ချိတ်ဆွဲရန်စာတန်း: News-Ultra-Broadband-Internet-JobsInYangon
Ultra-broadband အင်တာနက် ထွက်ရှိလာတော့မှာလား?
လန်ဒန်ကောလိပ်ရှိ သိပ္ပံပညာရှင်အဖွဲ့တစ်ခုဟာ data transfer rate များကို fiber-optic ကေဘယ်လ်များမှ တဆင့် သိသိသာသာမြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိမှုအသစ်ကို လက်ရှိ အင်တာနက်နည်းပညာများတွင်ပေါင်းစပ်နိုင်ခဲ့ပါက backhaul network များရဲ့ bandwidth ကို သိသိသာသာ ကိုတိုးမြှင့်နိုင်မှာဖြစ်ပြီး ရလာဒ်အနေနဲ့ အိမ်သုံးအင်တာနက်မြန်နှုန်းများဟာလည်း ပိုမိုကောင်းမွန်တဲ့ ultrafast broadband deal များကိုရရှိနိုင်တော့မှာဖြစ်ပါတယ်။
Dr Lidia Galdino ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ hybrid discrete Raman နှင့် rare-earth element များ သုတ်လိမ်းထားတဲ့ fiber amplifier များကိုအသုံးပြုပြီး amplification band များအကြား ကျယ်ပြန့်သော signal gain နှင့် ရောင်စဉ်များအကြား ကွာဟမှုလုံးဝမရှိအောင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရလာဒ်အနေနဲ့ အင်တာနက်မြန်နှုန်းများဟာ 178.08 Tbps အထိရှိခဲ့ပြီး ထိုအရာက 22.25 TB/s နှင့်ညီမျှပါတယ်။ နှိုင်းယှဉ်၍ရ အောင် ဥပမာပေးရမည်ဆိုလျှင် - Google ရဲ့ ဂျပန်နဲ့ အမေရိကန်အနောက်ပိုင်းသို့ဆက်သွယ်ထားတဲ့ အမြန်ဆန်ဆုံးသော ကေဘယ်လ်ဟာတောင်မှ ဒေတာများကို 60 Tbps အမြန်နှုန်းနဲ့သာ ပေးပို့နိုင်နေတာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ ခန့်နှင့် နှစ်အချို့ကြာအောင် တည်ဆောက်ခဲ့ရပါတယ်။
အကယ်၍ UCL team မှ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီနည်းလမ်းကို ငွေကုန်ကြေးကျမှုနည်းနည်းနဲ့ အသုံးပြုနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ 4G နဲ့ 5G တာဝါတိုင်များကို ချိတ်ဆက်ဖို့ အသုံးပြုနိုင်တဲ့ backhaul network များ၊ ဒေတာစင်တာများ၊ စတိုးဆိုင်များနှင့် အိမ်များတွင်ပင် အသုံးပြုဖို့လက်တွေ့မှာ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုသို့ဖြစ်လာဖို့ကိုတော့ ကျွန်တော်တို့အားလုံး အတိုင်းအတာတစ်ခုအထိတော့ စောင့်ဆိုင်းကြရ ဦးမှာပါ။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။