Jobs In Myanmar
Load...

WeChat ဟာ အိန္ဒိယနိုင်ငံမှအသုံးပြုသူများကို စာတိုပေးပို့မှုများ၊ လက်ခံရယူမှုများပြုလုပ်၍မရစေရန်အတွက် ပိတ်ပင်မှုတစ်ရပ်ကိုပြုလုပ်ခဲ့ 

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: News-India-Banned-WeChat-JobsInYangon



WeChat ဟာ အိန္ဒိယနိုင်ငံမှအသုံးပြုသူများကို စာတိုပေးပို့မှုများ၊ လက်ခံရယူမှုများပြုလုပ်၍မရစေရန်အတွက် ပိတ်ပင်မှုတစ်ရပ်ကိုပြုလုပ်ခဲ့ 

 

တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးများဖြစ်တဲ့ Tencent နှင့် ByteDance တို့ဟာ သူတို့ရဲ့ ရေပန်းစား လူသုံး များတဲ့ app များ အိန္ဒိယအစိုးရမှတားမြစ်လိုက်တဲ့ တရုတ် app ၅၉ ခုအတွင်းပါဝင်ခဲ့တဲ့အတွက် ဆိုးဆိုးရွားရွား အထိနာခဲ့ပါတယ်။ TikTok နဲ့ အခြားတားမြစ်ခံရတဲ့ app များဟာ တားမြစ်ခံရပြီး download ပြုလုပ်နိုင်ခြင်းမရှိ သည့်အချိန်မှာတောင်မှ WeChat အသုံးပြုသူများဟာ အဆိုပါတားမြစ်မှုတွင်ပါဝင်သွားခြင်းမရှိခဲ့ပါဘူး။ 

ပြီးခဲ့တဲ့စနေနေ့ကတော့ ဒီအရာတွေအားလုံးပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ WeChat ဟာ အိန္ဒိယနိုင်ငံရှိ သူတို့ရဲ့ အသုံးပြုသူများကို စာတိုပေးပို့မှု/ လက်ခံရယူမှုများပြုလုပ်နိုင်ခြင်းမရှိစေရန်အတွက် တရားဝင်တားမြစ်ခဲ့ပါ တော့တယ်။ အသုံးပြုသူများစွာဟာ သူတို့ရဲ့ app များမှ အလိုအလျှောက် log out ပြုလုပ်ခြင်းကိုခံခဲ့ရပြီး ထိုသို့ ကြုံတွေ့ခဲ့ရသူများက ထိုအကြောင်းကို Twitter ပေါ်တွင်ရေးသားခဲ့ကြပါတယ်။ 

“အိန္ဒိယနိုင်ငံရဲ့စည်းမျဉ်းများအရ ကျွန်ုပ်တို့ဟာ သင့်ကိုယခုအချိန်မှာ WeChat ရဲ့ဝန်ဆောင်မှုများကိုပေးအပ်၍ မရနိုင်ပါဘူး။ ကျွန်ုပ်တို့ကိုအသုံးပြုပေးတဲ့သူတစ်ဦးချင်းစီတိုင်းကိုတန်ဖိုးထားပြီး ဒေတာအချက်အလက်လုံခြုံမှု နှင့် ကိုယ်ရေးအချက်အလက်များပေါက်ကြားမှုမရှိစေေးမှာ ကျွန်ုပ်တို့အလေးအထားဆုံးအရာတစ်ခုဖြစ်ပါ တယ်။ ကျွန်ုပ်တို့ဟာ သက်ဆိုင်ရာအာဏာပိုင်များနဲ့ ယခုအခါတွင်ဆက်သွယ်လျှက်ရှိပြီး နောင်အနာဂါတ်တွင် ကျွန်ုပ်တို့ရဲ့ဝန်ဆောင်မှုများကိုပြန်လည်ပေးအပ်သွားနိုင်ဖို့အတွက်ကြိုးစားလျှက်ရှိပါတယ်” ဟူ၍ WeChat က သူတို့ရဲ့အသုံးပြုသူများကို notification မှတဆင့်ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ် သောကြာနေ့က မီဒီယာများရဲ့အဆိုအရ အိန္ဒိယအစိုးရဟာ တရုတ်ပြည်မှလာတဲ့ app များကို ထပ်မံ၍ တားမြစ်ချက်များထုတ်ပြန်ဖို့အတွက်စီစဉ်လျှက်ရှိနေတယ်ဟူ၍လည်းသိရှိရပြီး ယခင်က တားမြစ်ထား တဲ့ app များရဲ့ lite ဗားရှင်းများကို download ပြုလုပ်နိုင်သေးသော်လည်း ယခုအခါတွင်တော့ download store များတွင် ထို app များကိုပါဖြုတ်ချလိုက်ပြီဖြစ်တယ်ဟူ၍လည်းသိရှိရပါတယ်။ 

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
PMJ Company Limited

PMJ Company Limited

Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Sweety Home

Sweety Home

...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS