Jobs In Myanmar
Load...

Best Router Physical Placement Guide

by www.jobsinyangon.com


Tags: Knowledge-Best-Router-Placement-JobsInYangon



အကောင်းဆုံး Router ထားသိုနည်းလမ်းညွှန် 

Router ထားသိုပုံနည်းလမ်းများမှာ အရေးပါပါတယ်။ အကယ်၍သင့်အနေနဲ့ ထိုအရာများကို မှန်ကန်စွာနေရာချထားနိုင်ပါက ပိုမိုကောင်းမွန်သောလိုင်းဆွဲအားနှင့် နည်းပါးသောနှောင့်ယှက်မှုများကို ရရှိစေမှာဖြစ်ပါတယ်။ ဒီအကောင်းဆုံး  router ထားသိုနည်းလမ်းညွှန်တွင် ယျေဘူယျအားဖြင့် ထားသိုမှုပုံစံအကြံပြုချက်များအကြောင်းကို အဓိကထား၍ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အောက်ပါလမ်းညွှန်ချက်များနဲ့ အကြံပြုချက်များကိုအသုံးပြုကာ အကောင်းဆုံး router တည်နေရာများမှ wifi လိုင်းဆွဲအားအကောင်းဆုံး ရရှိစေရန်လုပ်ဆောင်လိုက်ပါ။ 

Router တစ်ခုရဲ့အမှတ်တံဆိပ်ဟာ တစ်ကယ်တန်းတွင် အရေးပါမှုမရှိလှပါဘူး၊ Linksys, vios, netgear, Motorola သို့) ausus ဖြစ်နေပါစေ။ ဒီအရာများအားလုံးဟာ တူညီသောနည်းပညာကိုအသုံးပြုထားပြီး တူညီသော ရုပ်ပိုင်းဆိုင်ရာကန့်သတ်မှုများရှိနေပါတယ်။ သင်လုပ်ဆောင်ရမယ့်တစ်ခုတည်းသောအရာကတော့ အမြဲ တမ်းစမ်းသပ်နေပြီး အကောင်းဆုံးထားသိုနိုင်မည့်နေရာတစ်ခုကိုရှာဖွေဖို့ပါပဲ။ 

၁။ သင့် Router (သို့) Access Point ကို အလယ်တွင်ထားပါ။ 

သင့် router/ access point ကို သင်အသုံးပြုမယ့် device များအားလုံးရဲ့ အလယ်ဗဟိုတွင်သေချာစွာထားပေး ပါ။ သင့် router ထံမှ လိုင်းဆွဲအားဟာ အကွာအဝေးပေါ်တွင်တစ်နည်းအားဖြင့်မူတည်နေပါတယ်။ အလယ်ဗဟို နေရာတွင်ထားပေးခြင်းအားဖြင့် သင့်ရဲ့ device များအားလုံးထံသို့ လိုင်းဆွဲအားကို ညီမျှစွာမျှဝေပေးနိုင်မှာပဲဖြစ်ပါတယ်။ 

၂။ Router ကိုမြင့်မြင့်ထားရမလား (သို့) နိမ့်နိမ့်ထားရမလား။

Router/ access point ကို အခန်းအတွင်းတွင် မြင့်နိုင်သမျှမြင့်သည့်နေရာတွင်ထားပေးပါ။ ဒါမှသာ signal ကို သင့်ရဲ့ အိမ်ခန်းတစ်ခုလုံးအတွင်းပျံနှံနိုင်စေမှာဖြစ်ပါတယ်။ 

၃။ Repeater များ (သို့) Extender များကိုအသုံးပြုပြီးသက်ရောက်မှုရှိစေနိုင်သည့်အကွာအဝေးကိုတိုးမြှင့်ပေးပါ။

အကယ်၍သင့်ရဲ့အိမ်ဟာ ၂ထပ်အိမ်တစ်လုံးဖြစ်ပါက သင့်အနေနဲ့ repeater ကိုအသုံးပြုပြီး လိုင်းဆွဲအားသက် ရောက်စေနိုင်သည့်အကွာအဝေးကို တိုးမြှင့်ဖို့ကိုထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

၎။ ၂လွှာနှင့်အထက်ရှိတဲ့အိမ်များတွင် Router ကို အပေါ်ထပ်တွင်တပ်ခြင်း (သို့) အောက်ထပ်တွင်တပ်ခြင်း မည် သည့်နေရာတွင်တပ်ဆင်ခြင်းက အကောင်းဆုံးဖြစ်မည်နည်း။

၂ ထပ်အိမ် - သင့်အနေနဲ့ Router ကို ပထမထပ်ရဲ့ မျက်နှာကျက်အနီးတွင် (သို့) ဒုတိယထပ်ရဲ့ ကြမ်းပြင်ပေါ်တွင် တပ်ဆင်လိုပါလိမ့်မယ်။ 

၃ ထပ်အိမ် - ဒုတိယထပ်ရဲ့ အလယ်ခန့်တွင်တပ်ဆင်ပေးပါ။ 

ကြိုးမဲ့တယ်လီဖုန်းများ၊ မိုက်ခရိုဝေ့ဗ်မီးဖိုများနဲ့ တီဗွီများကို router/ access point နဲ့ ဝေးနိုင်သမျှဝေးသော နေရာတွင်ထားပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ၎င်းအိမ်သုံးပစ္စည်းများမှ သက်ရောက်မှုရှိလာနိုင်တဲ့ မည်သည့်လိုင်းဆွဲအားနှောင့်ယှက်မှုမျိုးကိုမဆို သိသိသာသာလျှော့ချပေးလိုက်နိုင်မှာဖြစ်ပါတယ်။ 

၅။ နံရံများနည်းနိုင်သမျှနည်းအောင်ထားပါ။ 

Router နဲ့ အခြားသော network စက်ပစ္စည်းများအကြား ရှိလာမည့် နံရံများနှင့် မျက်နှာကျက်များကို နည်းနိုင် သမျှနည်းပါးအောင်ပြုလုပ်ထားပါ။ ဒီအချက်ဟာ သင့်အနေနဲ့ router ကို ဘာကြောင့်အခန်းအလယ်မှာထားရ သလဲဆိုတာရဲ့ အဓိကအကြောင်းပြချက်တစ်ခုလည်းဖြစ်ပါတယ်။ လိုင်းဆွဲအား signal များအနေနဲ့ ထိုးဖောက် ရမည့်နံရံအရေအတွက် ပိုမို၍နည်းပါးစေရန်ဖြစ်ပါတယ်။ 

၆။ နံရံရဲ့ထောင့်အနေအထားဟာ Router ထားသိုရာတွင် အရေးပါ ပါတယ်။ 

အမြဲတမ်း သင့် router နဲ့ စက်ပစ္စည်း (device) တို့အကြားတွင် တိုက်ရိုက်မြင်တွေ့နိုင်မှုရှိနေဖို့ကိုမှန်းဆထားပါ။ 0.5 မီတာ (1.5 ပေ) ထူသည့်နံရံတစ်ခုဟာ 45 ဒီဂရီစောင်းသည့်နေရာမှဆိုပါက 1 မီတာ (3 ပေ) ခန့်ထူသွားနိုင်ပါ တယ်။ 
၂ ဒီဂရီထောင့်မှဆိုပါက အဆိုပါနံရံဟာ 14 မီတာ (42 ပေ) ထူသည့်နံရံတစ်ခုအလားဖြစ်သွားနိုင်ပါတယ်။ ထို့ အတွက်ကြောင့် device များကို နေရာချထားရာတွင် ပိုမိုကောင်းမွန်စွာ signal ကိုရရှိရန်အတွက် (ခပ်စောင်း စောင်း ဖြတ်သန်းရမည့်အစား) signal အနေနဲ့ နံရံ (သို့) မျက်နှာကျက်ကို တည့်တည့်ဖြတ်သန်းသွားနိုင်စေရန် အတွက် နေရာချပေးသင့်ပါတယ်။ 

၇။ နံရံကိုတည်ဆောက်ထားသည့် ပါဝင်ပစ္စည်းများဟာ Wireless Signal များအပေါ်သက်ရောက်မှုရှိနိုင်ပါသည်။ 

သင့်အနေနဲ့ router တစ်ခုကိုထားရန် အကောင်းဆုံးနေရာတစ်ခုကိုဆုံးဖြတ်နေပါက signal အနေနဲ့ ဖြတ်သန်းရ မည့် အဆောက်အဦးရဲ့ ပါဝင်ပစ္စည်းများကိုလည်းထည့်သွင်းစဉ်းစားသင့်ပါတယ်။ Drywall (သို့) တံခါးပေါက် နေရာများဟာ ကောင်းမွန်သောရွေးချယ်မှုများဖြစ်ပါတယ်။ 

Insulation ပါဝင်သောနံရံများ၊ ဖန်သား၊ အုတ်ခဲ၊ ကွန်ကရစ်၊ စတီး၊ သတ္တု၊ ရေ (ငါးကန်)၊ မှန်များ၊ ဖိုင်များထား သိုသည့် ဘီဒိုများ အစရှိတဲ့ ပါဝင်ပစ္စည်းများနဲ့ အရာဝတ္ထုများအားလုံးဟာ router များထားရန်ကောင်းမွန်တဲ့ ရွေးချယ်မှုများမဟုတ်ကြပါဘူး။ 

၈။ Router များကို ဘီဒိုများအတွင်းသို့ မထည့်ပါနဲ့။ 

Router များကို သေးငယ်သောဘီဒိုများ၊ သိမ်းဆည်းရန်နေရာများအတွင်းသို့ ထည့်ခြင်းကိုရှောင်ရှားပါ။ ဒါဟာ signal များအနေနဲ့ဖြတ်သန်းရမည့်နံရံတစ်ခုပိုလာစေပါတယ်။ ဒီ signal များဟာ အဆိုပါဘီဒိုရဲ့နေရာအတွင်းမှာ ပဲ ရှိနေနိုင်မှာဖြစ်ပြီး ထိုအရာက စွမ်းဆောင်ရည်ကိုလျော့ကျစေမှာဖြစ်ပါတယ်။ 

၉။ သင့် router ထားရာနေရာတွင် လျှပ်စစ်ဝိုင်ယာကြိုးများနဲ့ စက်ကိရိယာများရှိနေခြင်း။ 

သင့်ရဲ့ router ကို RF noise ကိုထုတ်လွှင့်ပေးသည့် လျှပ်စစ်ပစ္စည်းများ (သို့) အိမ်သုံးပစ္စည်းများမှ (အနည်းဆုံး ၃ ပေ - ၆ ပေ သို့မဟုတ် ၁ - ၂ မီတာ) ခန့် ခွာထားသင့်ပါတယ်။ ဥပမာအချို့မှာ - တီဗွီနှင့်ဖုန်းဝန်ဆောင်မှုများဖြစ်ပါ တယ်။ 
ထို့အပြင် - သင့်ရဲ့ router များကို လျှပ်စစ်ကြိုးများနဲ့နီးကပ်စွာထားခြင်းမှ ရှောင်ရှားခြင်းဟာလည်း ပိုမိုကောင်း မွန်သော လိုင်းဆွဲအားကိုရရှိစေရန် အကူအညီပေးနိုင်ပါတယ်။ 

၁၀။ အခြားသော ကြိုးမဲ့ device များနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ရှားခြင်း။

2.4 GHz ကြိုးမဲ့ဖုန်း (သို့) X-10 wireless product များဖြစ်သည့် (နံရံကပ်ပန်ကာများ၊ မီးချောင်းများနှင့် အိမ်လုံ ခြုံရေးစနစ်များ) ဟာ သင့် router နဲ့ တူညီသောကြိမ်နှုန်းကိုသာအသုံးပြုရပါတယ်။ သင့်ရဲ့ 2.4 GHz router ဟာ အဆိုပါ ကြိုးမဲ့ device များနဲ့ ဝေးနိုင်သမျှဝေးဝေးရှိနေဖို့သေချာအောင်ပြုလုပ်ပေးပါ။ ဖုန်းရဲ့ အထိုင်ဟာ ၎င်းဖုန်း ကိုအသုံးပြုမနေရင်တောင်မှ signal များကိုထုတ်လွှင့်နေတယ်ဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။  

 

ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက်အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
Supreme Group Of Companies

Supreme Group Of Companies

Our Mission To deliver Professional Services that meet and exceed Clients expectations. To maintain a high level of professional Standing and Integrity that is above reproach. To establish a mutual...
Show the postings (26)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
KM Terminal and Logistics Limited

KM Terminal and Logistics Limited

VISION To be the leading Asia based logistics service provider. MISSION With our home base in Asia and a strong focus on China, we deliver the best logistics solutions to make our customers succe...
Show the postings (10)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS