Jobs In Myanmar
Load...

“ သင်၏ ကိုယ်ရေးအကျဉ်းချုပ်တွင် မပါသင့်သည့် အချက်များ" အပိုင်း-၂

by JOBLESS


Tags: CV Resume dos and don'ts facts



ဒါကြောင့် အချိန် ၆ စက္ကန့်အတွင်း မိမိ၏ ကိုယ်ရေးအကျဉ်းချုပ်တွင် ဖော်ပြထားမှုများသည် ထိုက်တန်မှုရှိကြောင်း ပြသနိုင်ရန် စကားလုံးစာသားတိုင်းကို သေချာစွာ ပြင်ဆင်ထားရပေမည်။ ဒါကြောင့် မိမိ၏ ကိုယ်ရေးအကျဉ်းချုပ်ကို သိသာထင်ရှားစွာ ပြသနိုင်ရန်အတွက် ရေးသားရာတွင် ရှောင်ကျဉ်ရမည့် အချက်များကို ယခုတစ်ပတ် ဆက်လက် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

သင်၏ ကိုယ်ရေးအကျဉ်းချုပ်တွင် မပါသင့်သည့် အချက်များ" အပိုင်း - ၂ ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ -

ဒီတစ်ခါ ပြောပြသွားမယ့်အချက်က ကိုယ့်ရဲ့ CV ကို လွယ်ကူ ရှင်းလင်းတဲ့ ပုံစံနဲ့  ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ အဓိက ကိုယ်ရွေးချယ် ရိုက်နှိပ်မယ့် (Font)စကားလုံးက အများသုံးလေ့ရှိတဲ့ font ဖြစ်ရပါမယ်။ တစ်ချို့က Font လှလှလေးတွေကို ရွေးချယ် သုံးတတ်ကြတယ်။ Online က အသုံးပြုလျှောက်ထားသူတွေအတွက် ဒီလို font မျိုးက ကိုယ်အလုပ်လျှောက်တဲ့ လုပ်ငန်းရှင်တွေရဲ့ ကွန်ပျူတာ စံနစ်မှာ မရှိရင် ကိုယ့်ရဲ့ CV ကို ဖတ်ရှုဖို့ အဆင်အပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် English Fonts ဆိုရင် အများသုံး၊ ရုံးသုံး  Font  တွေဖြစ်တဲ့ Times News Roman, Arial, Calibri, Cambria, Tahoma  စတာတွေအပြင် မြန်မာ font မှာဆိုရင်  Unicode, MM3 နဲ့ ZawGyi တွေကို အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင် CV ကို  Print ထုတ်ပြီး Hard Copy ပေါ့။ အပိုပြင်ဆင် ယူသွားသင့်ပါတယ်။  ဒီလို ယူသွားသင့်တဲ့ အကြောင်းကိုလည်း အင်တာဗျူးသွားတဲ့ အခါ ပြင်ဆင်သင့်တဲ့ အချက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ယခင် အစီအစဉ်တွေမှာ ရှင်းလင်းပြောပြခဲ့ဖူးပါတယ်။

တစ်ချို့ဆိုရင် မိတ္တူဆိုင်တွေနဲ့ စာစီ၊ စာရိုက်ဆိုင်တွေမှာ အသင့်ပြင်ထားတဲ့ CV အလွတ်တွေကို ဝယ်ပြီး လက်ရေးနဲ့ ဖြည့်တတ်ကြပါတယ်။ ဒါက တော်တော်ဆိုးပါတယ်။ ဒီလို CV မျိုးက လူတိုင်းနဲ့ သင့်လျော်မှာ မဟုတ်ပါဘူး။  ပြီးတော့ ကိုယ့်ရဲ့ လက်ရေးက မလှမပဖြစ်နေရင် ဖတ်မယ့်သူက ပျက်ရယ်ပြုနိုင်ပါတယ်။ အကောင်းဆုံးက ကွန်ပျူတာနဲ့ ကိုယ်လိုအပ်တဲ့အချက်တွေကို ထည့်သွင်း ရိုက်နှိပ်ပြင်ဆင်သင့်ပါတယ်။

အခုပြောပြမယ့် နောက်တစ်ခုကတော့ ကိုယ်ရဲ့ စကားလုံးရွေးချယ်မှုပါ။ အလုပ်လျှောက်သူတွေ အနေနဲ့  ကိုယ့်ရဲ့ အကြောင်းအရာကို ဖော်ပြတဲ့အခါမှာ ရင့်သီးတဲ့၊ ရိုင်းစိုင်းတဲ့ အဓိပ္ပါယ်ရတဲ့ စကားလုံးတွေနဲ့ နောက်ကြွားဝါတဲ့ စကားလုံးတွေ ထည့်သွင်းဖော်ပြတာကို ရှောင်ကျဉ်ရပါ့မယ်။ တစ်ချို့က ကိုယ့်ကို အထင်ကြီးစေဖို့အတွက် မလိုအပ်တဲ့ အပိုအချက်အလက်တွေ ဥပမာ-အလုပ်ခန့်နိုင်မှ အင်တာဗျူးခေါ်ပါ။ လစာဘယ်လောက်မှ မရရင်မလုပ်နိုင်ပါ။  အပို ခံစားခွင့်များကို မဖြစ်မနေပေးရမည်။ စတာတွေပါ။ ဒါတွေကို ထည့်သွင်းရေးသားတာထက် ကိုယ့်ရဲ့ ရိုးဂုဏ်ပေါ့။ ရိုးသားမှုကို ဖော်ပြနိုင်တဲ့ စကားလုံးတွေကိုသာ ဦးစားပေးရွေးချယ်သင့်ပါတယ်။

ဒီတစ်ခုက ပိုလို့တောင်ဂရုစိုက်ရမှာပါ။ ဒါက ကိုယ့်ရဲ့ ကိုယ်ရဲ့ လျှောက်လွှာမှာ  ကိုယ်အရင်အလုပ်က ရခဲ့ဖူးတဲ့ ခံစားခွင့်တွေ၊ လစာတွေကို လျှောက်လွှာမှာ ထည့်မရေးသင့်ပါဘူး။ ဒီအချက်က အလုပ်ခန့်မယ့် HR ဌာနက လူတွေကို အခက်တွေ့စေပါတယ်။ ကိုယ်ကို ကြိုက်လို့ လစာကိစ္စ ညှိုနှိုင်းတော့မှ ဆွေးနွေးရမှာပါ။

နောက်ဆက်ပြပေးလိုတာက အစိုးရဝန်ထမ်းအများစုဖြည့်ရတဲ့ လျှို့ဝှက်ကိုယ်ရေးအကျဉ်းတွေ ရှိပါတယ်။ ဒီကိုယ်ရေးအကျဉ်းတွေမှာပါတဲ့ မိသားစုအချက်အလက်၊ ကိုယ့်ရဲ့ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ နိုင်ငံရေးစိတ်ဝင်စားမှု စတာတွေက အပြင်ပုဂ္ဂလိက အလုပ်လျှောက်တဲ့အခါမှာ မလိုအပ်ပါဘူး။ တစ်ချို့က ဒီအချက်တွေကို ထည့်ရေးထားတာမျိုးတွေ ရှိပါတယ်။ ဒါတွေကိုလည်း ရှောင်ရပါ့မယ်။

အခု ထပ်ပြောမယ့်အချက်ကလည်း ခုနက ပြောခဲ့တဲ့ အချက်နဲ့ ဆက်နွယ်မှု ရှိပါတယ်။ ဒါကတော့ကိုယ့်မိသားစုရဲ့ အရှိန်အဝါတွေ၊ အောင်မြင်မှုတွေကို ကိုယ့်ရဲ့ CV ထဲမှာ ထည့်သွင်းဖော်ပြတတ်ကြပါတယ်။ ဒီလိုပုံစံမျိုးက အရင် ခေတ်၊ စနစ်တွေမှာ အသုံးတည့်နိုင်ပေမယ့် လာမယ့်အနာဂတ်မှာတော့ ဒီလိုဖော်ပြမှုမျိုးကို ရှောင်သင့်ပါတယ်။ ကိုယ်ရဲ့အောင်မြင်မှုကသာ ကိုယ့်ရဲ့ အရည်အချင်းဆိုသာ အလုပ်လျှောက်သူတွေ သိသင့်ပါတယ်။

အခု ကျွန်တော်ရှင်းပြခဲ့တာတွေက “ သင်၏ ကိုယ်ရေးအကျဉ်းချုပ်တွင် မပါသင့်သည့် အချက်များ" ဆိုတဲ့ အချက်တွေပါ။ အခုဒီအချက်တွေကို မှတ်သာထားပြီး အလုပ်များကို အဆင်ပြေစွာ လျှောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

www.jobless.com.mm


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


V Net - Mandalay Internet Service Provider

V Net - Mandalay Internet Service Provider

Vision and Mission Call us rebels, but we strongly believe every home and business in Myanmar should have fast, affordable and reliable access to the internet. No compromise, no barriers, no fuss.So ...
Show the postings (33)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)
Mega Marine Frozen Seafood Company Limited

Mega Marine Frozen Seafood Company Limited

.We are exporting fresh water fish, sea water fish to UK, Kuwiat, Dubai, Saudi Arabia, Bangladesh, Pakistan, Taiwan, China Thailand, India and worldwide markets.We are one of the major import and expo...
Show the postings (27)
Host Link IT Solution

Host Link IT Solution

..Wireless Point to Point Connection Satellite Remote Site Installation and Maintenance Network Infrastructure Installation System and Design Implementation Hardware and Network Installation and M...
Show the postings (9)
LOTTE MGS Beverage Co.,Ltd

LOTTE MGS Beverage Co.,Ltd

Lotte Group’s mission : “ We enrich people’s lives by providing superior products and services that our customers love and trust.”LOTTE MGS Beverage (Myanmar) Co., Ltd was incorporated in the ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS