Tags: News-China-eCNY-DigitalCurrency-JobsInYangon
တရုတ်အာဏာပိုင်များမှ ၎င်းတို့ထုတ်လုပ်လိုက်တဲ့ Digital ငွေကြေးအတွက် iPhone နှင့် Android app များကို စတင်ထုတ်လွှင့်ပေးခဲ့
South China Morning Post မှ သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံပိုင်အစိုးရဟာ e-CNY ဟုအမည်ပေးထားတဲ့ digital ယွမ်ငွေကို သိမ်းဆည်းရန်နှင့် ငွေပေးချေမှုများကို ပြုလုပ်ပေးနိုင်မည့် app တစ်မျိုးကို စတင်ထုတ်လွှင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။
အဆိုပါ ဒီဂျစ်တယ်ယွမ်ငွေဟာ cryptocurrency တစ်မျိုးမဟုတ်ပဲ ၎င်းကို တရုတ်ပြည်သူ့ဘဏ် (People’s Bank of China) မှ ထုတ်လုပ်ထားတာဖြစ်ပြီး ငွေစက္ကူများနှင့် အကြွေစေ့များကို အစားထိုးနိုင်ဖို့အတွက် ရည်ရွယ်၍ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ e-CNY ဟာ ဗဟိုမှထိန်းချုပ်မှုကင်းမဲ့သော decentralized payment တစ်ခုမဟုတ်သလို blockchain များကဲ့သို့ operate ပြုလုပ်သွားမှာလည်း မဟုတ်ပြန်ပါဘူး။
အဆိုပါ e-CNY များဟာ Bitcoin နှင့် အခြားသော cryptocurrency များကဲ့သို့ Decentralized currency မဟုတ်တဲ့အတွက် တူညီတဲ့ privacy လုံခြုံမှုလည်းရှိနေမှာမဟုတ်ပါဘူး။ ၎င်းဟာ “controlled anonymity” လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုဖြင့်အုပ်ချုပ်သွားမှာဖြစ်ပြီး - ဆိုလိုသည်မှာ အသုံးပြုသူများအနေနဲ့ တစ်ဦးနှင့်တစ်ဦး ငွေကြေးဖလှယ်မှုများကိုပြုလုပ်ရာတွင် မိမိတို့မည်သူမည်ဝါဆိုသည်ကို ထုတ်ဖော်ပြသခြင်းမပြုလုပ်ပဲထားနိုင်သော်လည်း အစိုးရအာဏာပိုင်များကတော့ အဆိုပါငွေကြေးဖလှယ်မှုများတွင် ငွေကြေးခဝါချမှုကဲ့သို့သော တရားမဝင်သည့်ကိစ္စရပ်များ ရှိ၊ မရှိကို စောင့်ကြည့်မှုများပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.