Jobs In Myanmar
Load...

6 Simple Ways to Improve Employee Morale (Part – 2)

by www.jobsinyangon.com


Tags: Knowledge-HRM-Employee-Morale-JobsInYangon



ဝန်ထမ်းများကို စိတ်အားထက်သန်မှုတိုးတက်လာစေနိုင်မည့် ရိုးရှင်းသောနည်းလမ်း (၆) သွယ် (အပိုင်း - ၂)

 

ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုရှိစေခြင်းဆိုသည်မှာ သင့်ရဲ့ဝန်ထမ်းများ မည်မျှအထိပျော်ရွှင်မှုရှိသလဲဆို သည်ကိုတိုင်းတာခြင်းလောက် ရိုးရှင်းမှုမရှိနေပါဘူး။ ဒီအရာက သင့်ကုမ္ပဏီရဲ့ အစဉ်အလာများဟာ မည်မျှအထိ ကောင်းမွန်မှုရှိသလဲ၊ သင်နဲ့ အခြားသော leader များဟာ သူတို့ရဲ့ team များနဲ့ မည်မျှအထိကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သလဲဆိုတာနဲ့ သင့်ရဲ့မန်နေဂျာများဟာ မည်မျှထိရောက်မှုစွာ လုပ်ကိုင်နိုင်သလဲဆိုတာများနဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိနေပါတယ်။ 

ကုမ္မဏီမှ သူတို့အပေါ်ဂရုစိုက်မှုရှိတယ်လို့ ဝန်ထမ်းများမှထင်မြင်ယူဆလာကြတဲ့အခါတွင်မှသာ မြင့်မားသော စိတ်အားထက်သန်မှုများဟာ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ နောက်ပြီး ဒီနှစ် ၂၀၂၀ ခုနှစ်အတွင်းမှာ များစွာသော စိတ်ဖိစီးမှုတွေနဲ့ပြည့်နှက်နေသော အာရုံစူးစိုက်မှုကို ပျက်ပြားစေတဲ့အရာတွေနဲ့သာ ပြည့်နှက်နေတဲ့အတွက် ယခုအချိန်တွင် သင့်ရဲ့ဝန်ထမ်းများအနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်များကို အလုပ်တွင်ဆောင်ကြဉ်းလာနိုင်စေဖို့အတွက် သူတို့တွင်လိုအပ်နေနိုင်တဲ့ ထောက်ပံ့ကူညီမှုတွေ သေချာစွာရရှိနိုင်ရန်အတွက် ပြုလုပ်ပေးဖို့ဟာ ယခင်ကထက်ပင် ပို၍အရေးပါလာပြီပဲဖြစ်ပါတယ်။ 

ဝန်ထမ်းများ၏ စိတ်အားထက်သန်မှုကိုတိုးမြှင့်ပေးနိုင်မည့် နည်းလမ်း (၆) သွယ်ရှိနေပါတယ်။ ဒီကနေ့မှာတော့ မနေ့က (အပိုင်း - ၁) တွင်ဖော်ပြပေးခဲ့ပြီးနောက် ကျန်ရှိနေသေးတဲ့ နည်းလမ်း (၃) သွယ်ကို (အပိုင်း - ၂) အနေနဲ့ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ နည်းလမ်း (၃) သွယ်ကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်လားခင်ဗျာ။ 

 

၎။ သင့်ရဲ့ဝန်ထမ်းများကို တစ်ကိုယ်ရည်အရရော လုပ်ငန်းခွင်အတွင်းမှာပါ တိုးတက်မှုများရှိလာစေရန်အတွက် ကူညီပေးလိုက်ပါ။ 

သင့်ရဲ့ဝန်ထမ်းများကို သူတို့ပါဝင်လုပ်ဆောင်ရသော အခန်းကဏ္ဍများတွင် အောင်မြင်မှုရရှိနိုင်စေဖို့အတွက် လမ်းစဉ်ချမှတ်ပေးခြင်းတွင် ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့အလုပ်ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် လိုအပ်သော ကိရိယာများနဲ့ အရင်းအမြစ်များအားလုံးကို ပြည့်စုံစွာပေးအပ်ထားခြင်းဟာ ပထမဦးဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်တွင် professional တစ်ဦးဖြစ်လာစေရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်းဟာလည်း အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ဒီအရာကို ဝန်ထမ်းတစ်ဦး အလုပ်သို့စတင်ဝင်ရောက်လာတဲ့ ပထမဦးဆုံးနေ့မှစတင်ပြီး အရေးပါတဲ့အချက်အလက်များနဲ့ ဝန်ထမ်းအသစ်များအတွက် အကောင်းမွန်ဆုံး လက်တွေ့အသုံးချမှုများကို ဖန်တီးတည်ဆောက်ကာ သင့်ရဲ့အဖွဲ့သားများကို ပိုမိုတိုးတက်မှုရှိလာစေရန်အတွက် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
 
အိမ်မှအလုပ်လုပ်နေရသော (Work from Home) ဝန်ထမ်းများအနေနဲ့ ရုံးတက်နေရသူများကဲ့သို့ အလုပ်စားပွဲတွင်ထိုင်နေရင်း တမုဟုတ်ခြင်း မေးခွန်းများကိုမေးမြန်းနိုင်မယ့် အခွင့်အလမ်းများကိုတော့ ရရှိနိုင်မှာ မဟုတ်ပါဘူး ဒီအတွက် ထိုသို့သောဝန်ထမ်းများကို စိတ်အားတက်ကြွထက်သန်မှုရှိလာစေရန်အတွက်မှာ အသေးစိတ်ကျသော လေ့ကျင့်ရေးအစီအစဉ်တစ်ရပ်ကို ရေးဆွဲဖန်တီးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

သင်မှတ်သားထားရမှာက သင့်ရဲ့ဝန်ထမ်းများဟာ သင့်လုပ်ငန်းတစ်ခုတည်းကိုသာဝန်ဆောင်မှုပေးဖို့အတွက် ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားကြတာမဟုတ်ပါဘူး။ သူတို့အနေနဲ့ တစ်ကိုယ်ရည်အရရော လုပ်ငန်းခွင်အတွင်းမှာပါ တိုးတက်မှုများရှိလာစေရန်အတွက် employee development လုပ်ဆောင်ချက်များဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်စပ်မှုရှိနေရမှာဖြစ်ပါတယ်။ ဝန်ထမ်းများကို ပိုမိုပြည့်စုံသော ဘဝနေထိုင်မှုပုံစံများရရှိနိုင်စေရန်အတွက် ပိုမိုကောင်းမွန်သော ဉာဏစွမ်းရည်များဖြစ်တဲ့ ကိုယ်ချင်းစာတရား၊ emotional intelligence (စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ပညာ) နဲ့ ဆက်သွယ်ပြောဆိုမှုဆိုင်ရာ စွမ်းရည်များကို တည်ဆောက်နိုင်စေဖို့အတွက် အားပေးရမှာဖြစ်ပါတယ်။ ဒီအရာများက ထိုသူတို့အား အနာဂါတ်တွင် လစ်လပ်လာနိုင်သောခေါင်းဆောင်မှုဆိုင်ရာ အခန်းကဏ္ဍများအတွက် အဆင်သင့်ဖြစ်နေစေမှာဖြစ်ပါတယ်။  

 

၅။ သင့်အနေနဲ့ သူတို့အပေါ် မည်မျှအထိတန်ဖိုးထားမှုရှိသလဲဆိုတာကို ဝန်ထမ်းများကိုထုတ်ဖော်ပြသပါ။ 

လေ့လာမှုများအရ မြင့်မားသောစွမ်းဆောင်ရည်ရှိနေသော team များဟာ စွမ်းဆောင်ရည်နိမ့်ပါးသော team များထက် ပိုမို၍ အားပေးကူညီမှုနှင့် ချီးမွမ်းပြောဆိုမှုများရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။ နောက်ပြီး ထိုအဖွဲ့များကို ခေါင်းဆောင်သူ (leader) များမှ သူတို့အဖွဲ့သားများရဲ့ အားသာမှုများနဲ့ အဖွဲ့အစည်းအတွက်၊ လုပ်ငန်းအတွက် ကြိုးပမ်းအားထုတ်ပေးမှုများကို အသိအမှတ်ပြုလာကြတဲ့အခါတွင် သူတို့ကို ပိုမို၍ စိတ်အားတက်ကြွမှုရှိလာပြီး၊ ကုန်ထုတ်လုပ်မှုစွမ်းရည်များကိုမြင့်တက်စေကာ ပိုမို၍လည်း စိတ်ကူးဉာဏ်ကွန့်မြူးမှုများ၊ တီထွင်ဆန်းသစ်သောလုပ်ဆောင်ချက်များကို ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ 

တန်ဖိုးထားလေးစားမှုရှိခြင်းကိုထုတ်ဖော်ပြသခြင်းဟာ ဘာကြောင့်အစွမ်းထက်သလဲဆိုပါလျှင် ဝန်ထမ်းများအကြားတွင် ထိုအရာကိုထုတ်ဖော်ပြသပေးလိုက်တဲ့အခါမှာ ဒီအရာဟာတစ်ဦးမှတစ်ဦးသို့ ကူးစက်သွားစေနိုင် တဲ့အတွက်ပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Thank you note တစ်စောင်ပေးပို့ခြင်း၊ ဒါမှမဟုတ် အသိအမှတ်ပြုပေးခြင်းအားဖြင့် ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုများကို တမုဟုတ်ခြင်းတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ပုံမှန်အသိအမှတ်ပြုခြင်းအား ထုတ်ဖော်ပြသပေးခြင်းအားဖြင့် ဝန်ထမ်းများအကြားတွေ့ကြုံခံစားရနိုင်သော နေ့စဉ်တင်းမာမှုအချို့ကိုလည်း ဖြေလျှော့ပေးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ 

 

၆။ ပေါ့ပါးစွာနေထိုင်ဖို့၊ ပျော်ရွှင်မှုရှိနေဖို့ကိုလည်း မမေ့ပါနဲ့။ 

လေးနက်စွာနေထိုင်ပြုမူ လုပ်ကိုင်ရမယ့်အချိန်များရှိသလို တစ်ခါတစ်ရံတွင်တော့ သင့်အနေနဲ့ relax လုပ်ကာ သင့်ရဲ့အဖွဲ့သားတွေနဲ့အတူ စကားစမြည်ပြောဆိုရင်း အတူတကွရယ်မောကာ တစ်ဦးနဲ့တစ်ဦး ပိုမိုနားလည်မှုရှိ အောင်ပြုလုပ်ရမယ့်အချိန်များလည်း ရှိနေပါသေးတယ်။ 

သင့်ရဲ့ အကောင်းမွန်ဆုံးပုံစံအတိုင်းအလုပ်တွင်ပြုမူနေထိုင်ပြီး ဟန်ဆောင်မှုတွေမပါပဲ သင့်ရဲ့အဖွဲ့သားတွေရဲ့ အကြောင်းကို အတွင်းကျကျသိရှိနိုင်စေဖို့ သူတို့နဲ့ဆက်သွယ်မှုပြုနိုင်မယ့်နည်းလမ်းများကိုရှာဖွေပါ။ သင်က ရုံးခန်းအတွင်းတွင် ဟန်ဆောင်မှုကင်းစွာနဲ့ ပိုမို၍ ရိုးရှင်းစွာဆက်သွယ်ပြောဆိုမှုပြုလုပ်လာတဲ့အခါမှာ သင့်ကိုလည်း သင့်ရဲ့အဖွဲ့သားများက နားလည်သဘောပေါက်လွယ်သူ၊ ချဉ်းကပ်ပြောဆိုရလွယ်ကူသူတစ်ဦး အဖြစ် ပိုမို၍တွေ့မြင်လာကြမှာဖြစ်ပါတယ်။ နောက်ပြီး သင်ဟာ leader တစ်ဦးသာမက သင်ဟာ လူသားတစ်ဦး၊ လူသားဆန်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကို သင့်ရဲ့အဖွဲ့သားများသိရှိစေရန် ထုတ်ဖော်ပြသနိုင်ပါက သင်ဟာ သူတို့ကိုလဲ ဝန်ထမ်းများဆိုတာထက်ပိုပြီး မိတ်ဆွေတစ်ဦးအနေနဲ့ သဘောထားတယ်ဆိုတာကို ဖော်ပြနိုင်မှာဖြစ်ပါတယ်။ 

သင့်ရဲ့ဝန်ထမ်းများက သူတို့အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်မှုရှိစေရန်အတွက် အားပေးကူညီမှုရှိပြီး ထောက်ပံ့ပေးမှုရှိတယ်လို့ ခံစားရပါက သူတို့အနေနဲ့ အလုပ်များကိုလုပ်ကိုင်ရာတွင် ယုံကြည်မှုအပြည့်နဲ့ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အထက်ဖော်ပြပါ အကြံပြုချက်များကို မှန်ကန်တဲ့လုပ်ဆောင်ချက်များနဲ့အတူ အသုံးပြုပြီး သင့်ဝန်ထမ်းများရဲ့ စိတ်အားထက်သန်၊ တက်ကြွမှုကို တစ်နှစ်ပတ်လုံးမြှင့်တင်ပေးလိုက်နိုင်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)
Elabram Systems CO., LTD.

Elabram Systems CO., LTD.

Our in-depth understanding of our customers' requirements allow us to deliver quality solutions and maintain long-term relationship. Elabram believes in integrity and effective management with an empo...
Show the postings (5)
PMJ Company Limited

PMJ Company Limited

Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS