ချိတ်ဆွဲရန်စာတန်း: News-YouTube-Restore-DisneyChannels-JobsInYangon
Disney channel များသို့ ဝင်ရောက်ကြည့်ရှုခွင့် ၂ ရက်ခန့်ပြတ်တောက်သွားခြင်းအား YouTube မှ ပြန်လည်၍ restore ပြုလုပ်ပေးခဲ့
Google မှ ပိုင်ဆိုင်တဲ့ YouTube ဟာ ၎င်းတို့ရဲ့ TV ဝန်ဆောင်မှုလုပ်ငန်းတွင် Disney ရဲ့ channel များကို ကြည့်ရှုခွင့် (၂) ရက်ကြာ ပြတ်တောက်သွားခြင်းအား ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကုမ္ပဏီ ၂ ခုအကြား သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် ပြန်လည်၍ restore ပြုလုပ်ပေးခဲ့တယ်လို့ reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
Official YouTube Twitter စာမျက်နှာမှ ပြုလုပ်ခဲ့တဲ့ tweet တစ်ခုတွင် “ကျွန်ုပ်တို့ဟာ Disney နဲ့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကာ ယခုအခါတွင် ESPN နဲ့ FX အပါအဝင်အခြားသော channel များသို့ ဝင်ရောက်ကြည့်ရှုခွင့်ကို ပြန်လည်၍ restore ပြုလုပ်လျက်ရှိနေပါတယ်” ဟူ၍ရေးသားထားခဲ့ပါတယ်။
ကုမ္ပဏီ ၂ ခုစလုံးမှ အဆိုပါသဘောတူညီချက်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပဲ Disney ဘက်ကတော့ “ဈေးကွက်အခြေအနေနဲ့လျော်ညီပြီး မျှတတဲ့ရလာဒ်တစ်ခုကို ရရှိစေရန် Google ဘက်က ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် လွန်စွာကျေးဇူးတင်ရှိပါတယ်” ဟူ၍ ပြီးခဲ့တဲ့စနေနေ့က ထုတ်ပြန်ချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။