စိတ်ချယုံကြည်အားကိုးရမှုကိုပြသ သည့်အနေနဲ့ သင် ဘယ်အရာတွေကိုတော့ အမှားပြုမိခဲ့တယ်၊ ဘယ်အရာတွေကိုတော့ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်တယ်ဆိုတာနဲ့ နောက်တစ်ကြိမ်ထိုသို့မဖြစ်အောင် သင့်အနေနဲ့ ဘယ်လိုတားဆီးသွားမလဲ ဆိုတာကို တင်ပြပေးပါ။ ယုံကြည်အားထားရမှုရှိခြင်းဟာ တဖြည်းဖြည်းနည်းပါးလျှက်ရှိနေပြီဖြစ်တဲ့အတွက် ပိုပြီးတန်ဖိုးရှိ လာပါတယ်။ 

၎။ ကောင်းမွန်တဲ့စည်းမျဉ်းများကိုချမှတ်ထားပါ။ သင့်ရဲ့ boss ဟာ သင်နိုးနေတဲ့အချိန်အားလုံးကိုလိုချင်နေ တယ်ဆိုတဲ့အမြင်မျိုးကိုမြင်သွားဖို့မှာလွယ်ကူလှပါတယ်။ သို့သော် လက်တွေ့ဆန်တဲ့ စည်းမျဉ်းများကို ချမှတ် ခြင်းအားဖြင့် သင်ဟာလိမ္မာပါးနပ်မှုရှိပြီး သင့်ကိုယ်သင် ဘယ်လို take care လုပ်ရမလဲဆိုတာကိုသိတဲ့အပြင် သင်ဟာ သင်ယုံကြည်တဲ့အရာတွေကိုပြောဆိုဖို့အတွက်နောက်တွန့်နေမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်ပါ။ အကြောင်းပြချက်တွေမပေးပါနဲ့၊ တောင်းလည်းတောင်းပန်မှုမပြုပါနဲ့ သင့်ရဲ့စည်းမျဉ်းများကိုသာ တည်တည် ငြိမ်ငြိမ်၊ ခိုင်ခိုင်မာမာနဲ့ လေးလေးစားစားသတ်မှတ်ပြောဆိုပါ။ 

၅။ ဘယ်တော့မှ အကြောင်းပြချက်တွေမပေးပါနဲ့။ သင့်ကိုယ်သင်အခြေအနေတစ်ရပ်မှ ကယ်ထုတ်လိုခြင်းဟာ ပုံမှန်ပင်ဖြစ်သော်လည်း အမှန်ကတော့ ဒီအကြောင်းပြချက်များဟာအလုပ်မဖြစ်ပဲ သင့်ကိုဆိုးရွားစွာထင်မြင်ယူ ဆသွားစေနိုင်ပါတယ်။ ထိခိုက်မှုများကို အနည်းဆုံးဖြစ်စေရန်အတွက် သင့်ရဲ့ကိုယ်ပိုင်ပြဿနာများကို တာဝန်ယူ ပြီး ပိုမိုကောင်းမွန်လာစေရန်ကြိုးစားခြင်းဖြင့်ပြုလုပ်လိုက်ပါ။ 

၆။ သင့်ရဲ့ Boss အနေနဲ့ ကြည့်ကောင်းစေရန် ပြုလုပ်ပေးပါ။ တစ်စုံတစ်ယောက်ကိုနှိမ့်ချပြောဆိုခြင်းအားဖြင့် အမြင့်သို့ဘယ်သူမှရောက်မလာပါဘူး။ အထူးသဖြင့် သင့်ရဲ့ boss ဟာ ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိပါက သင်လုပ်နိုင်တဲ့အရာများကိုကူလုပ်ပေးလိုက်ပါ။ သူတို့ကိုကြည့်ကောင်းအောင်ကူညီပေးလိုက်တဲ့အခါမှာ သင်ဟာ အရေးပါတဲ့ဆက်ဆံမှုတစ်ခုကိုတည်ဆောက်နိုင်ခဲ့တဲ့အပြင် တစ်ဖက်မှာလည်း ထိုသို့ပြုလုပ်ခြင်းအားဖြင့် သင့်ကို ကောင်းမွန်တဲ့အမြင်များထင်ဟပ်မှုရှိစေမှာပဲဖြစ်ပါတယ်။ 

၇။ အမြဲတမ်းကောင်းမြင်တတ်သောစိတ်ရှိနေပါစေ။ သင့်ကိုယ်သင်ဆုံးမသွန်သင်ပြီး အခြေအနေရပ်တိုင်းကို အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ရှုနိုင်စေဖို့အတွက်လေ့ကျင့်ထားပါ။ အကောင်းမြင်တဲ့အနေနဲ့ပဲ စဉ်းစား၊ ပြောဆို၊ ပြုမူရပါမယ်။ လူတိုင်းက အကြောင်းအကျိုးမဆီလျှော်တဲ့ ကန့်သတ်ချက်တစ်ရပ်ကိုစောဒကတက်နေကြတဲ့အခါ မှာ ထိုအရာမှရရှိလာနိုင်တဲ့အကျိုးရလာဒ်များကိုရှာဖွေကြည့်ပါ။ ထိုအရာက သင့်ကိုတန်ဖိုးရှိတဲ့အဖွဲ့ဝင်တစ်ဦး ဖြစ်လာစေပြီး အခြားသူများမှ သင့်ကိုကွဲထွက်နေနိုင်စေပါတယ်။ 

အချုပ်အားဖြင့်ဆိုသော် သင်နဲ့ သင့်ရဲ့ boss အကြား ဆက်ဆံရေးကို အခြားသော သင့်ဘဝအတွင်းရှိ အရေးပါတဲ့ ဆက်ဆံရေးများကဲ့သို့ပင်ပြုမူသင့်ပါတယ်။ အချိန်၊ လူအားနဲ့ စိတ်ကူးစိတ်သန်းများကိုအသုံးပြုပြီး သူတို့ကိုပျော် ရွှင်စေရန်ပြုလုပ်ပေးပြီး သင့်ရဲ့အကောင်းဆုံးပုံစံကို တတ်နိုင်သရွေ့ပြသပေးကာ သင့်ကိုယုံကြည်မှုရှိလာစေမည့် အမူအကျင့်များကို လေ့ကျင့်လိုက်ပါ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.


Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS