Jobs In Myanmar
Load...

5 Common Reasons Why You Keep Getting Rejected from Jobs

by www.jobsinyangon.com


Tags: News-Candidates-Rejected-Applying-JobsInYangon



အလုပ်လျှောက်ထားရာတွင် အမြဲတမ်း Reject လုပ်ခံနေရခြင်း၏ ဖြစ်လေ့ဖြစ်ထရှိသော အရင်းခံအကြောင်း (၅) ချက်

 

နောက်ဆုံးတစ်ခေါက် သင်အလုပ်လျှောက်ထားစဉ်က Reject လုပ်ခံခဲ့ရတဲ့အတွက် စိတ်ဓါတ်ကျနေတုန်းလား? မိမိကိုယ်ကို ယုံကြည်မှုလျော့ကျလာခြင်းဟာ ပြန်လည်၍အရင်အတိုင်းဖြစ်လာဖို့အတွက် အချိန်ယူပေးဖို့က အရေးကြီးပါတယ်။ အလားတူပဲ ဘယ်အရာတွေက မှားယွင်းနေသလဲဆိုတာကိုလည်း ရှာဖွေပြီး နောက်တစ်ခါမှာ ဘယ်လိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကို အဖြေရှာကြည့်ဖို့ကလည်း အရေးကြီးလှပါတယ်။ 

ယနေ့ လက်ရှိအချိန်မှာ လုပ်ငန်းခွင်ဝင်နေတဲ့ Professional တိုင်း အရင်တစ်ချိန်က Reject ပြုလုပ်ခြင်းကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ခံခဲ့ရဖူးမှာဖြစ်ပါတယ်။ ယခုအချိန်မှာ ထိပ်ဆုံးကိုရောက်နေတဲ့ CEO ရာထူးကို ရရှိနေသူများတောင်မှ အရင်တစ်ချိန်က အလုပ်တစ်ခုခုကို သွားရောက်လျှောက်ထားတဲ့အခါမှာ Reject ပြုလုပ်ခြင်းကို ခံခဲ့ရဖူးမှာဖြစ်ပါတယ်။ သို့ပေမယ့် ထိုသို့ ဆက်တိုက် Reject ပြုလုပ်ခံနေရပြီး ရှေ့သို့မရောက်ပဲဖြစ်နေတယ်လို့ သင်ခံစားနေရပြီဆိုရင်တော့ သင့်ဘက်က ဘာတွေလိုအပ်ချက်ရှိနေသလဲ၊ ဘာတွေကိုပြုလုပ်ဖို့ လိုအပ်နေပြီလဲ ဆိုတာကို စတင်အဖြေရှာကြည့်ဖို့ လိုအပ်နေပါပြီ။ ဒီအတွက် ဒီကနေ့ဆောင်းပါးလေးမှာ ကျွန်တော်တို့ www.jobsinyangon.com ကနေ အမြဲတမ်း Reject ပြုလုပ်ခံနေရသူများတွင် တွေ့ရှိရလေ့ရှိတဲ့အမှားများအကြောင်းကို တင်ဆက်ဖော်ပြပေးမှာဖြစ်ပါတယ်။ 

 

၁။ ကောင်းမွန်မှုမရှိတဲ့ CV များ

အရင်ဦးဆုံး - သင့်ရဲ့ CV ကို Interview ပြုလုပ်ချိန်တိုင်းမှာ ဘာကြောင့်လျစ်လျူရှုခံနေရပြီး Reject ပြုလုပ်ခြင်းခံနေရသလဲဆိုတာကို အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ကောင်းမွန်စွာရေးသားထားတဲ့ CV တစ်ခုဟာ မည်မျှအရေးကြီးသလဲဆိုတာဟာ ပြောပြနေစရာမလိုအောင်ကို သိသာလွန်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ နိုင်ငံရပ်ခြားသို့ ခရီးသွားတဲ့အခါမှာ ဗီဇာကို မရှိမဖြစ်လိုအပ်မှာဖြစ်သလို - အလုပ်လျှောက်ထားနိုင်ရန်အတွက် CV တစ်စောင်အား မရှိမဖြစ်ရေးသားပေးပို့ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကောင်းမွန်စွာရေးသားထားတဲ့ CV တစ်စောင်ဟာ အခွင့်အလမ်းများကို ပွင့်လန်းစေပြီး အာရုံစူးစိုက်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။ အလုပ်ရှင်ဖြစ်လာနိုင်တဲ့သူထံသို့ အစီအစဉ်တကျမရှိပဲ၊ ပျင်းရိစွာရေးသားထားတဲ့ . . . တစ်နည်းအားဖြင့် အလွန်ရိုးရှင်းလွန်းနေတဲ့ CV တစ်စောင်ကိုပေးပို့လိုက်မိခြင်းဟာ အင်တာဗျူးဖြေဆိုခြင်း မပြုလုပ်ရသေးမှီတွင်တောင်မှ ထိုအလုပ်မှ သင့်ကိုခေါ်ယူဖို့ငြင်းဆိုလိုက်တဲ့ အဓိကအကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။  ကောင်းမွန်စွာ စီစဉ်ရေးသားထားတဲ့ CV တစ်စောင်ကို တည်ဆောက်ရခြင်းဟာ အနည်းငယ်ခက်ခဲနိုင်သော်လည်း နောက်ထပ် Reject ပြုလုပ်ခြင်းကို မခံရစေဖို့အတွက် မိမိတို့ရဲ့ CV ကို သေချာစွာ ရေးသားတည်ဆောက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါဟာ အနာဂါတ်တွင် သင်လျှောက်ထားမည့်အလုပ်တိုင်းအတွက် အရေးကြီးတဲ့အခြေခံတစ်ခုကို တည်ဆောက်လိုက်ခြင်းလည်းဖြစ်ပါတယ်။ 

အကယ်၍သင့်အနေနဲ့ ကောင်းမွန်တဲ့ CV Form တစ်ခုကို ဘယ်လိုရေးသားရမလဲဆိုသည်အား သိရှိလိုပါကလည်း google search မှတဆင့် နမူနာရေးသားထားတဲ့ CV Form များကို Keyword များဖြင့် အလွယ်တကူရှာဖွေကြည့်ရှု၍ရနေနိုင်တဲ့အတွက် သင့်အတွက် အသင့်တော်ဆုံး CV Format တစ်ခုကို ရွေးချယ်၍ ယခုပဲတည်ဆောက်ထားလိုက်ပါ။ 

 

၂။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း 

နောက်တစ်နေ့မနက်တွင် အင်တာဗျူးဖြေဆိုရန် ချိန်းဆိုထားသည့်အချိန်မျိုး၌ သင့်အနေနဲ့ ညဖက်မိုးချုပ်သည်အထိ အင်တာနက်အသုံးပြုနေခြင်း/ ရုပ်ရှင်ကြည့်နေခြင်းတို့မပြုလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။ မနက် ၉း၀၀ တွင် အင်တာဗျူးချိန်းဆိုထားသည်အား ညဖက်တွင် ရုပ်ရှင်များညဥ့်နက်သည်အထိ ကြည့်ထားမိတဲ့အတွက် မနက် ၈း၅၀ ခန့်တွင်မှ နိုးထလာပြီး အင်တာဗျူးသွားဖြေရန်ပြင်ဆင်နေစဉ်တွင်မှ “ဒီနေ့အင်တာဗျူးချိန်းထားတဲ့အလုပ်ဟာ ဘယ်ရာထူးအတွက်လဲ/ အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီဟာ မည်သည့်ထုတ်ကုန်နှင့် ဝန်ဆောင်မှုမျိုးကို ထုတ်လုပ်ပေးအပ်နေတဲ့ ကုမ္ပဏီဖြစ်မလဲ” ဆိုသည်အား ပြန်လည်တွေးတောနေရခြင်းမျိုးကို မဖြစ်ပါစေနဲ့။ ယခုအခါ သင့်အနေနဲ့ Recruitment ပြုလုပ်မည့် အင်တာဗျူးမေးခွန်းမေးမြန်းသူ၏ရှေ့မှောက်တွင်ရောက်ရှိနေတော့မှာဖြစ်တဲ့အတွက် မေးလာသမျှအင်တာဗျူးမေးခွန်းတိုင်းကို အလွဲလွဲအချော်ချော်ဖြေမိသွားတဲ့အခါတွင် သင့်ကိုထိုအလုပ်မှ Hire ပြုလုပ်လာဖို့အခွင့်အလမ်းဟာ မရှိသလောက်ကိုနည်းပါးသွားပြီပဲဖြစ်ပါတယ်။ 

ဒီအတွက် နောက်တစ်ကြိမ်အင်တာဗျူးဖြေဆိုဖို့သွားသည့်အခါတွင် ထိုသို့မဖြစ်စေရန်အတွက် မိမိဖက်မှ ကြိုတင်ပြင်ဆင်၍ လေ့လာမှုများကို ကြိုတင်ပြုလုပ်ကာ မိမိအလုပ်လျှောက်ထားသည့် ကုမ္ပဏီရဲ့အကြောင်း အနည်းအကျဉ်းခန့်တော့ သိရှိအောင် လေ့လာထားဖို့က အရေးကြီးလှပါတယ်။ 

 

၃။ ပိုမိုကောင်းမွန်တဲ့ Candidate များရှိနေခြင်း 

တစ်ခါတစ်ရံတွင် သင် Reject ပြုလုပ်ခံရခြင်းဟာ သင့်အပြစ်တော့မဟုတ်ပါဘူး။ အလုပ်လျှောက်ထားမှုပြုလုပ်လာသည့် Candidate များအကြားတွင် သင့်ထက်ပိုမို၍ အရည်အချင်းပြည့်စုံသူတစ်ဦးဦး ပါဝင်လာပါက သင့်ထံသို့ Rejection Letter တစ်စောင်ရောက်ရှိလာနိုင်ပါသေးတယ်။ ဒီအခါမှာ အရမ်းကြီးစိတ်ဓါတ်ကျမသွားလိုက်ပါနဲ့ဦး၊ သင်နဲ့သင့်တော်တဲ့ နေရာတစ်ခုကိုတော့ အဆုံးသတ်မှာ သင့်အနေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ 

 

၎။ အင်တာဗျူးမေးခွန်းများဖြေဆိုရာတွင် အလွဲလွဲအချော်ချော်ဖြစ်နေခြင်း

အင်တာဗျူးမေးခွန်းမေးမြန်းသူများမှ သင့်ရဲ့ ပရော်ဖက်ရှင်နယ်နောက်ခံဇာတ်ကြောင်းအား မေးမြန်းလာသည့်အခါ သင့်ကိုယ်ပိုင်ဝါသနာများနဲ့ သင့်ရဲ့ ယခင်အလုပ်မှအောင်မြင်မှုများအကြောင်း ရွှန်းရွှန်းဝေအောင် ပြောဆိုနေခြင်းအားရှောင်ကြဉ်သင့်ပါတယ်။ သင့်ထံတွင်လုံလောက်တဲ့ အချက်အလက်များရှိမနေခြင်းကို အလွယ်တကူရိပ်မိနိုင်ပါတယ်။ ဒီအတွက်ကောင်းမွန်စွာပြင်ဆင်ပြီး လုံလောက်တဲ့အချက်အလက်များကို ပြင်ဆင်သွားပါ။ သင့်ရဲ့ CV ပေါ်တွင် ဒီအလုပ်တွင်အတွေ့အကြံရှိသည်၊ ဟိုအလုပ်တွင်အတွေ့အကြုံရှိသည်ဟူ၍ ရေးသားဖော်ပြထားသည့်အခါတွင် အသေးစိတ်မေးမြန်းလာမှုများအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပါ။ သင်ဟာ အသင်းအဖွဲ့ဖြင့် ကောင်းမွန်စွာအလုပ်လုပ်နိုင်သူဖြစ်ကြောင်း၊ သင်ဟာ အမြဲတမ်းအသင့်ဖြစ်နေပြီး ပြင်ဆင်မှုများကိုပြုလုပ်ထားနိုင်ကြောင်း ဥပမာများဖြင့်ပြောဆိုပြသပါ။ သင်ကိုမေးမြန်းလာမည့် မေးခွန်းတိုင်းအတွက် သင့်အနေနဲ့အပြည့်အဝပြင်ဆင်ထားနိုင်မှာမဟုတ်သော်လည်း အင်တာဗျူးဖြေဆိုဖို့အတွက် သွားရောက်သည့်အခါ သင့်ဖက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားရမှာဖြစ်ပါတယ်။ 

 

၅။ သင့်ထံတွင် လုံလောက်တဲ့ လူမှုဆက်ဆံရေးစွမ်းရည်များ ရှိမနေခြင်း 

သင့်ထံတွင် လိုအပ်တဲ့ အသိအမှတ်ပြုလက်မှတ်များနှင့် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများ အားလုံးနှင့် ပြည့်စုံနေပြီဆိုကြပါစို့ . . . ဒါဟာအလွန်ကောင်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ သို့ပေမယ့် သင့်ထံတွင် အခြေခံလူမှုဆက်ဆံရေးအတွက် လုံလောက်တဲ့ကျွမ်းကျင်မှုများရော ရှိနေပါရဲ့လား? သင်ဟာ အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူတစ်ဦးဖြစ်ပါသလား? တီထွင်ဖန်တီးမှုကောင်းမွန်စွာ တွေးခေါ်နိုင်သူတစ်ဦးဖြစ်ပါသလား? 

လူမှုဆက်ဆံရေးတွင်ကျွမ်းကျင်မှု (Soft Skill) များဟာ ယနေ့ခေတ် Workforce အတွက် မရှိမဖြစ်အရေးပါတဲ့ကျွမ်းကျင်မှုများ ဖြစ်၍လာနေပါပြီ။ အလုပ်တစ်ခုရရှိနိုင်ဖို့အတွက် မြင့်မားတဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိနေရုံနဲ့ မလုံလောက်တော့တဲ့အတွက် မိမိတို့ရဲ့ လူအများနှင့်ပြောဆိုဆက်ဆံမှုစွမ်းရည်၊ လူမှုဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုစွမ်းရည်များကို ကောင်းမွန်စွာလေ့ကျင့်ထားပြီး တစ်ဦးနဲ့တစ်ဦးကောင်းမွန်စွာ ဆက်သွယ်ပြောဆိုမှုများပြုလုပ်၍ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်ဖို့ဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ 

ယနေ့ခေတ်ရဲ့ ထိပ်တန်းလုပ်ငန်းအဖွဲ့အစည်းများတွင် အချက် (၂) ချက်ကိုသာ အဓိကထား၍ စစ်ဆေးလေ့ရှိကြပါတယ်။ ဒီအရာများကတော့ Aptitude လို့ခေါ်တဲ့ “တစ်စုံတစ်ခုကိုလုပ်ကိုင်နိုင်စွမ်းရှိ/ မရှိ” နှင့် Personality လို့ခေါ်တဲ့ “လူတစ်ဦး၏ စိတ်နေသဘောထားနှင့် အမူအကျင့်များ” ကိုစမ်းသပ်ခြင်းပဲဖြစ်ပါတယ်။ Soft Skill များဟာ မိမိတို့ Personality များရဲ့ ဝိသေသလက္ခဏာများကို ကိုယ်စားပြုတဲ့အတွက် အရေးကြီးတဲ့ ကျွမ်းကျင်မှုများတွင်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုရှိနေတဲ့ လုပ်ငန်းခွင်တိုင်းတွင် လက်ခံကျင့်သုံးလျှက်ရှိနေတဲ့ အယူအဆတစ်ခုလည်းဖြစ်ပါတယ်လို့ပြောကြားရင်း ဒီကနေ့ article လေးကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)
V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
One Cloud Co., Ltd.

One Cloud Co., Ltd.

Make us your reliable vendor and have a greatest contribution from us. With our expertise and track record, you can be assured of receiving quality infrastructure and services. Network Infrastructure...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS