Tags: News-Apple-Hyundai-Electric-Car
Apple ဟာ သူတို့ရဲ့ လျှပ်စစ်ကားအတွက် Hyundai နဲ့ ပူးပေါင်းလျှက်ရှိ
Korea Economic Daily မှ သတင်းတစ်ရပ်အရ Apple ဟာ ၂၀၂၇ ခုနှစ်တွင်ထွက်ရှိလာမည်ဟု သတင်းပြေးနေတဲ့ သူတို့ရဲ့ လျှပ်စစ်ကားထုတ်လုပ်မှုအစီအစဉ်အတွက် Hyundai နှင့် အကျိုးတူပူးပေါင်းမှုများ ပြုလုပ်လျှက်ရှိတယ်လို့ ဆိုထားခဲ့ပါတယ်။ အဆိုပါသတင်းတွင် Apple နဲ့ Hyundai တို့ဟာ ဘက်ထရီနည်းပညာအတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုပြုလုပ်နေပြီး ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင်ထုတ်လုပ်သွားဖို့ရှိတဲ့ Hyundai ရဲ့ ဘက်ထရီလျှပ်စစ်ကား platform နဲ့ ကွဲပြားမှုများရှိလာလိမ့်မယ်ဟု ဆိုထားခဲ့ပါတယ်။
Apple Car အကြောင်း ကောလဟာလများဟာ Apple မှ ကုမ္ပဏီတွင်းတွင် Project Titan ဟုခေါ်တွင်သော အဖွဲ့တစ်ခုကို ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Apple ဟာ လွန်စွာနှုတ်လုံမှုရှိတဲ့အတွက် အဆိုပါ project နဲ့ပက်သက်တဲ့အကြောင်းအရာအနည်းငယ်မျှသာ ပြင်ပသို့ပေါက်ကြားခဲ့သော်လည်း ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင်တော့ Project Titan အတွက် အလုပ်လုပ်ကိုင်ပေးနေသူဝန်ထမ်းပေါင်း ၁၂၀၀ ခန့်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်တွင် Reuter သတင်းဌာနမှ “၂၀၂၅ ခုနှစ်တွင် Apple car ကို လမ်းမများပေါ်တွင်တွေ့ရှိလာနိုင်ကြောင်း” သတင်းတစ်ပုဒ်ကို ရေးသားတင်ပြခဲ့ပါတယ်။
Hyundai မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးမှလည်း Apple နဲ့ Hyundai တို့ဟာ အဆိုပါ ထုတ်လုပ်ရန်ပြင်ဆင်လျှက်ရှိတဲ့ လျှပ်စစ်ကားအကြောင်း ဆွေးနွေးမှုများပြုလုပ်နေခြင်းကို CNBC သတင်းဌာနသို့ အတည်ပြုပြောကြားပေးခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.