Tags: Knowledge-IT-Android-Smartphones-JobsInYangon
June လ ၂၀၂၀ ခုနှစ်အတွက် စွမ်းဆောင်ရည်အကောင်းဆုံး Android ဖုန်းများကိုလေ့လာကြည့်ရ အောင်
AnTuTu Benchmark application မှထုတ်ပြန်ခဲ့တဲ့ စွမ်းဆောင်ရည်အကောင်းဆုံး ထိပ်တန်း Android ဖုန်း ၁၀လုံးရဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့်သတ်မှတ်ချက်ဟာ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဇွန်လအတွင်း ဘယ်ဖုန်းအမှတ်တံဆိပ်တွေဗိုလ်စွဲသွားသလဲဆိုတာကို ကြည့်လိုက်ရအောင်။
AnTuTu ranking ဟာ version 8 တွင်ပါဝင်တဲ့ နာမည်တူ Android application များရဲ့ statistics (အချက်အလက်) များအပေါ်တွင်အခြေခံပြီး လစဉ်ထုတ်ပြန်ပေးတာဖြစ်ပါတယ်။ ဖုန်းတစ်လုံးအနေ နဲ့ အဆိုပါအဆင့်သတ်မှတ်ချက် (ranking) အတွင်းသို့ဝင်ရောက်နိုင်ရန်အတွက် ဖုန်းမော်ဒယ်လ်တစ် ခုကို ထောင်ပေါင်းများစွာသောဖုန်းများတွင်စမ်းသပ်တိုင်းတာမှုများပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီ Table ဟာ ထို့နောက် တိုင်းတာမှုရလာဒ်များရဲ့ ပျမ်းမျှအဖြေများကို ပြသပေးမှာဖြစ်ပါတယ်။ သတင်းအချက်အလက်များကို ဖြစ်နိုင်ရွှေ့ တိတိကျကျဖော်ပြနိုင်စေရန်အတွက် အဆိုပါကုမ္ပဏီဟာ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ memory ပမာဏနဲ့ internal storage ပမာဏကိုလည်းဖော်ပြပေးပါတယ်။
ရလာဒ်များအရ စွမ်းဆောင်ရည်အကောင်းဆုံး mobile chipset ဟာ လက်ရှိတွင်တော့ Snapdragon 865 ဖြစ်ကာ စာရင်းပေါ်တွင်ရှိသော device ၁၀ လုံးတွင် ၉လုံးဟာ ထို chipset ကို အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။
Oppo Find X2 Pro ဟာ June လအတွင်း စွမ်းဆောင်ရည်အကောင်းဆုံး Android ဖုန်းတစ်လုံး ဖြစ်လာခဲ့ပါတယ်။ OnePlus 8 Pro ကတော့ ဒုတိယနေရာကိုရရှိခဲ့ပြီး Redmi K30 Pro ကတော့ တတိယ အသီးသီးရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လကတော့ Xiaomi Mi 10 Pro ဟာ ပထမနေရာသို့ဗိုလ်စွဲခဲ့ပြီး ဒီတစ်ခေါက်တွင်တော့ စတုတ္ထနေရာသို့ရောက်ရှိသွားခဲ့ပါတယ်။ Snapdragon 865 processor မပါဝင်တဲ့ တစ်လုံးတည်း သောဖုန်းကတော့ Galaxy S20 Ultra 5G ဖြစ်ပြီး နံပါတ် ၁၀ကိုရရှိခဲ့ပါတယ်။ အဆိုပါဖုန်းတွင်အသုံး ပြုခဲ့တဲ့ chipset ကတော့ Exynos 990 ပဲဖြစ်ပါတယ်။
လစဉ်လတိုင်း AnTuTu ဟာ အလယ်အလတ်တန်းစား smartphone များအတွက် list ကိုလည်း ပြု လုပ်ပေးလျှက်ရှိပါတယ်။ ဒီ Table မှာတော့ သင့်အနေနဲ့ ကျွန်တော်တို့ရဲ့ဈေးကွက်မှာ ရောင်းချခြင်း သိပ်မရှိတဲ့ဖုန်းမော်ဒယ်လ်များကိုသာ တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိတ်သတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.