Tags: News-Chrome-Edge-Password-Manager-JobsInYangon
Chrome နဲ့ Edge တို့မှ Built-in password manager များကို browser များတွင် ထည့်သွင်းပေးခဲ့
Chrome နဲ့ Edge တို့ဟာ user များအနေနဲ့ password များကို မမှတ်မိတဲ့ပြဿနာအား ဖြေရှင်းပေးနိုင်ရန်အတွက် built-in password manager များကို ဖန်တီး၍ထည့်သွင်းပေးခဲ့ကြကြောင်း Ars မှ တင်ဆက်လာခဲ့တဲ့ သတင်းတစ်ရပ်အရ သိရှိခဲ့ရပါတယ်။
မကြာသေးမှီက release ပြုလုပ်ခဲ့တဲ့ Edge 88 အတွက် password generator ကို ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Microsoft မှ အသစ်စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ tool ကို အသုံးပြုသူများမှ အကောင့်အသစ်တစ်ခုဖွင့်လှစ်ရာတွင် (သို့) Password အသစ်သို့ပြောင်းလဲရာတွင် အသုံးပြုနိုင်မှာဖြစ်ပြီး Password generator မှ ပြသပေးမယ့် password များအနက်မှ မိမိကြိုက်နှစ်သက်ရာ password ကို ရွေးချယ်၍ save ပြုလုပ်ပေးလိုက်ရုံနဲ့ browser မှ အဆိုပါ password ကို အလိုအလျှောက်မှတ်သားပေးသွားမှာဖြစ်သလို စမတ်ဖုန်းများနှင့် ချိတ်ဆက်၍လည်း password များကို Edge password sync လုပ်ဆောင်ချက်ကို အသုံးပြု၍ sync ပြုလုပ်၍ ရနိုင်မှာဖြစ်ပါတယ်။
Edge 88 တွင် “Password monitor” ဟူ၍ ခေါ်တွင်မည့် လုပ်ဆောင်ချက်အသစ်တစ်ခုလည်း ပါဝင်လာမှာဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်က မိမိတို့သုံးစွဲနေတဲ့ password များကို hacker များမှ website တစ်ခု (သို့မဟုတ်) blog တစ်ခုတွင်ဖော်ပြလိုက်ပါက အသုံးပြုသူများအားတိုက်ရိုက်အသိပေးနိုင်မှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.