Jobs In Myanmar
Load...

Psychometric Test နှင့် Attribute Test ဆိုတာဘာလဲ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Psychometric-Attribute-Tests-JobsinYangon



Psychometric Test နှင့် Attribute Test ဆိုတာဘာလဲ

Cut-e Online Assessment or Candidate Assessment ဆိုတာကတော့ Internet ကနေတဆင့် တစ်ဦးချင်းစီရဲ့ အားသာချက်၊အားနည်းချက်၊ ပြည့်ဝမှု၊ ဖန်တီးနိုင်စွမ်းရှိမှု၊ အတွေ့အကြုံနဲ့ မိမိမှာရှိတဲ့ အရည်အသွေးတွေကို လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချနိုင်လဲ ဆိုတဲ့ အရာတွေကို အကဲဖြတ်ပေးတဲ့ ဖြေရှင်ချက်တစ်ခု ( Assessment Solution) တစ်ခုဖြစ်ပါတယ်။ ညိုလဲ့ကတော့ အခု ညိုလဲ့တို့မှာ ရှိနေတဲ့ Online Assessment ပေါ် ကနေပြီး သိတာတာကို တင်ဆက်မိတ်ဆက်ပေးသွားချင်ပါတယ်။

IQ & EQ Test တို့လိုလား?

သူက IQ & EQ နဲ့မတူပါဘူးမ။ ခြားနားချက်တွေရှိတယ်။

Cut-e Assessment က IQ တစ်ခုတည်းကို ပဲ တိုင်းတာတာမဟုတ်ဘူ။  ဒီ Assessment က ပိုပြီး နက်နဲတယ်။ ကျယ်ပြန့်တယ်။ တကယ်လက်တွေ့လုပ်ငန်းမှာ မှာ ဖြစ်နေတဲ့  Personal Characteristics တွေ၊ Motivation  တွေနဲ့ Potential တွေကို ကို တိုင်းတာတာပါ။ Psychometric နှင့်  aptitude test တွေကို ပေါင်းစပ်ထားတာဖြစ်ပြီး  HR Professional တွေအတွက် Recruitment & Selection မှာ လွယ်ကူအောင်ပြုလုပ်ပေးထားပါတယ်။ နောက်ပြီး ၄င်း Assessment ကို ဘာသာစကား ၄၀ နဲ့ ပြုလုပ်နိုင်ပြီး နိုင်ငံပေါင်း ၇၀ မှာ cut-e Online Assessment ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

စောစောကပြောထားသလိုပဲ Cut-e Assessment ကို Psychometric test နဲ့ Aptitude Test နဲ့ပေါင်းစပ်ထားတယ်။ Psychometric Test အမျိုးမျိုးရှိသလို Aptitude Test တွေလည်း အမျိုှးမျိုှးရှိပါတယ်။

ပထမဆုံး Psychometri Test ဆိုတာ ဘာလဲ ဆိုတာကို ရှင်းပြချင်ပါတယ်။

Psychometric Test ဆိုတာက စိတ်ပိုင်းဆိုင်ရာစွမ်းရည်များ ( Mental Capabilities) နှင့် ပြုမှုပုံ ( Behavioral Style) တို့ကို တိုင်းတာဖို့အတွက် အသုံးပြုတဲ့ သိပ္ပံနည်းကျပြီး စံဖြစ်သော နည်းလမ်းနည်း ဖြစ်ပါတယ်။

Psychometric test ကို ဝန်ထမ်းတစ်ယောက်ဟာ ရာထူးတစ်ခု ၊ အလုပ်နေရာတစ်ခုနဲ့ သင့်လျော်လားဆိုတာကို တိုင်းတာဖို့အတွက် ပုံဖော်ထားခြင်းဖြစ်ပြီး Personality Characteristics နှင့်  Aptitude  လို့ခေါ်တဲ့ ပင်ကိုစွမ်းရည်ကို တိုင်းတာစစ်ဆေးချက်တွေပေါ် အခြေခံထားပါတယ်။ Psychometric Test ဟာ အလုပ်ရှင်ဘက်ကကြည့်မယ်ဆိုရင် ဝန်ထမ်းတွေရဲ့ Ability နဲ့ Performance တွေကို အကဲဖြတ်တဲ့နေရာမှာ အထောက်အကူပြုပြီး ဝန်ထမ်းတစ်ယောက်က အလုပ်နဲ့သင့်လျော်မှုရှိလား၊ Potential ဖြစ်နိုင်လား စသဖြင့် ဆုံးဖြတ်ချက်ချရာမှာ အမတန် အထောက်အကူပြုပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ပဲပြောပြော assessment ဖြေဆိုမယ့်သူဟာ မိမိရဲ့ အားသာချက် အားနည်းချက်ကို သိပြီး အားသာချကို ဘယ်လိုအသုံးချမယ်။ အားနည်းချက်ကို ဘယ်လိုပြုပြင်ပြီး တိုးတက်အောင်လုပ်နိုင်ကာ မိမိရဲ့ Career Interest ကို ဆုံးဖြတ်ရာမှာလည်း ဒီ assessment က အထောက်အကူအများကြီးပြုပါတယ်။

What is Aptitude Test?
Aptitude Test ဆိုတာကတော့ အလုပ်နဲ့ပက်သက်ပြီး နားလည်မှုနှင့်သိမြင်မှုဆိုင်ရာတွေကို တိုင်းတာဖို့အတွက် ပုံဖော်ထားခြင်းဖြစ်ပါသည်။ သူက Fluid Intelligence ဆိုတဲ့ စဉ်းစားနိုင်မှုစွမ်းရည် တွေ ပြသနာကို ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို တိုင်းတာဖြစ်သလို သင်ယူစရာအသစ်တွေကို ဘယ်လိုသင်ယူနိုင်လဲ။ မိမိမှာ ရှိတဲ့ စွမ်းရည်၊ အတွေ့အကြုံ တွေကို လုပ်ငန်းမှာ ဘယ်လိုအသုံးချနိုင်လဲ ဆိုတာကို တိုင်းတာတဲ့နေရာမှာ အသုံးပြုပါတယ်။

Aptitude Test အများကြီးရှိပြီး တစ်ချို့ကို ဖော်ပြချင်ပါတယ်။

၁။ Abstract Reasoning Test : သူကိုတော့ Conceptual Reasoning လို့လဲခေါ်ပါတယ်။ သူကတော့ Problem Solving  Skill , စွမ်းရည်အသစ်တွေကို ထိထိရောက်ရောက် ဘယ်လောက်ထိသင်ယူနိုင်လဲ။

Business Field မှာ Development ဖြစ်အောင်ဘယ်လိုလုပ်နိုင်လဲ , Market Research ကို ဘယ်လောက်ထိလုပ်နိုင်လဲ  ဆိုတာကို တိုင်းတာတဲ့နေရာမှာ သုံးပါတယ်။

၂။ Verbal Reasoning ဖြစ်ပါတယ်။ Candidate က အလုပ်တစ်ခုနဲ့ သင့်တော်လား၊ ရာထူးကြီးတစ်ခုခုအတွက် အလားအလာ ဘယ်လောက်ရှိလဲ၊ Business Issue တွေကို ဘယ်လောက်ထိ ခွဲခြားနိုင်လဲ၊ အဖွဲ့အစည်းဆိုင်ရာ report တွေကို ဘယ်လောက်ထိထိ ရှင်းရှင်းလင်းလင်းလုပ်နိုင်လဲစသဖြင့် ၄င်းနဲ့ ပက်သက်တဲ့အရာတွေကို တိုင်းတာနိုင်ပါတယ်။

3. Numerical Reasoning ဖြစ်ပါတယ်။ Numerical Reasoning ဆိုတာက တော့ graph တွေ table တွေကို ကိုယ်စားပြုဖော်ပြတဲ့ ကိန်းဂဏန်းဆိုင်ရာများကို အသုံးပြုပြီး data တွေကို Analyse လုပ်ခြင်းနဲ့ဆိုင်တဲ့ skill တွေကို တိုင်းတာရာမှာ အသုံးပြုပြီး  Financial Result, Annual Report, Business Issue စတာတေကို ထိထိရောက်ရောက် ခွဲခြားနိုင်စွမ်း ၊ အဲ့ဒါတွေနဲ့ပက်သက်ပြီး Conslusion ပေးတာတွေ, Chart နှင့် table တွေကို အသုံးပြုပြီး Performance ကို monitor လုပ်နိုင်စွမ်း၊  Stakeholder တွေအတွက် အသုံးဝင်တဲ ကိစ္စတွေကို Presenting လုပ်နိုင်တဲ့စွမ်းရည်စတာတွေကို တိုင်းတာရာမှာ အရမ်းအသုံးဝင်ပါတယ်။ နယ်ပယ်အသီးသီးမှာရှိတဲ့ တစ်ဦးချင်းအရည်အချင်းတွေကို တိုင်းတာနိုင်ပြီး အကဲဖြတ်နိုင်တာပေါ့နော်။ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ အမတောင် ဒီ Assessment ကို ဖြေကြည့်ပြီး အမရဲ့ ability ကို စစ်ဆေးရမယ်။ Psychometric Test က Personality character တွေကို လည်း အခြေခံထားတယ်ဆိုတော့ အဲ့ဒါနဲ့ပက်သက်ပြီးတော့ရော ရှင်းပြပေးချင်ပါတယ်။

Personality Test or Personality Questionnaire ဆိုတာကတော့ ပြုမူပုံတွေ၊ ထင်မြင်ယူဆချက်တွေ၊ Motivation စတာတွေကို တိုင်းတာတဲ့နေရာမှာ သုံးတာဖြစ်ပါတယ်။ ဥပမာ ဆိုရင်တော့ လူတစ်ယောက်က အုပ်စုနဲ့ အလုပ်လုပ်ရတာကို ကြိုက်လား? လွတ်လွတ်လပ်လပ်လုပ်ရတာကို ကြိုက်လား ဆိုတာ၊ အခြေအနေတစ်ခုမှာ ကိုယ်က ဦးဆောင်ရတာကြိုက်လား? နောက်လိုက်ဖြစ်ချင်တာလား? အဲ့ဒါတွေကိုလည်း အကဲဖြတ်လို့ရတယ်။ ဥမာ သူက Hight Motivation ဖြစ်ပြီး Competitive ဖြစ်တာတို့၊ Communication ကောင်းတာတို့ ၊ Achievement ရအောင်ယူချင်တာတို့ရှိခဲ့ရင် ဒါ သူက Sales role ဘက်ကကြည့်ရင် သင့်လျော်တယ်ဆိုပြီး အကဲဖြတ်နိုင်ပါတယ်။ ဒါကတော့ Personality နဲ့ဆိုင်တဲ့ အချက်တွေအများကြီးထဲက မှ တစ်ချက်ကို ညိုလဲ့ပြောပြပေးသွားတာပါမ။

Cut-E Assessment က Retail Indrustry, Service, Aviation စသဖြင့် အဲ့ဒီနယ်ပယ်တွေအတွက် လည်း သီးသန့် Assessment လုပ်လို့ရပါတယ် လို့ ရှင်းပြလိုက်ပါတယ်။

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Ongo Myanmar

Ongo Myanmar

Ongo digital payment services are now available in Myanmar through the Ongo Mobile Money App!Ronoc Asia was incorporated in July 2015 when Ronoc, an international investment and advisory firm (founded...
Show the postings (1)
Creative Fox Co.,Ltd

Creative Fox Co.,Ltd

RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
ABC Convenience Store

ABC Convenience Store

With over 70 stores giving access to our customers and suppliers the opportunity to leverage their product on our network. We stress on providing and maintaining highest standard in product quality an...
Show the postings (6)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS