Jobs In Myanmar
Load...

7 Tips That Will Help You Jumpstart Your Career

by www.jobsinyangon.com


Tags: Knowledge-Tips-Jumpstart-Your-Career-JobsInYangon



သင့်ရဲ့ Career လမ်းကြောင်း အစကောင်းစေဖို့အတွက် အကြံပြုချက် (၇) ချက်

 

လူတိုင်း လူတိုင်းမှာ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ ရည်မှန်းချက်လေးတွေရှိကြဖူးမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း ငယ်စဉ်ကစိတ်ကူးယဉ်ခဲ့ရတဲ့ အလုပ်အကိုင်မျိုးကို ရရှိနိုင်ဖို့အတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိတဲ့ formal လေ့ကျင့်သင်ကြားမှုများအပြင် ကျွန်ုပ်တို့ ဆက်ဆံကျင်လည်နေကြတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ သင်ကြားမှုများစွာကိုလည်း သင်ယူလေ့လာခဲ့ကြရမှာဖြစ်ပါတယ်။

မိမိတို့ရဲ့ ကိုယ်ပိုင် Career လမ်းကြောင်းတစ်ခုကို စတင်ခြင်းဟာ လူတစ်ဦးချင်းစီတိုင်းအဖို့ အရေးအကြီးဆုံး အဆင့်တစ်ဆင့်ဖြစ်ပြီး နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးမှ မိမိတို့လိုချင်တဲ့ Career လမ်းကြောင်းပေါ်သို့ ရောက်ရှိလာရတာဖြစ်တဲ့အတွက် သင့်အနေနဲ့ ရှေ့ဆက်တွေ့ကြုံလာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေဖို့လည်း လိုအပ်မှာဖြစ်တဲ့အတွက် သင့်ရဲ့ career လမ်းကြောင်းကို ဖြတ်သန်းရာတွင် တာထွက်ကောင်းစေဖို့အတွက် အကြံပြုချက်အချို့ကို www.jobsinyangon.com ကနေ ယခုတစ်ပတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

 

၁။ Career အတွက် ရည်မှန်းချက်များသတ်မှတ်ထားပါ။ 

ရည်မှန်းချက် (သို့) ရည်ရွယ်ချက်တစ်ခုခုရှိနေဖို့ဟာ မိမိတို့ရဲ့ career လမ်းကြောင်းကို စတင်ရာတွင် အထကောင်းစေဖို့အတွက် ပထမဆုံးအရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်များရှိထားခြင်းအားဖြင့် ၎င်းတို့အပေါ်မူတည်၍ ကျွန်ုပ်တို့ရဲ့ အမူအကျင့်များကို ကောင်းမွန်မှုရှိလာစေရန်အတွက် ပဲ့ကိုင်ပြုပြင်ပေးနိုင်ရန် အထောက်အကူဖြစ်စေနိုင်ပြီး ထိုသို့ ရည်မှန်းချက်ပန်းတိုင်များမရှိပါက မိမိတို့ရဲ့ career လမ်းကြောင်းကို လျှောက်လှမ်းရာတွင် ဦးတည်ရာမဲ့သကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့် career လမ်းကြောင်းအတွက် career goal များကို သတ်မှတ်ရာတွင်  သင်အောင်မြင်ရရှိလိုတဲ့အရာများ၊ ထိုအရာများကို ရရှိဖို့အတွက်ကြာမြင့်နိုင်ချိန်နဲ့၊ ဒီအရာတွေကို ရရှိနိုင်အောင် မည်သည့်ပုံစံမျိုးနဲ့ ဆောင်ရွက်လိုသလဲ အစရှိတဲ့အချက်တွေနဲ့အတူ ရည်တို/ ရည်ရှည် ရည်မှန်းချက်များကိုလည်း ထည့်သွင်းပုံဖော်၍ ရေးဆွဲကြရမှာဖြစ်ပါတယ်။ 


၂။ သင်ကြားပေးမည့် ဆရာသမားတစ်ဦးကို ရှာဖွေပါ။ 

ဘဝအတွက် career လမ်းကြောင်းတစ်ခုကို စတင်ရာတွင် မိမိကို သင်ကြားပေးနိုင်မည့်သူတစ်ဦးရှိနေဖို့ဟာ မရှိမဖြစ် အရေးကြီးလှပါတယ်။ သင့်အနေနဲ့ အောင်မြင်မှုများကို ရရှိနိုင်ရန်အတွက် အဆိုပါ career လမ်းကြောင်းပေါ်တွင် အတွေ့အကြုံရှိပြီးသားသူတစ်ဦးရဲ့ လမ်းညွှန်မှုနဲ့ အားပေးကူညီဖေးမမှုတို့ကို လိုအပ်လာနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ သင်ကြားလေ့လာမှုပြုလုပ်နိုင်မည့် (တနည်းအားဖြင့်) မိမိကို သင်ကြားမှုပြုလုပ်ပေးနိုင်မည့် ဆရာကောင်းတစ်ဦးရှိနေတဲ့သူများဟာ ဘာတွေကိုလုပ်သင့်သလဲ၊ ဘာတွေကိုမလုပ်သင့်ဘူးလဲဆိုတာကို ကြိုတင်သိရှိထားကြတဲ့အတွက် ထိုသို့မရှိသောသူများထက်ပိုမို၍ အောင်မြင်ဖို့အခွင့်အလမ်းပိုမိုများပြားတာကို ပြသနေပါတယ်။ 

 

၃။ မိမိတို့ရဲ့ သက်ဆိုင်ရာ Professional Network ကို တည်ဆောက်ပါ၊ ချဲ့ထွင်ပါ။ 

သင့်အနေနဲ့ ဘယ်လို career လမ်းကြောင်းမျိုးကိုမဆို ဝင်ရောက်ဖို့ရွေးချယ်မှုပြုလုပ်ပြီးတာနဲ့ အဆိုပါ career လမ်းကြောင်းတွင် လျှောက်လှမ်းနေပြီဖြစ်တဲ့ (သို့မဟုတ်) ကိုယ်နဲ့အတူတူ စတင်လျှောက်လှမ်းကြမယ့်သူများနဲ့ အသိအကျွမ်းဖြစ်နေစေရန် မိတ်ဖွဲ့ပြီး မိမိတို့ရဲ့ Professional Network ကို တည်ဆောက်ရမှာဖြစ်ပါတယ်။ 

Professional Network တစ်ခုကိုတည်ဆောက်ထားခြင်းအားဖြင့် မိမိရဲ့ career လမ်းကြောင်းတွင် တိုးတက်မှုများဖြစ်ပေါ်လာစေနိုင်သည့် အခွင့်အလမ်းများနဲ့ ရရှိရန်ခက်ခဲသော သတင်းအချက်အလက်များကို လွယ်လင့်တကူရရှိနိုင်မှာဖြစ်တဲ့အတွက် သင့်အတွက်ကောင်းမွန်တဲ့ career အပြောင်းအရွှေ့များကိုပြုလုပ်နိုင်မှာဖြစ်ပြီး သင့်ရဲ့ career goal များကို ရရှိအောင်ဆောင်ရွက်နိုင်ဖို့အတွက် အခရာကျလာနိုင်ပါတယ်။ 

 

၎။ မိမိတို့ရဲ့ အသိပညာကို ချဲ့ထွင်ပါ။ (ပိုမို၍လေ့လာပါ) 

မိမိတို့ဘဝအတွက် career လမ်းကြောင်းတစ်ခုအပေါ် စတင်လျှောက်လှမ်းမှုမပြုလုပ်မှီတွင် သင့်အနေနဲ့ သင့်ရဲ့ dream career နဲ့ သက်ဆိုင်တဲ့အချက်အလက်များကို သိရှိထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုသင်ယူလေ့လာခြင်းကိုလည်း ရပ်တန့်ပစ်လိုက်လို့မရပါဘူး နေ့စဉ်နေ့တိုင်းလိုလို အရေးကြီးတဲ့အချက်အလက်များဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင်ပေါ်ပေါက်လျှက်ရှိနေတဲ့အတွက် အမြဲတမ်း up-to-date ဖြစ်နေဖို့က အရေးကြီးပါတယ်။ 

သင်ယူလေ့လာမှုများကို အမြဲမပြတ်ပြုလုပ်နေခြင်းအားဖြင့် မိမိတို့ရဲ့အမြင်ကိုလည်း ပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပြီး များစွာသောအခွင့်အလမ်းများကို ပိုမိုတွေ့မြင်လာရစေမှာဖြစ်ပြီး career လမ်းကြောင်းတိုးတက်မှုရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ယူလေ့လာမှုများကို အမြဲမပြတ်ပြုလုပ်သွားကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။ 

 

၅။ တစိုက်မတ်မတ် ကြိုးစားအားထုတ်တတ်စိတ်ကို မွေးမြူပါ။

Career တစ်ခုကို စတင်ရာတွင် အစကောင်းစေဖို့အတွက် အရေးကြီးတဲ့အဆင့်တစ်ခုကတော့ အောင်မြင်မှုရရှိနိုင်ဖို့အတွက် တစိုက်မတ်မတ်ကြိုးစားအားထုတ်တတ်ဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ သင့်ရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ပါဝင်စားမှုရှိခြင်းဟာ သင့်ရဲ့ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်နိုင်ဖို့နဲ့ သင့်ဘဝတွင် အောင်မြင်မှုများရရှိနိုင်ဖို့အတွက် လွန်စွာအရေးကြီးလှပါတယ်။ 

တစိုက်မတ်မတ်ကြိုးစားအားထုတ်တတ်ခြင်းဟာ သင်ယူ၍ရနိုင်တဲ့အရာမဟုတ်ပဲ အစဉ်အမြဲလေ့ကျင့်မှုပြုလုပ်သွားရမယ့်အရာတစ်ခုဖြစ်တဲ့အတွက် သင်ဟာ စည်းကမ်းရှိသူတစ်ဦးဖြစ်ပြီး သင့်ရဲ့ ရည်ရွယ်ချက်များအတိုင်းရရှိအောင်မြင်စေနိုင်ဖို့အတွက် အပင်ပန်းခံနိုင်ရမှာဖြစ်သလို ခွန်အားစိုက်ထုတ်ဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒီလိုကြိုးပမ်းအားထုတ်တတ်မှုတွေမရှိပဲ စတင်လိုက်တဲ့ career လမ်းကြောင်းတစ်ခုဟာလည်း ရေရှည်မှာကျဆုံးတဲ့ဖက်သို့ ဦးတည်လာနိုင်တဲ့အတွက် career လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစဉ်ကတည်းက တစိုက်မတ်မတ်ကြိုးစားအားထုတ်တတ်ဖို့ လေ့ကျင့်ထားရမှာဖြစ်ပါတယ်။ 

 

၆။ Online Presence ကောင်းမွန်အောင်ထိန်းသိမ်းပါ။ 

Career လမ်းကြောင်းတစ်ခုကို စတင်လျှောက်လှမ်းတော့မည့်သူများအနေနဲ့ ကောင်းမွန်တဲ့ Online presence (ပုံရိပ်) တစ်ခုရှိနေခြင်းအားဖြင့် အရေးကြီးတဲ့သတင်းအချက်အလက်များနဲ့ တိုးတက်ဖို့ အခွင့်အလမ်းများကို ရရှိနိုင်ရန် အထောက်အကူဖြစ်စေနိုင်ပါတယ်။ LinkedIn ကဲ့သို့သော Social media platform များဟာ career လမ်းကြောင်းတစ်ခုပေါ် စတင်လျှောက်လှမ်းရတော့မည့်သူများအတွက် ထိုက်သင့်လျှောက်ပတ်တဲ့ ကောင်းမွန်တဲ့အခွင့်အလမ်းများကိုပေးစွမ်းနိုင်လာကြပြီဖြစ်ပါတယ်။ 

 

၇။ မောက်မာဝံ့ကြွားခြင်းမရှိပါစေနဲ့ 

Career လမ်းကြောင်းတစ်ခုကို စတင်လျှောက်လှမ်းရာတွင် များစွာသောအခက်အခဲများနဲ့ စိန်ခေါ်မှုများကို တွေ့ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ကျွမ်းကျင်မှုများအပေါ် ယုံကြည့်မှုရှိဖို့ဟာ အလွန်အရေးပါပြီး ဒီလို မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းက အဆိုးရွားဆုံးအခြေအနေများတွင်ပင် ရှေ့ဆက်လျှောက်လှမ်းနိုင်ရန်အတွက် ခွန်အားကိုဖြစ်ထွန်းစေနိုင်ပါတယ်။ သို့သော်လည်း သင့်အနေနဲ့ အရာရာတိုင်းကို သိရှိနိုင်စွမ်းမရှိဘူးဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။ တစ်ခါတစ်ရံမှာ သင့်အနေနဲ့ သင့်ထက်အတွေ့အကြုံ ပိုမိုများပြားတဲ့သူများနဲ့ တိုင်ပင်ဆွေးနွေးမှုများကို ပြုလုပ်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်ပါတယ်။ ဒီအချိန်မှာ မောက်မာဝံ့ကြွားခြင်းမရှိပဲ ပြောဆိုဆက်ဆံတတ်ဖို့ဟာ အရေးကြီးလှပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
Cadian Myanmar

Cadian Myanmar

.with enjoy at Team Work. We Cadian Myanmar Co., Ltd have mainly draw the scaffolding Design by Auto CAD 2D and 3D. . To prevent accident and safety management guidance to the customer,we supply all ...
Show the postings (3)
Pocari Sweat

Pocari Sweat

.POCARI SWEAT is similar with the composition of body fluids that containing electrolytes. Therefore, it can be absorbed by the body faster and better than ordinary drinking water. It can help to prev...
Show the postings (1)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
United Paints Group (UPG) Co., Ltd.

United Paints Group (UPG) Co., Ltd.

United Paints Group Co.,Ltd. သည် ဝန်ထမ်းများအပေါ် - > ရသင့်ရထိုက်သော ခံစားခွင့်များ၊ ရပိုင်ခ...
Show the postings (12)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS