Tags: News-CNN-President-Resigns-JobsInYangon
CNN ရဲ့ president ဖြစ်သူ Jeff Zucker ရုတ်တရက် resign ပြုလုပ်သွားခြင်း
မကြာခင်ထွက်ရှိလာတော့မည့် streaming ဝန်ဆောင်မှု CNN Plus ကို အဓိကဦးဆောင်သူတစ်ဦးဖြစ်တဲ့ CNN ရဲ့ president ဖြစ်သူ Jeff Zucker နှင့် ရာထူးမြင့်တဲ့ အခြားသော Executive တစ်ဦးတို့အကြား အချစ်ဇာတ်လမ်းများရှိနေမှု ပေါက်ကြားသွားတဲ့အတွက် ကုမ္ပဏီမှ နှုတ်ထွက်သွားခဲ့တယ်လို့ သိရှိရပါတယ်။
Zucker ဟာ EVP နှင့် chief marketing officer တစ်ဦးဖြစ်တဲ့ Allison Gollust နှင့် အချစ်ဇာတ်လမ်းများ ရှိနေခဲ့တာဖြစ်ပြီး သူမကတော့ ကုမ္ပဏီတွင် လက်ရှိရာထူးနှင့် ဆက်လက်၍ရှိနေဦးမှာဖြစ်တယ်လို့ New York Times မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
ဒီကဲ့သို့ Zucker ရဲ့ ရုတ်တရက် resign ပြုလုပ်သွားမှုကြောင့် CNN Plus အတွက် ချမှတ်ထားတဲ့ အစီအစဉ်များနှင့် WarnerMedia နှင့် Discovery တို့ရဲ့ မကြာမှီပူးပေါင်းဆောင်ရွက်တော့မည့် ကိစ္စများအပေါ် နှောင့်နှေးမှုများရှိလာစေမလားဆိုတာကိုတော့ သေသေချာချာမသိရှိရသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက Zucker ရဲ့ ပြောကြားချက်အရတော့ CNN Plus ဟာ “သုံးစွဲသူများထံသို့ ယခင်ကနဲ့မတူ တစ်မူထူးခြားတဲ့ ဝန်ဆောင်မှုများကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပြီး CNN brand ကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်တယ်” လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.