Jobs In Myanmar
Load...

7 ESSENTIAL SKILLS EVERY DIGITAL MARKETER SHOULD KNOW

by www.jobsinyangon.com


Tags: Knowledge-Digital-Marketing-Skills-JobsinYangon



ဒီဂျစ်တယ် မားကတ်တင်းသမား (Digital Marketers) တိုင်း မဖြစ်မနေ သိရှိထား သင့်သည့် Skills (ကျွမ်းကျင်မှု) ၇ ခု

 

၁။ ဗီဒီယို

ဗီဒီယိုတွေဟာ အင်တာနက်ပေါ်မှာ အလွန်အမင်းရေပန်းစားလျက်ရှိပြီး အဲ့ဒီရေပန်းစား မှုဟာလည်း ရပ်တန့်သွားဖို့မရှိသေးပါဘူး။ MarTech ရဲ့ ပြောပြချက်အရ ဗီဒီယိုတွေဟာ ပစ္စည်းရောင်းဝယ်ဖောက်ကားတဲ့ ဝက်ဘ်ဆိုက်ဒ်တွေမှာ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုကို ပျှမ်းမျှကြာချိန်ထက် ၂ မိနစ်လောက်ပိုပြီး ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒီဂျစ်တယ်ကမ္ဘာမှာတော့ ၂ မိနစ်ဆိုတဲ့ အချိန်ဟာ တကယ်ကိုရှည်ကြာ တဲ့ အချိန်အတိုင်းအတာတစ်ခုဖြစ်ပါတယ်။) ဒါ့အပြင် သေသေချာချာစနစ်တကျ ဖန်တီး ထားတဲ့ ဗီဒီယို တစ်ခုဟာ Google အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာမှာ ရှိနိုင်ချေကို ငါးဆယ်ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါတင်မကသေးဘဲ သုံးစွဲသူ ၈၀% ကျော်လောက်ဟာ ထုတ်ကုန်တစ်ခုကို အသေးစိတ်ရှင်းပြထားတဲ့ ဗီဒီယို တစ်ခုကို ကြည့်ပြီးပြီဆိုရင် အဲ့ဒီ ထုတ်ကုန်ကို ဝယ်ယူသုံးစွဲနိုင်ချေပိုများပါတယ်။

ဒီအချက်တွေဟာ သင်မေးတဲ့သူအပေါ်မှာလိုက်ပြီး ပြောင်းလဲနိုင်တဲ့ မတိကျတဲ့အချက် အလက်တွေဖြစ်တယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ ဒါပေမယ့် အဓိကပြောချင် တဲ့ အချက်ကတော့ ဗီဒီယိုတွေနဲ့ ပတ်သက်လာရင် ရောင်းချမှုနိုင်နှုန်းမြင့်မားမှု၊ လူစိတ်ဝင်စားမှု နဲ့ SEO (Search Engine Optimization)အဆင့်သတ်မှတ်ချက် မြင့်တယ်ဆိုတဲ့ အချက်ဘဲ ဖြစ်ပါတယ်။

ဘာ့ကြောင့် ဗီဒီယိုတွေကို လူစိတ်ဝင်စားမှုများရတာလည်း။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုတွေက ပုဂ္ဂိုလ်ရေးဆန်တာကြောင့်ဘဲဖြစ်ပါတယ်။ လူတွေက သင့်ရဲ့မျက်နှာ (သို့ Brand ကို ကြော်ငြာပေးနေတဲ့သူရဲ့ မျက်နှာကိုတွေ့ကြရတဲ့ အခါမှာ) လုပ်ငန်းတစ်ခုလုံးကို ယုံကြည့်ဖို့အခွင့်အရေးများလာပါတယ်။ ဗီဒီယိုတွေဟာ Platform မျိုးစုံမှာ အသုံးပြုလို့ရနိင်တဲ့ Content တွေလည်းဖြစ်နေပါသေးတယ်။

ဒီဂျစ်တယ် မားကတ်တင်းသမားတွေဟာ ဗီဒီယိုထုတ်လုပ်ဖန်တီးခြင်းနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို သိစရာမလိုပါဘူး။ဒါပေမယ့် မိတ်ဆက်ဗီဒီယို (Intro Vidoe) တစ်ခုကို သင့်ရဲ့ လက်ပ်တော့ကနေ ဘယ်လိုဖန်တီးရမလဲဆိုတာကိုသိထားတာကတော့ စတင်ဖို့အတွက် ခြေလှမ်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဗီဒီယိုဖန်တီးမှု ကိုလေ့လာခဲ့ပြီး ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့ ကျွမ်းကျင်မှု နဲ့ စွမ်းရည်တွေဟာ အလကားဖြစ်သွားမှာမဟုတ်ပါဘူး။အကြောင်းကတော့ ဗီဒီယိုတွေ က ဆက်လက် ရေပန်းစားနေဦးမှာ ဖြစ်တာကြောင့်ဘဲဖြစ်ပါတယ်။
သင့်အနေနဲ့ ဗီဒီယိုဖန်တီးခြင်းနဲ့ ပတ်သက်ပြီ မိမိဘာသာ ဆက်လက်လေ့လာချင်တယ် ဆိုရင် Apple Final Cut Pro X နဲ့  Adobe Premiere Pro  တို့လို ဗီဒီယိုဖန်တီးတည်းဖြတ်တဲ့ Tools တွေကို စမ်းကြည့်နိုင်ပါတယ်။

 

၂။ SEO နှင့် SEM

Search Engine Optimization (SEO) (ရှာဖွေစနစ်မှာ ပိုမိုကောင်းမွန်အောင်ပြလုပ် ခြင်း) ဟာ ဒီဂျစ်တယ် မားတက်တင်းရဲ့ အဆင့်တိုင်းမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ် မားကတ်တိုင်းလုပ်ကိုင်လိုသူတိုင်း အဲ့ဒီအပိုင်းကို အနည်းဆုံးတော့ အခြေခံကို နားလည်ကိုင်တွယ်နိုင်ရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ နည်းပညာပိုင်းဆိုင်ရာမြင့်မားတဲ့ အဆုံးသတ်လုပ်ဆောင်ချက်တွေကိုတော့ အဖွဲ့ထဲမှာ ရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို လုပ်ဆောင်ခိုင်းသင့်ပါတယ်။ အကောင်းဆုံး လုပ်ဆောင်ချက်တွေကို ပြည့်ပြည့်ဝဝနားလည်ဖို့နဲ့  Contents ပုံစံတွေ အားလုံးကို အကောင်းဆုံးဖန်တီးနိုင်ဖို့က အောင်မြင်တဲ့ ဒီဂျစ်တယ် မားကတ်တင်းကမ်ပိန်းတစ်ခု လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် အရေးအကြီးဆုံးဘဲ ဖြစ်ပါတယ်။

Search Engine Optimization (SEO)  နဲ့ ရှာဖွေမှုစနစ်ဈေးကွက်ဖန်တီးခြင်း (SEM) ဟာ သင့်ရဲ့ အချက်အလက်နဲ့ Content နှစ်မျိုးစလုံးနဲ့ သက်ဆိုင်တဲ့ ဒီဂျစ်တယ်နည်းဗျူဟာ တစ်ခုလုံးကို သရုပ်ဖော် ပေးနိုင်ပါတယ်။  သင့်အနေနဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအခြားအဖွဲ့ဝင်တွေ နဲ့လည်း တိုင်ပင်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အခြေခံလိုအပ်ချက် တွေကို ကောင်းကောင်းမလေ့လာနိုင်ဖူး ဆိုရင်တော့ ဒီဂျစ်တယ် မားကတ်တင်းခရီး လမ်းမှာ ဝေးဝေးလျှောက်နိုင်မှာ မဟုတ်ပါဘူး။

 

၃။ Content မားကတ်တင်း

Content ဟာ ဒီဂျစ်တယ်မားကတ်တင်းရဲ့ အဓိကအပိုင်းဖြစ်ပြီးတော့ ဘာတွေဘဲ ဖြစ်နေပါစေ Content Marketing ဟာ  ဒီဂျစ်တယ်မားကတ်တင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေဦးမှာပါ။  Content Marketing ကိုယ်တိုင်က လည်း အရေးကြီးတဲ့ အလုပ်တစ်ခုဖြစ်နေပြန်ပါတယ်။ သင့်အနေနဲ့ အရည်အသွေးမြင့် မားပြီး Search Engine Optimization (SEO) နဲ့  ကိုက်ညီမှုရှိတဲ့ Content အမျိုးမျိုး ကို ဖန်တီးနိုင်ရုံသာမကဘဲ ပရိတ်သတ်စိတ်ဝင်စားမှု ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက် ရမလဲဆိုတာကိုပါ နားလည်ထားဖို့လိုအပ်ပါတယ်။

ပိုပြီး စိန်ခေါ်မှုပြင်းထန်တဲ့စေတဲ့ အချက်ကတော့ Content တွေဟာ ဗီဒီယိုမှစ၍ လူမှုရေးနဲ့ သက်ဆိုင်တဲ့ Content တွေ၊ အီးမေးလ်တွေ၊ ဝက်ဘ်ဆိုက် Content တွေ၊ ဘလော့ခ်တွေ၊ အီလက်ထရောနစ် စာအုပ်တွေ၊ ဗီဒီယိုတွေ ၊ သတင်းအချက် အလက်တွေ ပါဝင်တဲ့ အစီရင်ခံစာ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ သင့်အနေနဲ့ Content Marketing ပုံစံအများစုနဲ့ သက်ဆိုင်နေတဲ့ Social Media Marketing ( လူမှု ကွန်ရက် ဈေးကွက်ဖော်ဆောင်ရေး) လည်း ကောင်းကောင်းနားလည်သဘောပေါက် ထားဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ အလုပ်အပ်သူရဲ့ စီးပွါးရေးလုပ်ငန်းဆိုင်ရာ ရည် မှန်းချက်တွေ အပေါ်မှာ အခြေခံပြီး နည်းဗျူဟာ ချမှတ်ပြီးတော့ အသုံးဝင်တဲ့ နည်းဗျူဟာတွေ ပါဝင်တဲ့  ကမ်ပိမ်းတစ်ခုဖန်တီးနိုင်ရမှာ ဖြစ်သလို စီစစ်တွေ့ရှိချက်(Analytics) တွေ ကိုလည်း စောင့်ကြည့်လေ့လာရမှာ ဖြစ်ပါတယ်။

အချက်အလက်များ/ စီစစ်လေ့လာချက်များ

ဒီဂျစ်တယ် မားကတ်တင်းရဲ့ ဘယ်အပိုင်းကိုဘဲ သင်လုပ်ဆောင်နေသည်ဖြစ်ပါစေ၊ Google Analytics  ကတော့ သင့်နည်းဗျုဟာရဲ့ အဓိကလက်နက်ဖြစ်ပါလိမ့်မယ်။ အဲ့ဒီ လို Tools တွေကို အသုံးပြုပြီးတော့ စောင့်ကြည့်လေ့လာ အစီရင်ခံခြင်းကတော်တော် လေး ရိုးရှင်းပါတယ်။ ဒါပေမယ့် အနည်းငယ်ခက်ခဲ ရှုပ်ထွေးတဲ့အပိုင်းကတော့ အချက် အလက်တွေကို ဘယ်လိုစုဆောင်းပြီး ၊ စုဆောင်ထားတဲ့အချက်အလက်တွေကို  သုံးစွဲသူတွေရဲ့ အမူအကျင့်တွေကို ပိုမိုနားလည်ဖို့နဲ့ ဝင်ရောက်ကြည့်ရှု့မှုနှုန်း ( Traffic) နဲ့ ရောင်းချရမှုနှုန်း (Conversion) တွေကို မြင့်တက်စေဖို့အတွက် ဖြေရှင်းနည်း အသစ်တွေအဖြစ် ဘယ်လိုအသုံးချမလဲဆိုတဲ့ အပိုင်းဘဲ ဖြစ်ပါတယ်။

စီးပွါးရေး လုပ်ငန်းအများစု (အသေးစားလုပ်ငန်းတွေမှာတောင်) ခြေရာကောက် မှတ်သားစရာ အချက်အလက်တွေ အများကြီးရှိနေပါတယ်။ Digital Marketers တွေ အနေနဲ့ အဲ့ဒီအချက်အလက်တွေကို စုဆောင်းပြီး မိမိတို့ရဲ့အကျိုးအတွက် ဘယ်လို အသုံးချရမယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။  ကုမ္ပဏီအများစုကတော့ ဒီအချက်အလက်တွေကို နားလည်သဘောပေါက်ပြီး ၊ အနာဂါတ်စီးပွါးရေး နည်းဗျူဟာတွေ တိုးတက်ဖို့အတွက် ဘယ်အချက်အလက်ကို အသုံးပြုရမယ်ဆိုတာကို သိရှိနားလည်တဲ့ သူတွေကို လိုက်လံရှာဖွေနေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ကြံဆလုပ်ဆောင်နိုင်ပြီး သင့်ရဲ့လုပ်ဆောင်ချက်တွေက အရေးကြီးတဲ့ ရလာဒ်တွေ ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာကို ပြသနိုင်မယ်ဆိုရင်တော့ သင့်ဟာ Digital Marketing လောကမှာ အဖိုးတန်တဲ့သူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

 

၎။ ဒီဇိုင်းအခြေပြု တွေးခေါ်ခြင်း (Design-Based Thinking) နှင့် အစီအစဉ်ချမှတ်ခြင်း (Planning ) ကို နားလည်ထားပါ။

ဒီဇိုင်းအခြေပြု တွေးခေါ်ခြင်း (Design-Based Thinking) ဆိုတာကတော့ ပြဿနာအခက်အခဲတွေကို  အသုံးပြုသူ တွေရဲ့ ရှု့ထောင့်ကနေ ချဉ်းကပ်တဲ့နည်းလမ်း ကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။ ဒီချဉ်းကပ်မှုဟာ ရှုပ်ထွေးတဲ့ ပြဿနာကြီးတွေကို ဖြေရှင်း တဲံ အခါမှာ လူသားဗဟိုပြုနည်းလမ်းနဲ့ တွေးခေါ်ဖို့အတွက် တိုက်တွန်းအားပေးတဲ့ ချဉ်းကပ်မှုလည်း ဖြစ်ပါတယ်။  

The Interaction Design Foundation  ရဲ့ ပြောဆိုချက်အရတော့ ဒီလုပ်ငန်းစဉ်မှာ မျှဝေခံစားခြင်း၊ အဓိပ္ပါယ်သတ်မှတ်ခြင်း၊ အိုင်ဒီယာတွေဖန်တီးခြင်း၊ အစမ်းသဘော(ရှေ့ပြေး) ပုံစံလုပ်ဆောင်ခြင်း နှင့် စစ်ဆေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ် ငါးခု ပါရှိပါတယ်။ ဒီအချက်တွေဟာ ဒီဂျစ်တယ်မားကတ်တင်း လုပ်ငန်းမှာ အရမ်းကို အသုံးဝင်(အလုပ်ဖြစ်) ရဲ့ အကြောင်းရင်းကတော့ ဒီအချက်အများစုဟာ သုံးစွဲသူတွေ ရဲ့ စိတ်ခံစားမှု ( အတွေ့အကြုံ) တွေအပေါ်မှာ အခြေခံထားတာကြောင့် ဘဲဖြစ်ပါတယ်။ ဒီ နည်းလမ်းရဲ့ အခြားစိတ်ဝင်စားစရာတစ်ခုကတော့ အစဉ်လိုက်မဟုတ်ဘဲ အသုံးပြုနိုင် တာဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချို့(ဥပမာ)အခြေအနေတွေမှာ ဆိုရင် စစ်ဆေးတဲ့ အဆင့်ကို အရင်ရောက်ပြီးမှ အိုင်ဒီယာတွေကို ပြန်ပြီးသုံးသပ်ရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။  

ဒီဇိုင်းရေးဆွဲသူ (Designers) တွေနဲ့ Developers တွေက ဒီလိုနည်းလမ်း(ချဉ်းကပ်မှု) မျိုးကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် သင့်ဟာ ဒီဇိုင်းရေးဆွဲသူ (Designers) သို့ Developers တစ်ယောက် မဟုတ်ဘူးဆိုရင်တောင်မှ ဒီအချက်ကို ကောင်းကောင်းနားလည်ထားပြီး သင့်တော်တဲ့ နေရာမှာ အသုံးချနိုင်တာ က အိုင်ဒီယာကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။

 

၅။ နည်းပညာနဲ့ ပတ်သက်ပြီး အထာနပ်ပါစေ။

ဒီဂျစ်တယ်မားကတ်တင်း လုပ်ငန်းဟာ နည်းပညာပါဝင်မှုများတဲ့ လုပ်ငန်းဖြစ်နေတာမို့ သင့်အနေနဲ့ နည်းပညာပိုင်းဆိုင်ရာကို တော်တော်လေးနားလည်ထားရမှာဖြစ်ပြီး လျင်မြန်စွာသင်ယူနိုင်ရမှာလည်း ဖြစ်ပါတယ်။ သင်ဟာ Millennials (1981 မှ 1996 အတွင်းမွေးဖွားသူ) သို့မဟုတ် အဲ့ဒီထပ်ငယ်သူ ဖြစ်ပါက အဲ့ဒီလိုသင်ယူလေ့လာရတာ ဟာ လွယ်ကူတဲ့အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ပိုကြီးတဲ့ မျိုးဆက်တွေ အနေနဲ့ နည်းပညာအချို့ကိုသင်ယူတဲ့ အခါနဲ့ သူတို့ရဲ့ အဓိကနယ်ပယ်မှာ အသုံးများတဲ့ Softwares တွေ Tools တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ ကြိုးစားလေ့လာရနိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့ သင့်စာ Web Coding ရဲ့ အခြေခံတွေကို နားလည်ထားပြီး  WordPress  ကဲ့သို့သောအခြေခံ Content စီမံခန့်ခွဲမှုစနစ် (CMS) တွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို ရှင်းရှင်း လင်းလင်း နားလည်ထားတယ်ဆိုရင်တော့ သင့်ရဲ့ အိပ်မက်ဖြစ်တဲ့ Digital Marketing ကို လုပ်ကိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်ကို ကောင်းကောင်းရောက်ရှိနေပြီ လို့ဆို နိုင်ပါတယ်။

 

၆။ လွှမ်းမိုးနိုင်ပါစေ

ဒီဂျစ်တယ်မားကတ်တင်း ခေါင်းဆောင်ကောင်းတွေမှာ စွမ်းရည် (ကျွမ်းကျင်မှု)တွေ ရှိနေရုံသာ မကဘဲ သူတို့ဟာ သူတို့ရဲ့ အဖွဲ့တွေကို လုပ်ငန်း တိုးတက်အောင်မြင်ဖို့အတွက်လိုအပ်တဲ့  ကမ်ပိန်းအိုင်ဒီယာအသစ်တွေ တွေးခေါ် စေနိုင်ဖို့အတွက်  ဝေဖန်သုံးသပ်တွေးခေါ်ခြင်းနဲ့ အခက်အခဲဖြေရှင်းနည်း တွေကို ပေါင်းစပ်တွေးခေါ်ဖန် တီးနိုင်ကြပါသေးတယ်။

အဲ့လိုလုပ်နိုင်ခြင်းရဲ့ အစိတ်အပိုင်းကြီးတစ်ခုကတော့ လွှမ်းမိုးနိုင်စွမ်းရှိခြင်းဘဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အခြားတစ်ယောက်ယောက်ကို ဝယ်ယူဖို့အတွက် စည်းရုံးနိုင်ပါသလား။ သင့်ရဲ့အိုင်ဒီယာက အကောင်းဆုံးဖြစ်တယ် ဆိုတာ နဲ့ပတ်သက်ပြီးရော အခြား အဖွဲ့ခေါင်းဆောင်တွေကို စည်းရုံးနိုင်ပါသလား။ အငြင်းအခုန် ပြုလုပ်ဖို့ဆိုလိုတာမျိုးမဟုတ်ဘဲ သင်လုပ်နေတဲ့အရာကို သင်ကောင်း ကောင်း နားလည်သဘောပေါက်တယ်ဆိုတာကို ယုံကြည်ဖို့ရယ်နဲ့ သင်သိထားတဲ့အရာ ကို အသေးစိတ်ချပြနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

 

၇။ ထူးခြားတဲ့ စွမ်းရည်(ကျွမ်းကျင်မှု)တွေကို သိသာအောင်ဖော်ထုတ်ပါ။

Digital Marketers တွေဟာသိလိုစိတ်ပြင်းပြသင့်ပါတယ်။ စွယ်စုံရသူတွေဖြစ်ပြီး ၊ အတွေးအခေါ်ကောင်းတဲ့ ၊ စီးပွါးရေးကို အဓိကထားပြီး နည်းဗျူဟာအတိုင်း လိုက်နာ ဆောင်ရွက်တတ်သူတွေလည်းဖြစ်ရပါမယ်။ ဒါပေမယ့် Digital Marketing လောကထဲ မှာ ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုးနဲ့ စွမ်းရည်(ကျွမ်းကျင်မှု) အမျိုးမျိုးအတွက် နေရာတွေ အများကြီးရှိနေပါတယ်။ ဒီအချက်အရ Digital Marketing လုပ်ငန်းထဲမှာ ယှဉ်ပြိုင်ရပ်တည်နေနိုင်ဖို့အတွက် သင့်ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေအားလုံးကို ပေါင်းစပ် တန်ဖိုး မြှင့်တင်နိုင်ရမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့   Search Engine Optimization (SEO) နည်းဗျူဟာနဲ့ စီမံခန့်ခွဲမှု နှစ်ခုစလုံးကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ဆောင်နိုင်တဲ့ သူတစ်ယောက် သို့မဟုတ်  Social Media ကို နှစ်သက်သဘောကျတဲ့  Computing Science ဘွဲ့ရတစ်ယောက် တွေ့ရတာက ထူးဆန်းနေနိုင်ပါတယ်။

ဒီဂျစ်တယ် မားကတ်တင်းသမားကောင်းတစ်ယောက်ဟာ အခြေအနေနဲ့ လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်အောင်ပြုလုပ်နိုင်ပြီး မိမိဘာသာ သင်ယူနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူတို့သိရှိထားပြီးသား စွမ်းရည် (ကျွမ်းကျင်မှု) တွေကို ဈေးကွက်မှာလိုအပ်ချက်နည်းလာတဲ့ အခါမှာ ဖြစ်စေ သူတို့ရွေးချယ်ချင်တဲ့ အခြား ဒီဂျစ်တယ်လုပ်ငန်း ဆိုင်ရာ အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်ချင်တဲ့အခါမှာ ဖြစ်စေ ပြောင်းလဲလုပ်ကိုင်ဖို့အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ အလုပ်အပ်သူတွေ ၊ အဖွဲ့တွေနဲ့ အလုပ်တွဲလုပ်နေတာဖြစ်တဲ့ အတွက် လူတွေနဲ့ ကောင်းမွန်စွာပေါင်းသင်းဆက်ဆံတတ်ဖို့နဲ့ ခိုင်မာအားကောင်းတဲ့ အဖွဲ့တွေ တည်ဆောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။

Digital Marketing လုပ်ငန်းမှာ ယှဉ်ပြိုင်ရပ်တည်နေနိုင်ဖို့အတွက် သင့်အနေနဲ့ လုပ်စရာတွေ အများကြီးရှိနေနိုင်ပေမယ့် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရာထူးနေရာ အသစ်တွေကို တက်လှမ်းလုပ်ကိုင်တာနဲ့ အမျှ သင့်ရဲ့ Soft Skills နဲ့  Hard Skills တွေ တိုးတက် ကောင်းမွန်လာအောင်ပြုလုပ်ဖို့အတွက် မမေ့ဖို့အရေးကြီးပါတယ်။ T-Shaped Marketer လို့Rand Fishkin (SEOmoz ရဲ့ တည်ထောင်သူနဲ့ CEO) ခေါ်တဲ့ အခြေခံ အသိပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်ကောင်းကောင်းနားလည်ထားပြီး အချို့ကဏ္ဍ တွေမှာ နက်နက်နဲနဲနားလည်ထားခြင်းဟာ ကိစ္စတွေအများကြီးကို သာမန်လောက်ဘဲ လုပ်တတ်တဲ့ သူတစ်ယောက်ထပ်ပိုပြီး အောင်မြင်နိုင်ဖို့အတွက် အထောက်အကူပြုနိုင် ပါတယ်။

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS