Jobs In Myanmar
Load...

Compensation and Benefits Practices

by www.jobsinyangon.com


Tags: Knowledge-HumanResource-Management-HR-JobsinYangon



လုပ်ခလစာများနှင့် အခွင့်အရေးများပေးအပ်မှုများကို ကျင့်သုံးခြင်း 

ယနေ့ကမ္ဘာတွင် HR ပရော်ဖက်ရှင်နယ် (ကျွမ်းကျင်သူ) တိုင်းဟာ သူတို့ရဲ့ ငွေကြေး (လုပ်ခလစာ) နှင့် အခွင့်အရေး များပေးအပ်မှုပြုလုပ်သည့် နည်းဗျူဟာများကို ကြည့်ရှုလေ့လာလျက်ရှိပါသည်။ ကုမ္ပဏီများမှ အရည်အချင်း ရှိသူများကိုခေါ်ယူဖို့ အပြိုင်အဆိုင်ဖြစ်လာသည်နှင့်အမျှ နည်းဗျူဟာပိုင်းတွင် အဓိကကျတဲ့ ပြောင်းလဲမှုများဟာ အခြားကုမ္ပဏီမှဝန်ထမ်းခေါ်ယူစုဆောင်းသူများ ခေါ်ယူရန်ကြိုးပမ်းနေတဲ့ မြင့်မားသော စွမ်းဆောင်ရည်ရှိတဲ့ အရည်အချင်းရှိသူတစ်ဦးနဲ့ သဘောတူညီချက်များကိုပြုလုပ်နိုင်စေမှာပဲဖြစ်ပါတယ်။  

ယနေ့ခေတ်ဝန်ထမ်းများဟာ ပိုမိုကောင်းမွန်တဲ့အရာများကို ပေးအပ်နိုင်တဲ့ အခြားကုမ္ပဏီတစ်ခုသို့ ပြောင်းရွှေ့ သွားရန်ပိုမို၍လွယ်ကူလှပါသည်။ ဒါတင်မကသေးပဲ ထိုသတင်းများကို ဝန်ထမ်းများမှ သိရှိရန်မှာလည်း လွန်စွာ လွယ်ကူပါသည်။ ဝန်ထမ်းများဟာ သူတို့မျှဝေနိုင်သမျှ သတင်းအချက်အလက်များကို အွန်လိုင်းပေါ်တွင် အစဉ် အမြဲ မျှဝေပေးလျှက်ရှိနေပါသည်။ ထိုအရာများတွင် လုပ်ခလစာများနှင့် အခွင့်အရေးများ၏အကြောင်းများ လည်း ပါဝင်နေပါသည်။ ဒီအချက်အလက်များကို အသုံးပြုပြီး ဝန်ထမ်းများဟာ အလုပ်ခန့်အပ်သည့် ကုမ္ပဏီ များကို သူတို့ရှာဖွေဖော်ထုတ်တွေ့ရှိသည့်အရာများနှင့် အကဲဖြတ်မှုများပြုလုပ်နိုင်ကြပါတယ်။ 

လုပ်ခလစာများနှင့် အခွင့်အရေးများပေးအပ်ခြင်းရဲ့ မဟာဗျူဟာမှာ အရည်အချင်းရှိသူများကို အပြိုင်အဆိုင်ဆွဲ ဆောင်ကြတာထက်လည်း ပိုပါတယ်။ တစ်ကယ်တန်းတွင် ဒီအရာဟာ ဝန်ထမ်းများအားလုံးအတွက် ထည့်သွင်း စဉ်းစားပြီး ချမှတ်ပေးထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ထိုအရာက ကိစ္စအားလုံးနှင့် သင့်လျော်မှု ရှိစေတဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်ပြီး တစ်ခါတစ်ရံတွင်တော့ တစ်ဦးချင်းစီနှင့်ကိုက်ညီမှုရှိတဲ့ဖြေရှင်းနည်းတစ်ခုဖြစ် ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ထိုသို့ပြုလုပ်ရန် လူသားအရင်းအမြစ်များကိုစီမံကိုင်တွယ်သည့် နည်းဗျူဟာ၊ နည်းစနစ်ကို နားလည်သဘောပေါက်ထားရမှာဖြစ်ပါတယ်။ 

လုပ်ခလစာများနှင့် အကျိုးခံစားခွင့်များ (Compensation and Benefits)

အကောင်းဆုံး လက်တွေ့လုပ်ဆောင်ချက်များ

 

ဘတ်ဂျက် (အသုံးပြုနိုင်သည့် ငွေကြေးကန့်သတ်ချက်ပမာဏ) ကိုနားလည်မှုရှိပါစေ
HR များဟာ လုပ်ခလစာများနှင့် အကျိုးခံစားခွင့်များကိုပေးရန် ပြုလုပ်ရာတွင် ကုမ္ပဏီရဲ့ ဘတ်ဂျက်ဟာ ဘယ်လို မျိုးတည်ဆောက်ထားတာဖြစ်သလဲဆိုတာကို နားလည်မှုရှိစေဖို့အတွက် သေချာပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်အရေးကြီးရတာလဲ? HR များဟာ ထိုပိုက်ဆံဟာ မည်သို့အသုံးပြုလိုက်မည်ကို နားလည်ထားဖို့ရာ အတွက် လိုအပ်ပါသည်။ လုပ်ခလစာများပေးအပ်ခြင်းနှင့် အကျိုးခံစားမှုများကို ညီညွှတ်မျှတစွာပေးအပ်ထားနိုင် ခြင်းက HR တစ်ယောက်ဟာ ထိုနည်းဗျူဟာကို အစဉ်မပျက် ဆက်လက်ညှိနှိုင်းပြီး လိုက်လျောညီထွေအောင်ပြု လုပ်နိုင်စေရန်အတွက် သေချာစေပါသည်။ 

အမြဲတမ်း ဝန်ထမ်းများရဲ့ လစာငွေများကို ပြန်လည်သုံးသပ်မှုများပြုလုပ်နေပါ
HR ဌာနအများစုဟာ ဝန်ထမ်းများရဲ့လုပ်ခလစာငွေများကိုနှစ်ကုန်ပိုင်း (ဒါမှမဟုတ်) ဝန်ထမ်းများကို ပြန်လည်သုံး သပ်သည့် အချိန်သို့ရောက်ရှိမှာသာလျှင် ကြည့်ရှုတတ်ကြပါတယ်။ ဒီအရာက လစာငွေများတိုးတက်လာမှုရှိစေ ရန်အတွက် ဆုံးဖြတ်ရာတွင် ကူညီပေးနိုင်ပါတယ်။ သို့သော်လည်း လုပ်ခလစာငွေများကို အနည်းဆုံး (၄) လလျှင် တစ်ကြိမ်ခန့် ပြန်လည်သုံးသပ်မှုပြုလုပ်ခြင်းက HR များကိုလိုအပ်သလို ချိန်ညှိမှုများပြုလုပ်နိုင်စေမည်ဖြစ်ပါ သည်။ ဒီအရာက ပြန်လည်ချိန်ညှိမှုများဟာ ဒီလောက်မြန်မြန်ဆန်ဆန်ပေါ်လာရမယ်လို့ဆိုလိုတာတော့မဟုတ်ပါ ဘူး။ ဒါပေမယ့်ထိုသို့ပြုလုပ်ခြင်းဟာ ပြန်လည်ချိန်ညှိမှုများပြုလုပ်ရသည့်အခါတွင် ပိုမိုလွယ်ကူစေပါသည်။ 

လစာငွေနှုန်းထားများကို ပြုလုပ်ဖော်ဆောင်ပါ
ဒီအရာက အထက်ကလုပ်ဆောင်ချက်နှင့် ဆက်စပ်မှုရှိပါတယ်။ ဒီအရာက အဖွဲ့အစည်းတစ်ခုဟာ ကုန်ထုတ်လုပ် မှုနယ်ပယ်တစ်ခုအတွင်း အပြိုင်အဆိုင်ရှိနေစေဖို့ကို သေချာစေရန် ကူညီပေးနိုင်ပါတယ်။ လစာငွေနှုန်းထားများ ကို ဆင်တူသောအခြားအလုပ်များနှင့် နှိုင်းယှဉ်ခြင်း (သို့) ကုမ္ပဏီအတွင်းရှိလုပ်ဆောင်နေသည့်အရာများအရ သတ်မှတ်ပေးနိုင်ပါတယ်။ 

စာရင်းစစ်ဆေးမှုများဟာ ရှိကိုရှိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်
HR များဟာ လစာများအပေါ်သက်ရောက်မှုရှိနိုင်တဲ့ အပြောင်းအလဲတစ်ခုခုရှိနေသလားနဲ့ ထိုလစာငွေများနှင့် အပြောင်းအလဲများကို ဝန်ထမ်းများအတွက် ညှိနှိုင်းမှုများပြုလုပ်ပေးရန်လိုအပ်သလားဆိုတာကို သိရှိနိုင်စေရန် လုပ်ခလစာငွေများကို ပုံမှန်စစ်ဆေးမှုများပြုလုပ်ပေးသင့်ပါတယ်။ 

မြင့်မားစွာစွမ်းဆောင်နိုင်သောဝန်ထမ်းများကို ကောင်းမွန်စွာ လစာပေးထားပါ
ပိုမိုမြင့်မားစွာစွမ်းဆောင်နိုင်စွမ်းရှိပါကပိုမိုမြင့်မားသောလစာငွေအားပေးအပ်ထားသင့်ပါသည်။ ဒီအရာက လုပ်ခ လစာနှင့် အကျိုးခံစားခွင့်တို့နှင့်သာမက ဝန်ထမ်းများကို အလုပ်မှမထွက်အောင်ထိန်းသိမ်းထားနိုင်တဲ့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သူတို့နဲ့ထိုက်တန်တဲ့လစာငွေကိုမရနေဘူးလို့ထင်မြင်ယူဆတဲ့ ဝန် ထမ်းများဟာ သူတို့ကိုထိုသို့ ထိုက်တန်စွာပေးအပ်နိုင်လိမ့်မယ်လို့ယုံကြည်တဲ့ ကုမ္ပဏီများကို သွားရောက်ရှာဖွေ ကြပါလိမ့်မယ်။ 

အကျိုးခံစားမှုများကို နည်းဗျူဟာတစ်ခုရဲ့ အစိတ်အပိုင်းအနေနဲ့ ကျင့်သုံးပါ
အကျိုးခံစားမှုများပေးအပ်ခြင်းဟာ ဝန်ထမ်းများကိုထိန်းသိမ်းနိုင်တဲ့အပြင် ဝန်ထမ်းသစ်တွေကိုလည်း ဆွဲဆောင် နိုင်ပါတယ်။ ဒီနေရာမှာ ရည်ရွယ်ချက်က ကုန်ထုတ်လုပ်မှုနယ်ပယ်တစ်ခုတွင် အပြိုင်အဆိုင်ရှိနေဖို့နဲ့ အားလုံးက လာရောက်အလုပ်လုပ်လိုတဲ့ အလုပ်ခေါ်ယူသူတစ်ဦးဖြစ်လာဖို့ပါပဲ။ အကျိုးခံစားခွင့်များ ရှိနေခြင်းဟာ မကြာ ခဏဆိုသလိုပင် ဝန်ထမ်းအသစ်ဖြစ်လာနိုင်တဲ့သူတစ်ဦးမှ ရွေးချယ်လာရန် အဆုံးအဖြတ်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာတတ်ပါတယ်။ 

အကြံအစည်များကို ပြုလုပ်ဖော်ဆောင်ထားပါ
ဖော်ဆောင်လိုက်တဲ့အကြံအစည်များဟာ အပေါ်ကပြောကြားခဲ့ပြီးတဲ့ လုပ်ဆောင်ချက်တွေအားလုံးကို နည်းဗျူ ဟာတစ်ခုအတွင်း ပေါင်းစည်းဖော်ဆောင်ရမှာဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်များကို HR ဌာနမှ တစ်နှစ် ပတ်လုံး ဘယ်လိုမျိုးတွေ လက်တွေ့အသုံးချသွားမလဲဆိုတာကိုနားလည်ထားခြင်းက ကိစ္စရပ်တစ်ခုခြင်းစီရဲ့ အဆုံးမှာ အောင်မြင်မှုများကို ရရှိနိုင်စေမှာဖြစ်ပါတယ်။ 

အဆုံးသတ်အမြင်
လုပ်ခလစာငွေများနှင့် အကျိုးခံစားမှုများပေးအပ်ခြင်းရဲ့နည်းဗျူဟာသည် လိုသလိုပုံသွင်း၍ရနိုင်တဲ့အခြေအနေ တွင်ရှိနေပါသည်။ ထိုအရာက တင်းကြပ်မှုရှိဖို့ကို မဆိုလိုပါဘူး။ ကုမ္ပဏီအနေနဲ့ အဖွဲ့အစည်းအတွက် အကောင်း ဆုံးလုပ်သားများကို ဆွဲဆောင်ရန်ကြိုးပမ်းနေစဉ်တွင် တင်းကြပ်မှုရှိပြီး ဟောင်းနွမ်းနေသည့်လုပ်ငန်းစဉ်သည် တိုင်းတာ၍မရနိုင်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်။ လိုက်လျောညီထွေရှိသောချည်းကပ်မှုတစ်ခုဖြင့် လုပ်ခလစာငွေများနှင့် အကျိုးခံစားခွင့်များကိုပေးအပ်ခြင်းနည်းဗျူဟာသည် အဖွဲ့အစည်းတစ်ခုရဲ့ အပြိုင်အဆိုင် ရှိမှုကိုမြင့်တက်စေနိုင်ပြီး ရရှိနိုင်တဲ့ အကောင်းဆုံးအရည်အချင်းရှိသူများကို ရှာဖွေတွေ့ရှိစေဖို့ ကူညီပေးနိုင်ပါ တယ်။ လုပ်ခလစာငွေများနှင့် အကျိုးခံစားခွင့်များကိုပေးအပ်ခြင်းနည်းဗျူဟာကို ခိုင်ခိုင်မာမာလိုက်နာကျင့်သုံး သောကုမ္ပဏီများဟာ မကြာခဏဆိုသလိုပင် မှန်ကန်သင့်လျော်တဲ့သူများကို ခေါ်ယူဌားရမ်းမှုပြုလုပ်နိုင်ပြီး လုပ် ငန်းရဲ့အောင်မြင်မှုကိုလည်းရရှိနိုင်စေမှာဖြစ်ပါတယ်။ 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar Marketing Research & Development, Ltd. (MMRD)

Myanmar Marketing Research & Development, Ltd. (MMRD)

What we do: We help businesses and organizations to connect with their audience through print and digital directories (yellow pages), and to better understand their environment through Research Servic...
Show the postings (15)
Honour Friend Co.ltd

Honour Friend Co.ltd

..Honour Friend Co.ltd....
Show the postings (2)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS