Jobs In Myanmar
Load...

5 tips to keep hackers at bay

by www.jobsinyangon.com


Tags: Knowledge-IT-Hacker-General-JobsinYangon



Hacker များ မဝင်ရောက်နိုင်စေရန်တားဆီးနိုင်မည့် သိမှတ်ဖွယ်ရာ (၅)ချက်

ဒီနေ့မှာတော့ သင့်ကို Hacker များထံမှတိုက်ခိုက်မှုများကိုကာကွယ်နိုင်စေမယ့် အသုံးများတဲ့ကာကွယ်မှုဆိုင်ရာ သိမှတ်ဖွယ်ရာအချို့ကိုဖော်ပြပေးလိုပါတယ်။ 

၁။ Operating system update များကို install ပြုလုပ်ပါ၊ app များကို update ပြုလုပ်ပါ။ 

ဖုန်းများနဲ့ application အများစုတွင် secruity update များနဲ့အတူ အချိန်နဲ့တပြေးညီထုတ်ပေးနေတဲ့ update များရှိပါတယ်။ Developer များနဲ့ expert များရဲ့ပြောကြားချက်အရ ဒီအရာက Hacker များမှ အချိန်နဲ့တပြေးညီ တွေ့ရှိလာတဲ့ အားနည်းချက်များကို အလိုအလျှောက်ပြင်ဆင်ပေးနိုင်တဲ့အတွက် ဖုန်းများနဲ့ application များကို အစဉ်အမြဲ update ပြုလုပ်ထားဖို့ကအရေးကြီးပါတယ်

၂။ ဗွီဒီယိုများနဲ့ link များကိုဖွင့်တဲ့အခါတွင် သတိထားပါ။ 

Pishing mail များကို user များထံသို့ပေးပို့ပြီး malware ပါတဲ့ ဖိုင်ကို download ပြုလုပ်ရန် (သို့) malware ပါဝင် တဲ့ link တစ်ခုသို့ဝင်ရောက်ရန်တိုက်တွန်းခြင်းပြုလုပ်ရတဲ့ e-mail များနဲ့မတူတဲ့အချက်ကတော့ ဖုန်းများတွင် ထိုသို့ တိုက်ခိုက်မှုများဟာ social media application များပေါ်ကလာတာပဲဖြစ်ပါတယ်။ 

ကျွမ်းကျင်သူများရဲ့အဆိုအရ အဖြစ်များတဲ့နည်းလမ်းတစ်ခုကတော့ Facebook (သို့) Instagram ပေါ်မှတစ်ဆင့် malware ကို launch ပြုလုပ်နိုင်မယ့် link ကို စာတိုပေးပို့ခြင်းပဲဖြစ်ပါတယ်။ ကိုယ်မသိတဲ့နံပါတ်များမှ ပေးပို့လာ မယ့် link များနဲ့ ဖျော်ဖြေရေးဆိုင်ရာ SMS များကို ဘယ်တော့မှမဖွင့်လိုက်ပါနဲ့။ 

၃။ Antivirus software ကိုသွင်းထားပါ။ 

Smartphone များဟာ ကွန်ပြူတာများကဲ့သို့ပင် hack ပြီး ချိုးဖောက်ဝင်ရောက်ရလွယ်ကူပါတယ်။ Security software တစ်ခုကိုဝယ်ယူအသုံးပြုခြင်းဟာ အထူးသဖြင့် user တစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်များကို ဖုန်းပေါ်တွင်သိမ်းဆည်းထားရတယ်ဆိုပါက လုပ်ဆောင်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။ Apple phone များထက်စာလျှင် Android ဖုန်းများပေါ်တွင် လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုများကိုပိုပြီးထည့်သွင်း ထားသင့်ပါတယ်။ 

၎။ App များကို နေရာတိုင်းကနေ download မဆွဲပါနဲ့ 

တရားဝင် application store မဟုတ်တဲ့နေရာများနဲ့ website များတွင် malware များ ပါဝင်နေတတ်ပါတယ်။ Android phone အသုံးပြုသူများအနေနဲ့ Google Playstore နဲ့ iPhone အသုံးပြုသူများအနေနဲ့ app store မှ application များကိုသာ download ပြုလုပ်သင့်ပါတယ်။ သို့သော် ဒီ official application store များကိုပဲ အသုံး ပြုနေရင်တောင်မှ user များအနေနဲ့ ခွဲခြားစိတ်ဖြာဆုံးဖြတ်တတ်ဖို့တော့လိုအပ်ပါလိမ့်မယ်။ 

Verify ပြုလုပ်ပြီးတဲ့ publisher များထံမှ apps များကိုသာ download ဆွဲသင့်ပါတယ်။ Google ရဲ့ framework ပေါ်တွင် application တိုင်းဟာ certify ပြုလုပ်ထားတာမဟုတ်ပါဘူး ဒါကြောင့်မို့ user များအနေနဲ့ သေချာစွာ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်ဖို့လိုအပ်ပါတယ်။ 

၅။ ပုံမှန် ဒေတာများကို back up ပြုလုပ်ပေးပါ။

ဖုန်းခိုးယူခံရခြင်း (သို့) software ပျက်စီးခြင်းဖြစ်ပွားတဲ့အခါ ဒေတာဆုံးရှုံးမှုမဖြစ်စေရန်အတွက် ကျွမ်းကျင်သူ များက အရေးကြီးတဲ့ ဒေတာများကို cloud ပေါ်တွင်သိမ်းဆည်းထားဖို့ကိုညွှန်းဆိုထားပါတယ်။ ဒီ Backup ဟာ တယ်လီဖုန်းနံပါတ် (contact) များ၊ ဓါတ်ပုံများနဲ့ ဗွီဒီယိုများသာမက download ပြုလုပ်ထားတဲ့ စာဖိုင်များ၊ မှတ်စု များနဲ့ အသံသွင်းထားမှုများကိုလည်းပြုလုပ်နိုင်ပါတယ်ဟု ၎င်းတို့က ပြောကြားခဲ့ပါတယ်။ 

 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


AA Medical Products

AA Medical Products

Our headquarters office is in Yangon and we have the branch offices in Mandalay, Myintkyina, Mawlamyine, Taunggyi, Lashio, Magwe, Sittwe, Kalay, Meik, Dawei, Pathein and Nay Pyi Taw.We have over 700 e...
Show the postings (68)
Min Zar Ni Group of Companies

Min Zar Ni Group of Companies

The group engaed in Sourcing, Processing and Marketing all varieties of fresh Frozen Seafood to the international markets. The first pioneer plant was established in 1995 in Yangon and at the present ...
Show the postings (2)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (38)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (44)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS