Tags: News-Game-Platform-AI-Dungeons-JobsInYangon
AI Dungeons ရဲ့နောက်ကွယ်မှ ဂိမ်းဖန်တီးသူများက AI နည်းပညာဖြင့် ထိမ်းချုပ်ထားတဲ့ game platform အသစ်တစ်ခုသို့ စတင်ချဲ့ထွင်မှုများပြုလုပ်လျှက်ရှိ
AI Dungeon လို့အမည်ရတဲ့ text game တစ်ခုရဲ့နောက်ကွယ်ကဖန်တီးသူဖြစ်တဲ့ Latitude ဟာ artificial intelligence နည်းပညာဖြင့်ထိန်းချုပ်ထားတဲ့ game platform အသစ်တစ်ခုဖြစ်သော Voyage သို့ စတင်ခြေဦးလှည့်လာပြီဖြစ်ပါတယ်။ Latitude မှ အဆိုပါဂိမ်းရဲ့ closed beta ကို ပြီးခဲ့တဲ့ သောကြာနေ့ (ဒီဇင်ဘာလ၊ ၁၇) တွင် ကြေငြာမှုပြုလုပ်ခဲ့ပြီး လက်ရှိ AI Dungeon ကိုအသုံးပြုနေသူများအတွက် waitlist တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
Latitude CEO Nick Walton က Voyage ကို Latitude မှ သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲမှုဖြစ်လာခြင်းဟု ပြောကြားခဲ့ပြီး ကုမ္ပဏီအနေနဲ့ “AI ဂိမ်းများကို ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် Zork (သို့) Colossal Cave Adventure များကဲ့သို့သော text adventures ပုံစံများနှင့်ဆင်တူတဲ့ ကနဦးအစကနေ ပြန်လည်ဖန်တီးမှုပြုလုပ်နေတာဖြစ်တယ်” လို့ဆိုထားခဲ့ပါတယ်။ “ယခုအခါတွင်တော့ ကျွန်ုပ်တို့ဟာ 2D ပုံရိပ်များကို ထည့်သွင်းနိုင်ဖို့အတွက်ပြုလုပ်နေပြီဖြစ်ပြီး သင့်အနေနဲ့ visual ပုံရိပ်အချို့ကို တွေ့မြင်လာရတော့မှာဖြစ်ပါတယ်” ဟူ၍လည်း ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့ ရည်မှန်းချက်ကတော့ Voyage ပေါ်တွင် ဂိမ်းများကိုသာမက game creation tool များကိုပါ ထည့်သွင်းပေးနိုင်ဖို့ဖြစ်ပြီး “Creator များအနေနဲ့ လက်ရှိအတွေ့အကြုံများနဲ့ စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ အမြဲတမ်းပြောင်းလဲနေပြီး ရှင်သန်နေတဲ့အရာများကို ဖန်တီးနိုင်ဖို့နဲ့ ယခင်က လူပေါင်းရာနဲ့ချီတဲ့ studio များတွင်မှ ဖန်တီးနိုင်ခဲ့တဲ့အရာများကို AI ရဲ့ အကူအညီဖြင့် ဖန်တီးနိုင်ကြဖို့ကို ရေရှည်တွင်မျှော်မှန်းထားပါတယ်။” ဟူ၍ Walton က ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.