Tags: News-Alphabet-Robots-Daily-Tasks-JobsInYangon
နေ့စဉ်လုပ်ဆောင်ရသည့် ကိစ္စရပ်များအတွက် Alphabet မှ စက်ရုပ်များကို စတင်အသုံးပြုသွားတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့
Google ရဲ့ ပင်ရင်းကုမ္ပဏီ Alphabet ရဲ့ Everyday Robots Project ဟု အမည်ပေးထားတဲ့ - “သင်ယူလေ့လာနိုင်စွမ်းရှိသော ဘက်စုံသုံးစက်ရုပ်” ကို ဖန်တီးနိင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော X labs အမည်ရှိ အဖွဲ့တစ်ဖွဲ့ဟာ ၎င်းတို့ရဲ့ နမူနာစက်ရုပ်များကို lab ခန်းများအတွင်းမှ Google ရဲ့ Bay Area ရုံးခန်းများတွင် သာမန်ပေါ့ပါးတဲ့ အလုပ်များကို လုပ်ဆောင်နိုင်ရန် ရွှေ့ပြောင်းနေရာချထားခဲ့ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကြေငြာခဲ့ပါတယ်။
“လက်ရှိအချိန်တွင် ကျွန်ုပ်တို့ရဲ့ ရုံးခန်းများနဲ့ အနီးတဝိုက်တွင် များစွာသောအသုံးဝင်သည့် အလုပ်များကို အလိုအလျှောက်ဆောင်ရွက်လျှက်ရှိနေသည့် ရှေ့ပြေးစက်ရုပ်နမူနာပုံစံ ၁၀၀ ခန့်ဖြင့် စတင်လည်ပတ်လျှက်ရှိနေပြီဖြစ်ပါတယ်” ဟူ၍ Everyday Robot ရဲ့ Chief Robot Officer အဖြစ်တာဝန်ထမ်းဆောင်နေသော Hans Peter Brondmo မှ blog post တစ်ခုပေါ်တွင် ပြောဆိုခဲ့ပါတယ်။
အဆိုပါ စက်ရုပ်များဟာ အခြေခံအားဖြင့် ဘီးများပေါ်တွင် လက်တံများတပ်ဆင်ထားခြင်းဖြစ်ပြီး ကွေးနိုင်၊ ဆန့်နိုင်သော လက်တံများကို ပင်မတိုင်တစ်ခုဖြင့် တွဲစပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပင်မတိုင်ပေါ်တွင် စက်ရုပ်၏ အမြင်အာရုံအတွက် ဦးခေါင်းအနေဖြင့်လုပ်ဆောင်နိုင်ရန် ကင်မရာများ၊ အာရုံခံကိရိယာများကိုလည်း ထည့်သွင်းတပ်ဆင်မှုပြုလုပ်ထားပြီး ၎င်းတို့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ သွားလာလှုပ်ရှားမှုပြုလုပ်နိုင်ရန် အတွက်ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.