Tags: CV job job
CVတစ်စောင်အားတည်ဆောက်ခြင်း
သည်တစ်ပတ်မှာတော့CVတစ်စောင်ကိုသေသပ်စွာနဲ့ပြင်ဆင်ပုံနည်းလမ်းများကို JobsInYangon ပိရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ အများသူငါတွေရဲ့ CV တွေထဲကနေအလုပ်ရှင်များ စီမှဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့CVဟာသေသပ်တိကျမှုနဲ့အစီအစဉ်တကျရှိစွာတည်ဆောက်ထားတဲ့ CV တစ်ဆောင်ဆိုတာကတောယုံမှားဖွယ်မရှိပါဘူး။အဲဒီအတွက်CVတစ်စောင်ကိုရေးသား
တည်ဆောက်တော့မယ်ဆိုရင်အောက်ပါအချက်များကိုဂရုပြုစေလိုပါတယ်။
တင်ပြမှုအပိုင်းဟာအဓိကသော့ချက်ပါ
အသုံးပြုရေးသားမယ့် Font ဟာတသတ်မတ်တည်းရှိပါစေ။ Font Size အသုံးပြုမှုဟာလည်းခေါင်းစဉ်တပ်ခြင်း မှလွဲ၍ကျန်သောဖော်ပြချက်များအတွက်တသတ်မတ်တည်းရှိနေစေရမှာပါ။ CV ကောင်းတစ်စောင်ဟာမိမိရဲ့အ ရည်အချင်းများကိုလျှောက်ထားမဲ့ အလုပ်သဘောသဘာဝအလျောက် လိုတိုရှင်းဖော်ပြနိုင်ရမှာပါ။ ဤကဲ့သို့ဖော် ပြရာမှာ CV ဟာA4စာရွက်(၂)မျက်နှာထက်ကျော်လွန်ခြင်းမရှိအောင်မိမိရဲ့အချက်အလက်များကိုစနစ်တကျ အ ခန်းကဏ္ဍအလိုက်တည်းဖြတ်ထားဖို့လိုအပ်မှာပါ။ တည်းဖြတ်ရာမှာLine Break များကိုအသုံးပြုနိုင်ပါတယ်။စာ ပိုဒ်များကိုအသုံးပြုတင်ဆက်ခြင်းထက်အချက်အလက် များ ကိုသာ Dash -(သို့)BulletPointများနဲ့တင်ဆက် ခြင်းဟာလည်းအထောက်အကူဖြစ်စေမှာပါ။ လျှောက်ထားသူ ဟာ အလုပ်အတွေ့ကြုံ ရှိပြီးသားသူတစ်ဦးဖြစ် ပါကမိမိရဲ့လုပ်ကိုင်ခဲ့တဲ့ရာထူးနှင့်လုပ်သက်ကိုဦးစားပေးဖော်ပြသင့် ပြီး အကယ်၍ ကျောင်းပြီးကာစ တက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ် ပါက မိမိရဲ့ပညာအရည်အချင်းအထူးပြု ဘာ သာရပ်နဲ့ ထူးချွန်မှုများကို ဦးစားပေးဖော်ပြရမှာပါ။
အရေးအကြီးဆုံးဟာလျှောက်ထားမယ့် အလုပ်ရဲ့သဘောသဘာဝကိုကောင်းမွန်စွာနားလည်ထားခြင်းဟာလည်း အလုပ်Interviewအတွက်ပါကောင်းစွာပြင်ဆင်ထားပြီးခြင်းကိုဖြစ်စေမှာပါ။
မိမိရဲ့ကိုယ်ရေးအကျဉ်း (Introduction/About Me)
မိမိရဲ့နာမည်၊ နေရပ်လိပ်စာ၊ လူမျိုးနှင့်ဘာသာ၊ အိမ်ထောင်ရှိ/မရှိ ၊ ဆက်သွယ်ရန်ဖုံး (သို့)အီးမေးလ် စသည့် ကိုယ်ရေးအချက်အလက်များကိုမှန်ကန်စွာဖြည့်ပါ။ သေသပ်ကျနစွာရိုက်ထားတဲ့ဓာတ်ပုံကိုပါပူးတွဲထည့်ပေးရမှာ ပါ။ မိမိဓာတ်ပုံဟာအလှဓာတ်ပုံဖြစ်မနေစေဘဲPassport ဓာတ်ပုံကဲ့သို့ သပ်ရပ်ပါစေ(Be Professional)။
အလုပ်တွေ့အကြုံ (Career History/Work Experience)
မိမိရဲ့နောက်ဆုံး(သို့)လက်ရှိလုပ်ကိုင်သောအလုပ်အကိုင်ရာထူး၊ Company(သို့)အဖွဲ့အစည်းကိုယင်းအလုပ်သို့စ တင်သည့်ရက်စွဲနှင့်တကွဖော်ပြပါ။ ရက်စွဲအားမမှတ်မိပါက လနှင့်ခုနှစ်အားဖော်ပြပါ။ ထို့နောက်မိမိလုပ်ကိုင်ခဲ့ဖူး သောအလုပ်အကိုင်များကိုအထက်ဖော်ပြပါအတိုင်းတစ်ခုချင်းအလိုက် အစဉ်အတိုင်းဆက်လက်ဖော်ပြပါ။ အကယ်၍အလုပ်ရှာနေစဉ် ကြားကာလအပိုင်းအခြား ရှိပါက Interview ဖြေဆိုရာတွင်ရှင်းလင်းနိုင်ရန်ပြင်ဆင် ထား ရမှာပါ။အဲဒီအတွက် Interview ဖြေဆိုရာမှာအထောက်အကူဖြစ်စေမယ့်အချက်အလက်များကိုနောက် တစ်ပတ်မှာဆက်လက်ဖော်ပြသွားပါမယ်။
ပညာအရည်အချင်း (Academic Achievement/Qualification)
ပညာအရည်အချင်းနှင့်ပတ်သက်ပြီးရရှိခဲ့သောဘွဲ့ထူးဂုဏ်ထူးများကိုအောင်မြင်ခဲ့သောတက္ကသိုလ်(သို့)နေရာအလိုက် ခုနှစ်သက္ကရစ်နှင့်တွဲ၍ဖော်ပြပါ။ အကယ်၍သင်သည် တက္ကသိုလ်တွင်ထူးချွန်စွာအောင်မြင်ခဲ့သူ တစ်ဦးဖြစ် ပါက သင်၏ပျမ်းမျှအမှတ် GPA ကိုပါထဲ့သွင်းဖော်ပြနိုင်ပါတယ်။ ကျောင်းပြီးထားသူများနှင့်အလုပ် အတွေ့ ကြုံ နည်းသူများဟာလည်းမိမိတို့ ရဲ့ ပညာအရည်အချင်းကို အလုပ်အတွေ့ ကြုံ အခမ်း ကဏ္ဍ မှာအားနည်း ခဲ့တဲ့အ လျောက် ပညာအရည်အချင်း ကဏ္ဍ မှာ အားဖြည့်ဖော်ပြနိုင်ဖို့ ကြိုးပမ်းရမှာပါ။ အချိန် ပိုင်းအလုပ် လုပ်ခဲ့ ဘူးသူ များနဲ့ မိဘဆွေမျိုးများရဲ့အလုပ်အကိုင်များမှာကူညီဆောင်ရွက်ပေးဖူးသူများ ပရဟိတ အဖွဲ့ အစည်း များ နှင့် ကျောင်းတွင်းဘက်စုံဖွံ့ ဖြိုးမှုတွေမှာကူညီဆောင်ရွက်ဖူးသူများဟာလည်းမိမိတို့ ပါဝင်ခဲ့တဲ့ နေရာအလိုက် ထည့် သွင်းဖော်ပြနိုင်ပါတယ်။
ကျွမ်းကျင်မှု (Skills/Competency)
ဒီကဏ္ဍမှာတော့အလုပ်ရှာသူဟာမိမိရဲ့ကျွမ်းကျင်မှု နယ်ပယ်နှင့်တတ်ကျွမ်းတဲ့ဘာသာစာကားအစရှိသည်များကို စုံလင်စွာဖော်ပြရမှာဖြစ်ပါတယ်။ဥပမာအားဖြင့် computer အသုံးပြုတတ်သူတစ်ဦးဟာမိမိရဲ့ကျွမ်းကျင်မှုရှိတဲ့ computer software များကိုရေးသားဖော်ပြထားရမှာပါ။ ထိုသို့ဖော်ပြရမှာလည်းကျွမ်းကျင်မှုကိုအဆင့်သတ် မှတ်ချက်တစ်ခုအနေနဲ့မိမိကိုယ်ကိုသတ်မှတ်ထားခြင်းဟာလည်းအလုပ်ခေါ်သူအဖို့ အဆင်ပြေစေမှာပါ။ ဥပမာ - Microsoft Word (Good), Microsoft Excel (Average). မိမိလုံးဝအစိမ်းသက်သက်ဖြစ်နေသောအ ရာများကို ဥပမာအားဖြင့် AutoCad (Poor) လို့ ထည့်သွင်းမဖော်ပြမိစေပဲချန်လှပ်ထားခဲ့တာဟာပိုပြီးကောင်းမွန် မှာပါလို့ အကြံပြုပါရစေ။ ယနေ့ နိုင်ငံခြား company များဟာတစ်ဦးချင်းကျွမ်းကျင်မှုအပြင်အသင်းအဖွဲ့လိုက် စွမ်းဆောင်နိုင်မှုကိုပါမျှော်လင့်ကြပါတယ်။ဒါ့ကြောင့်အလုပ်လျှောက်ထားသူများအနေနဲ့ Communication Skill, Problem Solving Skill, TeamWorking Skill အစရှိသည်များကိုမိမိတို့ ရဲ့အလုပ်အတွေ့ ကြုံပေါ်မူတည်ပြီး ဒီကဏ္ဍမှာထည့်သွင်းဖော်ပြဖို့ ကိုလည်းတိုက်တွန်းလိုပါတယ်။A4စာ၂မျက်နှာကန့်သတ်ချက်ကြောင့်အကျယ်တ ဝင့်မဖော်ပြနိုင်သော်မှ Bulletin point များကိုအသုံးပြုပြီးထည့်စေလိုပါတယ်။
စိတ်ဝင်စားမှု (Interest)
စိတ်ဝင်စားမှုကိုဖော်ပြရာမှာမိမိရဲ့တကိုယ်ရည်တာကာယဝါသနာများကိုဖော်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကျဉ် သင့်ပါတယ်။ ဥပမာ - ကြက်တောင်ရိုက်၊ရေကူး။ထို့ သို့ ဖော်ပြခြင်းထက် အသင်းအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက် လိုခြင်း၊လူအများနှင့်ပေါင်းသင်းပြောဆိုဆက်ဆံခြင်းကိုသဘောကျခြင်းအစရှိသည့်စိတ်ဝင်စားမှုမျိုးကိုဖော်ပြခြင်း ဟာသင့် CV ကိုလူအများထက်ပိုမိုဆွဲဆောင်မှုရှိလာစေမှာပါ။
ထောက်ခံချက်(Personal Referee/Reference)
ဒီကဏ္ဍမှာတော့မိမိလုပ်ကိုင်ခဲ့ဖူးသောအလုပ်ရှင်(သို့)မန်နေဂျာများမှမိမိ၏အကျင့်စာရိတ္တနှင့်ကြိုးပမ်းမှုများအ ပေါ်ထောက်ခံစာရေးသားပေးချင်း
/ထောက်ခံချက်ပေးခြင်းအလို့ငှာဆက်သွယ်နိုင်စေတဲ့လိပ်စာ၊ဖုံးနံပတ်များပါ
ဝင်စေရမှာပါ။ အလုပ်ရှင်ဟာလည်းဒီအပိုင်းမှာပါဝင်သောထောက်ခံချက်ပေါ်မူတည်ပြီးလျှောက်ထားသူရဲ့အ လုပ်အကိုင်အရည်အချင်းတချို့ ကိုရိပ်စားနိုင်စေမှာပါ။ သို့သော်လည်းဒီကဏ္ဍဟာအတွက်အခက်အခဲရှိသူများ အဖို့မဖြစ်မနေပါဝင်ရမဲ့အစိတ် အပိုင်းတစ်ခုတော့လည်းမဟုတ်ပါဘူး။
အကျဉ်းချုပ်
အထက်ပါအကြောင်းအရာများကို မိမိ အလုပ်လျှောက်လွှာတင် တဲ့အချိန်တိုင်းမှာ အထူးဂရုပြုပြီး လွဲချော်မှုမရှိအောင်စစ်ဆေးစေလိုပါတယ်။
Job Description နှင့် CV မှာ ပါဝင်တဲ့အကြောင်းအရာများကိုကိုက်ညီမှုရှိအောင်ဂရုပြုပါ။ ဥပမာ လျှောက်ထားသူဟာ ဆေးဝါးကျွမ်းကျင် အလုပ်ရာထူးအတွက်လျှောက်ထားပြီးသော
CV အား ဟိုတယ်ပိုင်းဆိုင်ရာအလုပ်အကိုင်ရာထူးအတွက် ပြု ပြင်တည်းဖြတ်ခြင်းမရှိပဲလျှောက်ထားမိပါက Interview ခေါ်ဆိုခြင်းကိုလက်ခံရ ရှိနိုင်ခြင်းမရှိပါ။
HR/ADMIN များမှ လျှောက်ထားတဲ့ position နဲ့  CV ပါအကြောင်းအရာများဟာကိုက်ညီမှုမရှိတဲ့အတွက်ပယ်ချခြင်းမှကင်းဝေးနိုင်ကြပါစေ။
ကျွန်တော်တင်ဆက်တဲ့ blog လေးကိုဖတ်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပြီးမိမိရဲ့ ခင်မင်သူများ အခက်အခဲရှိနေသူများ ကိုလည်းပြန်လည်မျှဝေပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းပါရစေ။
JOBS IN YANGON fan များ အလုပ်အကိုင်အဆင်ပြေချောမွေ့ကြပါစေ။
အများသူငါတွေရဲ့ CV တွေထဲကနေ အလုပ်ရှင်များစီမှ ဦးစွာရွေးချယ်ဖတ်ရှုခြင်းခံရတဲ့ CVဟာ သေသပ်တိကျမှုနဲ့ အစီအစဉ်တကျရှိစွာ တည်ဆောက်ထားတဲ့CV တစ်ဆောင်ဆိုတာကတော့ ယုံမှားဖွယ်မရှိပါဘူး ။ အဲဒီအတွက် CVတစ်စောင်ကိုရေးသား တည်ဆောက်တော့ မယ်ဆိုရင် အောက်ပါအချက်များကို ဂရုပြုစေလိုပါတယ်။
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.