Jobs In Myanmar
Load...

12 Common Career Mistakes You Need to Avoid If You Want to Get Ahead (Part – 1)

by www.jobsinyangon.com


Tags: Knowledge-Career-Mistakes-Workplace-JobsinYangon



သင့်အနေနဲ့ ရှေ့သို့ရောက်လိုပါက ရှောင်လွှဲသင့်သော သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အမှား (၁၂) ခု (အပိုင်း-၁)

 

စာဖတ်သူပရိသတ်များခင်ဗျာ။ ဒီကနေ့မှာတော့ ကျွန်တော်တို့ရဲ့  jobsinyangon.com အဖွဲ့သားများကတင်ဆက် ပေးလိုတဲ့အကြောင်းအရာလေးကတော့ သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်း ရှေ့သို့ရောက်လိုပါက ရှောင်ရှားသင့်တဲ့ အမှား (၁၂) ချက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပိုင်း (၁) ကို တင်ပြပေးသွားမှာဖြစ်ပြီး အပိုင်း (၂) ကိုတော့ မနက်ဖန်တွင်စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။ 

သင့်ရဲ့ သက်မွေးဝမ်းကျောင်းမှုလမ်းကြောင်းတွင် သင့်ရဲ့အမူအကျင့်များကြောင့် တိုးတက်မှုမရှိဘဲရပ်တန့်နေစေဖို့ မှာ အလွန်တရာလွယ်ကူလှပါတယ်။ သာမန်ဝန်ထမ်းတစ်ဦးရဲ့ ရရှိနိုင်တဲ့ လစာငွေပမာဏဟာ ရပ်တန့်သွားပြီး နောက် စတင်လျော့ကျလာမှာဖြစ်ပြီး ဒီအရာက သင်ထင်ထားတာထက်ပို၍ စောစောစီးစီးဖြစ်လာနိုင်ပါတယ်။ Federal Reserve ရဲ့ အဆိုအရ ဝင်ငွေတိုးတက်မှုနှုန်းဟာ အသက် ၃၅ နှစ်သို့ရောက်ရှိတဲ့အခါမှာ ရပ်တန့်သွား တတ်ပါတယ်။ 

ကံကောင်းတဲ့အချက်ကတော့ သင်ဟာ သင့်ရဲ့ career ကို ထင်ထားတာထက်ပိုပြီး ထိန်းချုပ်နိုင်တဲ့အချက်ပါပဲ။ သတိရှိရှိနဲ့ ထိုအရာအကြောင်းကို အသေးစိတ်လေ့လာပါက သင့်အနေနဲ့ ဘယ်နေရာတွေမှာမှားယွင်းခဲ့သလဲဆို တာကို သိရှိနိုင်ပြီး နောက်တစ်ကြိမ်တွင် ပိုပြီးကောင်းမွန်စွာဆောင်ရွက်နိုင်စေရန်အဆင့်များကို ရှာဖွေလေ့လာနိုင် ပါတယ်။ 

ပိုမို၍ စိတ်ဝင်စားမှုရှိကာ အပြည့်အဝအောင်မြင်အောင်ဆောင်ရွက်နိုင်ပြီး အမြတ်အစွန်းရရှိနိုင်မည့်အလုပ်များ ကိုလုပ်ဆောင်ခြင်းနှင့် အောက်ပါ အဖြစ်များတတ်သော အမှားများကိုမလုပ်မိစေရန်ရှောင်ကြဉ်ခြင်းအားဖြင့် သင့်ရဲ့ career ကိုလမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ပြန်လည်တည့်မတ်ပေးလိုက်ပါ။ 

ရှောင်ကြဉ်ရမည့် career အမှားများ 

၁။ သင့်ရဲ့အလုပ်ဟာ အမြဲတမ်းရှိနေမယ်ဟု ယူဆခြင်း 

ဝန်ထမ်းအတော်များများက သူတို့ရဲ့အလုပ်များဟာ လုံးဝလုံခြုံမှုရှိပြီး တည်ငြိမ်နေတယ်လို့ထင်ကြပါတယ်။ “ငါ့ရဲ့ အလုပ်ကို ငါကောင်းကောင်းနားလည်တယ်၊ အဲ့ဒီနေရာမှာ ငါတော်တယ်၊ ဒါကြောင့် ငါ့အနေနဲ့ ဒီအရာကို ငါငြီးငွေ့ မသွားမှီ (သို့) ပင်စင်မယူမှီအထိအလုပ်လုပ်ပြီး လစာယူနေလို့ရတယ်”ဟူ၍ထင်မြင်တတ်ကြပါတယ်။ 

ဒါဟာမှားပါတယ်။ သင့်ထက်အသက်ပိုကြီးတဲ့ အလုပ်မှထုတ်ပယ်ခြင်းခံရသူ (သို့) ပင်စင်ယူဖို့ဖိအားပေးခံရသူ ဝန်ထမ်းများကိုမေးကြည့်လိုက်ပါ။ 

သင့်အနေနဲ့ သင့်ရဲ့အလုပ်ဟာ အမြဲတမ်းရှိနေမယ်လို့ယူဆလိုက်တဲ့အခါမှာ သင်ဟာ အာရုံစူးစိုက်ခြင်းမပြုလုပ် တော့ပါဘူး၊ အကြောင်းအရာအသစ်များကိုသင်ယူမှုမရှိတော့ပါဘူး။ ဒီအခါမှာ သင့်ရဲ့အလုပ်ဟာ ကုမ္ပဏီပေါင်း စည်းခြင်း၊ အခြားသူ၊ ကုမ္ပဏီတစ်ခုမှ သင်တို့အလုပ်လုပ်နေတဲ့ကုမ္ပဏီကို ဝယ်ယူမှုပြုလိုက်ခြင်း၊ ဝန်ထမ်းအင် အားလျှော့ချခြင်း (သို့) အလုပ်မှထုတ်ပယ်ခြင်းတို့ခံရလိုက်တဲ့အခါမှာ shock ရသွားနိုင်ပါတယ်။ 

သင့်ရဲ့အလုပ်အပေါ် အလွန်အမင်းဂုဏ်ယူပြီး သတိမမူ၊ ဂူမမြင်မဖြစ်ပါစေနဲ့။ ၎င်းဟာ အာမခံထား၍ရတဲ့အရာ မဟုတ်ပါဘူး။ နောက်ပြီး ဒီအရာဟာ အမြဲတမ်း ပုံသေဖြစ်နေမှာလဲမဟုတ်ပါဘူး။ သင့်ရဲ့ comfort zone (သက် သာတဲ့နေရာ၊ အခြေအနေ) တစ်ခုအတွင်းသို့ဝင်ရောက်သွားခြင်းကြောင့်၊ သင်ဟာ ကိုက်ညီမှုရှိအောင်ချိန်ညှိပြီး လိုသလိုပြောင်းလဲနိုင်စေဖို့ လိုအပ်မယ့် ကျွမ်းကျင်မှု (skill) အသစ်များကို လေ့လာဖို့ ကြိုးစားတော့မှာမဟုတ် တဲ့အတွက်ပဲဖြစ်ပါတယ်.  

၂။ Skill အသစ်များကိုသင်ယူရန်ပျက်ကွက်ခြင်း 

ဒီနေ့လုပ်ငန်းခွင်လောကဟာ ၂၀ရာစုကထက်ပိုပြီးမြန်ဆန်စွာရွေ့လျားလျက်ရှိနေပါတယ်။ 

Moore ရဲ့ ဥပဒေသကို မှတ်မိကြပါသလား? Microprocessor များရဲ့ computing power ဟာ ၁၈ လ ကြာ တိုင်း ၂ဆ ပိုတိုးတက်မှုရှိနေတယ်လို့ဆိုပါတယ်။ ဒါဟာ နည်းပညာပိုင်းအရတိုးတက်မှုများဟာ အရှိန်အဟုန်နဲ့ ဖြစ်ပွားနေတာကို ဖော်ပြလျှက်ရှိနေပြီး ထိုအရာကို ကျွန်ုပ်တို့ဟာ Gordon Moore က ၁၉၆၅ ခုနှစ်တွင် ခန့်မှန်း ခဲ့ပြီးနောက် နှစ် ၅၀ အတွင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

သိပ္ပံပညာရှင်များအနေနဲ့ ဒီနည်းပညာတိုးတက်မှုဖြစ်စဉ်တစ်ခုဟာ ဘယ်လောက်မြန်မြန်ဆန်ဆန်ဖြစ်လာမလဲဆို တဲ့အပေါ် အဖြေရှာကြည့်နိုင်သော်လည်း ဒီနေရာတွင် အဓိကပြောဆိုလိုတဲ့အရာကတော့  နည်းပညာဟာပိုမိုပြီး အရှိန်အဟုန်နဲ့ တိုးတက်နေတာဖြစ်ပြီး ဒီပြောင်းလဲမှုဟာ ကျွန်ုပ်တို့ ကမ္ဘာပေါ်ရှိ လုပ်ငန်းတိုင်းကို အကျိုးသက် ရောက်မှုရှိစေနိုင်ပါတယ်။ နောက်ပြီး ပိုမိုမြန်ဆန်တဲ့ နည်းပညာဆိုင်ရာအပြောင်းအလဲများနဲ့အတူ ကျွန်ုပ်တို့ ယခင်ကလေ့လာခဲ့ဖူးသော ကျွမ်းကျင်မှုအသစ်များဟာလည်း ပိုမို၍မြန်ဆန်စွာ အသုံးဝင်နိုင်မှုလျော့နည်းလာမှာ ပဲဖြစ်ပါတယ်။ 

အလွန်အမင်းဂုဏ်ယူမှုရှိပြီး သတိမမူ၊ ဂူမမြင်ဖြစ်ခြင်းဟာ မှားယွင်းတဲ့ လုံခြုံတယ်လို့ခံစားရမှုကိုဖြစ်ပေါ်စေပါ တယ်။ သင့်ရဲ့ လုပ်ငန်းနယ်ပယ်တစ်ရပ်ဟာ သင့်ရဲ့ တစ်ဦးတည်းအမြင်တွင် ပြောင်းလဲမှု ရှိနေသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ အစဉ်အမြဲပြောင်းလဲနေမှာပဲဖြစ်ပါတယ်။ 

သင့်အနေနဲ့ရွေးချယ်စရာကတော့ ၎င်းနဲ့အတူတိုးတက်ပြီးဆင့်ကဲပြောင်းလဲကာလုပ်ဆောင်မလား (သို့) ကမ္ဘာကြီး က ရှေ့သို့သွားနေသည်နှင့်အမျှ ချန်ရစ်ခံခဲ့ရပြီး နောက်သို့တဖြည်းဖြည်းရောက်သွားမလားဆိုတာပါပဲ။ ဒီတော့ နည်းပညာအသစ်များကိုသင်ယူပါ။ အသိအမှတ်ပြုလက်မှတ်အသစ်များကိုရယူပါ၊ ဒါမှမဟုတ် နောက်ဆုံးပေါ် marketing နည်းစနစ်များနဲ့ရင်းနှီးနေအောင်ပြုလုပ်ထားပါ။ ပိုမို၍ဗဟုသုတနဲ့ပြည့်စုံခြင်းဟာ အမြဲတမ်းအကျိုးရှိ စေမှာပဲဖြစ်ပါတယ်။ 

သင့်အနေနဲ့ အနာဂါတ်တွင်လိုအပ်နိုင်တဲ့ hard skill များကို နားမလည်နိုင်ပါက မြန်ဆန်စွာပြောင်းလဲနေတဲ့ ကမ္ဘာ အတွင်း ပိုမိုအရေးပါလာသော soft skill များကိုစတင်သင်ယူလိုက်ပါ။

၃။ သင့်ရဲ့အလုပ်အပေါ်တွင်သာ အာရုံစိုက်ခြင်း 

များစွာသောဝန်ထမ်းများဟာ သူတို့နဲ့ပက်သက်နေတဲ့ ပတ်ဝန်းကျင်အဝန်းအဝိုင်းသေးသေးလေးအတွင်းမှာပဲ ကျင်လည်နေကြပြီး သူတို့ကုမ္ပဏီရဲ့ ရည်မှန်းချက်များနဲ့ ပိုမိုကြီးမားတဲ့ကိစ္စရပ်များကိုတော့ လျစ်လျူရှုထား တတ်ကြပါတယ်။ ဒီအရာက သူတို့ကို မှားယွင်းတဲ့ကိစ္စရပ်များတွင် အာရုံစိုက်စေပါတယ်။ ဥပမာ - သူတို့ကို အလုပ်များနေစေမယ့် လုပ်ငန်းတာဝန်များ ဖြစ်သော်လည်း အဖွဲ့အစည်း/ လုပ်ငန်းရဲ့ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်များနဲ့ အကျိုးအမြတ်ရရှိမှုကို အထောက်အကူသိပ်မပြုနိုင်တဲ့အရာများ။ 

အမြဲတမ်းသင့်ကိုယ်သင်မေးမြန်းကြည့်ပါ “ငါ့ရဲ့အလုပ်ဟာ ကုမ္ပဏီအတွက် ဘယ်လို end goal တွေကို အောင် မြင်အောင် ဆောင်ရွက်ပေးနိုင်သလဲ? ဒီမေးခွန်းကိုဖြေကြည့်ခြင်းအားဖြင့် သင့်အနေနဲ့ ဒီ goal တွေကို အောင်မြင် အောင်ဆောင်ရွက်နိုင်ဖို့ ပိုမိုထိရောက်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းများကိုရှာဖွေရာတွင် ကူညီပေးနိုင် ပါတယ်။ ဒီအရာက သင့်ကုမ္ပဏီအတွက် လိုအပ်သည့်အရာများထက် အရေးကြီးတယ်လို့သင်ထင်တဲ့ အလုပ်များ ပေါ်တွင်ကြိုးပမ်းအားထုတ်နေခြင်းမဖြစ်စေရန်ကူညီပေးနိုင်ပါတယ်။ 

သင့်အနေနဲ့ သင့်လုပ်ငန်းနယ်ပယ်အတွင်းရှိ ပိုမိုကြီးမားတဲ့ ရေပန်းစားမှုများအကြောင်း အချိန်နဲ့တပြေးညီ သိရှိ နေပါက အထောက်အကူဖြစ်စေပါတယ်။ လူတိုင်းဟာ ဂျာနယ်တစ်စောင်ကို အစမှအဆုံးထိဖတ်ရန် မနက်ပိုင်း တွင် အချိန်ရှိကြမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ Morning Brew ရဲ့ five-minute business news summary ကို အစမ်းဖတ်ရှုကြည့်လိုက်ပါ။ (Morning Brew အကြောင်း အပြည့်အစုံကို ဒီနေရာတွင်ဖတ်ပါ။)

၎။ ပိုမိုများပြားတဲ့ တာဝန်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ဆန္ဒမရှိခြင်း 

ဝန်ထမ်းအများစုဟာ ထိုအရာကိုပြောင်းပြန်နားလည်ထားကြပါတယ်။ သူတို့က ရာထူးအရင်တိုးပြီးမှ တာဝန် အသစ်များကိုယူရမယ်လို့ထင်မြင်နေကြပါတယ်။ 

ဒါဟာ သင်တို့ထင်မြင်နေသလိုမဟုတ်ပါဘူး။ ထိုအစား လစာငွေ/ ရာထူး တစ်ခုခု တိုးမြှင့်မှုမရမှီတွင် တာဝန် အပိုများထမ်းဆောင်ပေးရန်တောင်းဆိုပါ။ ထို့နောက်တွင် သင့်အနေနဲ့ အဖွဲ့အစည်း/ လုပ်ငန်း အတွက် ပိုမိုမြင့်မား တဲ့တန်ဖိုးများကိုပေးထားတဲ့အရာကိုထောက်ပြခြင်းအားဖြင့် ပိုမိုမြင့်မားတဲ့ လစာငွေကို ရယူဖို့ တောင်းဆိုနိုင်ပြီ ဖြစ်ပါတယ်။ 

စဉ်းစားကြည့်ပါ။ တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးဖို့အတွက်ဆုံးဖြတ်ရတဲ့အခါမှာ သင်ဟာပိုမိုမြင့်မားတဲ့ တာဝန်များကိုယူထားရပြီး သင့်ရဲ့လုပ်ဖော်ကိုင်ဖက်များကတော့ တာဝန်အနည်းငယ်သာယူထားရပါက  ဘယ်သူ ဟာ ရာထူးတိုးမြှင့်ပေးခံရနိုင်ခြေရှိပါသလဲ? 

ပိုမိုမြင့်မားတဲ့လုပ်ဆောင်ချက်ရှိသောအလုပ်များကို မိမိဖက်မှလက်ဦးမှုရယူပြီး စတင်ကာ ပူးပေါင်းဆောင်ရွက် လိုက်ပါ။ သင့်ရဲ့တန်ဖိုးကိုသက်သေပြပါ။ ထို့နောက် လစာငွေတိုးမြှင့်ပေးမှုနဲ့ ရာထူးတိုးမှုများဖြစ်လာစေရန် အတွက်ထိုအရာကိုအသုံးပြုပါ။ 

၅။ ရာထူးတိုးမြှင့်ပေးမှုများကိုတက်ကြွစွာရှာဖွေမှုမပြုခြင်း 

ရာထူးတိုးမြှင့်ပေးမှုများဟာ သင့်ဆီသို့ ရံဖန်ရံခါမှသာရောက်လာမှာဖြစ်ပါတယ်။ ဒီအရာတွေကိုရရှိဖို့အတွက် သင့်အနေနဲ့ ကိုယ်တိုင်ရှာဖွေရမှာပဲဖြစ်ပါတယ်။ 

အကယ်၍ သင့်ကိုယ်သင် ဒီ corporate ladder ကိုတက်ဖို့ဘာတွေကိုလုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း ကွဲကွဲ ပြားပြားမသိဘူးဆိုရင် သင့်ရဲ့ boss ကိုတိုက်ရိုက်မေးလိုက်ပါ။ “ကျွန်တော်/ ကျွန်မအနေနဲ့ ဒီအဖွဲ့အစည်းကို ကြိုက်တဲ့အတွက် ဒီနေရာတွင် ကျွန်တော်/ ကျွန်မအနေနဲ့ ကြီးပွားတိုးတက်မှုရှိလာဖို့အတွက် နေရာရှိသေးတယ် ဆိုပါက သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းတစ်ရပ်အနေနဲ့လုပ်ကိုင်လိုပါတယ်။ ထိုသို့ဖြစ်လာစေရန် ကျွန်တော်/ ကျွန်မအနေနဲ့ ဘာတွေကိုလုပ်ဆောင်ဖို့လိုအပ်ပါသလဲ?” ဟုမေးမြန်းကြည့်လိုက်နိုင်ပါတယ်။ 

သင့်အနေနဲ့ ဘယ်မျှအထိတန်ဖိုးများကိုပြုလုပ်ဖန်တီးပေးနိုင်သလဲဆိုတာကိုပြသပြီးနောက်တွင်တော့ သင့်ရဲ့ boss ထံသို့ပြန်လည်တင်ပြပြီး လစာငွေတိုးမြှင့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါ။ သင့်အနေနဲ့ အဆိုးဆုံးဖြစ်လာ နိုင်တာကတော့ ငြင်းပယ်ခံရနိုင်တာပဲဖြစ်ပြီး ဒီလိုဆိုရင်တော့ အခြားလုပ်ငန်းရှင်များကိုရှာဖွေနိုင်ပါတယ်။ သို့ သော်လည်း မိမိဖက်မှ စတင်ကာမေးမြန်းခြင်းအားဖြင့် ပိုမိုမြင့်မားသောလစာငွေ၊ ပိုမိုကောင်းမွန်သော အကျိုးခံ စားခွင့်များနဲ့ ပိုမိုဂုဏ်ရှိသောအလုပ်ရာထူးတို့ကိုရရှိနိုင်ဖို့အတွက် ကြိုးစားရန်နဲ့ ညှိနှိုင်းနိုင်ရန်အခွင့်အရေးကို ရရှိ မှာဖြစ်ပါတယ်။ 

၆။ ပိုမိုပြီးရရှိစေရန်အတွက် ညှိနှိုင်းမှုမပြုလုပ်ခြင်း 

စာရေးသူရဲ့ အဘိုးဟာ လက်ရှိအချိန်အထိအောင်မြင်မှုရရှိနေတဲ့ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူပြောခဲ့တဲ့စကားပုံတစ်ခုကို ကျွန်တော်ဟာ ယခုအချိန်အထိ စိတ်ထဲစွဲနေတုန်း ပါပဲ “ဘဝမှာ မင်းနဲ့ထိုက်တန်တဲ့ဟာကို ဘယ်တော့မှရမှာမဟုတ်ဘူး၊ မင်းအနေနဲ့ ညှိနှိုင်းမှုပြုလုပ်လိုက်တဲ့အရာရဲ့ ရလာဒ်ကိုပဲ မင်းရယူနိုင်လိမ့်မယ်” (You don’t get what you deserve in life; you get what you negotiate) 

သင့်အနေနဲ့ သင့်ရဲ့လုပ်ငန်းရှင်အတွက် ပိုမိုများပြားတဲ့တန်ဖိုးကိုဖန်တီးဆောင်ရွက်ပေးခဲ့ပါက သင့်ကိုသူတို့က ဆက်ပြီးရှိနေစေလိုမှာပဲဖြစ်ပါတယ်။ သို့သော်လည်း သင့်ကိုသူတို့က တတ်နိုင်သရွေ့လစာတိုးပေးမှာတော့ မဟုတ်ပါဘူး။ အမှန်တကယ်တမ်းတွင် ဒီအရာနဲ့ဆန့်ကျင်ဖက်ပဲဖြစ်ပါတယ်။ 

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ သင့်ကိုသူတို့အနေနဲ့ဆက်လက်ရှိနေစေရန်လိုအပ်သလောက်ကိုသာပေးဖို့နဲ့ ထိုမှ ထပ်ပြီးတစ်ပြားမှပိုပေးလိုမှာမဟုတ်ပါဘူး။ သင့်ရဲ့ရည်ရွယ်ချက်အနေနဲ့ကတော့ ဆက်ဆံရေးကိုမထိခိုက်စေပဲ အကောင်းဆုံးလစာငွေနဲ့ ရာထူးကိုရယူပိုင်ဆိုင်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ လစာငွေတိုးမြှင့်ပေးမှု (သို့) ရာထူးတိုးဖို့တောင်းဆိုတဲ့အခါမှာ လစာငွေနဲ့ အကျိုးခံစားခွင့်များကို သက်သေထားပြီး ညှိနှိုင်းတဲ့နည်းလမ်းများနဲ့စတင်လိုက်ပါ။ သင့်ရဲ့တောင်းဆိုမှုကိုအောင်မြင်စွာရရှိနိုင်ရန် ကာကွယ်နိုင်စေဖို့ သင့်ရဲ့စွမ်းဆောင်ရည်အချက်အလက်များအပါအဝင်၊ သင်သုံးလို့ရသမျှ သတင်းအချက် အလက်များကိုအကုန်အသုံးပြုပြီး PayScale ကဲ့သို့သော site များမှ နှိုင်းယှဉ်နိုင်တဲ့ လစာငွေများကိုအသုံးပြုကာ ညှိနှိုင်းမှုပြုလုပ်လိုက်ပါ။  

မှတ်သားထားရမှာက အကျိုးခံစားခွင့်တိုင်းက ကုမ္ပဏီကို ငွေကြေးကုန်ကျမှုရှိစေမှာမဟုတ်ပါဘူး။ ဥပမာအား ဖြင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး အိမ်မှတဆင့်အလုပ်လုပ်နိုင်ခြင်းဟာ သင့်ရဲ့ဘဝကိုပိုမိုလွယ်ကူသွားစေနိုင်သော်လည်း သင့်ရဲ့လုပ်ငန်းရှင်ကို တစ်ပြားမှကုန်ကျစေမှာမဟုတ်ပါဘူး။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (44)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Definity Group of Co.,Ltd

Definity Group of Co.,Ltd

Yangon Academy International School

Yangon Academy International School

Vision Yangon Academy empowers each student to reach their full potential. Mission Yangon Academy is a dynamic international school that provides a challenging K-12, American-based education ...
Show the postings (14)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS