Tags: Recruitment-Manager-Management-HR-JobsinYangon
မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာနိုင်စေသည့် လက္ခဏာ ၃ရပ်
တစ်စုံတစ်ဦးဟာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သင်မည်သို့သိနိုင်မည်နည်း?
မန်နေဂျာလောင်းတစ်ဦးအတွက် ရှောင်ရန်အချက်များကို နားလည်သဘောပေါက်နေဖို့မှာ အရေးကြီး သကဲ့သို့၊ အရာအားလုံးအား မိမိတစ်ယောက်တည်းသာလုပ်ဆောင်နေသည်ကိုလည်းရှောင်သင့်ပါ သည်။ ထိုကဲ့သို့ အရာအားလုံးကို မိမိတစ်ယောက်တည်းသိမ်းကြုံးလုပ်ဆောင်ခြင်းကိုရှောင်ရှားပြီး သင့်လျော်သောသူများကို ၎င်းအလုပ်များအားလုပ်ဆောင်စေခြင်းဖြင့် ရာထူးတိုးမြင့်အောင်ပြုလုပ် ပေးနိုင်ခြင်းသည် မန်နေဂျာကောင်းတစ်ယောက်မှ ပြုလုပ်သင့်သည့်အရာများဖြစ်ပါသည်။
ထို့ကြောင့် မန်နေဂျာကောင်းတစ်ယောက်ဖြစ်စေနိုင်သည့် လက္ခဏာ (၃) ရပ်ကို ဖော်ပြပေးလိုက်ပါ သည်။
၁။ သူတို့ဟာ ကောင်းစွာနားထောင်တတ်သူများဖြစ်ကြပါသည်။
သူတို့အကြောင်းသူတို့ မရပ်မနားပြောနေ တတ်သည့်သူများနှင့်ကြုံတွေ့ဖူးပါသလား?
သင်တို့ "အတူတူ" မိနစ်၃၀ ခန့် စကားပြောခဲ့သော်လည်း မေးခွန်းတစ်ခုမှပြန်မမေးသောသူများနှင့်ရော ကြုံဖူးပါသလား?
ကောင်းမွန်သော ခေါင်းဆောင်တစ်ဦးဟာ ထိုအရာများနှင့်ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ သူတို့ဟာ နားထောင်နိုင် ခြင်းသည် ထိထိရောက်ရောက် ဦးဆောင်မှုပြုနိုင်ရန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို နားလည် ထားကြပါသည်။
ထိရောက်စွာနားထောင်နိုင်စွမ်းမရှိပါက သင်ဟာ ဘယ်အရာက မှားယွင်းနေလဲဆိုတာကိုသိနိုင်မှာ မဟုတ်ပါဘူး။ သင်ဟာ အခြေအနေတွေကို အကဲခတ်မှားစေနိုင်ပြီး သင့်ရဲ့ team နဲ့ပတ်သက်ပြီးတော့လည်း ကောင်းကောင်း နားလည်မှာမဟုတ်ပါဘူး
ကောင်းစွာနားထောင်တတ်သူများဟာ မေးခွန်းကောင်းများကို မေးတတ်ကြပါတယ်။
ဒီစွမ်းဆောင်ရည်၏ အဓိကအချက်ကတော့ မေးခွန်းများကို ထိရောက်စွာမေးတတ်ဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်သူတစ်ဦးအနေနဲ့ သင့်အဖွဲ့အပေါ် စဉ်ဆက်မပြတ် စူးစမ်းမှုရှိနေရမှာဖြစ်ပါတယ်။ မှန်ကန်တဲ့မေးခွန်းများကို သင့်လျော်တဲ့ အချိန်တွင်မေးမြန်းခြင်းဖြင့် ပြဿနာတစ်ခု၏အရင်းအမြစ်ကို သင့်အနေနဲ့ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ကာ မိမိရဲ့အဖွဲ့သားတစ်ဦးကို ပွင့်ပွင့်လင်းလင်းရှိလာစေမှာဖြစ်ပြီး အပြန်အလှန်နားလည်မှုရှိသောဆက်ဆံရေးရှိလာစေမှာဖြစ်ပါတယ် (သို့မဟုတ်) ပိုကောင်းသောခေါင်းဆောင် တစ်ဦးဖြစ်လာစေရန်အတွက် အသုံးပြုနိုင်သည့် တန်ဖိုးရှိသောအချက်အလက်များ၊ တုန့်ပြန်ချက်များကို သင် ရရှိနိုင်မှာဖြစ်ပါတယ်။
မေးခွန်းများမေးမြန်းမှုပြုပေးခြင်းဟာ နားထောင်ခြင်း၏စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သော မှန်ဘီလူးများဖြစ်ပါ သည်။ နားထောင်နိုင်စွမ်းရှိသူများသည် စကားဝိုင်း (Conversation) တစ်ခုကိုဦးဆောင်နိုင်ပါသည်။ သို့မဟုတ် အခြေအနေတစ်ခုလုံးကို ပြည့်စုံမှန်ကန်စွာနားလည်နိုင်ရန်အတွက် မှန်ကန်သောနောက်ဆက်တွဲမေးခွန်းများ ကိုမေးမြန်းနိုင်ပါသည်။
သို့သော်လည်းမှန်ကန်သင့်လျော်တဲ့ မေးခွန်းများကိုမေးမြန်းခြင်းနဲ့ နားထောင်လိုသည့် ဆန္ဒရှိခြင်းတို့ဟာ သင့်အား ကောင်းမွန် နယးလည်စွာနားထောင်တတ်သူတစ်ဦးဖြစ်စေရန် ပြုလုပ်ပေးမည့် တစ်ခုတည်းသောအရာတော့မဟုတ်ပါဘူး။ သင်ဟာ လိုက်ပါလုပ်ဆောင်ရမှာဖြစ်ပါတယ်။
အပြောသာရှိပြီး လုပ်ဆောင်မှုမရှိခြင်းက အဓိပ္ပါယ်မဲ့စေပြီး စိတ်ပျက်မှုများဖြစ်စေနိုင်ပါသည်။ ထိုသို့မဖြစ်စေရန်အတွက် တက်ကြွစွာနားထောင်မှုဖြစ်စေရန်လေ့ကျင့်သင့်ပါသည်။ သင်တွေးသည့်အရာများ၊ ကြားသည့်အရာများနှင့် သင်ပြောသည့်အရာများကို အခြားသူများမှ သဘောတူညီမှုရှိလားဆိုတာကို ပြန်လည်စဉ်းစားလုပ်ဆောင်မှုပြုလုပ်သင့်ပါသည်။
နောက်ပြီး သင်နှင့်ပြောဆိုနေသူမှ သင့်ကို ဂရုစိုက်အားထုတ်ပြောဆိုရသည်မှာ ထိုက်တန်သည်ကိုသိရှိစေရန် သင် ကြားခဲ့ရသည့်အရာများအပေါ် မှတ်စုများမှတ်ခြင်း၊ အကောင်အထည်ဖော်ပြုလုပ်ခြင်းတို့ကို လုပ်ဆောင် ရမှာဖြစ်ပါတယ်။ ထိုအရာအားပြုလုပ်ရန် မေ့လျော့ဖို့မှာလွယ်ကူလှပါသည်။ သို့သော် ထိုအရာက သင့်နှင့် စကားပြောဆိုရခြင်းအပေါ် အခြားသူများ၏ခံစားချက်များကို (မန်နေဂျာ နှင့် အဖွဲ့ဝင်များ၏ဆက်ဆံရေးတွင်) ခြားနားမှုများစွာဖြစ်စေနိုင်ပါသည်။
အဖွဲ့ဝင်တစ်ဦးသည် မေးခွန်းများမေးမြန်းခြင်းကောင်းမွန်သကဲ့သို့ အတွေးအမြင်များကိုမျှဝေမှုရှိကာ မှတ်စု များကို သေချာစွာမှတ်သားခြင်းနှင့် ကတိတည်ခြင်းတို့ရှိပါက ထိုသူတို့သည် နားထောင်စွမ်းရည်ကောင်းသူ နှင့် မန်နေဂျာကောင်းတစ်ဦးဖြစ်လာမည်ဟု ခိုင်မာစွာဖော်ပြနေသောအချက်များဖြစ်ပါသည်။
၂။ သူတို့ဟာ ခေါင်းဆောင်ဖြစ်ဖို့ကိုစိတ်ဝင်စားကြပါတယ် (သူဌေးတစ်ယောက်အနေနဲ့ မဟုတ် ပါဘူး)
ခေါင်းဆောင်သူများသည် အလုပ်အကျွေးပြုသူများဖြစ်ပါသည်။ ထိုအရာဟာ မန်နေဂျာတစ်ဦးအနေဖြင့် သင်ယူနိုင်မည့် ပထမဦးဆုံးနှင့် ဖြစ်နိုင်ခြေရှိတာက အဓိကအကျဆုံးအရာတစ်ခုဖြစ်ပါသည်။ သင့်အနေဖြင့် အမှီအခိုကင်းမဲ့သောစာချုပ်များချုပ်ဆိုကာအလုပ်လုပ်ရခြင်းနှင့် ယနေ့အထိအသားကျနေခဲ့ပါက သင့်ရဲ့တွေး ခေါ်ပုံတွေကို တစ်ဦးခြင်းပါဝင်ဆောင်ရွက်မှုများမှ သင့်ရဲ့အဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မည်ကဲ့သို့ ဆပွား တိုးတက်လာအောင်ဆောင်ရွက်နိုင်မည်ဆိုသည်ကိုပြောင်းလဲတွေးခေါ်ရမည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သင်ဟာသူတို့အား ဘယ်လိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးရမလဲဆိုတာနဲ့ သူတို့ကို မည်သို့ ထောက်ပံ့ ကူညီမှုများပြုလုပ်ရမယ်ဆိုတာပဲဖြစ်ပါတယ်။
သင့်ရဲ့အဖွဲ့သားများအပေါ်ဂရုစိုက်မှုပေးနိုင်သည့်စွမ်းရည်ဟာ ကောင်းမွန်သည့်ခေါင်းဆောင်တစ်ဦးတွင်ရှိသင့် ရှိထိုက်သည့်အမှတ်အသားတစ်ခုဖြစ်ပါသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် အမြဲတစေသူတို့၏ပြု လုပ်ချက်များမှသူတို့၏အဖွဲ့သားများအပေါ်ထည့်သွင်းစဉ်းစားမှုရှိသည်ကိုဖော်ပြနေကာအားလုံးတိုးတက်ကြီး ပွားမှုရှိစေရန် ကူညီပေးလျက်ရှိပါက ထိုအရာသည် တစ်စုံတစ်ဦးက အလုပ်အကျွေးပြုသူခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည့်ပြယုဂ်တစ်ခုဖြစ်ပါသည်။
ဒီ Article လေးဟာ စာဖတ်သူ ပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.