Jobs In Myanmar
Load...

လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုသည်မှာ အဘယ်နည်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: HumanResource-Planning-HR-Management-JobsInYangon



လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုသည်မှာ အဘယ်နည်း

လူသားအရင်းအမြစ်စီမံခန့်ခွဲခြင်း (HRP) ဆိုသည်မှာ အဖွဲ့အစည်းတစ်ခု၏ လိုအပ်လာနိုင်သည့် လူသားအရင်းအမြစ်အား ကြိုတင်ခန့်မှန်းပြီး အဖွဲ့အစည်းအတွင်းရှိလက်ရှိလူသားအရင်းအမြစ်များနှင့်အဆိုပါလိုအပ်ချက်အားမည်သို့အကျိုးရှိစွာအသုံးချကာဖြည့်ဆည်းနိုင်မည်ဆိုသည်ကို ဆုံးဖြတ်ရခြင်းဖြစ်ပါသည်။ ဒါကြောင့်မို့ ထိုအရာဟာ စီးပွားရေးဆိုင်ရာ အခြေခံအတွေးအမြင်တစ်ခုဖြစ်သည့် ရောင်းလိုအားနှင့် ဝယ်လိုအားကို အဖွဲ့အစည်းတစ်ခု၏လူသားအရင်းအမြစ်အနေဖြင့် ရှုမြင်ရခြင်းဖြစ်ပါသည်။

အဖွဲ့အစည်းတစ်ခု၏ အနာဂါတ်တွင်လူသားအရင်းအမြစ်လိုအပ်လာနိုင်မှုအားပြည့်မှီစေရန်အတွက် သင့်တော်သောသူများအား သင့်တော်သည့် ပမာဏအတိုင်း သင့်တော်သည့် အချိန်နှင့်နေရာတွင် ခေါ်ယူနိုင်စေရန်အတွက် စီမံခန့်ခွဲမှု အဖွဲ့အားအကူအညီပေးသည်မှာ HRP လုပ်ငန်းစဉ်ဖြစ်ပါသည်။ HR ဌာနမှ တိကျသေချာစွာ စာရင်းပြုစုပြီးမှသာလျှင် စီမံခန့်ခွဲမှုဖက်မှ ဝန်ထမ်းခေါ်ဆိုခြင်းနှင့် ဝန်ထမ်းရွေးချယ်ခြင်းတို့အား ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အဖွဲ့အစည်းတစ်ခု၏ နည်းဗျူဟာများ နှင့် ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် HRP ဟာ မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါသည်။ ယနေ့ခေတ်တွင် လူသားအရင်းအမြစ်စီမံခန့်ခွဲမှုဟာ နည်း‌ဗျူဟာများ၏မရှိမဖြစ်အချက်များနှင့် ရည်ရှည်ရည်မှန်းချက်များနှင့် ကျယ်ပြန့်စွာဆက်စပ်မှုရှိနေပြီး HR စီမံခန့်ခွဲမှုမှ ယခုအခါတွင် နည်းဗျူဟာကျကျ HR စီမံန့်ခွဲမှုသို့ပြောင်းလဲသွားပြီဖြစ်ပါသည်။

HR စီမံခန့်ခွဲမှုဟာ အဖွဲ့အစည်းတစ်ခု၏လူသားအရင်းအမြစ်လိုအပ်ချက် နံပါတ်များကိုသာ စီမံခန့်ခွဲရသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်သည့်အတွက် လွယ်ကူသည်ဟုထင်မြင်ရသော် လည်း အမှန်တစ်ကယ်ပြုလုပ်ရတဲ့အခါမှာ HR Manager တစ်ဦးအဖို့ လက်ရှိအဖွဲ့အစည်းအတွင်းကအလုပ်သမားထုကြောင့် အခက်အခဲများစွာနဲ့ တွေ့ကြုံရနိုင်သလို လုပ်ငန်း၏ရည်မှန်းချက်များပြည့်မှီစေရန်အတွက် ဖိအားများနှင့် လက်ရှိဖြစ်ပျက်နေတဲ့ အလုပ်သမားဈေးကွက်အခြေအနေများအရပါ အခက်အခဲများရှိနိုင်ပါသည်။ ဒါကြောင့်မို့ HR Planning ဟာ အောက်ပါနည်းလမ်းများအရ အဖွဲ့အစည်းများအား အကူအညီပြုပေးနေပါသည်။

▪    HR manager များဟာ ဖြစ်ရပ်များကြောင့် အပြောင်းအလဲများဖြစ်လာသည့်အခါ အံ့အားသင့်နေရမည်ထက် အလုပ်သမားလိုအပ်ချက်များကို အစဉ်မပျက်ခန့်မှန်းနေရပါသည်။

▪ ပြောင်းလဲနေသောအလုပ်သမားဈေးကွက်၏ထောင်ချောက်များထဲသို့ မိမိကုမ္ပဏီကျရောက်မသွားစေရန်ကာကွယ်ရပါသည်။ ဒါဟာလုပ်ငန်းများနဲ့ ကဏ္ဍများအကြားတူညီစွာ စိတ်ပူကြရတဲ့အချက်ပဲဖြစ်ပါတယ်။

▪    အလုပ်သမားဈေးကွက် ကျယ်ပြန့်လာခြင်းဟာ အဖွဲ့အစည်းများမှာလိုအပ်နေတဲ့ သက်မွေးဝမ်းကျောင်းမှု‌အတွေ့အကြုံ၊ လိုအပ်သော အရည်အချင်းများ၊ စွမ်းဆောင်ရည်များနဲ့ အမြဲကိုက်ညီနေမှာမဟုတ်သည့်အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်မှုများပြုလုပ်ရပါသည်။

▪    အဖွဲ့အစည်းများ၏ ကြီးထွားတိုးတက်နေသောကာလများတွင် ထိုအဖွဲ့အစည်းတို့မှ လူသားအရင်းမြစ်လိုအပ်ချက်များကို ကောင်းမွန်စွာပြင်ဆင်ပြီးကြံကြံခံနိုင်စေရန်အတွက် အ‌ရေးပါသောကျွမ်းကျင်မှုရှိသူများ၊ လုပ်ငန်းပြီးမြောက်အောင်ဆောင်ရွက်နိုင်သူများနှင့် ပါရမီရှိသူများ လိုအပ်နေမှုများကိုရရှိအောင်ဆောင်ရွက်ကာ အဆိုပါအဖွဲ့အစည်းတို့၏ မဟာဗျူဟာရည်မှန်းချက်များကိုဖြစ်လာ‌စေရန်အတွက်လုပ်‌ဆောင်ဖို့ရာစိန်ခေါ်မှုများရှိလာနိုင်ပါသည်။ 

▪    လူသားအရင်းအမြစ်စီမံခန့်ခွဲရာတွင် လိုအပ်နေသော ပါရမီရှိသူ (ဝါ) အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နိုင်သူတို့အား ဖော်ထုတ်အတည်ပြုခြင်း၊ ရွေးချယ်ခြင်းနှင့် အဖွဲ့အစည်းအတွင်း ထိုသူတို့ တိုးတက်မှုရှိလာစေရန်အတွက် အဖွဲ့အစည်းဆိုင်ရာ ရည်ရွယ်ချက်ပန်းတိုင် များကိုထည့်သွင်းစဉ်းစားပြီးဆောင်ရွက်ရခြင်းတို့ဖြစ်ပါသည်။ 

▪ အလုပ်သမားလိုအပ်ချက်ကြောင့် အခက်အခဲများဖြစ်ပေါ်စေခြင်းများမလိုအပ်ပဲဖြစ်မလာစေရန်အတွက် HRP ကို အဖွဲ့အစည်း၏ အရေးကြီးသောအခန်းကဏ္ဍအဖြစ်ရွေးချယ်သင့်ပါသည်။ HR အတိုင်ပင်ခံလုပ်ငန်းများဟာထိုအဖွဲ့အစည်းတို့ရဲ့ နောင်တွင်လိုအပ်လာနိုင်မည့် အရာများကို နားလည်ရလွယ်ကူသော HR အကဲဖြတ်မှုနှင့် အစီအမံများကို အချိန်နှင့်တစ်ပြေးညီ ချမှတ်ပေးနိုင်ပါသည်။ 

 

ဒီ Article လေးဟာ စာဖတ်သူ ပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd. (FTP)

Frontier Technology Partners Pte. Ltd (FTP) is a Singapore- and Myanmar registered software development and distribution company. Our Expertise: Financial transactions, Mobile Money, Mobile Banking, I...
Show the postings (1)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS