Jobs In Myanmar
Load...

5 Times To Say “No!” At Work

by www.jobsinyangon.com


Tags: Knowledge-Times-To-Say-No-JobsInYangon



လုပ်ငန်းခွင်အတွင်း “No” ဟု ပြောဆို၍ ငြင်းပယ်လိုက်သင့်တဲ့ အခြေအနေ (၅) မျိုး 
 
 
Professional တစ်ဦးဖြစ်ပြီး အောင်မြင်လိုသူတစ်ဦးအနေနဲ့ သင်ဟာ အမြဲတမ်း “Yes” လို့ပြောမိခြင်းနဲ့ ကျင့်သားရနေနိုင်ပါတယ် - သင့်ရဲ့ team ကို အကူအညီပေးနိုင်ရန်အတွက် အပိုအလုပ်များကို “Yes” လို့ပြောမိခြင်း၊ အလုပ်ချိန်ပြင်ပတွေ့ဆုံဆွေးနွေးမှုများကို “Yes” လို့ပြောမိခြင်း အစရှိတဲ့ “Yes” များကို အသုံးပြုနေရနိုင်ပါတယ်။ “Yes” လို့ပြောလိုက်ခြင်းဟာ သင့်အတွက်အခွင့်အလမ်းများကို ပိုမိုပွင့်လန်းလာစေမှာဖြစ်ပြီး လူများကိုစိတ်ကျေနပ်မှုရရှိစေမှာဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ သင့်ရဲ့ စိတ်ကျန်းမာရေးနဲ့ သင့်ပျော်ရွှင်မှုအတွက် “No” လို့ ပြောလိုက်ဖို့လိုအပ်တဲ့အချိန်များလည်း ရှိလာနိုင်ပါတယ်။ 
 
သင့်အနေနဲ့ အမြဲတမ်း လူတိုင်းကိုစိတ်ကျေနပ်မှုရှိစေရန် လိုက်လံလုပ်ဆောင်ပေးဖို့မလိုအပ်ပဲ တစ်ခါတစ်ရံမှာ သင့်ရဲ့ကိုယ်ကျိုးအတွက် “No” လို့ပြောပေးဖို့လည်း လိုအပ်ပြီး ဒါမှသာ သင့်အနေနဲ့ မိမိရဲ့ကိုယ်ပိုင်ရည်မှန်းချက်များနဲ့ ဦးစားပေးပြုလုပ်သင့်တဲ့အရာများကိုလည်း အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ 
 
 
ဒီလိုပြုလုပ်နိုင်ဖို့အတွက် ဘယ်အချိန်မှာ “No” လို့ပြောသင့်သလဲဆိုတာကိုလည်း သိရှိနိုင်ရန်လိုအပ်ပြီး ဒီလိုသိရှိနိုင်စေရန် အလွယ်ဆုံးနည်းလမ်းကတော့ 4 D’s of time management (အချိန်စီမံခန့်ခွဲမှုအတွက် D (၄) လုံး) ကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ၎င်းတို့ကတော့ - 
 
(၁) Do - လုပ်ဆောင်ပါ 
(၂) Defer (Delay) - အချိန်ဆွဲပါ
(၃) Delegate - ပြန်လည်၍တာဝန်ပေးပါ
(၄) Delete (Drop) - ဖျက်လိုက်ပါ/ ဖယ်ထုတ်လိုက်ပါ . . . တို့ဖြစ်ကြပါတယ်။ 
 
အဆိုပါ D (၄) လုံးဟာ လုပ်စရာကိစ္စ (သို့) ပရောဂျက်တစ်ခုအတွက် သင့်ရဲ့အချိန်တွေကိုမြှုပ်နှံထားဖို့ တန်၊ မတန်ကို လျှင်မြန်စွာအကဲဖြတ်နိုင်မယ့် နည်းဗျူဟာတစ်ခုဖြစ်ပြီး ယခုပဲ မိမိကိုယ်တိုင် စတင်ဆောင်ရွက်သင့်သလား၊ အခြားသူတစ်ဦးကို စေခိုင်းဖို့ လိုအပ်သလား၊ နောင်တွင်ပြုလုပ်ဖို့ လိုအပ်လာနိုင်သလားနှင့် ဘယ်အရာများကိုတော့ သင့်ရဲ့ To-Do list ကနေ ဖယ်ထုတ်ပစ်ဖို့ လိုအပ်မလဲဆိုတာကို အကဲဖြတ်နိုင်ဖို့ အကူအညီ ဖြစ်စေနိုင်ပါတယ်။ 
 
 
အောက်ပါအခြေအနေ (၅) မျိုးကတော့ သင့်ရဲ့ လုပ်ငန်းခွင်အတွင်းတွင် “No” လို့ ငြင်းပယ်လိုက်သင့်တဲ့ အခြေအနေများဖြစ်ပါတယ် - 
 
 
၁။ မရှိမဖြစ်တက်ရောက်ဖို့ မလိုအပ်သော Meeting များ 
 
အဝေးမှ (အိမ်မှ) အလုပ်လုပ်ခြင်းဟာ ပုံမှန်ပြုလုပ်နေရတဲ့ အရာတစ်ခုဖြစ်လာခဲ့ပြီးနောက် ထိုသို့ကောင်းမွန်စွာပြုလုပ်နိုင်ရန်အတွက် ကောင်းမွန်စွာ communication ပြုလုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် နေ့စဉ် အလုပ်ချိန်နေ့တစ်ပိုင်းခန့်ကို Meeting များနဲ့သာအချိန်ကုန်နေပြီး ပြုလုပ်ရမယ့် အလုပ်တွေအကြောင်းကို ဆွေးနွေးနေရမယ်ဆိုပါက အလုပ်တွေကိုအချိန်မှီပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိကိုယ်တိုင် တက်ရောက်ဖို့မလိုတဲ့၊ သင့်ရဲ့ရည်မှန်းချက်များ (ဒါမှမဟုတ်) သင့် Team ရဲ့ ရည်မှန်းချက်များနဲ့ သက်ဆိုင်မှုမရှိတဲ့၊ သင့်ရဲ့ အကြံဉာဏ်များနဲ့ သင့်ရဲ့ တင်ပြမှုများဟာ အရေးမပါတဲ့ meeting များကို ငြင်းဆိုလိုက်ပါ။ အဆိုပါ Meeting ကို မြန်ဆန်စွာပြုလုပ်ပြီးစီးနိုင်မယ်ဆိုရင်တော့ ပထမဆုံး D စည်းမျဉ်းအတိုင်း ချက်ခြင်းပြုလုပ်လိုက်ပါ။ Meeting သို့ တက်ရောက်ပြီး သင်ပြောဆိုဖို့လိုအပ်တဲ့အရာများကို တတ်နိုင်သမျှ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ပြောဆိုလိုက်ပါ။ 
 
ထိုသို့ပြုလုပ်ဖို့ သင့်မှာ အမှန်တကယ် အချိန်အားလပ်မှုမရှိပါက တတိယ D စည်းမျဉ်းအတိုင်း အခြားသောလုပ်ဖော်ကိုင်ဖက်တစ်ဦးကို သင့်ကိုယ်စားတက်ရောက်စေခြင်း၊ ဒါမှမဟုတ် စတုတ္ထ D စည်းမျဉ်းအတိုင်း ၎င်းကို လုပ်စရာကိစ္စများမှ ထုတ်ပယ်လိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။  
 
 
၂။ တကူးတက လုပ်ဆောင်ရမည့် အရာများ
 
ကပ်ရောဂါကာလအတွင်းတွင် ဝန်ထမ်းအင်အားဟာလည်း ပုံမှန်အချိန်များထက် နည်းပါးနေတဲ့အတွက်  မိမိတို့ရဲ့အလုပ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး လုပ်ငန်းနယ်ပယ်အတွင်း ဆက်လက်တည်ရှိနေနိုင်ဖို့အတွက် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ Job Description တွင် ဖော်ပြမထားတဲ့ အလုပ်များကိုလည်း လုပ်ကိုင်ပေးဖို့ လိုအပ်ပြီး Flexible ဖြစ်ကာ လိုအပ်သလို ပြောင်းလဲနိုင်စွမ်းရှိနေဖို့ဟာ အရေးကြီးလှပါတယ်။ မိမိကို comfort zone အပြင်သို့ ဆွဲထုတ်နိုင်ပြီး စိန်ခေါ်မှုများကိုပေးနိုင်မယ့် လုပ်ငန်းပရောဂျက်များကို တာဝန်ယူဆောင်ရွက်ဖို့ ဝန်မလေးလိုက်ပါနဲ့။ သို့သော် . . . ကားတစ်စီးကို မောင်းနှင်နေရသကဲ့သို့ပင် ဘယ်အချိန်မှာ ဘရိတ်အုပ်ပြီးရပ်တန့်ရမလဲဆိုတာကိုလည်း သိရှိထားဖို့က အရေးကြီးလှပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်ရဲ့ career ကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့အရာများနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ 
 
လူတစ်ယောက်အနေနဲ့ အရာရာတိုင်းတွင် ထူးချွန်နိုင်မှာမဟုတ်ပဲ အသစ်အသစ်သောအရာများကို သင်ယူလေ့လာ၍ လုပ်ဆောင်ကြည့်လိုတဲ့စိတ်ရှိနေခြင်းဟာ ကောင်းမွန်ပေမယ့် တစ်ခါတစ်ရံမှာ ဒီလိုတစ်ကူးတစ်က ဆောင်ရွက်ရမယ့်အရာများဟာ သင့်ရဲ့တက်လမ်းကိုပိတ်ဆို့လာနိုင်ပါတယ်။ သင့်အနေနဲ့ ထမ်းဆောင်နိုင်တဲ့ တာဝန်ပမာဏထက် ပိုမိုများပြားတဲ့တာဝန်များကို ထမ်းဆောင်နေရပါက အဓိကဆောင်ရွက်ရမယ့်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်းရှိတော့မှာမဟုတ်ပဲ သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းရဲ့ အောင်မြင်မှုကို အဟန့်အတားဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီကဲ့သို့သောအခြေအနေမျိုးတွင် မိမိထက်အနည်းငယ် ပိုမိုအားလပ်မှုရှိတဲ့ အခြားသူများကို တာဝန်များခွဲဝေပေးပြီး လုပ်ဆောင်ခိုင်းခြင်း (သို့) ၎င်းတို့ကို ဆက်လက်လုပ်ဆောင်ခြင်းမပြုပဲ မိမိအတွက် အရေးကြီးတဲ့လုပ်စရာကိစ္စများကိုသာ ဆက်လက်လုပ်ဆောင်သွားလိုက်ပါ။ 
 

၃။ သင့်ထံတွင် အမှန်တကယ် အချိန်လုံးဝလုံလောက်မှုမရှိတဲ့အခါများ 

Time is money ဆိုတဲ့ စကားပုံအတိုင်း - တစ်ခုခုကိုဆောင်ရွက်နေခြင်းမရှိပဲ အချိန်ဖြုန်းနေမိပါက ၎င်းလုပ်ရပ်များဟာ သင့်ကိုတစ်ချိန်ချိန်တွင် ပြန်လည်၍ ဒုက္ခပေးလာနိုင်ပါတယ်။ ဘဝမှာ အလုပ်ကို ကြိုးစားလုပ်ကိုင်ဖို့ဆိုတာထက် အလုပ်ကို ဉာဏ်နှင့်ယှဉ်တွဲ၍ Smart ဖြစ်စွာ လုပ်ဆောင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အခြားသူများရဲ့ တောင်းဆိုချက်များအားလုံးကို “Yes” ဟု ပြော၍ လိုက်လံဖြည့်ဆည်းပေးနေခြင်းကြောင့် မိမိထံတွင် အလုပ်များပိလာပြီး ၎င်းတို့ဟာ ကုမ္ပဏီရဲ့ အောင်မြင်မှုနဲ့ လားလားမှ သက်ဆိုင်မှုမရှိတဲ့အရာများဖြစ်နေပါက အကျိုးထူးလာမှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိလုပ်ဆောင်နိုင်စွမ်းထက်ပိုတဲ့ အလုပ်များကို တာဝန်ယူထားခြင်းဟာ သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ဖြစ်လာစေနိုင်မှာဖြစ်တယ်ဆိုတာကို မှတ်သားထားပါ။ သင့်အနေနဲ့ အရာရာတိုင်းကို ပြီးမြောက်အောင် လိုက်လံလုပ်ဆောင်နေရပါက လုပ်စရာရှိတဲ့အရာများကို ကောင်းမွန်အောင်ဆောင်ရွက်နိုင်တော့မှာမဟုတ်တဲ့အတွက် အပိုဖြစ်နေတဲ့ အလုပ်များကို သင့်ရဲ့လုပ်ဆောင်စရာကိစ္စများစာရင်းမှ ထုတ်ပယ်ပစ်လိုက်ပါ။

 
၎။ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ သိနေတဲ့အခါများ 
 
အခြားသောအပိုအလုပ်ကိစ္စများကို ဆောင်ရွက်ရန် တာဝန်ယူခြင်းမပြုမှီတွင် သင့်ကိုယ်သင် အောက်ပါမေးခွန်းများ မေးမြန်းကြည့်လိုက်ပါ - 
 
• ဒီအလုပ်ဟာ သင်လုပ်နိုင်တဲ့အလုပ်တစ်ခုဖြစ်ပါသလား? သင်ကောင်းမွန်စွာ ပြုလုပ်နိုင်ပါသလား? 
• သင့်ထက်ပို၍ အားလပ်မှုရှိတဲ့ အခြားသူတစ်ဦးမှ ဆောင်ရွက်နိုင်ခြင်း မရှိသေးမှီတွင် သင်အချိန်ဆွဲထား၍ရနိုင်မလား? 
• ဒီအလုပ်ကို အခြားတစ်ယောက်အား စေခိုင်း၍ရနိုင်မလား? 
 
ဒီအချက် (၃) ချက်ကို မေးမြန်းကြည့်ပြီးနောက် ဒါဟာမဖြစ်နိုင်ဘူးဆိုပါက (သို့) ကုမ္ပဏီအတွက် အကျိုးရှိမလာနိုင်ဘူးဆိုပါက “No” ဟုပြောကာ ငြင်းဆိုပြီး လုပ်စရာရှိတဲ့အရာများစာရင်းမှ ပယ်ဖျက်လိုက်ပြီး Professional ဆန်စွာနဲ့ Smart ဖြစ်စွာ ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပါ။ 
 
 
၅။ သင်ပြုလုပ်မပေးနိုင်ကြောင်း တပ်အပ်သိနေတဲ့အခါများ 
 
မည်သူကမှတော့ လုပ်ငန်းခွင်အတွင်းတွင် အေးအေးဆေးဆေးနေ၍ ပျင်းရိတတ်သူတစ်ဦးအဖြစ် အထင်ခံလိုကြမှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့အားလုံးဟာ မိမိတို့အကောင်းဆုံးစွမ်းဆောင်နိုင်သမျှ ဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ချပေးလိုက်တဲ့ deadline များဟာ လုံးဝမဖြစ်နိုင်တဲ့ deadline များဖြစ်နေတတ်ပြီး မိမိဆောင်ရွက်ပေးနိုင်စွမ်းမရှိတဲ့ Project များကို တာဝန်ယူ တာဝန်ခံလိုက်ခြင်းအားဖြင့် သင့်ကို အချိန်မှီပြီးမြောက်အောင် စွမ်းဆောင်နိုင်သူတစ်ဦး မဟုတ်ဘူးဟူ၍ ထင်မြင်ယူဆသွားခြင်းကို ခံရနိုင်ပါတယ်။ 
 
ပိုပိုသာသာကတိများပေး၍ အမှန်တကယ်ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိတာဟာ မကောင်းပါဘူး။ ဒါကြောင့် ကတိနည်းနည်းပေး၍ လက်တွေ့တွင်ထို့ထက်ပို၍ဆောင်ရွက်ပြနိုင်ဖို့ကို  လေ့ကျင့်ထားလိုက်ပါ။ သင့်အနေနဲ့ “Yes” လို့မပြောလိုက်မှီတွင် - ဒီအလုပ်ကို သင်အမှန်တကယ်ပဲ ဆောင်ရွက်နိုင်မှာလားဆိုတာကို သင့်ရဲ့ ဦးစားပေးဆောင်ရွက်ရမယ့်အရာများနဲ့ လက်ရှိရှိနေတဲ့ ဝန်ထုပ်များကို ထည့်သွင်း၍ အလေးအနက်ထားစဉ်းစားပြီးမှ ကတိပေးသင့်ပါတယ်လို့ အကြံပြုရင်း ဒီ article လေးကို နိဂုံးချုပ်လိုက်ပါရစေ။ 
 
 
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ် 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS