Jobs In Myanmar
Load...

3 things to consider for your career in 2021

by www.jobsinyangon.com


Tags: Knowledge-Employee-Career-2021-JobsInYangon



သင့် Career လမ်းကြောင်းအတွက် ၂၀၂၁ ခုနှစ်အတွင်း ထည့်သွင်းစဉ်းစားသင့်သော အရာများ
 

များစွာသောသူတို့ရဲ့ career လမ်းကြောင်းများအတွက် ၂၀၂၀ ဟာ ခက်ခဲကြမ်းတမ်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်သစ်မှာတော့ ဒီအရာတွေအားလုံး ပြောင်းလဲလာဖို့ကိုတော့ မျှော်လင့်နိုင်ပါသေးတယ်။ နှစ်သစ်တစ်ခုရဲ့ အစောပိုင်းအချိန်ဟာ ပြောင်းလဲမှုများကိုလုပ်ကိုင်ဖို့အတွက် အကောင်းဆုံးအချိန်တစ်ခုပဲဖြစ်ပြီး များစွာသော သူတို့ဟာလည်း နှစ်သစ်အတွက် စိတ်ပိုင်းဖြတ်မှုနှင့် ဆုံးဖြတ်ချက်အသစ်များချမှတ်ခြင်း၊ သူတို့ရဲ့ ဘဝများတွင် ပိုမိုကောင်းမွန်တဲ့ အခြေအနေရလာဒ်များရရှိနိုင်ရန်အတွက် မတူညီတဲ့ရှုထောင့်များမှနေ၍ သူတို့ရဲ့ ဘဝဖြတ်သန်းမှုကို ပြန်လည်ဆန်းစစ်ခြင်းကို့ကို ပြုလုပ်တတ်ကြပါတယ်။ 

COVID-19 ကပ်ရောဂါကြောင့် သာမန်ဘဝနေထိုင်ပုံများရဲ့ ဘက်စုံအခန်းကဏ္ဍအမျိုးမျိုးကို အနှောင့်အယှက် အတားအဆီးဖြစ်စေခဲ့ပြီး လူအတော်များများရဲ့ တိုးတက်မှုလမ်းကြောင်းများကို ရပ်တန့်သွားစေခဲ့တဲ့အတွက် ယခုနှစ်သစ်ဟာ သင့် Career လမ်းကြောင်းရဲ့ ဦးတည်ရာကို ပြန်လည်အကဲဖြတ်၍ ခွဲခြမ်းစိတ်ဖြာမှုများပြုလုပ်ကြည့်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ 

လက်တွေ့တွင် များစွာသောဝန်ထမ်းများအဖို့ remote working လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်၍ လုပ်ကိုင်နေရမှာဖြစ်တဲ့အတွက် အခြားသောဖြစ်နိုင်ဖွယ်များ၊ ရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားဖို့အတွက် ယခင်ကထက်ပို၍ လွယ်ကူကောင်းလွယ်ကူနေနိုင်ပါတယ်။ မိမိတို့အလွန်လိုချင်ခဲ့တဲ့ အလုပ်တစ်ခုထံသို့ ကူးပြောင်းဖို့ရာတွင် သွားရေးလာရေးခက်ခဲနေမှုကို ထည့်သွင်းစဉ်းစား၍ ပူပန်နေစရာမလိုတော့ပါဘူး။ 

Self Makers ဟု ခေါ်တွင်သော တသီးပုဂ္ဂလဝန်ထမ်းများ၊ Contractor များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် Freelance အဌားလိုက်သူများအား အောင်မြင်မှုရရှိစေရန်အတွက် အကြံပေးဆွေးနွေးပေးသည့် Dublin မြို့အခြေစိုက် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှ မကြာသေးမှီကပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရ ဖြေကြားသူ ၁၀ ဦးတွင် ၇ ဦးခန့်ဟာ ယခုနှစ်အတွင်း Career အသစ်တစ်ခုသို့ ပြောင်းလဲလိုစိတ်ရှိနေပြီး ထိုအထဲကမှ ၃ပုံ ၁ပုံ ခန့်ဟာ လုပ်ငန်းစီးပွားရေးအသစ်တစ်ခုကို စတင်ဖို့အတွက် စိတ်အားထက်သန်နေကြတာကို တွေ့ရှိခဲ့ရပါတယ်။ 

အဆိုပါကုမ္ပဏီရဲ့ တည်ထောင်သူ Conor Lynch မှလည်း ၂၀၂၀ ခုနှစ်အတွင်း အလုပ်သမားဝန်ထမ်းများ တွေ့ကြုံနေရတဲ့ အခက်အခဲများဟာ ယခုနှစ်အတွင်း ဆက်လက်၍ ရှိနေနိုင်ဦးမှာဖြစ်ပြီး “ဝန်ထမ်းများဟာ သူတို့ရဲ့ Career လမ်းကြောင်းများတိုးတက်မှုရှိလာစေဖို့အတွက် စတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်။ တစ်ချို့ကတော့ မိမိတို့ဆန္ဒအလျှောက်ရွေးချယ်၍ လျှောက်လှမ်းနေကြပေမယ့် အများစုကတော့ လိုအပ်ချက်များအရ ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ရပြီး ကျွန်ုပ်တို့အတွက် သိသိသာသာကိုတွေ့မြင်ရနိုင်တဲ့ အကျိုးဆက်တစ်ခုကတော့ လူသားများ (ဝန်ထမ်းများ) ဟာ သူတို့ရဲ့ Career ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ကို လိုလားလာကြပြီပဲဖြစ်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

ယခုကဲ့သို့သော ခက်ခဲတဲ့အချိန်များကြောင့် စိတ်ပူပင်မှုများ၊ ကြောင့်ကျမှုများ ရှိလာနိုင်သော်လည်း ထိုအရာများက ဝန်ထမ်းများကို အနာဂါတ်တွင် သူတို့ရဲ့ဘဝနှင့် သက်မွေးဝမ်းကြောင်းလုပ်ငန်းများ ခိုင်မာမှုရှိလာစေရန်လည်း စဉ်းစားတွေးခေါ်တတ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့မှာတော့ ကျွန်တော်တို့ www.jobsinyangon.com ကနေ ၂၀၂၁ ခုနှစ်အတွင်း သင့် Career အတွက် နည်းဗျူဟာများချမှတ်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သော အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ 

 

၁။ ၂၀၂၀ ခုနှစ်ဟာ သင်နဲ့ သင့်မိသားစုအပေါ် မည်သို့သော အကျိုးသက်ရောက်မှုများကို ဖြစ်စေခဲ့ပါသလဲ? 

ယခင်နှစ်ကဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်များကို ပြန်လည်လေ့လာသုံးသပ်ခြင်းဟာ အလွန်အရေးကြီးလှပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းဟာ များစွာသောဝန်ထမ်းများထံသို့ မျှော်လင့်ထား၍မရနိုင်တဲ့ ထိုးနှက်ချက်များကို တစ်ခုပြီးတစ်ခု ယူဆောင်လာခဲ့ပြီး ထိုအထဲကမှ အတွေ့အများဆုံးအရာတစ်ခုကတော့ မိမိတို့ရဲ့ ကိုယ်ပိုင်နေအိမ်များအတွင်းတွင် အမြဲတမ်းရုံးခန်းနေရာတစ်ခု အထိုင်ချဖို့ ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အပြောင်းအလဲများဟာ သင်နဲ့ သင့်မိသားစုအပေါ် မည်သို့သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသလဲ? Remote Working ပြုလုပ်ရခြင်းရဲ့ ဘယ်အပိုင်းကတော့ သင့်ကို ပိုမိုကောင်းမွန်တဲ့ “အလုပ်/ ဘဝမျှခြေ” ရရှိစေခဲ့သလဲ? ဘယ်အပိုင်းတွေကိုတော့ သင့်အနေနဲ့ ပြောင်းလဲစေချင်ခဲ့သလဲ? ဒီကပ်ရောဂါဟာ သင့်ရဲ့ career နဲ့ working life များအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေရှိစေခဲ့ပြီး သင့်ရဲ့ တိုးတက်မှုလမ်းကြောင်းမှာ ချမှတ်ရမယ့်ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုတွေရှိစေခဲ့သလဲ? 

၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့အပြောင်းအလဲတိုင်းဟာ အမြဲတမ်းတည်မြဲနေမှာမဟုတ်ပေမယ့်လည်း ကျွန်းကျင်သူအများစုရဲ့ ခန့်မှန်းပြောကြားချက်များအရ ယခင်ကအတိုင်း အားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားမှာတော့လည်း မဟုတ်ပြန်ပါဘူး။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ တိုးတက်ရာလမ်းကြောင်းကို မည်သို့ရွေးချယ်၍ ရှေ့ဆက်သွားကြမလဲဆိုတာကတော့ တစ်ဦးချင်းစီအပေါ်မူတည်၍ ပြောင်းလဲမှုများရှိလာနိုင်သော်လည်း အများအားဖြင့်တော့ ဝန်ထမ်းများရဲ့ လိုအပ်ချက်များအပေါ်မူတည်၍ ပြုပြင်ပြောင်းလဲပေးမှုများလည်း ရှိလာမှာဖြစ်ပါတယ်။  

 

၂။ သင်ဘာကိုလိုချင်သလဲဆိုတာကို ရှာဖွေဆုံးဖြတ်ခြင်း 

ဒီလိုပြောလိုက်တဲ့အခါ အလွန်ဝေဝါးပြီး ရိုးရှင်းလွန်းလှတယ်လို့ ထင်မြင်ကောင်းထင်မြင်သွားနိုင်ပေမယ့် သင့်အနေနဲ့ ဘာကိုတစ်ကယ်လိုချင်သလဲဆိုတာကို လေးလေးနက်နက်စဉ်းစား၍ နေ့စဉ်နေ့တိုင်းမှာ သင့်ကို ပျော်ရွှင်စေမယ့်အရာက ဘာဖြစ်နိုင်သလဲဆိုတာကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။ ဒါက သင်အရမ်းလိုချင်တဲ့၊ သင်အရမ်းလုပ်ချင်တဲ့ အလုပ်တစ်ခုနောက်ကို ဘာတွေပဲပေးရပေးရဆိုပြီး လိုက်ခိုင်းတာမျိုးတော့မဟုတ်ပါဘူး။ (ဒါပေမယ့် သင့်ထံမှာစဉ်းစားထားတဲ့ အစီအစဉ်တစ်ခုရှိနေပြီးပြီဆိုရင်တော့ ထိုအတိုင်း စတင်ပြီး အကောင်အထည်ဖော်လိုက်ပါ။) ဒီလိုရှာဖွေဆုံးဖြတ်ခြင်းအားဖြင့် သင်အမှန်တကယ်လိုအပ်တဲ့ စိတ်ကျေနပ်မှုမျိုးကို ရရှိနိုင်မယ့် ဘဝတစ်ခုကိုတည်ဆောက်နိုင်စေဖို့အတွက် ရည်ရွယ်ပါဘတယ်။ 

သင့်ရဲ့ ဦးစားပေးအရာတွေအားလုံးကို စာရင်းပြုစုပြီး ဘယ်အရာတွေကတော့ လုံးဝ လုပ်ကိုလုပ်သင့်တဲ့ (လျှော့ပေး၍မရတဲ့) အရာတွေဖြစ်နေသလဲဆိုတာကို ရှာဖွေကြည့်ပါ။ ပြီးနောက် ထိုအရာတွေကို ရရှိနိုင်ဖို့အတွက် သင်ဘာတွေကိုလုပ်ရမလဲဆိုတာကို သင့်ကိုယ်သင်မေးမြန်း၍ အဖြေရှာကြည့်လိုက်ပါ။ ထိုအရာများဟာ သင့်မန်နေဂျာနဲ့ Career တိုးတက်ရေးလမ်းကြောင်းအတွက် ဆွေးနွေးခြင်း (သို့) Career လမ်းကြောင်းအသစ်တစ်ခုကို သင်ကိုယ်တိုင်ရှာဖွေခြင်း အစရှိသဖြင့် အမျိုးမျိုးသောအရာများဖြစ်နေနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သင့်ကိုပျော်ရွှင်စေနိုင်မယ့်အရာများကို စာရင်းပြုစုထားခြင်းဟာ သင်နှစ်သက်ကောင်းနှစ်သက်နိုင်မယ့် အလုပ်များကိုရှာဖွေ၍ စာရင်းပြုစုထားခြင်းထက် သင့်ဘဝခရီးလမ်းတစ်လျှောက်မှာ အကူအညီဖြစ်လာစေမှာပဲဖြစ်ပါတယ်။ 

 

၃။ Upskilling (ကျွမ်းကျင်မှုများကို မြှင့်တင်ခြင်း) ပြုလုပ်ဖို့ကို စဉ်းစားပါ။ 

၂၀၂၀ ခုနှစ်အတွင်းမှာ ကျွန်ုပ်တို့ရရှိလိုက်တဲ့ သင်ခန်းစာကတော့ လျှင်မြန်စွာအသားကျနိုင်စွမ်းနှင့် သဘောထားပျော့ပြောင်းမှုရှိခြင်းဟာ အဓိကကျတယ်ဆိုတာပဲဖြစ်ပါတယ်။ မရေမတွက်နိုင်သော ဝန်ထမ်းများနဲ့ အလုပ်သမားများဟာ COVID-19  ကြောင့် Career များနဲ့ လုပ်ငန်းအခန်းကဏ္ဍများကို လုံးဝဉသုံပြောင်းလဲခဲ့ရပြီး မိမိတို့အမှန်တကယ်လုပ်လိုတဲ့အလုပ်များကိုတော့ နားထားလိုက်ရပြီပဲဖြစ်ပါတယ်။ အချို့သောသူများဟာလည်း သူတို့ရဲ့လုပ်ငန်းများအတွင်း မူလထမ်းဆောင်ခဲ့ရသော လုပ်ငန်းတာဝန်များကို လွှတ်ချ၍ ကျရာအလုပ်ကို တာဝန်ကျေပွန်စွာထမ်းဆောင်နေကြရပြီး အဖွဲ့အစည်းရဲ့လိုအပ်ချက်များနဲ့ ဦးစားပေးလုပ်ဆောင်ရမည့်အရာများဟာလည်း ညတွင်းချင်းဆိုသလိုပဲ ပြောင်းလဲသွားခဲ့ပါတော့တယ်။ 

ဒီအရာများကြောင့် များစွာသောဝန်ထမ်းများအနေနဲ့ သက်ဆိုင်ရာအလုပ်များကို လုပ်ကိုင်နေရင်းမှ မြန်ဆန်စွာ upskilling ပြုလုပ်ပြီး သင်ယူနိုင်ဖို့ကို ဦးတည်သွားမှာဖြစ်ပြီး ယခုနှစ်သစ်ရဲ့ အစကာလများဟာ သင့်အနေနဲ့ အဆိုပါတာဝန်များကို အမှန်တကယ်စတင်၍ထမ်းဆောင်ခြင်းမပြုရသေးမှီတွင် သင် upskilling ပြုလုပ်သင့်နေတဲ့ အရာများကို အချိန်ယူ၍စဉ်းစားနိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။ ဒီအတွက်ကြောင့် သင့်ရဲ့ ဦးစားပေးအရာများကို စာရင်းပြုလုပ်ပြီး သင့်ရဲ့ Career လမ်းကြောင်းတွင် ပြောင်းလဲလိုတဲ့ဧရိယာများကို သိရှိခဲ့ပြီဆိုရင်တော့ ထိုအရာများကို ပြင်ဆင်နိုင်ဖို့အတွက် လိုအပ်မယ့် ကျွမ်းကျင်မှုများနဲ့ ကွာဟချက်များကိုလည်း သိရှိလာနိုင်မှာဖြစ်ပြီး လိုအပ်သလို ချိန်ညှိမှုများကိုပြုလုပ်၍ ရနိုင်မှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

\ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Fourteen Star Network Co., Ltd.

Fourteen Star Network Co., Ltd.

“To Be The Best Service Leader for Medical Devices” .Fourteen Star Network Company (FSN) has founded in 2004 in Myanmar. FSN distributes medical devices and equipment. FSN has mostly provided ima...
Show the postings (22)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS