Jobs In Myanmar
Load...

5 Reasons Why Employees Don’t Love Your Company Enough To Stay

by www.jobsinyangon.com


Tags: News-Employee-Retention-JobsInYangon



သင့်ဝန်ထမ်းများက ကုမ္ပဏီအပေါ်လုံလောက်သောချစ်ခင်မှုမရှိပဲ အလုပ်ထွက်လိုရခြင်း၏ အကြောင်းအရင်း (၅) ချက်

 

သင့်ရဲ့ကုမ္ပဏီအစဉ်အလာများဟာ တင်းကြပ်မှုရှိနေသောကြောင့် -

ကြံ့ခိုင်တဲ့အခြေခံတည်ဆောက်ပုံများနဲ့ ကုမ္ပဏီအစဉ်အလာများကိုဖော်ဆောင်တည်ဆောက်ခြင်းဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးဟာ အလွန်အမင်းတင်းကြပ်မှုရှိနေပြီး ကုမ္ပဏီဝန်ထမ်းများအနေနဲ့ မွန်းကြပ်လာတဲ့အထိ ဖြစ်မနေသင့်ပါဘူး။ လူများ (ဝန်ထမ်းများ) ဟာ ညှိနှိုင်းရလွယ်ကူပြီး သူတို့အနေနဲ့ ကိုယ်ပိုင်အရည်အချင်းများကိုပြသနိုင်သလို ဝေဖန်အကြံပြုချက်များကို ပြောဆိုတဲ့အခါတိုင်းတွင် ကြောက်ရွံ့နေစရာမလိုတဲ့ အလုပ်ခွင်ပတ်ဝန်းကျင်များတွင်သာ အလုပ်လုပ်လိုကြပါတယ်။ သင့်ရဲ့ကုမ္ပဏီဟာ ဝန်ထမ်းများကို သူတို့ရဲ့တီထွင်ဆန်းသစ်တဲ့ပုံစံများနဲ့ innovative thinking များကိုထုတ်ဖော်ပြသဖို့ လွတ်လပ်ခွင့်ပေးထားပါသလား? ထိုအရာအတွက် သင်တို့လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်များဟာ ဘယ်လိုရှိပါသလဲ? ဝန်ထမ်းများအနေနဲ့ ရိုးရှင်းတဲ့အရာများကို ပြီးမြောက်အောင်လုပ်ကိုင်နိုင်စေဖို့ကို ခွင့်ပြုမိန့်ရရှိနိုင်ဖို့ ကြာမြင့်စွာစောင့်ဆိုင်းနေရခြင်းမျိုးရှိနေပါသလား? 

သင့်အနေနဲ့ သင့်ဝန်ထမ်းများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာပိုမိုဖြစ်ပေါ်စေတဲ့ အချို့သောပေါ်လစီများကို ပြန်လည်၍ဖြေလျှော့ပေးဖို့ကိုစဉ်းစားသင့်ပါတယ်။ ယခုအချိန်ဟာ ပြန်လည်စီစစ်ခြင်းများကို ပြုလုပ်ပေးသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ 


လစာငွေများကို ကောင်းမွန်စွာမပေးသောကြောင့်- 

အခြားလုပ်ငန်းတူများနှင့်နှိုင်းယှဉ်လိုက်ပါက ပိုမိုကောင်းမွန်တဲ့လစာငွေများပေးအပ်ထားခြင်းဟာ Organization များအနေနဲ့ ဝန်ထမ်းများကိုထိန်းသိမ်းထားနိုင်စေမည့်နည်းလမ်းများစွာထဲက တစ်ခုပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာအချက်ကတော့ များစွာသောလုပ်ငန်းရှင်များဟာ ဒီအချက်တစ်ခုတည်းကိုပဲအာရုံစိုက်နေကြတာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဝန်ထမ်းများကို ကောင်းမွန်သောလစာငွေပေးအပ်ခြင်းမရှိပါက သူတို့ဟာ သင့်ရဲ့လုပ်ငန်းမှ ထွက်သွားကြနိုင်ချေ ပိုများမည်မှာ မှန်သင့်သလောက်တော့မှန်ကန်မှုရှိပါတယ်။ 

သို့သော်လည်း တစ်ခါတစ်ရံတွင် ကောင်းမွန်တဲ့လစာငွေတစ်ခုတည်းဟာ ဝန်ထမ်းများဆက်လက်၍ တည်မြဲနေစေဖို့ လုံလောက်တဲ့အကြောင်းပြချက်တစ်ခုတော့မဟုတ်ပြန်ပါဘူး။ အခြေခံလစာငွေအပြင် သင့်အနေနဲ့ သတ်မှတ်ထားတဲ့ ဘောနပ်စ်များ၊ profit sharing, sales commission အစရှိတဲ့ compensation structure များကို တည်ဆောက်ထားသင့်ပြီး အခြားသောနည်းလမ်းများကိုအသုံးပြု၍လည်း အလုပ်အပေါ်အာရုံစူးစိုက်မှုရှိခြင်းနှင့် သစ္စာရှိမှုတို့အတွက်ကို ဆုချမှုများပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သင့်ကုမ္ပဏီရဲ့ productivity level များဟာတိုးမြင့်မှုများရှိလာမှာဖြစ်တဲ့အပြင် ROI တွင်လည်း ကောင်းမွန်သောရလာဒ်များကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ 


သင်ဟာ ဝန်ထမ်းများမှ သင့်ကိုလုပ်ပေးနေတဲ့ “အလုပ်” အပေါ်တွင်သာ စိတ်ဝင်စားမှုရှိနေခြင်း - 

အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ မှတ်သားထားရမှာက ဝန်ထမ်းများဟာ သူတို့ ဝန်ထမ်းများဖြစ်မလာမှီတွင် လူသားများဖြစ်တယ်ဆိုတာပါပဲ။ ဆိုလိုတာက သင့်အနေနဲ့ professional ဆန်ခြင်းနှင့် တင်းကြပ်မှုများရှိသော လုပ်ငန်းသဘောပုံစံများနှင့် ဆက်ဆံပုံများမှကွဲထွက်၍ သင့်ဝန်ထမ်းများကို တစ်ခါတစ်ရံတွင် လူသားဆန်စွာပြောဆိုဆက်ဆံနိုင်စေမည့် နည်းလမ်းများကိုလည်း ရှာဖွေ၍ ပြောဆိုဆက်ဆံမှုများပြုလုပ်ပေးသင့်ပါတယ်။ တစ်ခါက လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်တဲ့ဝန်ထမ်းတစ်ဦးဟာ သူမ အလုပ်မှနေမကောင်း၍ ခွင့်ယူပြီးနောက် ရုံးပြန်တက်ရတဲ့အခါတွင် သူမရဲ့အထက်လူကြီးများမှ သူမနေကောင်းပါရဲ့လားဟူ၍ တစ်ခွန်းမှမေးမြန်းခြင်းမပြုပဲ နေနိုင်ကြတဲ့အတွက် အဆိုပါလုပ်ငန်းအဖွဲ့အစည်းမှ ထွက်ခွာသွားခြင်းမျိုး ရှိခဲ့ဖူးပါတယ်။ သူမအနေနဲ့ ပုံမှန်ရုံးပြန်တက်ပြီး လုပ်ငန်းများကိုပုံမှန်အတိုင်းဆက်လက်၍လုပ်ကိုင်နေရုံသာ ဖြစ်သော်လည်း အထက်ပါအချက်ကို သူမက သတိထားစရာအချက်တစ်ခုအနေနဲ့ မြင်ခဲ့တဲ့အတွက် အလုပ်မှထွက်ခွာခဲ့ပါတယ်။ 

 

သင်က ဝန်ထမ်းအသစ်များကိုသာ ဂရုစိုက်နေပြီး ကျန်ဝန်ထမ်းများကို လျစ်လျှူရှုထားခြင်း - 

ဒါဟာလုပ်ငန်းရှင်များအနေနဲ့ ပြုလုပ်လေ့ရှိကြတဲ့အမှားတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ team သို့ လူသစ်တစ်ဦးရောက်ရှိလာတဲ့အခါမှာ သူတို့ဟာချက်ခြင်းဆိုသလို လုပ်ငန်းရှင်မှအနှစ်သက်ဆုံးသူတစ်ဦး အဖြစ်သို့ရောက်ရှိသွားပြီး ကျန်ဝန်ထမ်းဟောင်းများကတော့ ချောင်ထိုးခံလိုက်ရပါတော့တယ်။ ဝန်ထမ်းတစ်ဦးအနေနဲ့ သူတို့ကိုကောင်းစွာအသုံးချပြီးနောက် ယခုသူတို့ဘာလုပ်လုပ် သူတို့ရဲ့အလုပ်ရှင်ကစိတ်ဝင်စားမှုမရှိတော့ဘူးလို့ ခံစားလာရပါက သူတို့ကို စိတ်သစ်၊ လူသစ်ဖြစ်စေပြီး၊ ဂရုစိုက်ခြင်း၊ အသိအမှတ်ပြုခြင်းတို့ကို ခံစားရစေနိုင်မယ့် နောက်ထပ်အလုပ်အသစ်တစ်ခုထံသို့ ကူးပြောင်းသွားမှာပဲဖြစ်ပါတယ်။ 

 

သင်က သင့်ရဲ့မန်နေဂျာများကို ကောင်းစွာစီမံခန့်ခွဲခြင်းမရှိသောကြောင့် -

ပုံမှန်တွေ့ရတဲ့ resign ပြုလုပ်တဲ့စာတစ်စောင်တွင် ဝန်ထမ်းတစ်ဦးဟာ အလုပ်မှနှုတ်ထွက်ကြောင်းကိုသာ ရေးသားထားပေမယ့် တစ်ခါတစ်ရံမှာ သူတို့ဟာ အလုပ်လုပ်ရခြင်းကို သည်းမခံနိုင်လောက်သည်အထိ ခက်ခဲအောင်ပြုလုပ်လိုက်တဲ့ ကောင်းမွန်ခြင်းမရှိတဲ့မန်နေဂျာတစ်ဦးထံမှ နှုတ်ထွက်လိုတာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ 

“ကောင်းမွန်မှုမရှိတဲ့ မန်နေဂျာတစ်ဦးဟာ ဝန်ထမ်းကောင်းတစ်ဦးကို ပျက်စီးသွားအောင်ပြုလုပ်နိုင်စေပြီး အကောင်းဆုံးဝန်ထမ်းများကို အလုပ်မှထွက်ခွာသွားစေကာ ကျန်ဝန်ထမ်းများကိုလည်း စိတ်အားတက်ကြွမှုများမရှိတော့သည်အထိ ဖြစ်သွားစေနိုင်ပါတယ်။” 

ဒါကြောင့်ပဲ အချိန်မှန် ဝေဖန်အကြံပေးချက်များပြုလုပ်နိုင်မည့်အချိန်များရှိနေဖို့ဟာအရေးကြီးရတာဖြစ်ပြီး ထိုအချိန်တွင် အဖွဲ့ဝင်များအနေနဲ့ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ ပိုမိုကောင်းမွန်တဲ့မန်နေဂျာတစ်ဦးဖြစ်လာနိုင်စေဖို့အတွက် ဘာတွေကိုလုပ်ဆောင်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုချက်များပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ဒီအချက်ကတော့ သင့်အနေနဲ့ လုပ်ငန်းအတွင်းတွင် နံပါတ် (၁) အချက်အတိုင်း တံခါးဖွင့်ဝါဒကိုကျင့်သုံးမှုရှိမှသာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ 

သင့်ကုမ္ပဏီအပါအဝင် ကုမ္ပဏီတိုင်းအတွက် ဝန်ထမ်းများကိုထိန်းသိမ်းနိုင်မှုစွမ်းရည်နှုန်း နိမ့်ကျခြင်းဟာ ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ အရည်အချင်းရှိသူများကို ဆုံးရှုံးရခြင်းဟာ ငွေကြေးကုန်ကျမှုရှိစေသည်သာမက ကိုက်ညီမှုရှိသူနောက်တစ်ဦးကို ရှာဖွေရခြင်းနှင့် အရင်လူထားခဲ့တဲ့နေရာမှ ပြန်လည်စတင်နိုင်မယ့်အခြေအနေတစ်ခုသို့ရောက်ရှိလာအောင် ပျိုးထောင်ပေးရခြင်းအတွက်လည်း တန်ဖိုးရှိတဲ့အချိန်များကို ကုန်ဆုံးစေမှာပဲဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Magnate Group Logistics Co., Ltd.

Magnate Group Logistics Co., Ltd.

Our youthful and vigorous staffs have the passion and team spirit which has driven us into being able to expand to now 16 cities and further expanding to more with many outlets station and service poi...
Show the postings (14)
Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
KND Corporation Co., Ltd

KND Corporation Co., Ltd

Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS