Jobs In Myanmar
Load...

7 Coaching Tips for Managers and Leaders

by www.jobsinyangon.com


Tags: Knowledge-Coaching-Tips-Leaders-JobsInYangon




မန်နေဂျာများနဲ့ ခေါင်းဆောင်များအနေနဲ့ လမ်းညွှန်သင်ပြမှုပြုလုပ်ရာတွင် လိုက်နာကျင့်သုံးသင့်သည့် အချက် (၇) ချက်

ဒီတစ်ပတ်မှာတော့ မန်နေဂျာများနဲ့ ခေါင်းဆောင်များအနေနဲ့ လမ်းညွှန်သင်ပြမှုများကို ပြုလုပ်ရာတွင် လိုက်နာကျင့်သုံးသင့်သည့် အချက် (၇) ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီအကြံပြုချက်များဟာ အလွှာစုံမှ ဝန်ထမ်းတိုင်းအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး လမ်းညွှန်သင်ပြပေးသူနှင့် သင်ယူသူ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမှာဖြစ်ပြီး ပျမ်းမျှအားဖြင့် မိမိတို့ Team ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ 

 

၁။ ပဲ့ကိုင်ထိန်းကျောင်းပေးသည့် မေးခွန်းများ (guiding questions) ကို မေးမြန်းပါ။

ပွင့်လင်းပြီး လမ်းညွှန်မှုကို ပေးစွမ်းနိုင်မည့် မေးခွန်းများဟာ ပိုမို၍ အသေးစိတ်ကျပြီး စဉ်းစား၍ဖြေဆိုလာတဲ့ အဖြေများကို ရရှိလာနိုင်စေတဲ့အတွက် လမ်းညွှန်သင်ကြားမှုများကို နှုတ်ဖြင့်ပြုလုပ်ရာတွင် ပိုမို၍ ထိရောက်မှုရှိလာစေမှာဖြစ်ပါတယ်။ မန်နေဂျာတစ်ဦး (သို့) ခေါင်းဆောင်တစ်ဦးအနေနဲ့ သင့်ရဲ့ဝန်ထမ်းများနဲ့ ခိုင်မာကောင်းမွန်တဲ့ဆက်ဆံရေးများကို တည်ဆောက်ထားနိုင်ဖို့ဟာ အရေးကြီးလှပါတယ်။ ဒီအရာက သင့်အား သင့်ရဲ့ဝန်ထမ်းများဟာ စူးစမ်းလိုစိတ်ရှိရဲ့လား၊ ပိုမိုကောင်းမွန်စွာစွမ်းဆောင်နိုင်ပြီး တိုးတက်မှုများရှိလာနိုင်သလား ဆိုသည့်အရာများအပြင် သူတို့မှ အလုပ်အပေါ် မည့်သို့သဘောထားကြသလဲ ဆိုသည်အား လေ့လာနိုင်မှာဖြစ်ပါတယ်။ 

ဒီနေရာမှာ ပြောဆိုဆက်သွယ်နိုင်မှုစွမ်းရည်နှင့် Emotional Intelligence တို့ဟာ အမှန်တကယ်အရေးကြီးတဲ့အရာများဖြစ်လာကြမှာဖြစ်ပါတယ်။ မန်နေဂျာများအနေနဲ့ conversation တစ်ခုကိုပြုလုပ်ရာတွင် ပဲ့ကိုင်ထိန်းကျောင်းပေးနိုင်ရန်အတွက် မေးခွန်းများမေးမြန်းခြင်းအပြင် နားထောင်ပေးခြင်းကိုလည်း ပြုလုပ်ရပါမယ်။ မိမိလုပ်စေလိုတဲ့အရာများကို ညွှန်ကြားရုံမျှဖြင့် မရနိုင်ပါဘူး။ ဝန်ထမ်းများဟာ သူတို့ကိုယ်တိုင်အဖြေရှာတွေ့ခဲ့တဲ့အခါတွင် ပိုမို၍မှတ်မိလွယ်ပြီး သင်ကြားရလွယ်ကူကာ အမြန်ဆုံးတိုးတက်လာမှာဖြစ်ပါတယ်။ 


၂။ ကောင်းတဲ့အချက်များကို ပြန်လည်စီစစ်ပါ။  

လမ်းညွှန်သင်ပြမှုများကို ပြုလုပ်ခြင်းတွင် ဝေဖန်အကြံပြုခြင်းနှင့် ချီးမွမ်းဂုဏ်ပြုခြင်းတို့ မျှမျှတတရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ Coaching conversation များဟာ ဘာတွေကအလုပ်မဖြစ်ခဲ့ဘူးဆိုတဲ့အပေါ်မှာပဲ လုံးဝ focus လုပ်ထားပြီး ဝန်ထမ်းအနေနဲ့ ဒီအရာကို ပြောင်းလဲနိုင်ဖို့အတွက် ဘာတွေကို လုပ်သင့်တယ်ဆိုတာမျိုးကိုပဲပြောကြားနေပါက ဝန်ထမ်းများရဲ့ စိတ်အားတက်ကြွမှုကို မြှင့်တင်ပေးနိုင်မှာမဟုတ်ပဲ ဆန့်ကျင်ဘက်အနေနဲ့ စိတ်ဓါတ်ကျလာကြမှာ ဖြစ်ပါတယ်။ 

သင့်ဝန်ထမ်းများရဲ့ ကောင်းမွန်စွာလုပ်ကိုင်နိုင်ခဲ့တဲ့အရာများအပေါ် သင့်ရဲ့အသိအမှတ်ပြုပေးခြင်းဟာ သူတို့အနေနဲ့ ထိုအရာကနေတစ်ဆင့် ထပ်မံ၍တိုးတက်မှုများရှိလာစေရန် ဆောင်ရွက်နိုင်ဖို့အတွက် အားဆေးတစ်ခွက် ဖြစ်စေမှာပါ။ သို့သော်သင့်အနေနဲ့ လုံလောက်စွာရိုးသားမှုမရှိတဲ့ ဟန်လုပ်ချီးမွမ်းခြင်းမျိုးကိုတော့ ရှောင်ရှားသင့်ပါတယ်။ 

သင့်စိတ်ထဲမှာတော့ အမှန်တကယ်ချီးကျူးလိုစိတ်မရှိပဲ ဟန်လုပ်၍ချီးမွမ်းမှုပြုလုပ်နေခြင်းဟာ ထိုသူတို့ကို ချီးမွမ်းမှုမပြုလုပ်ပဲထားခြင်းထက် ပို၍ဆိုးတဲ့ရလာဒ်ကို ရရှိစေနိုင်ပါတယ်။ ဒီအတွက် သင့်ဝန်ထမ်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့တဲ့အရာများကို အချိန်ယူ၍ စဉ်းစားပါ၊ ပြီးနောက်တွင်မှ သင့်ဝန်ထမ်းများကို အသိပေးပြီး ဒီအရာတွေကို သင်သိပြီး သင့်ဘက်က သူတို့ကို ကျေးဇူးတင်ကြောင်း ပြသပေးလိုက်ပါ။ 


၃။ နားထောင်ခြင်းနှင့် လုပ်ပိုင်ခွင့်များပေးအပ်ခြင်း 

လမ်းညွန်သင်ပြမှုအားပြုလုပ်ရာတွင် အားပေးကူညီခြင်းအပြင် အခွင့်အာဏာပေးအပ်ခြင်းကိုပါ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ မန်နေဂျာတစ်ဦး (သို့) ခေါင်းဆောင်တစ်ဦးအနေနဲ့ သင်လုပ်ရမှာကတော့ ဝန်ထမ်းတစ်ဦးချင်းစီနှင့် ရင်းနှီးသောဆက်ဆံရေးများကို တည်ဆောက်ထားပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ရရှိနိုင်ရန်အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ 

သင့်ဝန်ထမ်းများထံတွင် များစွာသော ပြောဆိုလိုတဲ့အကြောင်းအရာများ၊ မေးခွန်းများနဲ့ အကြံပြုချက်များလည်း ရှိနေနိုင်ပါတယ်။ ဒီအတွက် သူတို့ဘာတွေပြောလိုသလဲဆိုတာကို သင့်ဖက်က နားထောင်လိုစိတ်ရှိကြောင်း ပြသနိုင်ရန်မှာ အရေးကြီးတဲ့အတွက် သူတို့ရဲ့ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောကြားနိုင်စေဖို့အတွက် လမ်းဖွင့်ပေးထားပါ။ 

အချို့သောဝန်ထမ်းများက သူတို့စိတ်ထဲမှာရှိနေတဲ့ ကိစ္စများကို ထုတ်ဖော်ပြောကြားဖို့ ပြဿနာမရှိပေမယ့် အချို့သောဝန်ထမ်းများကတော့ သူတို့ရဲ့ထင်မြင်ယူဆချက်ကို သင့်အားမျှဝေပြောကြားနိုင်ဖို့အတွက် အားပေးမှု အတော်များများကို လိုအပ်မှာဖြစ်ပါတယ်။ ထိုသူတို့မှ ဖွင့်ဟပြောကြားလာတဲ့အခါမှာလည်း သူတို့ရဲ့ထင်မြင်ယူဆချက်များကို လေးစားတဲ့အနေနဲ့ သူတို့ကို ချက်ခြင်းပြန်လွှတ်မည့်အစား သူတို့နဲ့ အပြန်အလှန်ဆွေးနွေးမှုများကို လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ 

 

၎။ သူတို့ဖက်မှ အမြင်အပေါ် နားလည်ပေးပါ။ 

သင့်ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်နှင့် အလုပ်အပေါ်စိတ်ပါဝင်စားမှုတိုးတက်လာစေရန် ဝန်ထမ်းများအား လမ်းညွှန်သင်ကြားမှုများကို ပြုလုပ်ပေးရာတွင် အရာရာတိုင်းကို သင့်ရဲ့ကိုယ်ပိုင်အမြင်ထက် သူတို့ဖက်မှအမြင်ဖြင့် စဉ်းစားကြည့်ပေးခြင်းက သင်လိုချင်တဲ့ရလာဒ်နှင့် အပြောင်းအလဲများကိုရရှိနိုင်ရန်အတွက် များစွာအထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ 

လူတိုင်းတွင် မတူညီသော စိတ်အားတက်ကြွစေတဲ့အရာများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ရေစိတ်အခြေအနေများရှိနေတတ်တဲ့အတွက် သူတို့ဖက်မှ မေးခွန်းများမေးမြန်းလာတဲ့အခါတွင် ထိုမေးခွန်းများကို ပြန်လည်ဖြေကြားနိုင်ဖို့ ကောင်းမွန်စွာနားလည်သဘောပေါက်မှုရအောင် ဦးစွာပြုလုပ်သင့်ပါတယ်။ 


၅။ နောက်ထပ်လုပ်ရမည့်အဆင့်များအကြောင်း ပြောဆိုပါ။ 

လိုလားအပ်တဲ့ ပြောင်းလဲမှုများနဲ့ ရလာဒ်များကို ရရှိစေရန်ရည်ရွယ်၍ coaching conversation များကို ပြုလုပ်ကြတာဖြစ်တဲ့အတွက် နောက်ထပ်ဘာတွေကိုဆက်ပြီးပြုလုပ်သင့်သလဲဆိုသည်အား ရှင်းလင်းစွာသတ်မှတ်၍ပြောကြားရမှာဖြစ်ပါတယ်၊၊ ဒီသို့ပြုလုပ်ပေးခြင်းအားဖြင့် သင်နဲ့ သင့်ဝန်ထမ်းများဟာ မျှော်မှန်းချက်များအပေါ်တူညီတဲ့ သဘောထားရှိလာမှာဖြစ်ပြီး အဆိုပါပြောင်းလဲမှုများနှင့် တိုးတက်မှုများဖြစ်ပေါ်လာစေရန်အတွက် သူတို့လုပ်ဆောင်သင့်သည့် အချက်များကိုလည်း ရှင်းလင်းစွာ သဘောပေါက်မှုရှိလာမှာဖြစ်ပါတယ်။ 

ထို့အပြင် အဆိုပါနောက်ထပ်လုပ်ဆောင်သင့်သည့်အဆင့်များကို ၂ ဖက်စလုံးမှ သဘောတူညီထားကြဖို့ကိုလည်း လိုအပ်မှာဖြစ်တဲ့အတွက် - သူတို့လုပ်ဆောင်ရမည့်အရာများနှင့် ပြောင်းလဲမှုများလုပ်ဆောင်ရန် ကိစ္စများကြောင့် ဘာတွေဖြစ်လာနိုင်သလဲ၊ ဘာတွေကို မျှော်မှန်း၍ ရနိုင်သလဲဆိုသည်တို့ကိုလည်း ထည့်သွင်းဆွေးနွေးထားသင့်ပါတယ်။ 

 

၆။ သင့်တော်တဲ့အချိန်တွင် လမ်းညွှန်သင်ကြားမှုများကို ပြုလုပ်ပါ။ 

အကယ်၍ သင့်ဝန်ထမ်းတစ်ဦးဦးမှ သင့်ထံသို့ လုပ်ငန်းစဉ်အကြောင်း (သို့) လုပ်ဆောင်ရမည့်အချက်အချို့အပေါ် မေးမြန်းလာခဲ့မည်ဆိုပါက ထိုအချိန်ကိုအသုံးချ၍ သူတို့အား တစ်ခုခုသင်ကြားပေးပါ။ အကယ်၍ သင်ကလက်ရှိလုပ်နေရတဲ့အလုပ်ကို ချက်ချင်းရပ်တန့်၍ သင်ကြားပေးဖို့ မအားလပ်ပါက သူတို့နှင့် အချိန်တစ်ခုသတ်မှတ်ချိန်းဆိုပြီး ထိုအကြောင်းကို ပြောဆိုပါ။ 

ဝန်ထမ်းတစ်ဦးချင်းစီနှင့် အပတ်စဉ် တစ်ဦးချင်းတွေ့ဆုံ၍ စကားမြည်ပြောဆိုနိုင်ရန် စီစဉ်နိုင်ပါက ပိုမိုကောင်းမွန်ပြီး ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သင့်အနေနဲ့ သူတို့ထံတွင်ရှိနေနိုင်သည့် မေးခွန်းများနှင့် ပြဿနာများကို ပုံမှန်ဖြေကြားပေးနိုင်မှာဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ 


၇။ စဉ်ဆက်မပြတ်သင်ယူမှုများကို ပြုလုပ်နေဖို့ စိတ်ပိုင်းဖြတ်ထားပါ။ 

သင့်ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်နိုင်စွမ်းများကို ပိုမိုကောင်းမွန်လာစေရန်လုပ်ဆောင်ဖို့ကိုလည်း စိတ်ပိုင်းဖြတ်ထားပါ။ အကယ်၍ သင်ကိုယ်တိုင်က အမြဲစဉ်ဆက်မပြတ်လေ့လာမှုများကို ပြုလုပ်မနေဘူးဆိုပါက သင့်ရဲ့ဝန်ထမ်းများဟာလည်း ထိုအတိုင်းပဲ ဖြစ်နေပါလိမ့်မယ်။ ဥပမာပြ၍ ဦးဆောင်ပေးပါက သင့်ရဲ့ team ဟာလည်း ထိုအတိုင်း လိုက်ပါဆောင်ရွက်လာမှာဖြစ်ပါတယ်။ 

သူတို့ရဲ့အောင်မြင်မှု၊ တိုးတက်မှုတို့အပေါ် သင့်ဘက်က စိတ်ဝင်စားမှုရှိတယ်ဆိုတာကို ပြသပါ။ သူတို့ရဲ့ သက်မွေးမှုလုပ်ငန်းမှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းကြည့်ခြင်း (သို့) သူတို့လုပ်ဆောင်ရတဲ့ အခန်းကဏ္ဍများမည်သို့ ပြောင်းလဲလာသလဲ? အစရှိသည်တို့ကို မေးမြန်းကြည့်လိုက်ပါ။ သူတို့ထံတွင် အစီအစဉ်တစ်ခုခုဆွဲထားတာမရှိသေးရင်တောင်မှ ဒီလိုမေးခွန်းမျိုးကို မေးမြန်းကြည့်ပေးခြင်းအားဖြင့် သူတို့ဟာလည်း သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်း အကြောင်းကို စဉ်းစားလာကြမှာဖြစ်ပြီး သင့်ရဲ့ organization အတွင်းတွင် သူတို့အနေနဲ့ ဘယ်အရာတွေကို အောင်မြင်အောင် ဆောင်ရွက်လိုကြကြောင်း တွေးတောလာကြမှာဖြစ်ပါတယ်။ 

 

သင်မျက်နှာရစေဖို့အတွက် သူတို့ကို ပိုမိုကောင်းမွန်စွာလုပ်ကိုင်နိုင်စွမ်းရှိလာစေလိုတာမဟုတ်ပဲ သင်ဟာသူတို့ရဲ့ သက်မွေးမှုလမ်းကြောင်းများ၊ အောင်မြင်မှုများနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် တိုးတက်လာမှုများအပေါ် စိတ်ဝင်စားမှုရှိကြောင်းကို ပြသပေးလိုက်ပါလို့ပြောကြားရင်း ဒီ article လေးကို နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.co


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

MYANMAR PARA LIGHT LED & LIGHTING ACCESSORY CO.,LTD

Translator -Female -Chinese language (4 Skills) -Graduate UniversityMYANMAR YANG DING is Taiwanese LED manufacturing below at PARA LIGHT Group Our HQ at Taipei, Taiwan. The Myanmar factory i...
Show the postings (4)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (42)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS